HomeCelebs Update NewsInternationalMiley ကို ေမ့လို႔မရေသးဘဲ အသည္းကြဲေနတုန္းပဲဆိုတဲ့ Liam Hemsworth

Miley ကို ေမ့လို႔မရေသးဘဲ အသည္းကြဲေနတုန္းပဲဆိုတဲ့ Liam Hemsworth

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသား Liam Hemsworth ဟာ အဆိုေတာ္၊ မင္းသမီး Miley Cyrus နဲ႔ မၾကာေသးခင္ကမွ ကြာရွင္းျပတ္စဲခဲ့ေပမယ့္ အခုထက္ထိ အနည္မထိုင္ႏိုင္ေသးဘဲ ခံစားေနရတုန္းပဲလို႔ ဆိုပါတယ္။ Miley တစ္ေယာက္ကေတာ့ လမ္းခြဲတဲ့သတင္းနဲ႔ တစ္ၿပိဳင္တည္း ဘေလာ့ဂါမေလး Kaitlynn Carter နဲ႔ တြဲခုတ္ၿပီး ေပ်ာ္ရႊင္ေနေပမယ့္ Liam ကေတာ့ မိသားစုေတြရိွရာ ၾသစေတ်းလ်ကို ျပန္သြားၿပီး သူ႔ရဲ႕ဒဏ္ရာေတြကို တစ္ခုခ်င္း ကုစားေနပုံရပါတယ္။

Hollywoodlife သတင္း၀က္ဘ္ဆိုဒ္က ေဖာ္ျပခ်က္အရ Liam ဟာ Miley နဲ႔ လမ္းခြဲၿပီးေပမယ့္ ေနာက္ထပ္ Relationship တစ္ခုကို တည္ေဆာက္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ သိရပါတယ္။ Liam နဲ႔ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုရဲ႕ အဆိုကေတာ့ “Liam ဟာ Miley နဲ႔ ကြာရွင္းလုိက္ရတဲ့အတြက္ သိပ္ကိုနာက်င္ခံစားေနရပါတယ္။ သူ႔အေနနဲ႔ တစ္ျခားတစ္ေယာက္ကိုလည္း အစားထိုးဖို႔ ရွာေဖြမေနပါဘူး” လို႔ ေဖာ္ျပထားပါတယ္။

Photo: liamhemsworth/ Instagram

Liam ဟာ Miley နဲ႔ လမ္းခြဲၿပီးကတည္းက မိဘေဆြမ်ိဳးေတြရိွရာ ၾသစေတ်းလ်ကို ျပန္သြားခဲ့ၿပီး အစ္ကိုျဖစ္သူ Chris Hemsworth နဲ႔ adventure ေတြလုပ္ေနတာကို ေတြ႕ရပါတယ္။ Miley ကေတာ့ အိမ္ေထာင္ေရးကေပးတဲ့ စိတ္ဒုကၡေတြကို ျမန္ျမန္ဆန္ဆန္ပဲ ေက်ာ္လႊားႏိုင္ခဲ့ၿပီး အသက္(၃၁)ႏွစ္အရြယ္ Kaitlynn Carter နဲ႔ တြဲခုတ္ေနတဲ့အျပင္ လူေျပာသူေျပာေတြအရ Miley ရဲ႕အိမ္ရိွတဲ့ ေလာ့စ္အိန္ဂ်လိစ္တစ္၀ိုက္မွာ ႏွစ္ေယာက္အတူတူ ေနေနၾကတယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။

“Liam ကေတာ့ သူ႔မိသားစု၊ မိတ္ေဆြေတြနဲ႔ပဲ အတူတူေနခ်င္တာပါ။ သူခံစားရတာေတြ ေပ်ာက္ေအာင္ အလုပ္ေတြ ဖိလုပ္ေနပါတယ္။ တစ္ခ်ိန္မွာ သူ႔ရဲ႕ရင္ေသြးေလးေတြကို ေမြးေပးမယ္လို႔ သူထင္မွတ္ထားခဲ့တဲ့ မိန္းကေလးနဲ႔ ကြာရွင္းလိုက္ရတဲ့ နာက်င္မႈကို သူခံစားေနရပါတယ္။ ၀မ္းလည္း၀မ္းနည္းေနရွာတာပါ။ တကယ္ အေလးအနက္ေျပာရမယ့္ အခ်က္ကေတာ့ အခုအခ်ိန္အေတာတြင္းေလးမွာေတာ့ သူက ဘယ္သူနဲ႔မွ တြဲဦးမွာ မဟုတ္ပါဘူး။ အဲ့အတြက္ အဆင္သင့္လည္း မျဖစ္ေသးပါဘူး။ သူ႔မိသားစု၊ မိတ္ေဆြေတြနဲ႔ အခ်ိန္ကုန္ဆုံးရင္းနဲ႔ပဲ သူ႔ရဲ႕ဒဏ္ရာေတြကို ကုစားသြားပါလိမ့္မယ္” ဆိုၿပီး အတြင္းသတင္းက ေျပာထားပါတယ္။

Photo: liamhemsworth/ Instagram

Miley နဲ႔ Liam တို႔ဟာ ၂၀၀၉ခုႏွစ္က ထြက္ရိွခဲ့တဲ့ The Last Song ရုပ္ရွင္ရဲ႕ ရိုက္ကြင္းေပၚမွာ စေတြ႕ခဲ့ၾကတာျဖစ္ၿပီး အဲ့ဒီ့ကားမွာ ႏွစ္ေယာက္အတူတူ သရုပ္ေဆာင္ရာကေနပဲ ခ်စ္ႀကိဳးသြယ္ခဲ့ၾကတာ ျဖစ္ပါတယ္။ စေတြ႕တုန္းက Miley ရဲ႕အသက္က (၁၆)ႏွစ္သာ ရိွေသးၿပီး Liam ကေတာ့ (၁၉)ႏွစ္ ရိွပါၿပီ။ ႏွစ္ေယာက္သား တြဲလိုက္၊ ျပတ္လိုက္နဲ႔ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ ေႏွာင္ဖြဲ႕ခဲ့ၾကၿပီး ၿပီးခဲ့ႏွစ္ ဒီဇင္ဘာလမွာ တရား၀င္ လက္ထပ္ခဲ့ၾကတာပါ။ သို႔ေပမယ့္ ကံမေကာင္း၊ အေၾကာင္းမလွေတာ့ လပိုင္းေလးနဲ႔ လမ္းခြဲလိုက္ရတာပဲ ျဖစ္ပါတယ္။

Liam တစ္ေယာက္ ေနာက္တစ္ေယာက္နဲ႔ တြဲေတာ့မလားလို႔ ေစာင့္ေနတဲ့ ပရိသတ္ေတြကေတာ့ Instagram ပို႔စ္ေအာက္က Lindsay Lohan ရဲ႕ အီစီကလီ comment တစ္ခုေၾကာင့္ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း အဲ့ဒီ့ကိစၥကို Liam က စိတ္မ၀င္စားေၾကာင္းနဲ႔ Lindsay က အေပ်ာ္သေဘာ စေနာက္တဲ့အေၾကာင္းဆိုတာကို ေနာက္ပိုင္းမွာ ျပန္လည္ၾကားသိခဲ့ၾကရပါတယ္။

Photo: liamhemsworth/ Instagram

Liam ေနာက္ထပ္ ေရြးခ်ယ္မယ့္ မိန္းကေလးကေရာ ဘယ္လိုအမ်ိဳးအစား ျဖစ္ႏိုင္မလည္းဆိုတာကိုေတာ့ ေနာက္ထပ္ နီးစပ္တဲ့ အသိုင္းအ၀ိုင္းတစ္ခုက အခုလို ေျပာထားပါတယ္။ “အေျဖကေတာ့ ရွင္းပါတယ္။ သူက Miley လို မိန္းကေလးမ်ိဳးကို လိုခ်င္တာပါ။ အမွီအခိုကင္းတယ္။ စိတ္ဓာတ္ခိုင္မာတယ္။ အရည္အခ်င္းရိွတယ္။ ဒီလိုမိန္းကေလးမ်ိဳးေပါ့။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သူ႔လိုပဲ မိသားစုမ်ားတဲ့လူမ်ိဳးကိုလည္း ေရြးႏိုင္ပါတယ္။ တစ္ခ်ိန္က်ရင္ေတာ့ သူလည္း အသစ္ရွာရမယ္ဆိုတာ သူသိပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ သူအဆင္သင့္ မျဖစ္ေသးပါဘူး။ Miley နဲ႔ ခြဲေနရတဲ့ကိစၥကို သူအရင္ဆုံး ေခါင္းရွင္းေအာင္ စဥ္းစားရဦးမွာေပါ့။ ဒါမ်ိဳးက ခက္ခဲတယ္ဆိုတာ နားလည္ေပးလို႔ ရၾကမွာပါ ” လို႔ အတြင္းစကားတစ္ခုက ေျပာထားပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မင်းသား Liam Hemsworth ဟာ အဆိုတော်၊ မင်းသမီး Miley Cyrus နဲ့ မကြာသေးခင်ကမှ ကွာရှင်းပြတ်စဲခဲ့ပေမယ့် အခုထက်ထိ အနည်မထိုင်နိုင်သေးဘဲ ခံစားနေရတုန်းပဲလို့ ဆိုပါတယ်။ Miley တစ်ယောက်ကတော့ လမ်းခွဲတဲ့သတင်းနဲ့ တစ်ပြိုင်တည်း ဘလော့ဂါမလေး Kaitlynn Carter နဲ့ တွဲခုတ်ပြီး ပျော်ရွှင်နေပေမယ့် Liam ကတော့ မိသားစုတွေရှိရာ သြစတျေးလျကို ပြန်သွားပြီး သူ့ရဲ့ဒဏ်ရာတွေကို တစ်ခုချင်း ကုစားနေပုံရပါတယ်။

Hollywoodlife သတင်းဝက်ဘ်ဆိုဒ်က ဖော်ပြချက်အရ Liam ဟာ Miley နဲ့ လမ်းခွဲပြီးပေမယ့် နောက်ထပ် Relationship တစ်ခုကို တည်ဆောက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။ Liam နဲ့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုရဲ့ အဆိုကတော့ “Liam ဟာ Miley နဲ့ ကွာရှင်းလိုက်ရတဲ့အတွက် သိပ်ကိုနာကျင်ခံစားနေရပါတယ်။ သူ့အနေနဲ့ တစ်ခြားတစ်ယောက်ကိုလည်း အစားထိုးဖို့ ရှာဖွေမနေပါဘူး” လို့ ဖော်ပြထားပါတယ်။

Photo: liamhemsworth/ Instagram

Liam ဟာ Miley နဲ့ လမ်းခွဲပြီးကတည်းက မိဘဆွေမျိုးတွေရှိရာ သြစတျေးလျကို ပြန်သွားခဲ့ပြီး အစ်ကိုဖြစ်သူ Chris Hemsworth နဲ့ adventure တွေလုပ်နေတာကို တွေ့ရပါတယ်။ Miley ကတော့ အိမ်ထောင်ရေးကပေးတဲ့ စိတ်ဒုက္ခတွေကို မြန်မြန်ဆန်ဆန်ပဲ ကျော်လွှားနိုင်ခဲ့ပြီး အသက်(၃၁)နှစ်အရွယ် Kaitlynn Carter နဲ့ တွဲခုတ်နေတဲ့အပြင် လူပြောသူပြောတွေအရ Miley ရဲ့အိမ်ရှိတဲ့ လော့စ်အိန်ဂျလိစ်တစ်ဝိုက်မှာ နှစ်ယောက်အတူတူ နေနေကြတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

“Liam ကတော့ သူ့မိသားစု၊ မိတ်ဆွေတွေနဲ့ပဲ အတူတူနေချင်တာပါ။ သူခံစားရတာတွေ ပျောက်အောင် အလုပ်တွေ ဖိလုပ်နေပါတယ်။ တစ်ချိန်မှာ သူ့ရဲ့ရင်သွေးလေးတွေကို မွေးပေးမယ်လို့ သူထင်မှတ်ထားခဲ့တဲ့ မိန်းကလေးနဲ့ ကွာရှင်းလိုက်ရတဲ့ နာကျင်မှုကို သူခံစားနေရပါတယ်။ ဝမ်းလည်းဝမ်းနည်းနေရှာတာပါ။ တကယ် အလေးအနက်ပြောရမယ့် အချက်ကတော့ အခုအချိန်အတောတွင်းလေးမှာတော့ သူက ဘယ်သူနဲ့မှ တွဲဦးမှာ မဟုတ်ပါဘူး။ အဲ့အတွက် အဆင်သင့်လည်း မဖြစ်သေးပါဘူး။ သူ့မိသားစု၊ မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးရင်းနဲ့ပဲ သူ့ရဲ့ဒဏ်ရာတွေကို ကုစားသွားပါလိမ့်မယ်” ဆိုပြီး အတွင်းသတင်းက ပြောထားပါတယ်။

Photo: liamhemsworth/ Instagram

Miley နဲ့ Liam တို့ဟာ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ The Last Song ရုပ်ရှင်ရဲ့ ရိုက်ကွင်းပေါ်မှာ စတွေ့ခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့ကားမှာ နှစ်ယောက်အတူတူ သရုပ်ဆောင်ရာကနေပဲ ချစ်ကြိုးသွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ စတွေ့တုန်းက Miley ရဲ့အသက်က (၁၆)နှစ်သာ ရှိသေးပြီး Liam ကတော့ (၁၉)နှစ် ရှိပါပြီ။ နှစ်ယောက်သား တွဲလိုက်၊ ပြတ်လိုက်နဲ့ ဆယ်စုနှစ်တစ်ခုကြာအောင် နှောင်ဖွဲ့ခဲ့ကြပြီး ပြီးခဲ့နှစ် ဒီဇင်ဘာလမှာ တရားဝင် လက်ထပ်ခဲ့ကြတာပါ။ သို့ပေမယ့် ကံမကောင်း၊ အကြောင်းမလှတော့ လပိုင်းလေးနဲ့ လမ်းခွဲလိုက်ရတာပဲ ဖြစ်ပါတယ်။

Liam တစ်ယောက် နောက်တစ်ယောက်နဲ့ တွဲတော့မလားလို့ စောင့်နေတဲ့ ပရိသတ်တွေကတော့ Instagram ပို့စ်အောက်က Lindsay Lohan ရဲ့ အီစီကလီ comment တစ်ခုကြောင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အဲ့ဒီ့ကိစ္စကို Liam က စိတ်မဝင်စားကြောင်းနဲ့ Lindsay က အပျော်သဘော စနောက်တဲ့အကြောင်းဆိုတာကို နောက်ပိုင်းမှာ ပြန်လည်ကြားသိခဲ့ကြရပါတယ်။

Photo: liamhemsworth/ Instagram

Liam နောက်ထပ် ရွေးချယ်မယ့် မိန်းကလေးကရော ဘယ်လိုအမျိုးအစား ဖြစ်နိုင်မလည်းဆိုတာကိုတော့ နောက်ထပ် နီးစပ်တဲ့ အသိုင်းအဝိုင်းတစ်ခုက အခုလို ပြောထားပါတယ်။ “အဖြေကတော့ ရှင်းပါတယ်။ သူက Miley လို မိန်းကလေးမျိုးကို လိုချင်တာပါ။ အမှီအခိုကင်းတယ်။ စိတ်ဓာတ်ခိုင်မာတယ်။ အရည်အချင်းရှိတယ်။ ဒီလိုမိန်းကလေးမျိုးပေါ့။ ပျော်ပျော်နေတတ်ပြီး သူ့လိုပဲ မိသားစုများတဲ့လူမျိုးကိုလည်း ရွေးနိုင်ပါတယ်။ တစ်ချိန်ကျရင်တော့ သူလည်း အသစ်ရှာရမယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူအဆင်သင့် မဖြစ်သေးပါဘူး။ Miley နဲ့ ခွဲနေရတဲ့ကိစ္စကို သူအရင်ဆုံး ခေါင်းရှင်းအောင် စဉ်းစားရဦးမှာပေါ့။ ဒါမျိုးက ခက်ခဲတယ်ဆိုတာ နားလည်ပေးလို့ ရကြမှာပါ ” လို့ အတွင်းစကားတစ်ခုက ပြောထားပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular