HomeCelebs Update NewsInternationalချစ်သူအသစ်ရနေကြောင်း ကြွားလုံးထုတ်လာတဲ့ Lil Nas X

ချစ်သူအသစ်ရနေကြောင်း ကြွားလုံးထုတ်လာတဲ့ Lil Nas X

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော်၊ ရက်ပ်ပါ Lil Nas X ကတော့ ချစ်သူအသစ်ရနေကြောင်းနဲ့ ယခုအချစ်ရေးကြောင့် ပျော်ရွှင်နေရတဲ့အကြောင်းတွေကို ပြောပြလာပါတယ်။

အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lil Nas X ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထွက်ရှိခဲ့တဲ့ VMan မဂ္ဂဇင်းမှာ အခုလို အင်တာဗျူး ဖြေဆိုထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးဟာ သူထားခဲ့ဖူးတဲ့ ချစ်သူရည်းစားတွေထဲမှာ အကောင်းဆုံးပါပဲလို့ ကြွားလုံးထုတ်ထားပါသေးတယ်။

Photo: lilnasx/ Instagram

အမည်ရင်း Montero Lamar Hill ဖြစ်တဲ့ ဂရမ်မီဆုရ အဆိုတော်ကတော့ ချစ်သူအသစ်အကြောင်း ကြွားနေပေမယ့် သူ့ချစ်သူက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြောထားခြင်း မရှိပါဘူး။ Montero ဟာ အများအားဖြင့် ဒိတ်လုပ်တိုင်း ညဘက်တွေမှာသာ ဒိတ်လုပ်လေ့ ရှိပြီး အခုတစ်ယောက်နဲ့မှာတော့ ထုံးစံက ခွဲထွက်ပြီး နေ့ဘက်ပါ ဒိတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။

ယခုတွဲနေတဲ့ ချစ်သူကောင်လေးအသစ်ကိုတော့ ပြီးခဲ့တဲ့ မေလက Saturday Night Live မှာ ဖျော်ဖြေပြီးချိန်လောက်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

Photo: lilnasx/ Instagram

“ဒီတစ်ခုက တွဲဖူးသမျှ relationship တွေထဲမှာ အကောင်းဆုံးပဲလို့ ကျွန်တော်တော့ ခံစားရပါတယ်။ တကယ်လည်း ပျော်ရွှင်နေရတယ်။ ပြီးတော့ အကုန်လုံးက တမင်လုပ်ယူစရာ မလိုဘဲ အလိုလျောက် သဘာဝအတိုင်းလေး ဖြစ်နေတယ်လို့ ခံစားရတယ် … ” လို့ Montero က ဆိုထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က Variety သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာလည်း လက်ရှိတွဲနေတဲ့ ချစ်သူဟာ သူ့ဘဝအတွက် လက်တွဲဖော်ဖြစ်မယ်လို့ ခံစားရကြောင်း ပြောထားပါသေးတယ်။

Photo: lilnasx/ Instagram

“ချစ်သူရည်းစားကတော့ ကိုယ့်အပေါ်ကောင်းတဲ့ ကောင်လေးတွေရော၊ မကောင်းတဲ့ကောင်လေးတွေရော ထားခဲ့ဖူးပါတယ်။ အများစုကတော့ ခံစားချက်ပိုင်းမှာ မထိန်းနိုင်တာ၊ ဒါမှမဟုတ် သူတို့မှာ အငုံ့စိတ်တွေ ဖြစ်နေတာတွေ များတယ်။ အခုကတော့ တကယ် ထူးခြားတဲ့လူတစ်ယောက်ကို တွေ့ထားတယ်။ ကျွန်တော့်လက်တွဲဖော်က သူပဲလို့ ထင်တယ်။ ရှင်းတော့မပြတတ်ဘူး။ ဒီလိုပဲ ခံစားပြီး သိတာပါ … ” လို့ သူက ဖွင့်ဟထားပါတယ်။

ပထမဆုံး ယောက်ျားလေးချစ်သူ ထားဖူးတဲ့အချိန်ကို မေးမြန်းရာမှာတော့ အသက်(၁၈)၊ (၁၉)နှစ်အရွယ်လောက်မှာလို့ ဆိုပါတယ်။

Photo: lilnasx/ Instagram

“ရည်းစား စထားတတ်တဲ့အချိန်ကတော့ တော်တော် နောက်ကျတယ် ပြောရမယ်။ ဒါပေမယ့် ရည်းစားလို့တောင် ပြောလို့ရပါ့မလား မသိပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ တွဲနေကြမှန်း ဘယ်သူမှလည်း မသိကြဘူး။ ကျွန်တော်တို့ကလည်း လူသိမှာစိုးလို့ ခပ်ကုတ်ကုတ်လေး နေခဲ့ကြချိန်တွေပေါ့ … ” လို့ ဆိုပါတယ်။

Montero ဟာ ယောက်ျားအချင်းချင်း နှစ်သက်တဲ့ ဂေးတစ်ယောက်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန်လမှာ တရားဝင် လူသိရှင်ကြား ထုတ်ပြောထားသူ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္၊ ရက္ပ္ပါ Lil Nas X ကေတာ့ ခ်စ္သူအသစ္ရေနေၾကာင္းနဲ႔ ယခုအခ်စ္ေရးေၾကာင့္ ေပ်ာ္႐ႊင္ေနရတဲ့အေၾကာင္းေတြကို ေျပာျပလာပါတယ္။

အသက္(၂၂)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Lil Nas X ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ထြက္ရွိခဲ့တဲ့ VMan မဂၢဇင္းမွာ အခုလို အင္တာဗ်ဴး ေျဖဆိုထားတာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ လက္ရွိပိုင္ဆိုင္ထားတဲ့ အခ်စ္ေရးဟာ သူထားခဲ့ဖူးတဲ့ ခ်စ္သူရည္းစားေတြထဲမွာ အေကာင္းဆုံးပါပဲလို႔ ႂကြားလုံးထုတ္ထားပါေသးတယ္။

Photo: lilnasx/ Instagram

အမည္ရင္း Montero Lamar Hill ျဖစ္တဲ့ ဂရမ္မီဆုရ အဆိုေတာ္ကေတာ့ ခ်စ္သူအသစ္အေၾကာင္း ႂကြားေနေပမယ့္ သူ႔ခ်စ္သူက ဘယ္သူဘယ္ဝါ ျဖစ္တယ္ဆိုတာကိုေတာ့ ထုတ္ေျပာထားျခင္း မရွိပါဘူး။ Montero ဟာ အမ်ားအားျဖင့္ ဒိတ္လုပ္တိုင္း ညဘက္ေတြမွာသာ ဒိတ္လုပ္ေလ့ ရွိၿပီး အခုတစ္ေယာက္နဲ႔မွာေတာ့ ထုံးစံက ခြဲထြက္ၿပီး ေန႔ဘက္ပါ ဒိတ္လုပ္ေနတယ္လို႔ ဆိုထားပါတယ္။

ယခုတြဲေနတဲ့ ခ်စ္သူေကာင္ေလးအသစ္ကိုေတာ့ ၿပီးခဲ့တဲ့ ေမလက Saturday Night Live မွာ ေဖ်ာ္ေျဖၿပီးခ်ိန္ေလာက္မွာ ေတြ႕ရွိခဲ့တာလို႔ ဆိုပါတယ္။

Photo: lilnasx/ Instagram

“ဒီတစ္ခုက တြဲဖူးသမွ် relationship ေတြထဲမွာ အေကာင္းဆုံးပဲလို႔ ကြၽန္ေတာ္ေတာ့ ခံစားရပါတယ္။ တကယ္လည္း ေပ်ာ္႐ႊင္ေနရတယ္။ ၿပီးေတာ့ အကုန္လုံးက တမင္လုပ္ယူစရာ မလိုဘဲ အလိုေလ်ာက္ သဘာဝအတိုင္းေလး ျဖစ္ေနတယ္လို႔ ခံစားရတယ္ … ” လို႔ Montero က ဆိုထားပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က Variety သတင္းဌာနနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ရာမွာလည္း လက္ရွိတြဲေနတဲ့ ခ်စ္သူဟာ သူ႔ဘဝအတြက္ လက္တြဲေဖာ္ျဖစ္မယ္လို႔ ခံစားရေၾကာင္း ေျပာထားပါေသးတယ္။

Photo: lilnasx/ Instagram

“ခ်စ္သူရည္းစားကေတာ့ ကိုယ့္အေပၚေကာင္းတဲ့ ေကာင္ေလးေတြေရာ၊ မေကာင္းတဲ့ေကာင္ေလးေတြေရာ ထားခဲ့ဖူးပါတယ္။ အမ်ားစုကေတာ့ ခံစားခ်က္ပိုင္းမွာ မထိန္းႏိုင္တာ၊ ဒါမွမဟုတ္ သူတို႔မွာ အငုံ႔စိတ္ေတြ ျဖစ္ေနတာေတြ မ်ားတယ္။ အခုကေတာ့ တကယ္ ထူးျခားတဲ့လူတစ္ေယာက္ကို ေတြ႕ထားတယ္။ ကြၽန္ေတာ့္လက္တြဲေဖာ္က သူပဲလို႔ ထင္တယ္။ ရွင္းေတာ့မျပတတ္ဘူး။ ဒီလိုပဲ ခံစားၿပီး သိတာပါ … ” လို႔ သူက ဖြင့္ဟထားပါတယ္။

ပထမဆုံး ေယာက္်ားေလးခ်စ္သူ ထားဖူးတဲ့အခ်ိန္ကို ေမးျမန္းရာမွာေတာ့ အသက္(၁၈)၊ (၁၉)ႏွစ္အ႐ြယ္ေလာက္မွာလို႔ ဆိုပါတယ္။

Photo: lilnasx/ Instagram

“ရည္းစား စထားတတ္တဲ့အခ်ိန္ကေတာ့ ေတာ္ေတာ္ ေနာက္က်တယ္ ေျပာရမယ္။ ဒါေပမယ့္ ရည္းစားလို႔ေတာင္ ေျပာလို႔ရပါ့မလား မသိပါဘူး။ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ္တို႔ တြဲေနၾကမွန္း ဘယ္သူမွလည္း မသိၾကဘူး။ ကြၽန္ေတာ္တို႔ကလည္း လူသိမွာစိုးလို႔ ခပ္ကုတ္ကုတ္ေလး ေနခဲ့ၾကခ်ိန္ေတြေပါ့ … ” လို႔ ဆိုပါတယ္။

Montero ဟာ ေယာက္်ားအခ်င္းခ်င္း ႏွစ္သက္တဲ့ ေဂးတစ္ေယာက္ျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္ ဇြန္လမွာ တရားဝင္ လူသိရွင္ၾကား ထုတ္ေျပာထားသူ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular