HomeEntertainmentFilmEpic ဆရာကြီးတွေ ပါဝင်ထားတဲ့ ရုပ်ရှင်သစ် Killers of the Flower Moon

Epic ဆရာကြီးတွေ ပါဝင်ထားတဲ့ ရုပ်ရှင်သစ် Killers of the Flower Moon

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Leonardo DiCaprio ၊ Robert De Niro နဲ့ Brendan Fraser တို့ ပါဝင်ထားတဲ့ Killers of the Flower Moon ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကိုတော့ Legendary ဒါရိုက်တာကြီးဖြစ်တဲ့ Martin Scorsese က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ့်ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

photo credit Paramount Pictures

မကြာသေးခင်ကပဲ Apple TV ဟာ ဒီရုပ်ရှင်ရဲ့ ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၂၀ ကျော်က Oklahoma ပြည်နယ်မှာ နေထိုင်ကြတဲ့ Osage မျိူးနွယ်စုတွေ ထူးဆန်းစွာ အသတ်ခံရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ အဲဒီအချိန်မှာ စတင်တည်ထောင်ခါစသာ ရှိသေးတဲ့ FBI အဖွဲ့အစည်းဟာ ဒီအမှုကို စုံစမ်းကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Leonardo DiCaprio ကတော့ အမှားအမှန် မခွဲခြားနိုင်တဲ့ Ernest Burkhart ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ Ernest ဟာ Osage မျိူးနွယ်ဝင် အမျိူးသမီးတစ်ယောက်နဲ့ လက်ထပ်ထားသူလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ Osage မျိူးနွယ်ဝင်အများအပြားဟာ ထူးဆန်းစွာ အသတ်ခံရပါတော့တယ်။ ဒါကြောင့်လည်း ဒီထွေလာထဲမှာတော့ Ernest ကို FBI တွေက စစ်ဆေးမေးမြန်းနေတာကိုလည်း တွေ့ရပါတယ်။

ဒီထွေလာထဲမှာတော့ ဒိုင်ယာလော့ခ်တစ်ကြောင်းမှ မပါဝင်ဘဲ ဒါရိုက်တာ Martin Scorsese ရဲ့ စတိုင်အတိုင်း Leonardo ရဲ့ဇာတ်ကောင်က Osage လူမျိူးတွေရဲ့ သမိုင်းကြောင်းကို နောက်ခံစကားပြောနဲ့ တင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ကြာချိန်ကတော့ (၃)နာရီနဲ့ (၂၆)မိနစ် ဖြစ်ပြီး ဒါရိုက်တာ Martin Scorsese ရဲ့ နောက်ထပ် Epic ရုပ်ရှင်တစ်ကား ဖြစ်လာဦးမှာပါ။ ဒီရုပ်ရှင်ကတော့ အောက်တိုဘာလမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular