HomeCelebs Update NewsInternationalLady Gaga ရဲ့ မယုံနိုင်စရာကောင်းတဲ့ သုံးဖြုန်းမှုများ

Lady Gaga ရဲ့ မယုံနိုင်စရာကောင်းတဲ့ သုံးဖြုန်းမှုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ The Fame ထွက်ခဲ့တဲ့အချိန်ထဲက Lady Gaga ဟာ အအောင်မြင်ဆုံး အနုပညာရှင်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ပတ်သက်တဲ့ဆုတွေလည်း အများကြီးရဖူးပြီးတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ရုပ်ရှင်ဖြစ်တဲ့ A Star is Born ထဲက သူ့ရဲ့ သီချင်းတွေကြောင့်လည်း အော်စကာဆုကို ရခဲ့ပါသေးတယ်။ သူမဟာ အခုလိုတွေအောင်မြင်ခဲ့ပြီးတော့ သူ့ရဲ့ချမ်းသာမှုဟာ ခန့်မှန်းချေဒေါ်လာသန်း (၃၂၀) လောက် ရှိနေပြီ ဖြစ်တဲ့အပြင် သူ့ရဲ့ပိုက်ဆံတွေိကို ဘယ်လိုနေရာတွေမှာ သုံးလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဇိမ်ခံအိမ်ကြီး
photo via therichest

လူတွေတော်တော်များများဟာ ဇိမ်ခံအိမ်အကြီးကြီးနဲ့ နေဖို့အတွက် စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါပေမဲ့ သူမကတော့ မီလျံနာတစ်ယောက် ဖြစ်တာကြောင့် စိတ်ကူးယဉ်စရာမလိုဘဲနဲ့ လိုချင်တာကို ဝယ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ကမ်းခြေမြို့တစ်ခုဖြစ်တဲ့ Malibu မြို့မှာ ဇိမ်ခံအိမ်ကြီး တစ်လုံးကို ဝယ်ထားခဲ့ပါတယ်။

သူမဟာ အဲ့ဒီအိမ်ကို ဂျစ်ပစီတွေရဲ့နန်းတော်လို့ခေါ်ပြီးတော့ ခန့်မှန်းချေ ဒေါ်လာ (၂၂.၅) သန်းတန်ကြေး ရှိပါတယ်။ အိမ်ရဲ့အကျယ်အဝန်းဟာ စတုရန်းပေ (၁၀၂၇၀) ရှိပြီးတော့ အိပ်ခန်းသုံးခန်းပါတဲ့အပြင် မီးလင်းဖိုပါတဲ့ မာစတာအိပ်ခန်းလည်း ရှိပါသေးတယ်။ ဒါ့အပြင် သူမရဲ့မြင်းအတွက် မြင်းဇောင်းနဲ့ ရေကူးကန်တို့အပြင် ဘိုးလင်းအားကစားလုပ်လို့ရတဲ့ အခန်းပါ ရှိပါသေးတယ်။ သူမပိုင်တဲ့အိမ်ဟာ အဲ့ဒီတစ်လုံးထဲ မဟုတ်ဘဲ ကယ်လီဖိုးနီးယား၊ နယူးယော့ခ်နဲ့ လန်ဒန်တို့မှာပါ နောက်ထပ်အိမ်တွေ ရှိပါသေးတယ်။

ကားများ
photo via therichest

သူမဟာ ကားတွေကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်ပြီးတော့ ကားနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ပိုက်ဆံတွေကို သုံးရမယ်ဆိုရင် လုံးဝမနှမြောတတ်သူ တစ်ယောက်ပါ။ ဒါ့အပြင် သူ့ရဲ့ကားဂိုဒေါင်ထဲမှာ ကားပေါင်း (၁၉) စီးရှိတယ်လို့လည်း သိရပါတယ်။ ဟိုးအရင်ကထွက်ခဲ့တဲ့ ခေတ်ဟောင်းကားတွေဟာ အခုချိန်မှာ တော်တော်လေးကို ဈေးကြီးနေပြီးတော့ သူမအဲ့လိုကားတွေကို မောင်းနေတာကို မကြာခဏတွေ့ရပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း သူမရဲ့အယ်လ်ဘမ်တစ်ခုဖြစ်တဲ့ Joanne ကို ပရိုမိုးရှင်းဆင်းနေတဲ့အချိန်မှာ Elvis Presley ပိုင်ခဲ့တဲ့ Pink Cadillac ကိုစီးလာတာ တွေ့လိုက်ရပါတယ်။ ဒါ့အပြင် Rolls Royce Phantom ၊ a Lamborghini Huracan ၊ a Porsh ၊ a vintage blue Chevy နဲ့ the Yellow Silverado တို့လိုကားတွေလည်း သူမမှာ ရှိပါသေးတယ်။

EMF reader
photo via therichest

EMF ရဲ့အရှည်ကောက်ဟာ electromagnetic field ဖြစ်ပြီးတော့ အဲ့ဒီကိရိယာဟာ ကိုယ့်အနားကို သရဲတွေ ၊ ဝိဉာဉ်တွေရောက်လာရင် အချက်ပေးပါတယ်။ သရဲတွေ ၊ ဝိဉာဉ်တွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှတ်တယ်လို့ တော်တော်များများက ယုံကြည်ထားကြတာကြောင့် ဒီကိရိယာကို သုံးပြီး သရဲတွေကို ရှာဖွေတဲ့နေရာတွေမှာ သုံးကြပါတယ်။

သူမကလည်း အဲ့ဒီကိရိယာကို ဒေါ်လာ (၅) သောင်းအကုန်ခံပြီး ဝယ်ထားခဲ့ပြီးတော့ သူမစတိတ်ပေါ်မှာ ဖျော်ဖြေနေတဲ့အချိန်မှာ သရဲတွေလာရင် သိနိုင်အောင်လို့ ဝယ်ထားတာပါလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ၂၀၁၀ ခုနှစ်တုန်းက သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ဒေါ်လာ ထောင်နဲ့ချီပေးပြီး ဝယ်ခဲ့ပါတယ်။

ဈေးကြီးလွန်းတဲ့ iPad များ
photo via therichest

ပိုက်ဆံချမ်းသာတဲ့ လူတွေဟာ ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေကို ဈေးကြီးတာတွေပဲ ဝယ်လေ့ရှိပေမယ့် သူမကတော့ တော်တော်လေးကို ထူးခြားပါတယ်။ သူမမှာ စိန်အပြည့်စီထားတဲ့ iPad တစ်လုံးရှိပါတယ်။ ဒါ့အပြင် limited edition ဖြစ်တဲ့ ရွှေဖြူနဲ့လုပ်ထားတဲ့ iPad တစ်လုံးလည်း ရှိပြီးတော့ အဲ့ဒီ iPad ဟာ ရွှေ (၁၄) ကာရပ် အလေးချိန်ရှိပါတယ်။ အဲ့ဒါတွေရဲ့ကုန်ကျစရိတ်ကို မဖော်ပြထားပေမယ့် တော်တော်လေးကို များမယ်ဆိုတာတော့ သေချာပါတယ်။

Michael Jackson ရဲ့အသုံးအဆောင်ပစ္စည်းများ
photo via therichest

သူမဟာ Michael Jackson ရဲ့အမာခံပရိသတ်တစ်ယောက် ဖြစ်ပြီးတော့ ၂၀၁၂ ခုနှစ်တုန်းက လေလံပွဲမှာ Michael Jackson ရဲ့ ပစ္စည်းပေါင်း (၅၅) ခုကို ဝယ်ဖို့အတွက် ဒေါ်လာသောင်းနဲ့ချီပြီး အကုန်ကျခံခဲ့ပါတယ်။ လေလံပွဲဟာ စုစုပေါင်း ဒေါ်လာ (၅) သန်းလောက် ဝင်ငွေရခဲ့ပြီးတော့ သူမသုံးခဲ့တဲ့ ကုန်ကျစရိတ်အတိအကျကိုတော့ မဖော်ပြခဲ့ပါဘူး။ သူမဝယ်ခဲ့တဲ့အထဲက ဈေးအကြီးဆုံးတွေကတော့ Bad tour မှာ Michael Jackson ဝတ်ခဲ့တဲ့ ဂျက်ကပ်အင်္ကျီ (ဒေါ်လာ ၂သိန်း၄သောင်း) နဲ့ crystal တေွစီခြယ်ထားတဲ့ လက်အိတ်တစ်စုံ (ဒေါ်လာ ၂သိန်း) တို့ပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်လေယာဉ်
photo via therichest

သူမဟာ တစ်ခြားဆယ်လီတွေလိုပဲ ကိုယ်ပိုင်လေယာဉ်ဝယ်ထားခဲ့ပြီးတော့ အဲ့ဒီလေယာဉ်အတွက် ဒေါ်လာ (၆၇) သန်းကုန်ကျခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီလေယာဉ်ဟာ သူမစိတ်ကြိုက် ပြုပြင်ဖန်တီးထားပြီးတော့ သူ့ရဲ့ကိုယ်ပိုင်စားဖိုမှုးတွေချက်ဖို့အတွက် မီးဖိုချောင်ပါတဲ့အပြင် အိပ်ခန်းတွေ တော်တော်များများလည်း ပါဝင်ပါတယ်။

မွေးနေ့ကိတ်
photo via therichest

သူမဟာ Tony Bennett ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ်မှာ သူတို့နှစ်ယောက်အတူတူ ဖျော်ဖြေကြတုန်းက သူမဟာ တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးကြပြီးတော့ Tony Bennett ရဲ့ (၉၈) နှစ်ပြည့်မွေးနေ့ပွဲမှာ မွေးနေ့ကိတ်တစ်လုံးနဲ့ surprise လုပ်ခဲ့ပါတယ်။ အဲ့ဒီကိတ်မုန့်ဟာ Duff Goldman ဆီက မှာခဲ့တာ ဖြစ်ပြီး သူ့ဆီကမှာတဲ့ကိတ်မုန့်ရဲ့ အနည်းဆုံးဈေးဟာ ဒေါ်လာ (၁၅၀၀) လောက်ရှိပါတယ်။

သားမွေးကုတ်အင်္ကျီ
photo via therichest

သူမရဲ့ အောင်မြင်မှုတွေမှာ သူ့ရဲ့ဖက်ရှင်ကလည်း တစ်စိတ်တစ်ပိုင်းပါနေပြီးတော့ တစ်ခါတစ်လေတော့လည်း သူ့ရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက သူမဟာ ရုရှားကိုခရီးထွက်သွားခဲ့ပြီးတော့ sable လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ အမွေးနဲ့လုပ်ထားတဲ့ ကုတ်အင်္ကျီကို ဒေါ်လာ (၂) သိန်းပေးပြီး ဝယ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာ (၁၉၀၀၀) တန်တဲ့ silver fox လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ အမွေးနဲ့ လုပ်ထားတဲ့ ကုတ်အင်္ကျီတွေကိုလည်း ဝယ်ခဲ့ပါသေးတယ်။

Koi Fish
photo via therichest

၂၀၁၃ ခုနှစ်တုန်းက သူမဟာ ခွဲစိတ်မှုတစ်ခုကို လုပ်ခဲ့ရပြီးတော့ သူ့ရဲ့ဖျော်ဖြေပွဲတွေကိုလည်း ဖျက်လိုက်ရပါတယ်။ အဲ့နောက်မှာ သူမဟာ အိမ်ထဲမှာပဲနေပြီးတော့ အနားယူဖို့အတွက် ရုပ်ရှင်ကြည့်ရုံလောက်နဲ့ အဆင်မပြေခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူမဟာ ဂျပန်နိုင်ငံကလာတဲ့ Koi Fish (၂၇) ကောင်ကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီငါးတွေကို ထည့်ဖို့အတွက် ငါးကန်ဝယ်တဲ့အခါမှာလည်း ဒေါ်လာ (၆) သောင်းလောက်ကုန်ခဲ့ပါတယ်။

ဝတ်စုံများ
photo via therichest

သူမဟာ တစ်ခြားသူတွေနဲ့မတူဘဲ ကွဲပြားနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း နာမည်ကြီးပြီးတော့ အဲ့ဒီဖက်ရှင်ဒီဇိုင်းတွေအတွက်လည်း ပိုက်ဆံတွေ တော်တော်ကုန်ကျခံခဲ့ရပါတယ်။ သူမဟာ ၂၀၁၂ ခုနှစ်တုန်းကလုပ်ခဲ့တဲ့ ပရဟိတ လေလံတင်ပွဲတစ်ပွဲကို တက်ရောက်လာတဲ့အခါမှာတော့ Alexander McQueen တံဆိပ်ကထုတ်တဲ့ ဝတ်စုံကို ဝတ်လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဖက်ရှင်ကျတဲ့ ဝတ်စုံတွေကို သိမ်းဖို့အတွက် သူ့ရဲ့အိမ်ထဲမှာ အခန်းတစ်ခန်း သပ်သပ်ထားထား ပါသေးတယ်။ အဲ့ဒါတွေရဲ့ဈေးနှုန်းကိုတော့ မဖော်ပြထားပေမယ့် သေချာတာကတော့ ဒေါ်လာ ထောင်နဲ့သောင်းနဲ့ချီပြီး တန်ဖိုးရှိတယ်ဆိုတာပါပဲ။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

၂၀၀၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ ပထမဆုံး အယ္လ္ဘမ္ျဖစ္တဲ့ The Fame ထြက္ခဲ့တဲ့အခ်ိန္ထဲက Lady Gaga ဟာ အေအာင္ျမင္ဆုံး အႏုပညာရွင္ေတြထဲက တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူမဟာ ဂီတနဲ႔ပတ္သက္တဲ့ဆုေတြလည္း အမ်ားႀကီးရဖူးၿပီးေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့႐ုပ္ရွင္ျဖစ္တဲ့ A Star is Born ထဲက သူ႔ရဲ႕ သီခ်င္းေတြေၾကာင့္လည္း ေအာ္စကာဆုကို ရခဲ့ပါေသးတယ္။ သူမဟာ အခုလိုေတြေအာင္ျမင္ခဲ့ၿပီးေတာ့ သူ႔ရဲ႕ခ်မ္းသာမႈဟာ ခန႔္မွန္းေခ်ေဒၚလာသန္း (၃၂၀) ေလာက္ ရွိေနၿပီ ျဖစ္တဲ့အျပင္ သူ႔ရဲ႕ပိုက္ဆံေတြိကို ဘယ္လိုေနရာေတြမွာ သုံးလဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

ဇိမ္ခံအိမ္ႀကီး
photo via therichest

လူေတြေတာ္ေတာ္မ်ားမ်ားဟာ ဇိမ္ခံအိမ္အႀကီးႀကီးနဲ႔ ေနဖို႔အတြက္ စိတ္ကူးယဥ္တတ္ၾကပါတယ္။ ဒါေပမဲ့ သူမကေတာ့ မီလ်ံနာတစ္ေယာက္ ျဖစ္တာေၾကာင့္ စိတ္ကူးယဥ္စရာမလိုဘဲနဲ႔ လိုခ်င္တာကို ဝယ္ႏိုင္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ကမ္းေျခၿမိဳ႕တစ္ခုျဖစ္တဲ့ Malibu ၿမိဳ႕မွာ ဇိမ္ခံအိမ္ႀကီး တစ္လုံးကို ဝယ္ထားခဲ့ပါတယ္။

သူမဟာ အဲ့ဒီအိမ္ကို ဂ်စ္ပစီေတြရဲ႕နန္းေတာ္လို႔ေခၚၿပီးေတာ့ ခန႔္မွန္းေခ် ေဒၚလာ (၂၂.၅) သန္းတန္ေၾကး ရွိပါတယ္။ အိမ္ရဲ႕အက်ယ္အဝန္းဟာ စတုရန္းေပ (၁၀၂၇၀) ရွိၿပီးေတာ့ အိပ္ခန္းသုံးခန္းပါတဲ့အျပင္ မီးလင္းဖိုပါတဲ့ မာစတာအိပ္ခန္းလည္း ရွိပါေသးတယ္။ ဒါ့အျပင္ သူမရဲ႕ျမင္းအတြက္ ျမင္းေဇာင္းနဲ႔ ေရကူးကန္တို႔အျပင္ ဘိုးလင္းအားကစားလုပ္လို႔ရတဲ့ အခန္းပါ ရွိပါေသးတယ္။ သူမပိုင္တဲ့အိမ္ဟာ အဲ့ဒီတစ္လုံးထဲ မဟုတ္ဘဲ ကယ္လီဖိုးနီးယား၊ နယူးေယာ့ခ္နဲ႔ လန္ဒန္တို႔မွာပါ ေနာက္ထပ္အိမ္ေတြ ရွိပါေသးတယ္။

ကားမ်ား
photo via therichest

သူမဟာ ကားေတြကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ ကားနဲ႔ပတ္သက္ၿပီးေတာ့ သူ႔ရဲ႕ပိုက္ဆံေတြကို သုံးရမယ္ဆိုရင္ လုံးဝမႏွေျမာတတ္သူ တစ္ေယာက္ပါ။ ဒါ့အျပင္ သူ႔ရဲ႕ကားဂိုေဒါင္ထဲမွာ ကားေပါင္း (၁၉) စီးရွိတယ္လို႔လည္း သိရပါတယ္။ ဟိုးအရင္ကထြက္ခဲ့တဲ့ ေခတ္ေဟာင္းကားေတြဟာ အခုခ်ိန္မွာ ေတာ္ေတာ္ေလးကို ေဈးႀကီးေနၿပီးေတာ့ သူမအဲ့လိုကားေတြကို ေမာင္းေနတာကို မၾကာခဏေတြ႕ရပါတယ္။

၂၀၁၆ ခုႏွစ္တုန္းကလည္း သူမရဲ႕အယ္လ္ဘမ္တစ္ခုျဖစ္တဲ့ Joanne ကို ပ႐ိုမိုးရွင္းဆင္းေနတဲ့အခ်ိန္မွာ Elvis Presley ပိုင္ခဲ့တဲ့ Pink Cadillac ကိုစီးလာတာ ေတြ႕လိုက္ရပါတယ္။ ဒါ့အျပင္ Rolls Royce Phantom ၊ a Lamborghini Huracan ၊ a Porsh ၊ a vintage blue Chevy နဲ႔ the Yellow Silverado တို႔လိုကားေတြလည္း သူမမွာ ရွိပါေသးတယ္။

EMF reader
photo via therichest

EMF ရဲ႕အရွည္ေကာက္ဟာ electromagnetic field ျဖစ္ၿပီးေတာ့ အဲ့ဒီကိရိယာဟာ ကိုယ့္အနားကို သရဲေတြ ၊ ဝိဉာဥ္ေတြေရာက္လာရင္ အခ်က္ေပးပါတယ္။ သရဲေတြ ၊ ဝိဉာဥ္ေတြဟာ လွ်ပ္စစ္သံလိုက္လႈိင္းေတြကို ထုတ္လႊတ္တယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ယုံၾကည္ထားၾကတာေၾကာင့္ ဒီကိရိယာကို သုံးၿပီး သရဲေတြကို ရွာေဖြတဲ့ေနရာေတြမွာ သုံးၾကပါတယ္။

သူမကလည္း အဲ့ဒီကိရိယာကို ေဒၚလာ (၅) ေသာင္းအကုန္ခံၿပီး ဝယ္ထားခဲ့ၿပီးေတာ့ သူမစတိတ္ေပၚမွာ ေဖ်ာ္ေျဖေနတဲ့အခ်ိန္မွာ သရဲေတြလာရင္ သိႏိုင္ေအာင္လို႔ ဝယ္ထားတာပါလို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ ၂၀၁၀ ခုႏွစ္တုန္းက သဘာဝလြန္ျဖစ္ရပ္ေတြနဲ႔ သက္ဆိုင္တဲ့ ပစၥည္းေတြကိုလည္း ေဒၚလာ ေထာင္နဲ႔ခ်ီေပးၿပီး ဝယ္ခဲ့ပါတယ္။

ေဈးႀကီးလြန္းတဲ့ iPad မ်ား
photo via therichest

ပိုက္ဆံခ်မ္းသာတဲ့ လူေတြဟာ ကိုယ့္ရဲ႕အသုံးအေဆာင္ပစၥည္းေတြကို ေဈးႀကီးတာေတြပဲ ဝယ္ေလ့ရွိေပမယ့္ သူမကေတာ့ ေတာ္ေတာ္ေလးကို ထူးျခားပါတယ္။ သူမမွာ စိန္အျပည့္စီထားတဲ့ iPad တစ္လုံးရွိပါတယ္။ ဒါ့အျပင္ limited edition ျဖစ္တဲ့ ေ႐ႊျဖဴနဲ႔လုပ္ထားတဲ့ iPad တစ္လုံးလည္း ရွိၿပီးေတာ့ အဲ့ဒီ iPad ဟာ ေ႐ႊ (၁၄) ကာရပ္ အေလးခ်ိန္ရွိပါတယ္။ အဲ့ဒါေတြရဲ႕ကုန္က်စရိတ္ကို မေဖာ္ျပထားေပမယ့္ ေတာ္ေတာ္ေလးကို မ်ားမယ္ဆိုတာေတာ့ ေသခ်ာပါတယ္။

Michael Jackson ရဲ႕အသုံးအေဆာင္ပစၥည္းမ်ား
photo via therichest

သူမဟာ Michael Jackson ရဲ႕အမာခံပရိသတ္တစ္ေယာက္ ျဖစ္ၿပီးေတာ့ ၂၀၁၂ ခုႏွစ္တုန္းက ေလလံပြဲမွာ Michael Jackson ရဲ႕ ပစၥည္းေပါင္း (၅၅) ခုကို ဝယ္ဖို႔အတြက္ ေဒၚလာေသာင္းနဲ႔ခ်ီၿပီး အကုန္က်ခံခဲ့ပါတယ္။ ေလလံပြဲဟာ စုစုေပါင္း ေဒၚလာ (၅) သန္းေလာက္ ဝင္ေငြရခဲ့ၿပီးေတာ့ သူမသုံးခဲ့တဲ့ ကုန္က်စရိတ္အတိအက်ကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။ သူမဝယ္ခဲ့တဲ့အထဲက ေဈးအႀကီးဆုံးေတြကေတာ့ Bad tour မွာ Michael Jackson ဝတ္ခဲ့တဲ့ ဂ်က္ကပ္အက်ႌ (ေဒၚလာ ၂သိန္း၄ေသာင္း) နဲ႔ crystal ေတြစီျခယ္ထားတဲ့ လက္အိတ္တစ္စုံ (ေဒၚလာ ၂သိန္း) တို႔ပဲ ျဖစ္ပါတယ္။

ကိုယ္ပိုင္ေလယာဥ္
photo via therichest

သူမဟာ တစ္ျခားဆယ္လီေတြလိုပဲ ကိုယ္ပိုင္ေလယာဥ္ဝယ္ထားခဲ့ၿပီးေတာ့ အဲ့ဒီေလယာဥ္အတြက္ ေဒၚလာ (၆၇) သန္းကုန္က်ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီေလယာဥ္ဟာ သူမစိတ္ႀကိဳက္ ျပဳျပင္ဖန္တီးထားၿပီးေတာ့ သူ႔ရဲ႕ကိုယ္ပိုင္စားဖိုမႈးေတြခ်က္ဖို႔အတြက္ မီးဖိုေခ်ာင္ပါတဲ့အျပင္ အိပ္ခန္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္ပါတယ္။

ေမြးေန႔ကိတ္
photo via therichest

သူမဟာ Tony Bennett ရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္ၿပီးေတာ့ ၂၀၁၁ ခုႏွစ္မွာ သူတို႔ႏွစ္ေယာက္အတူတူ ေဖ်ာ္ေျဖၾကတုန္းက သူမဟာ ေတာ္ေတာ္ေလးကို စိတ္လႈပ္ရွားေနခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ အရမ္းကို ခင္မင္ရင္းႏွီးၾကၿပီးေတာ့ Tony Bennett ရဲ႕ (၉၈) ႏွစ္ျပည့္ေမြးေန႔ပြဲမွာ ေမြးေန႔ကိတ္တစ္လုံးနဲ႔ surprise လုပ္ခဲ့ပါတယ္။ အဲ့ဒီကိတ္မုန႔္ဟာ Duff Goldman ဆီက မွာခဲ့တာ ျဖစ္ၿပီး သူ႔ဆီကမွာတဲ့ကိတ္မုန႔္ရဲ႕ အနည္းဆုံးေဈးဟာ ေဒၚလာ (၁၅၀၀) ေလာက္ရွိပါတယ္။

သားေမြးကုတ္အက်ႌ
photo via therichest

သူမရဲ႕ ေအာင္ျမင္မႈေတြမွာ သူ႔ရဲ႕ဖက္ရွင္ကလည္း တစ္စိတ္တစ္ပိုင္းပါေနၿပီးေတာ့ တစ္ခါတစ္ေလေတာ့လည္း သူ႔ရဲ႕ဖက္ရွင္နဲ႔ပတ္သက္ၿပီး အျငင္းပြားစရာေတြ ျဖစ္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္တုန္းက သူမဟာ ႐ုရွားကိုခရီးထြက္သြားခဲ့ၿပီးေတာ့ sable လို႔ေခၚတဲ့ သတၱဝါတစ္ေကာင္ရဲ႕ အေမြးနဲ႔လုပ္ထားတဲ့ ကုတ္အက်ႌကို ေဒၚလာ (၂) သိန္းေပးၿပီး ဝယ္ခဲ့ပါတယ္။ ဒါ့အျပင္ ေဒၚလာ (၁၉၀၀၀) တန္တဲ့ silver fox လို႔ေခၚတဲ့ သတၱဝါတစ္ေကာင္ရဲ႕ အေမြးနဲ႔ လုပ္ထားတဲ့ ကုတ္အက်ႌေတြကိုလည္း ဝယ္ခဲ့ပါေသးတယ္။

Koi Fish
photo via therichest

၂၀၁၃ ခုႏွစ္တုန္းက သူမဟာ ခြဲစိတ္မႈတစ္ခုကို လုပ္ခဲ့ရၿပီးေတာ့ သူ႔ရဲ႕ေဖ်ာ္ေျဖပြဲေတြကို ဖ်က္လိုက္ရပါတယ္။ အဲ့ေနာက္မွာ သူမဟာ အိမ္ထဲမွာပဲေနၿပီးေတာ့ အနားယူဖို႔အတြက္ ႐ုပ္ရွင္ၾကည့္႐ုံေလာက္နဲ႔ အဆင္မေျပခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ဂ်ပန္ႏိုင္ငံကလာတဲ့ Koi Fish (၂၇) ေကာင္ကို ဝယ္ယူခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီငါးေတြကို ထည့္ဖို႔အတြက္ ငါးကန္ဝယ္တဲ့အခါမွာလည္း ေဒၚလာ (၆) ေသာင္းေလာက္ကုန္ခဲ့ပါတယ္။

ဝတ္စုံမ်ား
photo via therichest

သူမဟာ တစ္ျခားသူေတြနဲ႔မတူဘဲ ကြဲျပားေနတဲ့ ဖက္ရွင္ဒီဇိုင္းေတြေၾကာင့္လည္း နာမည္ႀကီးၿပီးေတာ့ အဲ့ဒီဖက္ရွင္ဒီဇိုင္းေတြအတြက္လည္း ပိုက္ဆံေတြ ေတာ္ေတာ္ကုန္က်ခံခဲ့ရပါတယ္။ သူမဟာ ၂၀၁၂ ခုႏွစ္တုန္းကလုပ္ခဲ့တဲ့ ပရဟိတ ေလလံတင္ပြဲတစ္ပြဲကို တက္ေရာက္လာတဲ့အခါမွာေတာ့ Alexander McQueen တံဆိပ္ကထုတ္တဲ့ ဝတ္စုံကို ဝတ္လာခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ဖက္ရွင္က်တဲ့ ဝတ္စုံေတြကို သိမ္းဖို႔အတြက္ သူ႔ရဲ႕အိမ္ထဲမွာ အခန္းတစ္ခန္း သပ္သပ္ထားထား ပါေသးတယ္။ အဲ့ဒါေတြရဲ႕ေဈးႏႈန္းကိုေတာ့ မေဖာ္ျပထားေပမယ့္ ေသခ်ာတာကေတာ့ ေဒၚလာ ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီး တန္ဖိုးရွိတယ္ဆိုတာပါပဲ။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular