HomeCelebs Update NewsKoreaအျပန္အလွန္ စိတ္ဆင္းရဲမႈေတြနဲ႔ နတ္သမီးပုံျပင္ရဲ႕အဆုံးသတ္

အျပန္အလွန္ စိတ္ဆင္းရဲမႈေတြနဲ႔ နတ္သမီးပုံျပင္ရဲ႕အဆုံးသတ္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Descendants of the Sun ဇာတ္လမ္းတြဲထဲမွာ ေတြ႕ဆုံကာ ခ်စ္ႀကိဳးသြယ္ခဲ့ၾကၿပီး ပရိသတ္အခ်စ္ေတာ္ ဇနီးေမာင္ႏွံႏွစ္ေယာက္ျဖစ္တဲ့ ေဆာင္ဂၽြန္ကီနဲ႔ ေဆာင္းေဟကိုတို႔ဟာ အ့ံအားသင့္စရာေကာင္းစြာပဲ ကြာရွင္းျပတ္စဲလိုက္ၾကပါၿပီ။

ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကို ပရိသတ္က တစ္ခဲနက္ အားေပး၀မ္းေျမာက္ခဲ့ေပမယ့္ လက္ထပ္ၿပီး ႏွစ္ႏွစ္ခန္႔အၾကာမွာ အခုလိုကြာရွင္းျပတ္စဲတဲ့ အတည္ျပဳခ်က္က ထြက္ရိွလာတာ ျဖစ္ပါတယ္။ နတ္ဖက္တဲ့စုံတြဲေတြလို႔ ပရိသတ္ေတြရဲ႕ အေတြးမွာ ေတြးထင္ေနၾကေပမယ့္ တကယ္တမ္း Song-Song စုံတြဲရဲ႕ အိမ္ေထာင္ေရးဟာ ၀မ္းနည္းေၾကကြဲစရာေတြနဲ႔ ျပည့္ႏွက္ေနခဲ့ပုံ ရပါတယ္။

Photo: pinterest

ေဆာင္ဂၽြန္ကီ ပါ၀င္သရုပ္ေဆာင္ထားၿပီး လက္ရိွထုတ္လႊင့္ေနတဲ့ Arthdal Chronicles စီးရီးရဲ႕ ရိုက္ကူးေရးအဖြဲ႕သားေတြ ေျပာျပခ်က္အရ ဂၽြန္ကီတစ္ေယာက္ စိတ္ဖိစီးမႈေတြနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ အဆင္မေျပမႈေတြေၾကာင့္ ဆံပင္ေတြ ေတာ္ေတာ္ကၽြတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း အိမ္ေထာင္ေရးအဆင္မေျပမႈေၾကာင့္ ခံစားရသူဟာ ဂၽြန္ကီတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ ေဆာင္းေဟကိုရဲ႕ ဖက္ရွင္အတြက္ တာ၀န္ယူေပးရတဲ့ အတြင္းလူတစ္ေယာက္ရဲ႕ ေျပာၾကားခ်က္အရ သူမဟာ ေပါင္ခ်ိန္ေတြ က်ဆင္းခဲ့ၿပီး အေတာ္ေလး စိတ္ေသာကေရာက္ေနပုံရတယ္လို႔ သိရပါတယ္။

Photo: pinterest

“သူမဟာ ဒီႏွစ္စပိုင္းေလာက္ကစၿပီး ေပါင္ခ်ိန္ေတြ သိသိသာသာ က်လာခဲ့ပါတယ္။ (၁၁)ေပါင္ေလာက္ထိ က်ဆင္းသြားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ပိုင္းကစလို႔ အက်ႌဆိုဒ္ကို တစ္ဆိုဒ္ေသးတာေတြ ၀တ္ခဲ့ရပါတယ္။ လက္ေခ်ာင္းေလးေတြဆို ေသးသြယ္သြားလိုက္တာ လက္ထပ္လက္စြပ္ေတာင္ မေတာ္ခ်င္ေတာ့ပါဘူး။

၀ိတ္က်သြားရုံတင္မဟုတ္ဘဲ မ်က္ႏွာေလးကလည္း ညိဳမိႈင္းေနတာမို႔လို႔ သူမရဲ႕က်န္းမာေရးကိုေတာင္ စိတ္ပူမိပါတယ္။ ၿပီးေတာ့ သူမဟာ ေတာ္တန္ရုံ သူမရဲ႕အတြင္းစိတ္၊ ခံစားခ်က္ေတြကို ေျပာျပတတ္တဲ့သူ မဟုတ္ပါဘူး။ ခပ္မဆိတ္ေနတတ္တဲ့ သူမဟာ မၾကာေသးခင္တုန္းကေတာ့ အိမ္ေထာင္ေရး အဆင္မေျပမႈေတြကို ေျပာျပၿပီး ခ်ဳံးပြဲခ် ငိုေၾကြးခဲ့ပါေသးတယ္။ သူမကို ဒီလိုေတြ႕ျမင္ရတာ ရင္ေတြလည္း အရမ္းနာရပါတယ္” လို႔ ၄င္းအတြင္းလူက ေျပာျပထားပါတယ္။

ဒါ့အျပင္ Sports Chosun ၀က္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ Song-Song ေမာင္ႏွံဟာ လက္ထပ္ၿပီး (၁၁)လအၾကာ ၂၀၁၈ခုႏွစ္ စက္တင္ဘာလတည္းက အိမ္ခြဲၿပီးေနခဲ့ၾကတယ္လို႔ သိရပါတယ္။ Song ေမာင္ႏွံရဲ႕ အသိအကၽြမ္းတစ္ေယာက္ ေျပာျပခ်က္အရ Song Joong Ki ဟာ Arthdal Chronicles ဇာတ္လမ္းတြဲ စတင္ရိုက္ကူးခ်ိန္ကစၿပီး အိမ္ကေန ထြက္ကာ အသိဆယ္လီတစ္ေယာက္ရဲ႕အိမ္မွာ ေနေနခဲ့တယ္လို႔ ဆုိပါတယ္။

ဒီလိုနဲ႔ပဲ လူအမ်ားက အားက်ၾကၿပီး နတ္ဖက္တဲ့ စုံတြဲေတြလို႔ တင္စားၾကတဲ့ သူတို႔ေမာင္ႏွံရဲ႕ ၀မ္းနည္းစရာလမ္းခြဲဟာ လက္ေတြ႕ဘ၀ထဲကို ေရာက္ရိွလာခဲ့ပါတယ္။

Xei

Source: koreaboo

(Unicode Version)

Descendants of the Sun ဇာတ်လမ်းတွဲထဲမှာ တွေ့ဆုံကာ ချစ်ကြိုးသွယ်ခဲ့ကြပြီး ပရိသတ်အချစ်တော် ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ အံ့အားသင့်စရာကောင်းစွာပဲ ကွာရှင်းပြတ်စဲလိုက်ကြပါပြီ။

နှစ်ယောက်ရဲ့အချစ်ရေးကို ပရိသတ်က တစ်ခဲနက် အားပေးဝမ်းမြောက်ခဲ့ပေမယ့် လက်ထပ်ပြီး နှစ်နှစ်ခန့်အကြာမှာ အခုလိုကွာရှင်းပြတ်စဲတဲ့ အတည်ပြုချက်က ထွက်ရှိလာတာ ဖြစ်ပါတယ်။ နတ်ဖက်တဲ့စုံတွဲတွေလို့ ပရိသတ်တွေရဲ့ အတွေးမှာ တွေးထင်နေကြပေမယ့် တကယ်တမ်း Song-Song စုံတွဲရဲ့ အိမ်ထောင်ရေးဟာ ဝမ်းနည်းကြေကွဲစရာတွေနဲ့ ပြည့်နှက်နေခဲ့ပုံ ရပါတယ်။

Photo: pinterest

ဆောင်ဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိထုတ်လွှင့်နေတဲ့ Arthdal Chronicles စီးရီးရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေ ပြောပြချက်အရ ဂျွန်ကီတစ်ယောက် စိတ်ဖိစီးမှုတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင်မပြေမှုတွေကြောင့် ဆံပင်တွေ တော်တော်ကျွတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် ခံစားရသူဟာ ဂျွန်ကီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဆောင်းဟေကိုရဲ့ ဖက်ရှင်အတွက် တာဝန်ယူပေးရတဲ့ အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်အရ သူမဟာ ပေါင်ချိန်တွေ ကျဆင်းခဲ့ပြီး အတော်လေး စိတ်သောကရောက်နေပုံရတယ်လို့ သိရပါတယ်။

Photo: pinterest

“သူမဟာ ဒီနှစ်စပိုင်းလောက်ကစပြီး ပေါင်ချိန်တွေ သိသိသာသာ ကျလာခဲ့ပါတယ်။ (၁၁)ပေါင်လောက်ထိ ကျဆင်းသွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ အင်္ကျီဆိုဒ်ကို တစ်ဆိုဒ်သေးတာတွေ ဝတ်ခဲ့ရပါတယ်။ လက်ချောင်းလေးတွေဆို သေးသွယ်သွားလိုက်တာ လက်ထပ်လက်စွပ်တောင် မတော်ချင်တော့ပါဘူး။

ဝိတ်ကျသွားရုံတင်မဟုတ်ဘဲ မျက်နှာလေးကလည်း ညိုမှိုင်းနေတာမို့လို့ သူမရဲ့ကျန်းမာရေးကိုတောင် စိတ်ပူမိပါတယ်။ ပြီးတော့ သူမဟာ တော်တန်ရုံ သူမရဲ့အတွင်းစိတ်၊ ခံစားချက်တွေကို ပြောပြတတ်တဲ့သူ မဟုတ်ပါဘူး။ ခပ်မဆိတ်နေတတ်တဲ့ သူမဟာ မကြာသေးခင်တုန်းကတော့ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ပြောပြပြီး ချုံးပွဲချ ငိုကြွေးခဲ့ပါသေးတယ်။ သူမကို ဒီလိုတွေ့မြင်ရတာ ရင်တွေလည်း အရမ်းနာရပါတယ်” လို့ ၎င်းအတွင်းလူက ပြောပြထားပါတယ်။

ဒါ့အပြင် Sports Chosun ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ Song-Song မောင်နှံဟာ လက်ထပ်ပြီး (၁၁)လအကြာ ၂၀၁၈ခုနှစ် စက်တင်ဘာလတည်းက အိမ်ခွဲပြီးနေခဲ့ကြတယ်လို့ သိရပါတယ်။ Song မောင်နှံရဲ့ အသိအကျွမ်းတစ်ယောက် ပြောပြချက်အရ Song Joong Ki ဟာ Arthdal Chronicles ဇာတ်လမ်းတွဲ စတင်ရိုက်ကူးချိန်ကစပြီး အိမ်ကနေ ထွက်ကာ အသိဆယ်လီတစ်ယောက်ရဲ့အိမ်မှာ နေနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ပဲ လူအများက အားကျကြပြီး နတ်ဖက်တဲ့ စုံတွဲတွေလို့ တင်စားကြတဲ့ သူတို့မောင်နှံရဲ့ ဝမ်းနည်းစရာလမ်းခွဲဟာ လက်တွေ့ဘဝထဲကို ရောက်ရှိလာခဲ့ပါတယ်။

Xei

Source: koreaboo

RELATED ARTICLES

Most Popular