HomeEntertainmentFilmClint ရဲ့ ဇနီးဖြစ်သူ Laura ဟာ Mocking Bird ဖြစ်နေတယ်ဆိုတဲ့ Fan Theory

Clint ရဲ့ ဇနီးဖြစ်သူ Laura ဟာ Mocking Bird ဖြစ်နေတယ်ဆိုတဲ့ Fan Theory

Hawkeye ဇာတ်လမ်းတွဲဟာ မကြာခင်အချိန်မှာ ပြီးဆုံးသွားတော့မှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အပိုင်း(၁)မှာကတည်းက ပြသခဲ့တဲ့ နာရီလေးဟာ အခုချိန်ထိ ဘယ်သူရဲ့နာရီဆိုတာ မသိရသေးသလို ဘာကြောင့် ဒီလောက်အရေးကြီးနေရတာလည်းဆိုတာ မပြသသေးပါဘူး။ ဒါကြောင့်လည်း အဲ့ဒီနာရီဟာ Clint ရဲ့ အမျိူးသမီးဖြစ်သူ Laura ရဲ့ နာရီ ဖြစ်နေပြီး သူမဟာ Mocking Bird ဆိုတဲ့ ဟီးရိုးတစ်ယေက် ဖြစ်နေတယ်ဆိုတဲ့ Fan Theory တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

အပိုင်း(၁)မှာကတည်းက ဒီနာရီကို Tracksuit Mafia တွေက လာရောက်ယူခဲ့တာ ဖြစ်ပြီး ဘာကြောင့်လည်းဆိုတဲ့ အကြောင်းရင်းကိုတော့ အခုချိန်ထိ မဖော်ပြသေးပါဘူး။ ဒီသီအိုရီအရ ဆိုရင်တော့ ဒီနာရီဟာ Laura Barton ရဲ့ နာရီ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ Clint ကို ဒီနာရီရှာဖွေဖို့ အရင်ဆုံး စကားစခဲ့တာလည်း Laura ပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် အဲ့ဒီအချိန်မှာ Clint ဟာ Ronin ဝတ်စုံကိုပဲ ပြန်လည်ယူဆောင်ဖို့ စိတ်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

Clint ကလည်း ဒီနာရီအကြောင်းကို အများကြီးပြောတာ မတွေ့ရသလို ဒီနာရီအကြောင်းကို ကောင်းကောင်းသိနေတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ဒီနာရီရဲ့ပိုင်ရှင်ဟာ Clint ရဲ့ အသိမိတ်ဆွေတွေထဲကပဲ ဖြစ်နေပါလိမ့်မယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဒီနာရီဟာ အန္တရာယ်များတဲ့ စက်ပစ္စည်းတစ်ခု ဖြစ်နေပြီး ဒီနာရီကြောင့် မကောင်းမှုတွေ ဖြစ်သွားရင် Laura ကိုယ်တိုင် တာဝန်ရှိနေသလိုမျိူး ပြောသွားတာကြောင့် ဒီနာရီဟာ Laura ရဲ့ နာရီ ဖြစ်တယ်လို့ ပြောတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ Clint ဟာ သူ့ရဲ့မစ်ရှင်အတွက် အချက်အလက်တွေ ရှာဖွေဖို့ လိုအပ်လာတဲ့အချိန်မှာတော့ Laura ကိုပဲ အကူအညီတောင်းခဲ့ပြီး Laura ကလည်း လွယ်လွယ်ကူကူနဲ့ပဲ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Laura ဟာ သာမန်လူတစ်ယောက် မဖြစ်နိုင်တော့ဘဲ သူမဟာလည်း တစ်ချိန်က S.H.I.E.L.D အေးဂျင့် ဖြစ်ခဲ့ဖူးသူ ဖြစ်နိုင်ပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ သူမဟာ Mocking Bird လို့ခေါ်တဲ့ ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကောမစ်ထဲမှာတော့ Mocking Bird ဇာတ်ကောင်ရဲ့ နာမည်အရင်းက Barbara “Bobbi” Morse ဖြစ်ပြီး Agents of S.H.I.E.L.D ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ Bobbi ဟာ Mocking Bird ဆိုတဲ့ အမည်ကို ဘယ်တုန်းကမှ မခံယူခဲ့ပါဘူး။ ကောမစ်ထဲမှာတော့ သူမဟာ အလွန်ကျွမ်းကျင်တဲ့ အေးဂျင့်တစ်ယောက် ဖြစ်ပြီး နောက်ပိုင်းမှာတော့ Clint နဲ့ မိသားစုဘဝ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Laura ကတော့ MCU ထဲမှာ ပါဝင်နေတာ ကြာပြီဖြစ်ပေမယ့်လည်း Screen Time လည်း သိပ်မရသလို သူမအတွက် ဘာဇာတ်လမ်းမှလည်း မပါဝင်သေးပါဘူး။ ဒီအချက်ကြောင့်လည်း MCU ဟာ အခုချိန်မှာ သူမကို Mocking Bird အဖြစ် ပွဲထုတ်လာတာ ဖြစ်နိုင်ပါတယ်။

သူမဟာ Clint လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်ရုံတင် မဟုတ်ဘဲ Clint က “Big Guy” လို့ ပြောလိုက်တာနဲ့ Kingpin ကို ဆိုလိုတယ်ဆိုတာ တန်းသိနေပြီး Tracksuit Mafia တွေအကြောင်းကိုလည်း သိနေပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူမဟာ Mocking Bird MUC ဗားရှင်း ဖြစ်တယ်လို့ သီအိုရီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular