HomeEntertainmentFilmThe Last of Us အပိုင်း(၄)ထဲက မြေအောက်ထဲမှာ ဘာရှိနေမလဲ?

The Last of Us အပိုင်း(၄)ထဲက မြေအောက်ထဲမှာ ဘာရှိနေမလဲ?

*** Spoiler Alert ***

The Last of Us အပိုင်း(၄)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ ဇာတ်ကောင်အသစ်တွေ ဖြစ်တဲ့ Hunter တွေဟာ Kansas မြို့ကို ထိန်းချုပ်ထားတာလည်း တွေ့ရပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Hunter တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Kathleen နဲ့ သူမရဲ့လက်ထောက်ဖြစ်သူ Perry တို့ဟာ မြေအောက်ထဲမှာ တစ်ခုခုရွေ့လျားနေတာကို တွေ့ပြီး ကြောက်ရွံ့သွားကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မြေအောက်ထဲမှာ ဘာရှိနေမလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Kathleen နဲ့ Perry တို့ကတော့ အဲဒီအရာကို မြင်တွေ့ပြီးနောက်မှာ တံခါးတွေကို သော့ခတ်ပြီး အခြားသူတွေကို ဒီအကြောင်း မပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ မြေအောက်ထဲမှာ ဘာရှိနေလည်းဆိုတာ သိနေပုံရပြီး အခြားသူတွေကို စိတ်ဓာတ်မကျစေချင်တာကြောင့် ဒီအကြောင်းကို မပြောပြသေးတာလို့ ယူဆရပါတယ်။ မြေအောက်ထဲမှာတော့ မွန်းစတားကြီးတစ်ကောင် ရှိနေတာဖြစ်ပြီး သူ့ကိုတော့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီမွန်းစတားကြီးကိုတော့ Bloater လို့ ခေါ်ပါတယ်။

ဂိမ်းထဲမှာတော့ Bloater ဆိုတာဟာ Clicker တွေထက်တောင် ပိုမိုကြမ်းတမ်းတဲ့ ဇွန်ဘီတစ်မျိူးပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကူးစက်ခံရပြီး နှစ်ပေါင်း(၂၀) ကျော်သွားတဲ့ အချိန်မှာတော့ Clicker အဆင့်ကနေ Bloater အဖြစ် ပြောင်းလဲသွားပါတယ်။ နှစ်ပေါင်းများစွာ ကူးစက်ခံထားရတာကြောင့် Bloater တွေဟာ အလွန်မာကြောတဲ့ Fungus တွေနဲ့ တစ်ကိုယ်လုံး ပြည့်နှက်နေပါတယ်။ ဒါကြောင့်ပဲ Bloater တွေကိုသတ်ဖို့ အလွန်ခက်ခဲပြီး သူတို့ရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ မီးပဲဖြစ်ပါတယ်။

photo via screenrant

Kathleen နဲ့ Perry တို့ကတော့ မြေအောက်ထဲမှာ Bloater ရှိနေတယ်ဆိုတာ သိနေပုံ ရတာကြောင့် သူတို့ကိုယ်တိုင် အဲဒီ Bloater ကို ပိတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Hunter တွေဟာ Bloater တွေရဲ့ အားနည်းချက်ကို မသိသေးတာကြောင့် အခုလိုပိတ်ထားရတာလည်း ဖြစ်နိုင်ပါတယ်။ Kathleen တို့ဟာလည်း Bloater လွတ်မြောက်သွားမှာကို ကြောက်ရွံ့နေတာ တွေ့ရပြီး ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း ဆိုရင်တော့ အသစ်ထွက်ရှိလာမယ့် အပိုင်း(၅)ထဲမှာ မြေအောက်ထဲက Bloater လွတ်မြောက်သွားတာကို မြင်တွေ့ရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular