HomeCelebs Update NewsInternationalNew Year မှာ မော်ဒယ်လ်တစ်သိုက်နဲ့ ပါတီပေးခဲ့တဲ့ Leonardo

New Year မှာ မော်ဒယ်လ်တစ်သိုက်နဲ့ ပါတီပေးခဲ့တဲ့ Leonardo

နာမည်ကျော်မင်းသား Leonardo DiCaprio ကတော့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ St. Barts က အပန်းဖြေရွက်လှေတစ်စီးပေါ်မှာ နာမည်ကျော်စတားတွေ၊ မော်ဒယ်လ်တွေနဲ့ ပါတီပွဲကျင်းပခဲ့ပါတယ်။

အဆိုပါ နှစ်သစ်ကူးအကြို ရွက်လှေပေါ်က ပါတီပွဲမှာတော့ အသက်(၄၈)နှစ်အရွယ် Leonardo ဟာ သူ့အချစ်ဆုံးသူငယ်ချင်း Tobey Maguire အပါအဝင် Drake ၊ နာမည်ကျော်မော်ဒယ်လ် Madison Headrick နဲ့ အခြားမော်ဒယ်လ်တွေနဲ့အတူ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ Leonardo ဟာ တီရှပ်အင်္ကျီ၊ ဦးထုပ်တစ်လုံးနဲ့ ရိုးရှင်းစွာ ဝတ်ဆင်ထားတာလည်း တွေ့ရပါတယ်။

Photo Credit: Spread Pictures/ MEGA

ဒီပါတီပွဲမတိုင်ခင် ပြီးခဲ့တဲ့ အားလပ်ရက်ကာလအတွင်းမှာတော့ Leo ကို မော်ဒယ်လ် Victoria Lamas နဲ့အတူ တွဲလျက်တွေ့ခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကပဲ ဟောလိဝုဒ်အနောက်ပိုင်းက ဆယ်လီတွေ ထိုင်နေကျ The Birds Street Club ကနေ Leo တစ်ယောက် Victoria နဲ့အတူ ထွက်လာပြီး ကားတစ်စီးထဲကို အတူတူဝင်သွားကြတာကို တွေ့ခဲ့ရပါသေးတယ်။

ဒါကြောင့်ပဲ အများစုကတော့ Leo တစ်ယောက် မော်ဒယ်လ် Victoria နဲ့ တွဲနေတယ်လို့ ခန့်မှန်းတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သို့သော်လည်း မကြာသေးခင် နိုဝင်ဘာလတုန်းကလည်း Leo ဟာ အဲဒီစားသောက်ဆိုင်ကနေပဲ နာမည်ကျော် မော်ဒယ်လ် Gigi Hadid နဲ့အတူ ထွက်လာတာကို တွေ့ခဲ့ရလို့ နှစ်ယောက်သား တွဲနေကြတာလားလို့ အင်တာနက်တခွင်မှာ ပွက်လောရိုက်ခဲ့ပါသေးတယ်။

Photo: gigihadid/ Instagram

နယူးယော့ခ်ရဲ့ အားလပ်ရက်ကာလဟာ ဘေးနားမှာ ပွေ့ဖက်နမ်းရှုံ့စရာ ချစ်သူတစ်ယောက်နဲ့ ကုန်ဆုံးသင့်တယ်လို့ ဒေသခံအများစုက မှတ်ယူထားကြပေမယ့် Leo ကတော့ Gigi မပါဘဲ နှစ်သစ်ကူးအကြိုကာလကို ဖြတ်သန်းနေတာကြောင့် တချို့ကတော့ မေးခွန်းထုတ်နေကြပါတယ်။ သို့ပေမယ့်လည်း အတွင်းစကားတွေရဲ့ အဆိုအရ Leo နဲ့ Gigi တို့ဟာ casually dating လုပ်နေကြဆဲဖြစ်ပြီး နှစ်ယောက်ကြားမှာ ဘာပြောင်းလဲမှုမှ မရှိဘူးလို့လည်း ဆိုပါတယ်။

“Leo က ဆင်ဂယ်လ်လေ။ Gigi နဲ့ ပတ်သက်ပြီး ဘာမှမပြောင်းလဲပါဘူး။ သူတို့နှစ်ယောက်က ဒီလိုပဲ ပေါ့ပေါ့ပါးပါး တွဲနေကြတုန်းပါပဲ။ ဒါပေမယ့် သူတို့ကြားမှာ အလေးအနက်ကိစ္စတွေတော့ ဘာမှမရှိပါဘူး …” လို့ Leo နဲ့နီးစပ်တဲ့ အတွင်းလူတစ်ယောက်က Hollywood Life သတင်းဌာနကို ပြောကြားထားတယ်လို့ သိရပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular