HomeEntertainmentFilmLive Action ဖန်တီးနေတဲ့ George R.R. Martin ရဲ့ Sci-Fi ဇာတ်လမ်း Hunter's Run

Live Action ဖန်တီးနေတဲ့ George R.R. Martin ရဲ့ Sci-Fi ဇာတ်လမ်း Hunter’s Run

Exile Content စတူဒီယိုကတော့ မကြာသေးခင်ကပဲ စာရေးဆရာကြီး George R.R. Martin ရဲ့ Sci-Fi ဇာတ်လမ်းဖြစ်တဲ့ Hunter’s Run ရဲ့မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီး ယခုအချိန်မှာတော့ Live Action ဖန်တီးဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ စာရေးဆရာကြီး George R.R. Martin ကတော့ ဒီဝတ္ထုကို အခြားစာရေးဆရာကြီးတွေ ဖြစ်တဲ့ Daniel Abraham ၊ Gardner Dozois တို့နဲ့အတူ ရေးသားခဲ့တာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

ဒီဝတ္ထုကိုတော့ ကမ္ဘာနဲ့ ဆင်တူပြီး လူသားတွေ အုပ်စိုးထားတဲ့ Sao Paulo ဆိုတဲ့ ဂြိုဟ်တစ်ခုမှာ ဇာတ်အိမ်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ Ramon Espejo ပဲ ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ သံတမန်တစ်ယောက်ကို သတ်လိုက်မိပြီး နောင်တရစွာနဲ့ ပုန်းကွယ်နေရပါတော့တယ်။ အဲဒီနောက်မှာပဲ သူဟာ လူသားတွေလက်က ပုန်းအောင်းနေတဲ့ ဂြိုဟ်သားတစ်ယောက်နဲ့ တွေ့ဆုံမိခဲ့ပါတယ်။ ဒီမှာတင် သူ့ရဲ့မကောင်းတဲ့ လုပ်ရပ်ကနေ ထွက်ပြေးနေရင်း ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေနဲ့ သူ့ကိုယ်သူ သိမြင်လာစေမယ့် လမ်းခရီးကို လျှောက်လှမ်းရပါတော့တယ်။

photo via screenrant

ဒီဝတ္ထုကိုတော့ Exile Content စတူဒီယိုရဲ့ စပိန်နဲ့အင်္ဂလိပ်ဇာတ်လမ်းတွေကို ထုတ်လုပ်သူက ဝယ်ယူခဲ့တာ ဖြစ်ပြီး ဝတ္ထုထဲက ရှုပ်ထွေးတဲ့ Latino အဓိကဇာတ်ကောင်ကြောင့် ဝယ်ယူခဲ့တာလို့လည်း ဆိုပါတယ်။ စာရေးဆရာကြီး George R.R. Martin ကတော့ ဒီရုပ်ရှင်မှာ Executive Producer အနေနဲ့ ပါဝင်လာမှာ ဖြစ်ပြီး ဒီဇာတ်လမ်းကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်တွေ့ရမှာ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဒီဝတ္ထုကိုတော့ ၁၉၇၆ ခုနှစ်မှာ စာရေးဆရာကြီး Gardner Dozois က စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ Gardner Dozois ဟာ ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ရမှန်း မသိတာကြောင့် George R.R. Martin ကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ George R.R. Martin ကလည်း ဒီဝတ္ထုကို ဆက်လက်ရေးသားခဲ့ပေမယ့် သင့်တော်တဲ့ ဇာတ်သိမ်းကို မစဉ်းစားနိုင်ခဲ့ပါဘူး။

နှစ်ပေါင်း(၂၀)ခန့် ထပ်မံကြာမြင့်သွားပြီး နောက်မှာတော့ သူတို့နှစ်ယောက်လုံးဟာ ဒီဇာတ်လမ်းကို ဇာတ်မသိမ်းနိုင်သေးတာကြောင့် Daniel Abraham ဆီ ထပ်မံ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၄ ခုနှစ်မှာတော့ Shadow Twin ဆိုတဲ့အမည်နဲ့ ဒီဝတ္ထုကို ထုတ်ဝေခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ Gardner Dozois ဟာ ဒီဇာတ်လမ်းရဲ့ Extensive ဗားရှင်းကို Hunter’s Run ဆိုတဲ့ နာမည်နဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular