HomeEntertainmentFilmGOT ကိုကျော်တက်ပြီး HBO ရဲ့ ဒုတိယမြောက်လူကြည့်အများဆုံး Premiere ဖြစ်လာတဲ့ Last of Us

GOT ကိုကျော်တက်ပြီး HBO ရဲ့ ဒုတိယမြောက်လူကြည့်အများဆုံး Premiere ဖြစ်လာတဲ့ Last of Us

ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ The Last of Us ကတော့ နာမည်ကြီးဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ Game of Thrones နဲ့ Euphoria တို့ကို ကျော်တက်ပြီး (၁၃)နှစ်အတွင်းမှာ HBO ရဲ့ဒုတိယမြောက် လူကြည့်အများဆုံး Premiere ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ PlayStation ရဲ့ ဂိမ်းကို Live Action အဖြစ် ပြန်လည် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

photo via screenrant

အဓိကဇာတ်ကောင်တွေ ဖြစ်တဲ့ Joel နဲ့ Ellie တို့နေရာမှာတော့ Pedro Pascal နဲ့ Bella Ramsey တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်မှာ ဇွန်ဘီဗိုင်းရပ်စ်နဲ့ အနည်းငယ်ဆင်တူတဲ့ Fungal Infection တစ်ခု ပျံ့နှံ့သွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေဟာ ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီကူးစက်မှုဟာ Ellie ဆိုတဲ့ ကောင်မလေးအပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် Joel ဟာ ဒီကောင်မလေးကို ကာကွယ်ပြီး လူသားတွေကို ဒီကူးစက်မှုကနေ ကယ်တင်နိုင်ဖို့ ဖြေဆေး ရှာဖွေကြတာကိုလည်း မြင်တွေ့ရမှာပါ။

ယခုအချိန်မှာတော့ The Last of Us ဇာတ်လမ်းတွဲဟာ (၁၃)နှစ်အတွင်း HBO ရဲ့ ဒုတိယမြောက် လူကြည့်အများဆုံး Premiere ဖြစ်လာတယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းကိုတော့ ကြည့်ရှုသူပေါင်း (၄.၇)သန်း ရှိတယ်လို့ သိရပြီး ဒီပမာဏဟာ HBO ရဲ့နာမည်ကြီး ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ Game of Thrones နဲ့ Euphoria တို့ထက်တောင် မြင့်မားနေပါတယ်။ HBO ရဲ့လူကြည့်အများဆုံး Premiere စာရင်းမှာ ပထမနေရာကို ရရှိထားတာကတော့ House of Dragon ပဲ ဖြစ်ပြီး ပထမတစ်ပိုင်းတည်းကို ကြည့်ရှုသူပေါင်း (၁၀)သန်းကျော် ရှိခဲ့ပါတယ်။

photo via screenrant

ရုပ်ရှင်သမိုင်းတလျှောက်မှာတော့ ဗွီဒီယိုဂိမ်းတွေကို Live Action အဖြစ် ပြန်လည်ဖန်တီးတဲ့အချိန်မှာ အောင်မြင်တဲ့ ရုပ်ရှင်ဆိုတာ တော်တော်လေး ရှားခဲ့ပါတယ်။ Assassin’s Creed တို့လို ဂိမ်းတွေဆိုရင် အတော်လူကြိုက်များတဲ့ ဂိမ်းဖြစ်ပေမယ့်လည်း ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို မရရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ The Last of Us ကို Live Action ဖန်တီးတော့မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ဒီဇာတ်လမ်းတွဲကလည်း Fail မှာပဲလို့ ယူဆထားသူတွေ မနည်းပါဘူး။ ဒါပေမယ့်လည်း ယခုအချိန်မှာတော့ ဒီယူဆချက်တွေက မှားယွင်းနေတယ် ဆိုတာကို Last of Us ဇာတ်လမ်းတွဲက ပထမဆုံးအပိုင်း တစ်ပိုင်းတည်းနဲ့တင် သက်သေပြသွားပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular