HomeEntertainmentFilmThe Conjuring: The Devil Made Me Do It ထဲက အကောင်းဆုံး ဒိုင်ယာလော့ခ်များ

The Conjuring: The Devil Made Me Do It ထဲက အကောင်းဆုံး ဒိုင်ယာလော့ခ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

***SPOILER ALERT***

Conjuring franchise ရဲ့ သုံးကားမြောက်ရုပ်ရှင် ဖြစ်တဲ့ The Devil Made Me Do It ဟာ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်လမ်းပိုင်းတွေသာမက ဇာတ်လမ်းတလျှောက် ဇာတ်ကောင်တွေ ပြောသွားတဲ့ ဒိုင်ယာလော့ခ်တွေဟာလည်း ကောင်းမွန်ပါတယ်။ ဒီထဲကမှ ကြည့်ရှုသူတွေကို အတွေးတစ်ခု ရစေခဲ့တဲ့ အကောင်းဆုံး ဒိုင်ယာလော့ခ်တွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

“Being Brave Doesn’t Mean You’re Not Scared.”
Photo via screenrant

ဒီစကားလေးကတော့ နတ်ဆိုးပူးကပ်ခံထားရတဲ့ ချစ်သူရဲ့မောင်လေး David ကို အားပေးစကား ပြောရာမှာ Arne က ပြောလိုက်တဲ့စကား ဖြစ်ပါတယ်။ ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ရတဲ့အခါ လူ့သဘာဝအရ ကြောက်ရွံ့တာဟာ သတ္တိကြောင်တာ မဟုတ်ဘဲ ဒီဖြစ်ရပ်ကြီးတစ်ခုလုံးကို တောင့်ခံပြီး ကျော်ဖြတ်နိုင်တာဟာ သတ္တိရှိသူတွေပဲ လုပ်နိုင်တဲ့အရာလို့ Arne က ဆိုလိုခဲ့တာ ဖြစ်ပါတယ်။

Arne Johnson: David … မင်းဟာ သိပ်ကိုသတ္တိရှိတဲ့ ကလေးပဲ။ ငါလည်း ငယ်ငယ်က ဒုက္ခ သုက္ခတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ကိုယ့်ကိုမှ လာဖြစ်ရတဲ့ ခံစားချက်ကို သိတယ်။ ဒါပေမယ့် အခု မင်း ဖြတ်သန်းနေရတာနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။

 

David Glatzel: သားကတော့ သတ္တိရှိတယ်လို့ မခံစားရပါဘူး။

 

Arne Johnson: သတ္တိရှိတယ်ဆိုတာ မကြောက်တတ်တာကို ပြောတာ မဟုတ်ဘူး။ မင်း ကြောက်နေပေမယ့် တောင့်ခံထားနိုင်တာကို ပြောတာ။ အဆင်ပြေသွားမှာပါ။ မင်း ဘာမှမဖြစ်စေရဘူးလို့ ငါ ကတိပေးတယ်။

“I Could Go Back To The House. But My Home Is Here With Him.”
Photo via screenrant

ဒီစကားကတော့ နှလုံးရပ်မလို ဖြစ်ပြီး ဆေးရုံကုတင်ပေါ်မှာ အသည်းအသန်ဖြစ်နေတဲ့ Ed Warren ရဲ့ဘေးမှာ ထိုင်နေတုန်း ဇနီးဖြစ်သူ Lorraine Warren က ပြောခဲ့တဲ့စကားပဲ ဖြစ်ပါတယ်။ Ed ဟာ David Glatzel ကို နတ်ဆိုးပူးကပ်မှုကနေ ကယ်တင်ဖို့ ကြိုးစားရင်း ကိုယ်တိုင်က အသက်ဆုံးရှုံးရတော့မလို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် Lorraine ကို အိမ်ပြန်နားဖို့ ဖာသာက ပြောခဲ့ပေမယ့် Lorraine ကတော့ သူမရဲ့အိမ်ဟာ Ed ရှိတဲ့နေရာပဲလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

Conjuring ဇာတ်ကားတွေထဲမှာ ဒီတတိယမြောက်ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ထိတ်လန့် တုန်လှုပ်စရာတွေ၊ ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေသလို Ed နဲ့ Lorraine တို့ရဲ့ မယိုင်လဲတဲ့ အချစ်ဇာတ်လမ်းကိုပါ ဖော်ပြသွားတာပဲ ဖြစ်ပါတယ်။

“The Court Accepts The Witness of God … It’s About Time They Accept The Existence of The Devil.”
Photo via screenrant

ဒီစကားကတော့ နတ်ဆိုးတွေ တည်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ တရားရုံးမှာတော့ အလုပ်ဖြစ်မှာ မဟုတ်ကြောင်း Arne ရဲ့ရှေ့နေက ငြင်းခုန်နေတုန်းမှာ Ed က ပြောလိုက်တဲ့ စကားပဲ ဖြစ်ပါတယ်။ ဘုရားသခင်ကို ကိုးကွယ်ယုံကြည်တာဟာ နှစ်လမ်းသွားဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူဟာ နတ်ဆိုးကိုလည်း လက်ခံပေးရမှာဖြစ်တယ်လို့ Ed က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တရားရုံးမှာ ထွက်ဆိုချက်တွေ မပြုလုပ်ခင် ကျမ်းကျိန်ရတဲ့ အလေ့အထကိုလည်း မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ ကျမ်းကျိန်တာဟာ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုတာ ဖြစ်လို့ နတ်ဆိုးတည်ရှိမှုကို သက်သေပြဖို့ဆိုတာဟာလည်း တရားရုံးနဲ့ သင့်တော်တဲ့ကိစ္စတစ်ခုပါလို့ Ed က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“I Met Elvis Once Before … And After.”
Photo via screenrant

Conjuring ဇာတ်ကားတွေထဲမှာ ဟာသဇာတ်ဝင်ခန်းတွေ ပါဝင်လေ့ မရှိပါဘူး။ ဒါပေမယ့်လည်း The Devil Made Me Do It ထဲမှာတော့ ပြုံးရယ်စရာ အခိုက်အတန့်လေးကို ဖြစ်စေခဲ့တဲ့ ဒိုင်ယာလော့ခ်လေးတစ်ခု ပါဝင်ခဲ့ပါတယ်။

အဲဒါကတော့ Lorraine ရဲ့စွမ်းအားတွေကို မယုံကြည်နိုင်သေးတဲ့ ရဲအရာရှိ Clay ဟာ ဂန္ထဝင်အဆိုတော်ကြီး Elvis Presley ကို သက်ရှိထင်ရှား မြင်ဖူးလားလို့ Lorraine ကို မေးမြန်းခဲ့တဲ့အခါ သက်ရှိထင်ရှားရော၊ သေဆုံးပြီး ဝိဉာဉ်ကိုပါ မြင်ဖူးတယ်လို့ Lorraine က ပြောလိုက်တာပါပဲ။ ဒါဟာ သူမရဲ့စွမ်းအားတွေကို ယုံကြည်ဖို့ ခက်ခဲနေသေးတဲ့ လူတစ်ယောက်ကို သာသာလေး စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ သူမ စနောက်နေမှန်းကိုတော့ ကားနောက်ခုံမှာ ပြုံးရယ်နေတဲ့ Ed က သက်သေပြပေးခဲ့ပါတယ်။

“She Thinks Our Love Is Our Weakness, But It’s Not.”
Photo via screenrant

Conjuring 3 ကို ပရိသတ်တွေ မျှော်လင့်နေကြတဲ့ အကြောင်းရင်းတစ်ချက်ကတော့ Ed နဲ့ Lorraine တို့ရဲ့ အခက်အခဲတွေကို အတွဲညီညီ ဖြေရှင်းကြပုံကို မြင်တွေ့ချင်တာလည်း ပါဝင်ပါတယ်။ horror ရုပ်ရှင်တိုင်း ကံဆိုးမိုးမှောင်ကျပြီး စိတ်ညစ်ညူးစရာတွေပဲ ဖြစ်နေရမယ်ဆိုတဲ့ ပုံသေနည်းကို သူတို့မောင်နှံက ချိုးဖြတ်ပြထားပြီး Conjuring franchise ဟာ ဒီအတွေးတစ်ခုကို ပရိသတ်တွေဆီ ပေးနေခဲ့တာ ဖြစ်ပါတယ်။

လောကီပညာသည် အမျိုးသမီးဟာ Ed ကို သူမရဲ့ပညာနဲ့ ပြုစားပြီး Lorraine ကို သတ်ဖြတ်ဖို့ ကြံရွယ်စေတဲ့အချိန်မှာ Ed ကို ပုံမှန်အသိစိတ် ပြန်ရစေဖို့ Lorraine က သတိပေးရာမှာ ဒီစကားလေးကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Ed တစ်ယောက် သူမကို သတ်မိတော့မယ့် အချိန်ဆဲဆဲလေးမှာပဲ Lorraine ဟာ သူမတို့နှစ်ဦးရဲ့ ပထမဆုံး ကြည်နူးဖွယ်ရာ အမှတ်တရလေးကို အမှတ်ရဖို့နဲ့ သူမတို့ရဲ့ အချစ်ကို အားနည်းချက်အဖြစ် အသုံးမချဘဲ အားသာချက်၊ စွမ်းအားအဖြစ် ပြောင်းလဲအသုံးချဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ Conjuring 3 ဇာတ်ကားအပြီး ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်ခဲ့စေမယ့် ဒိုင်ယာလော့ခ်လေးတွေပဲ ဖြစ်ပါတယ်။ တခြား ဘယ်ဒိုင်ယာလော့ခ်တွေကရော စာဖတ်သူတို့ ရင်ထဲ စွဲကျန်ခဲ့တာ ရှိဦးမလည်းဆိုတာ ဆွေးနွေးပေးခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***SPOILER ALERT***

Conjuring franchise ရဲ႕ သုံးကားေျမာက္႐ုပ္ရွင္ ျဖစ္တဲ့ The Devil Made Me Do It ဟာ မၾကာခင္ကပဲ ထြက္ရွိလာခဲ့ၿပီး ပရိသတ္ေတြလည္း အႀကိဳက္ေတြ႕ခဲ့ၾကပါတယ္။ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ဇာတ္လမ္းပိုင္းေတြသာမက ဇာတ္လမ္းတေလွ်ာက္ ဇာတ္ေကာင္ေတြ ေျပာသြားတဲ့ ဒိုင္ယာေလာ့ခ္ေတြဟာလည္း ေကာင္းမြန္ပါတယ္။ ဒီထဲကမွ ၾကည့္ရႈသူေတြကို အေတြးတစ္ခု ရေစခဲ့တဲ့ အေကာင္းဆုံး ဒိုင္ယာေလာ့ခ္ေတြကို ေ႐ြးခ်ယ္ ေဖာ္ျပေပးလိုက္ပါတယ္။

“Being Brave Doesn’t Mean You’re Not Scared.”
Photo via screenrant

ဒီစကားေလးကေတာ့ နတ္ဆိုးပူးကပ္ခံထားရတဲ့ ခ်စ္သူရဲ႕ေမာင္ေလး David ကို အားေပးစကား ေျပာရာမွာ Arne က ေျပာလိုက္တဲ့စကား ျဖစ္ပါတယ္။ ထိတ္လန႔္ တုန္လႈပ္စရာ ျဖစ္ရပ္တစ္ခုနဲ႔ ႀကဳံေတြ႕ရတဲ့အခါ လူ႔သဘာဝအရ ေၾကာက္႐ြံ႕တာဟာ သတၱိေၾကာင္တာ မဟုတ္ဘဲ ဒီျဖစ္ရပ္ႀကီးတစ္ခုလုံးကို ေတာင့္ခံၿပီး ေက်ာ္ျဖတ္ႏိုင္တာဟာ သတၱိရွိသူေတြပဲ လုပ္ႏိုင္တဲ့အရာလို႔ Arne က ဆိုလိုခဲ့တာ ျဖစ္ပါတယ္။

Arne Johnson: David … မင္းဟာ သိပ္ကိုသတၱိရွိတဲ့ ကေလးပဲ။ ငါလည္း ငယ္ငယ္က ဒုကၡ သုကၡေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့သူဆိုေတာ့ ကိုယ့္ကိုမွ လာျဖစ္ရတဲ့ ခံစားခ်က္ကို သိတယ္။ ဒါေပမယ့္ အခု မင္း ျဖတ္သန္းေနရတာနဲ႔ေတာ့ ႏႈိင္းယွဥ္လို႔ မရပါဘူး။

 

David Glatzel: သားကေတာ့ သတၱိရွိတယ္လို႔ မခံစားရပါဘူး။

 

Arne Johnson: သတၱိရွိတယ္ဆိုတာ မေၾကာက္တတ္တာကို ေျပာတာ မဟုတ္ဘူး။ မင္း ေၾကာက္ေနေပမယ့္ ေတာင့္ခံထားႏိုင္တာကို ေျပာတာ။ အဆင္ေျပသြားမွာပါ။ မင္း ဘာမွမျဖစ္ေစရဘူးလို႔ ငါ ကတိေပးတယ္။

“I Could Go Back To The House. But My Home Is Here With Him.”
Photo via screenrant

ဒီစကားကေတာ့ ႏွလုံးရပ္မလို ျဖစ္ၿပီး ေဆး႐ုံကုတင္ေပၚမွာ အသည္းအသန္ျဖစ္ေနတဲ့ Ed Warren ရဲ႕ေဘးမွာ ထိုင္ေနတုန္း ဇနီးျဖစ္သူ Lorraine Warren က ေျပာခဲ့တဲ့စကားပဲ ျဖစ္ပါတယ္။ Ed ဟာ David Glatzel ကို နတ္ဆိုးပူးကပ္မႈကေန ကယ္တင္ဖို႔ ႀကိဳးစားရင္း ကိုယ္တိုင္က အသက္ဆုံးရႈံးရေတာ့မလို ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ Lorraine ကို အိမ္ျပန္နားဖို႔ ဖာသာက ေျပာခဲ့ေပမယ့္ Lorraine ကေတာ့ သူမရဲ႕အိမ္ဟာ Ed ရွိတဲ့ေနရာပဲလို႔ ေျပာလိုက္တာ ျဖစ္ပါတယ္။

Conjuring ဇာတ္ကားေတြထဲမွာ ဒီတတိယေျမာက္ဇာတ္ကားရဲ႕ ထူးျခားခ်က္ကေတာ့ ထိတ္လန႔္ တုန္လႈပ္စရာေတြ၊ ေျခာက္ျခားစရာေတြနဲ႔ ျပည့္ႏွက္ေနသလို Ed နဲ႔ Lorraine တို႔ရဲ႕ မယိုင္လဲတဲ့ အခ်စ္ဇာတ္လမ္းကိုပါ ေဖာ္ျပသြားတာပဲ ျဖစ္ပါတယ္။

“The Court Accepts The Witness of God … It’s About Time They Accept The Existence of The Devil.”
Photo via screenrant

ဒီစကားကေတာ့ နတ္ဆိုးေတြ တည္ရွိေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ဟာ တရား႐ုံးမွာေတာ့ အလုပ္ျဖစ္မွာ မဟုတ္ေၾကာင္း Arne ရဲ႕ေရွ႕ေနက ျငင္းခုန္ေနတုန္းမွာ Ed က ေျပာလိုက္တဲ့ စကားပဲ ျဖစ္ပါတယ္။ ဘုရားသခင္ကို ကိုးကြယ္ယုံၾကည္တာဟာ ႏွစ္လမ္းသြားျဖစ္ၿပီး ဘုရားသခင္ကို ယုံၾကည္သူဟာ နတ္ဆိုးကိုလည္း လက္ခံေပးရမွာျဖစ္တယ္လို႔ Ed က ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။

ဒါဟာ တရား႐ုံးမွာ ထြက္ဆိုခ်က္ေတြ မျပဳလုပ္ခင္ က်မ္းက်ိန္ရတဲ့ အေလ့အထကိုလည္း မီးေမာင္းထိုးျပေနတာ ျဖစ္ပါတယ္။ က်မ္းက်ိန္တာဟာ ဘုရားသခင္ကို တိုင္တည္ၿပီး က်ိန္ဆိုတာ ျဖစ္လို႔ နတ္ဆိုးတည္ရွိမႈကို သက္ေသျပဖို႔ဆိုတာဟာလည္း တရား႐ုံးနဲ႔ သင့္ေတာ္တဲ့ကိစၥတစ္ခုပါလို႔ Ed က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

“I Met Elvis Once Before … And After.”
Photo via screenrant

Conjuring ဇာတ္ကားေတြထဲမွာ ဟာသဇာတ္ဝင္ခန္းေတြ ပါဝင္ေလ့ မရွိပါဘူး။ ဒါေပမယ့္လည္း The Devil Made Me Do It ထဲမွာေတာ့ ၿပဳံးရယ္စရာ အခိုက္အတန႔္ေလးကို ျဖစ္ေစခဲ့တဲ့ ဒိုင္ယာေလာ့ခ္ေလးတစ္ခု ပါဝင္ခဲ့ပါတယ္။

အဲဒါကေတာ့ Lorraine ရဲ႕စြမ္းအားေတြကို မယုံၾကည္ႏိုင္ေသးတဲ့ ရဲအရာရွိ Clay ဟာ ဂႏၴဝင္အဆိုေတာ္ႀကီး Elvis Presley ကို သက္ရွိထင္ရွား ျမင္ဖူးလားလို႔ Lorraine ကို ေမးျမန္းခဲ့တဲ့အခါ သက္ရွိထင္ရွားေရာ၊ ေသဆုံးၿပီး ဝိဉာဥ္ကိုပါ ျမင္ဖူးတယ္လို႔ Lorraine က ေျပာလိုက္တာပါပဲ။ ဒါဟာ သူမရဲ႕စြမ္းအားေတြကို ယုံၾကည္ဖို႔ ခက္ခဲေနေသးတဲ့ လူတစ္ေယာက္ကို သာသာေလး စေနာက္လိုက္တာပဲ ျဖစ္ပါတယ္။ သူမ စေနာက္ေနမွန္းကိုေတာ့ ကားေနာက္ခုံမွာ ၿပဳံးရယ္ေနတဲ့ Ed က သက္ေသျပေပးခဲ့ပါတယ္။

“She Thinks Our Love Is Our Weakness, But It’s Not.”
Photo via screenrant

Conjuring 3 ကို ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ အေၾကာင္းရင္းတစ္ခ်က္ကေတာ့ Ed နဲ႔ Lorraine တို႔ရဲ႕ အခက္အခဲေတြကို အတြဲညီညီ ေျဖရွင္းၾကပုံကို ျမင္ေတြ႕ခ်င္တာလည္း ပါဝင္ပါတယ္။ horror ႐ုပ္ရွင္တိုင္း ကံဆိုးမိုးေမွာင္က်ၿပီး စိတ္ညစ္ညဴးစရာေတြပဲ ျဖစ္ေနရမယ္ဆိုတဲ့ ပုံေသနည္းကို သူတို႔ေမာင္ႏွံက ခ်ိဳးျဖတ္ျပထားၿပီး Conjuring franchise ဟာ ဒီအေတြးတစ္ခုကို ပရိသတ္ေတြဆီ ေပးေနခဲ့တာ ျဖစ္ပါတယ္။

ေလာကီပညာသည္ အမ်ိဳးသမီးဟာ Ed ကို သူမရဲ႕ပညာနဲ႔ ျပဳစားၿပီး Lorraine ကို သတ္ျဖတ္ဖို႔ ႀကံ႐ြယ္ေစတဲ့အခ်ိန္မွာ Ed ကို ပုံမွန္အသိစိတ္ ျပန္ရေစဖို႔ Lorraine က သတိေပးရာမွာ ဒီစကားေလးကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ Ed တစ္ေယာက္ သူမကို သတ္မိေတာ့မယ့္ အခ်ိန္ဆဲဆဲေလးမွာပဲ Lorraine ဟာ သူမတို႔ႏွစ္ဦးရဲ႕ ပထမဆုံး ၾကည္ႏူးဖြယ္ရာ အမွတ္တရေလးကို အမွတ္ရဖို႔နဲ႔ သူမတို႔ရဲ႕ အခ်စ္ကို အားနည္းခ်က္အျဖစ္ အသုံးမခ်ဘဲ အားသာခ်က္၊ စြမ္းအားအျဖစ္ ေျပာင္းလဲအသုံးခ်ဖို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ Conjuring 3 ဇာတ္ကားအၿပီး ပရိသတ္ေတြ ရင္ထဲမွာ စြဲက်န္ခဲ့ေစမယ့္ ဒိုင္ယာေလာ့ခ္ေလးေတြပဲ ျဖစ္ပါတယ္။ တျခား ဘယ္ဒိုင္ယာေလာ့ခ္ေတြကေရာ စာဖတ္သူတို႔ ရင္ထဲ စြဲက်န္ခဲ့တာ ရွိဦးမလည္းဆိုတာ ေဆြးေႏြးေပးခဲ့ပါဦး။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular