HomeEntertainmentFilmWonder Woman 1984 ထဲမှာ စတန့်တွေ အကုန်လုံးကို ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ Lilly Aspell

Wonder Woman 1984 ထဲမှာ စတန့်တွေ အကုန်လုံးကို ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ Lilly Aspell

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lilly Aspell ဟာ Wonder Woman ရုပ်ရှင်နှစ်ကားလုံးမှာ Diana ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် WW84 ရဲ့ အစမှာ ပါဝင်တဲ့ အမေဇုန်တွေရဲ့ ပြိုင်ပွဲမှာ ပြုလုပ်ခဲ့ရတဲ့ စတန့်တွေကိုလည်း Lilly ကိုယ်တိုင်ပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

photo via lillyaspellactress/instagram

ဇာတ်လမ်းရဲ့ အစမှာတော့ သူမဟာ တစ်ခြားအမေဇုန်သူတွေနဲ့ ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်နေတာ တွေ့ရပြီး ရေထဲကို မခုန်ချခင်မှာ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ရေကူးပြီး တစ်ဘက်ကမ်းကို ရောက်သွားတဲ့အချိန်မှာတော့ သူတို့ဟာ ကျွန်းပေါ်မှာ မြင်းစီးကာ မြားပစ်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမကတော့ မြင်းပေါ်က ပြုတ်ကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Antiope က သူမကို တားဆီးခဲ့ပြီး ဖြတ်လမ်းကို လိုက်ခဲ့တာကြောင့် ဆက်လက် မယှဉ်ပြိုင်စေခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီဇာတ်ဝင်ခန်းကလည်း Gal Gadot ကို မျက်ရည်စေခဲ့တယ်လို့ သိရပါတယ်။

Diana ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့တဲ့ Lilly ကတော့ အဲ့ဒီပြိုင်ပွဲအတွင်းမှာ ပြုလုပ်ခဲ့ရတဲ့ စတန့်တွေကို သူမကိုယ်တိုင် ပြုလုပ်ခဲ့ပါတယ်ဆိုပြီး Gal Gadot က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ Wonder Woman ရုပ်ရှင်နှစ်ကားလုံးမှာ သူတို့နှစ်ယောက်ဟာ အတော်ရင်းနှီးခဲ့ပြီး Lilly ကိုလည်း ချီးကျူးခဲ့ပါတယ်။ Lilly ဟာ တကယ်ကို ပါရမီပါတဲ့ ကလေးသရုပ်ဆောင် တစ်ယောက်ပါလို့ Gal Gadot က ပြောခဲ့ပြီး ဒီရုပ်ရှင်ကို ရိုက်ကူးနေရင်းနဲ့ သူမရဲ့သမီးဖြစ်သူ Alma နဲ့ Lilly တို့ဟာလည်း သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

photo via lillyaspellactress/instagram

Wonder Woman ပထမဆုံးရုပ်ရှင်မှာတော့ Diana ကို Themyscira က ထွက်လာတာကို တွေ့ခဲ့ရပါတယ်။ WW84 ထဲမှာတော့ Diana ဟာ Themyscira ကို ပြန်မသွားဘဲ ကမ္ဘာပေါ်မှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း WW84 ထဲမှာ ဒါရိုက်တာ Jenkins ၊ ဇာတ်ညွှန်းရေးသူ Geoff Johns နဲ့ Dave Callaham တို့ဟာ ပရိသတ်တွေကို Themyscira ကို ပြန်လည်မြင်စေချင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Diana ရဲ့ ငယ်ဘဝကို အနည်းငယ် ပြန်လည်ပြသသွားတာဖြစ်ပြီး သူမရဲ့ ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကိုလည်း ဖော်ပြသွားခဲ့ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Lilly Aspell ဟာ Wonder Woman ႐ုပ္ရွင္ႏွစ္ကားလုံးမွာ Diana ရဲ႕ ငယ္ဘဝကို သ႐ုပ္ေဆာင္ခဲ့တဲ့ ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ WW84 ရဲ႕ အစမွာ ပါဝင္တဲ့ အေမဇုန္ေတြရဲ႕ ၿပိဳင္ပြဲမွာ ျပဳလုပ္ခဲ့ရတဲ့ စတန႔္ေတြကိုလည္း Lilly ကိုယ္တိုင္ပဲ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

photo via lillyaspellactress/instagram

ဇာတ္လမ္းရဲ႕ အစမွာေတာ့ သူမဟာ တစ္ျခားအေမဇုန္သူေတြနဲ႔ ၿပိဳင္ပြဲတစ္ခုကို ယွဥ္ၿပိဳင္ေနတာ ေတြ႕ရၿပီး ေရထဲကို မခုန္ခ်ခင္မွာ အတားအဆီးေတြကို ေက်ာ္ျဖတ္ခဲ့ရပါတယ္။ ေရကူးၿပီး တစ္ဘက္ကမ္းကို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ သူတို႔ဟာ ကြၽန္းေပၚမွာ ျမင္းစီးကာ ျမားပစ္တာကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း သူမကေတာ့ ျမင္းေပၚက ျပဳတ္က်သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Antiope က သူမကို တားဆီးခဲ့ၿပီး ျဖတ္လမ္းကို လိုက္ခဲ့တာေၾကာင့္ ဆက္လက္ မယွဥ္ၿပိဳင္ေစခဲ့ပါဘူး။ ဒါ့အျပင္ အဲ့ဒီဇာတ္ဝင္ခန္းကလည္း Gal Gadot ကို မ်က္ရည္ေစခဲ့တယ္လို႔ သိရပါတယ္။

Diana ရဲ႕ ငယ္ဘဝကို သ႐ုပ္ေဆာင္ခဲ့တဲ့ Lilly ကေတာ့ အဲ့ဒီၿပိဳင္ပြဲအတြင္းမွာ ျပဳလုပ္ခဲ့ရတဲ့ စတန႔္ေတြကို သူမကိုယ္တိုင္ ျပဳလုပ္ခဲ့ပါတယ္ဆိုၿပီး Gal Gadot က တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။ Wonder Woman ႐ုပ္ရွင္ႏွစ္ကားလုံးမွာ သူတို႔ႏွစ္ေယာက္ဟာ အေတာ္ရင္းႏွီးခဲ့ၿပီး Lilly ကိုလည္း ခ်ီးက်ဴးခဲ့ပါတယ္။ Lilly ဟာ တကယ္ကို ပါရမီပါတဲ့ ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္ပါလို႔ Gal Gadot က ေျပာခဲ့ၿပီး ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးေနရင္းနဲ႔ သူမရဲ႕သမီးျဖစ္သူ Alma နဲ႔ Lilly တို႔ဟာလည္း သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာခဲ့ပါတယ္လို႔ ေျပာခဲ့ပါတယ္။

photo via lillyaspellactress/instagram

Wonder Woman ပထမဆုံး႐ုပ္ရွင္မွာေတာ့ Diana ကို Themyscira က ထြက္လာတာကို ေတြ႕ခဲ့ရပါတယ္။ WW84 ထဲမွာေတာ့ Diana ဟာ Themyscira ကို ျပန္မသြားဘဲ ကမာၻေပၚမွာပဲ ဆက္လက္ေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း WW84 ထဲမွာ ဒါ႐ိုက္တာ Jenkins ၊ ဇာတ္ၫႊန္းေရးသူ Geoff Johns နဲ႔ Dave Callaham တို႔ဟာ ပရိသတ္ေတြကို Themyscira ကို ျပန္လည္ျမင္ေစခ်င္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Diana ရဲ႕ ငယ္ဘဝကို အနည္းငယ္ ျပန္လည္ျပသသြားတာျဖစ္ၿပီး သူမရဲ႕ ကိုယ္က်င့္တရားနဲ႔ သက္ဆိုင္တဲ့ ျပႆနာေတြကိုလည္း ေဖာ္ျပသြားခဲ့ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular