HomeEntertainmentFilmLeonardo Dicaprio သရုပ်ဆောင်ထားပြီး ရုံတင်ဝင်ငွေအများဆုံး ရရှိထားတဲ့ ရုပ်ရှင်များ

Leonardo Dicaprio သရုပ်ဆောင်ထားပြီး ရုံတင်ဝင်ငွေအများဆုံး ရရှိထားတဲ့ ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Leonardo Dicaprio ဟာ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်ပြီးတော့ အော်စကာဆုရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Leonardo ဟာ အလွန်ကို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေအများကြီးမှာ ပါဝင်ခဲ့ဖူးပြီးတော့ ဟောလိဝုဒ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Leonardo သရုပ်ဆောင်ထားတဲ့ ရုံတင်ဝင်ငွေအများဆုံး ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Great Gatsby
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nick ဆိုတဲ့ စာရေးဆရာ တစ်ယောက်ဟာ အိမ်နီးနားချင်း ဖြစ်တဲ့ Jay Gatsby ကို သူ့ရဲ့ စတိုင်ကျလွန်းတဲ့ နေထိုင်မှုပုံစံကြောင့် စိတ်ဝင်စားသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ သူဟာ Jay ရဲ့ အတိတ်က အကြောင်းတွေကို သိလာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Carey Mulligan နဲ့ Tobey Maguire တို့ကပါဝင်ထားပါတယ်။ ဒါ့အပြင် အော်စကာဆု (၂) ခုတောင် ရရှိထားပြီး ဒေါ်လာ (၃၅၃.၆) သန်းတောင် ရရှိထားပါတယ်။

(6) Once Upon A Time… In Hollywood
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Rick ဆိုတဲ့ အောင်မြင်မှုတွေ ကျဆင်းနေတဲ့ သရုပ်ဆောင်တစ်ယောက်ဟာ Cliff လို့ခေါ်တဲ့ သူ့ရဲ့စတန့်သမားနဲ့အတူ ၁၉၆၀ ကျော်လောက်မှာ အောင်မြင်မှုတွေ ပြန်ရဖို့အတွက် ကြိုးစားနေကြပုံကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Brad Pitt ၊ Margot Robbie နဲ့ Dakota Fanning တို့က ပါဝင်ထားပါတယ်။ ဒါ့အပြင် အော်စကာဆု (၂) ခုတောင် ရရှိထားပြီး ဒေါ်လာ (၃၇၄.၃) သန်း ရရှိထားပါတယ်။

(5) The Wolf of Wall Street
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Jordan Belfort ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jordan Belfort နဲ့ Donnie Azoff တို့နှစ်ယောက် ပူးပေါင်းပြီး စတော့ရှယ်ယာဈေးကွက်ကို ကစားကာ ချမ်းသာလာအောင် ကြိုးစားကြတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Jonah Hill နဲ့ Margot Robbie တို့က အဓိက ပါဝင်ထားကြပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ အော်စကာဆု(၅)ဆုအတွက်လည်း စံကာတင်စာရင်း ဝင်ခဲ့သလို ဒေါ်လာ (၃၉၂) သန်း ရရှိထားပါတယ်။

(4) Django Unchained
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.4) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Django ဆိုတဲ့ ကျွန်တစ်ယောက်ဟာ လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ကြေးစားတစ်ယောက်နဲ့ ပူးပေါင်းပြီးတော့ ဖမ်းခံထားရတဲ့ သူ့ရဲ့အမျိူးသမီးကို ကယ်တင်ဖို့အတွက် ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Jamie Foxx နဲ့ Samuel L. Jackson တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားဟာ အော်စကာ(၂)နှစ်ဆု ရရှိထားတဲ့အပြင် ဒေါ်လာ (၄၂၅.၄) သန်း ရရှိခဲ့ပါတယ်။

(3) The Revenant
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.0) ရရှိထားတဲ့အပြင် Leonardo DiCaprio ဟာလည်း ဒီဇာတ်ကားနဲ့ အော်စကာဆု ရခဲ့ပါသေးတယ်။ နှင်းတောတွေထဲမှာ အမဲလိုက်ပြီးတော့  နေထိုင်တဲ့ လူတွေထဲက Hugh Glass ဟာ တစ်ရက်မှာတော့ အမဲလိုက်နေရင်း ဝက်ဝံတွေနဲ့ တိုက်ခိုက်ပြီးတော့ ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရသွားပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့အဖွဲ့ထဲက လူတစ်ယောက်က သစ္စာဖောက်ပြီးတော့ နှင်းတောထဲမှာပဲ သူ့ကို သေအောင်ပစ်ထားသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Tom Hardy နဲ့ Will Poulter တို့က ပါဝင်ထားပြီး အော်စကာ (၃) ဆုတောင် ရထားပါတယ်။ ဝင်ငွေကတော့ ဒေါ်လာ (၅၃၃) သန်း ရရှိထားပါတယ်။

(2) Inception
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.8) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cobb ဟာ သူ့ရဲ့ပစ်မှတ်တွေရဲ့ အိပ်မက်တွေထဲကို ဝင်ရောက်ပြီး အရေးကြီးအချက်အလက်တွေကို ရယူနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Saito ဟာ Cobb ကို သူ့ရဲ့ပြိုင်ဘက်ရဲ့ သားကို သူတို့ဖြစ်စေချင်သလို အိပ်မက်ထဲကနေတစ်ဆင့် ပုံသွင်းခိုင်းခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့တော့ Saito ဟာ Cobb ရဲ့ ပြစ်မှုမှတ်တမ်းတွေကို ဖျောက်ဖျက်ပေးမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Joseph Gordon-Levitt ၊ Ellen Page နဲ့ Tom Hardy တို့က ပါဝင်ထားပြီး အော်စကာဆု (၄) ဆုတောင် ရထားပါတယ်။ ဝင်ငွေကတော့ ဒေါ်လာ (၈၃၆.၈) သန်း ရရှိထားပါတယ်။

(1) Titanic
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၇ ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.8) ရရှိထားပါတယ်။ အသက် (၁၇) နှစ်ရှိနေပြီ ဖြစ်တဲ့ လူကုံထံအသိုင်းအဝိုင်းက Rose ဆိုတဲ့ မိန်းကလေးဟာ လက်ထပ်ဖို့အတွက် စီစဉ်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့အချိန်မှာတော့ Jack ဆိုတဲ့ ဆင်းရဲတဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားပါတယ်။ အဲ့လိုမျိူး သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဆိုးရွားတဲ့ ကံကြမ္မာကြီးဟာ စောင့်ကြိုနေခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio နဲ့ Kate Winslet တို့က အဓိကပါဝင်ထားပါတယ်။ ဒါ့အပြင် အော်စကာ (၁၁) ဆု ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၂.၁၉) ဘီလျံ ရရှိခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Leonardo Dicaprio ဟာ ေဟာလိဝုဒ္ရဲ႕ အေအာင္ျမင္ဆုံး သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္ ျဖစ္ၿပီးေတာ့ ေအာ္စကာဆုရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Leonardo ဟာ အလြန္ကို ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ေတြအမ်ားႀကီးမွာ ပါဝင္ခဲ့ဖူးၿပီးေတာ့ ေဟာလိဝုဒ္ရဲ႕ အေကာင္းဆုံးသ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Leonardo သ႐ုပ္ေဆာင္ထားတဲ့ ႐ုံတင္ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Great Gatsby
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Nick ဆိုတဲ့ စာေရးဆရာ တစ္ေယာက္ဟာ အိမ္နီးနားခ်င္း ျဖစ္တဲ့ Jay Gatsby ကို သူ႔ရဲ႕ စတိုင္က်လြန္းတဲ့ ေနထိုင္မႈပုံစံေၾကာင့္ စိတ္ဝင္စားသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ သူဟာ Jay ရဲ႕ အတိတ္က အေၾကာင္းေတြကို သိလာရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Carey Mulligan နဲ႔ Tobey Maguire တို႔ကပါဝင္ထားပါတယ္။ ဒါ့အျပင္ ေအာ္စကာဆု (၂) ခုေတာင္ ရရွိထားၿပီး ေဒၚလာ (၃၅၃.၆) သန္းေတာင္ ရရွိထားပါတယ္။

(6) Once Upon A Time… In Hollywood
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Rick ဆိုတဲ့ ေအာင္ျမင္မႈေတြ က်ဆင္းေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ဟာ Cliff လို႔ေခၚတဲ့ သူ႔ရဲ႕စတန႔္သမားနဲ႔အတူ ၁၉၆၀ ေက်ာ္ေလာက္မွာ ေအာင္ျမင္မႈေတြ ျပန္ရဖို႔အတြက္ ႀကိဳးစားေနၾကပုံကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Brad Pitt ၊ Margot Robbie နဲ႔ Dakota Fanning တို႔က ပါဝင္ထားပါတယ္။ ဒါ့အျပင္ ေအာ္စကာဆု (၂) ခုေတာင္ ရရွိထားၿပီး ေဒၚလာ (၃၇၄.၃) သန္း ရရွိထားပါတယ္။

(5) The Wolf of Wall Street
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၁၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Jordan Belfort ရဲ႕ ျဖစ္ရပ္မွန္ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jordan Belfort နဲ႔ Donnie Azoff တို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး စေတာ့ရွယ္ယာေဈးကြက္ကို ကစားကာ ခ်မ္းသာလာေအာင္ ႀကိဳးစားၾကတဲ့အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Jonah Hill နဲ႔ Margot Robbie တို႔က အဓိက ပါဝင္ထားၾကပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ ေအာ္စကာဆု(၅)ဆုအတြက္လည္း စံကာတင္စာရင္း ဝင္ခဲ့သလို ေဒၚလာ (၃၉၂) သန္း ရရွိထားပါတယ္။

(4) Django Unchained
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.4) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Django ဆိုတဲ့ ကြၽန္တစ္ေယာက္ဟာ လြတ္ေျမာက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ေၾကးစားတစ္ေယာက္နဲ႔ ပူးေပါင္းၿပီးေတာ့ ဖမ္းခံထားရတဲ့ သူ႔ရဲ႕အမ်ိဴးသမီးကို ကယ္တင္ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Jamie Foxx နဲ႔ Samuel L. Jackson တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီဇာတ္ကားဟာ ေအာ္စကာ(၂)ႏွစ္ဆု ရရွိထားတဲ့အျပင္ ေဒၚလာ (၄၂၅.၄) သန္း ရရွိခဲ့ပါတယ္။

(3) The Revenant
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.0) ရရွိထားတဲ့အျပင္ Leonardo DiCaprio ဟာလည္း ဒီဇာတ္ကားနဲ႔ ေအာ္စကာဆု ရခဲ့ပါေသးတယ္။ ႏွင္းေတာေတြထဲမွာ အမဲလိုက္ၿပီးေတာ့  ေနထိုင္တဲ့ လူေတြထဲက Hugh Glass ဟာ တစ္ရက္မွာေတာ့ အမဲလိုက္ေနရင္း ဝက္ဝံေတြနဲ႔ တိုက္ခိုက္ၿပီးေတာ့ ဒဏ္ရာေတြ ဆိုးဆိုး႐ြား႐ြား ရသြားပါတယ္။ အဲ့ေနာက္မွာေတာ့ သူ႔ရဲ႕အဖြဲ႕ထဲက လူတစ္ေယာက္က သစၥာေဖာက္ၿပီးေတာ့ ႏွင္းေတာထဲမွာပဲ သူ႔ကို ေသေအာင္ပစ္ထားသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ကြၽမ္းက်င္မႈေတြကို အသုံးျပဳၿပီးေတာ့ အသက္ရွင္သန္ဖို႔ ႀကိဳးစား႐ုန္းကန္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Tom Hardy နဲ႔ Will Poulter တို႔က ပါဝင္ထားၿပီး ေအာ္စကာ (၃) ဆုေတာင္ ရထားပါတယ္။ ဝင္ေငြကေတာ့ ေဒၚလာ (၅၃၃) သန္း ရရွိထားပါတယ္။

(2) Inception
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.8) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Cobb ဟာ သူ႔ရဲ႕ပစ္မွတ္ေတြရဲ႕ အိပ္မက္ေတြထဲကို ဝင္ေရာက္ၿပီး အေရးႀကီးအခ်က္အလက္ေတြကို ရယူႏိုင္သူ တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Saito ဟာ Cobb ကို သူ႔ရဲ႕ၿပိဳင္ဘက္ရဲ႕ သားကို သူတို႔ျဖစ္ေစခ်င္သလို အိပ္မက္ထဲကေနတစ္ဆင့္ ပုံသြင္းခိုင္းခဲ့ပါတယ္။ အျပန္အလွန္အေနနဲ႔ေတာ့ Saito ဟာ Cobb ရဲ႕ ျပစ္မႈမွတ္တမ္းေတြကို ေဖ်ာက္ဖ်က္ေပးမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Joseph Gordon-Levitt ၊ Ellen Page နဲ႔ Tom Hardy တို႔က ပါဝင္ထားၿပီး ေအာ္စကာဆု (၄) ဆုေတာင္ ရထားပါတယ္။ ဝင္ေငြကေတာ့ ေဒၚလာ (၈၃၆.၈) သန္း ရရွိထားပါတယ္။

(1) Titanic
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၇ ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.8) ရရွိထားပါတယ္။ အသက္ (၁၇) ႏွစ္ရွိေနၿပီ ျဖစ္တဲ့ လူကုံထံအသိုင္းအဝိုင္းက Rose ဆိုတဲ့ မိန္းကေလးဟာ လက္ထပ္ဖို႔အတြက္ စီစဥ္ၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမဟာ တိုက္တန္းနစ္သေဘၤာေပၚမွာ လိုက္ပါလာတဲ့အခ်ိန္မွာေတာ့ Jack ဆိုတဲ့ ဆင္းရဲတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္မိသြားပါတယ္။ အဲ့လိုမ်ိဴး သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို ဆိုး႐ြားတဲ့ ကံၾကမၼာႀကီးဟာ ေစာင့္ႀကိဳေနခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio နဲ႔ Kate Winslet တို႔က အဓိကပါဝင္ထားပါတယ္။ ဒါ့အျပင္ ေအာ္စကာ (၁၁) ဆု ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၂.၁၉) ဘီလ်ံ ရရွိခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular