HomeCelebs Update NewsInternationalCaptain America နဲ့ ကလေးရထားတယ်လို့ နောက်ပြောင်လိုက်တဲ့ Lizzo 

Captain America နဲ့ ကလေးရထားတယ်လို့ နောက်ပြောင်လိုက်တဲ့ Lizzo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Lizzo ကတော့ MCU ရဲ့ မင်းသားချော Chris Evans နဲ့ ပတ်သက်ပြီး အမှန်အကန်ကို စွဲလန်းနေသူ ဖြစ်ပါတယ်။ အခုလည်း သူမမှာ Captain America နဲ့ ရထားတဲ့ ကလေးလေး ရှိနေတယ်လို့ နောက်ပြောင်လိုက်ပြန်ပါတယ်။

Lizzo ဟာ မကြာသေးမီကပဲ သူမရဲ့ TikTok မှာ Cap ကို အခုလို နောက်ပြောင်ထားတဲ့ ဗွီဒီယိုကို တင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ဗွီဒီယိုကတော့ ပရိသတ်တစ်ယောက်ရဲ့ ကွန်းမန့်ကို ပြန်ပြီး တုံ့ပြန်ထားတဲ့ ဗွီဒီယို ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာတော့ “ဒါက ကျွန်မ ကိုယ်ရေးကိုယ်တာဆိုပြီး လျှို့ဝှက်ထားတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျွန်မ Little America လေးကို မွေးတော့မှာပါ … ” လို့ သူမရဲ့ဝမ်းဗိုက်ကို ကိုင်ပြပြီး နောက်ပြောင်ထားတာ ဖြစ်ပါတယ်။

Photo: lizzobeeating/ Instagram

Lizzo ဟာ MCU ရဲ့ Captain America ကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး သရုပ်ဆောင် မင်းသားချော Chris Evans ကို စွဲလန်းနေကြောင်း တရားဝင် ဝန်ခံထားသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Captain America နဲ့ Little America ကို မွေးတော့မှာပါလို့ နောက်ပြောင်နေတာ ဖြစ်ပါတယ်။

တကယ်တော့ Lizzo နဲ့ Chris Evans ရဲ့ ဇာတ်လမ်းဟာ ပြီးခဲ့တဲ့ ဧပြီလလောက်တည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ Lizzo ဟာ အရက်တွေမူးပြီး Chris Evans ရဲ့ အင်စတာဂရမ်မှာ မက်ဆေ့ချ်တွေ သွားပို့ရာက စတင်တာ ဖြစ်ပါတယ်။ အဲဒီနောက် မက်ဆေ့ချ်သွားပို့ထားတဲ့ screenshot ကို ပြပြီး “မူးနေရင် မက်ဆေ့ချ်တွေ လျှောက်မပို့ကြပါနဲ့ … ” လို့ သူမကိုယ်တိုင် ပရိသတ်တွေကို ပြန်ဝေမျှထားတာ ဖြစ်ပါတယ်။

Photo: chrisevansfanpageoofficial/ Instagram

အဲဒီနောက်မှာတော့ Chris က သူမ မူးပြီးပို့ထားတဲ့ မက်ဆေ့ချ်ကို စာပြန်ပို့လာပါတယ်။ ဒီအခါမှာတော့ Lizzo ရဲ့ ပရိသတ်တွေရော၊ Chris ရဲ့ ပရိသတ်တွေကပါ သဘောတွေကျပြီး ပွဲဆူခဲ့ပါသေးတယ်။ အဲဒီတုန်းက မက်ဆေ့ချ်ကိုတောင် စာပြန်ခဲ့တဲ့ Chris အတွက် အခု ကလေးမွေးမယ်ဆိုတဲ့ ဗွီဒီယိုကို တွေ့သွားရင်ရော ဘယ်လိုပြန် တုံ့ပြန်ဦးမှာလည်းဆိုတာ ပရိသတ်တွေအတွက် သိချင်စရာပါပဲ။

Lizzo နဲ့ Chris တို့ဟာ ကျင်လည်ကြတဲ့ နယ်ပယ်ချင်း မတူညီကြတဲ့အတွက် သူတို့ချင်း လုပ်ငန်းခွင်မှာ ဆုံဖူးကြဦးမှာတော့ မဟုတ်ပါဘူး။ သို့သော်လည်း Lizzo ဟာ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဘက်ကိုလည်း ခြေချလာတဲ့အတွက် တစ်ချိန်ချိန်မှာတော့ သူတို့လူချင်း တွေ့ဆုံနိုင်တဲ့ အခွင့်အရေး ရှိလာနိုင်ပါသေးတယ်။

Photo: lizzobeeating/ Instagram

ဆယ်လီတွေရဲ့ လောကမှာလည်း ပရိသတ်တွေလိုပဲ အရူးအမူးဖြစ်ရ၊ ကြိုက်နှစ်သက်ရ၊ လေးစားချစ်ခင်ရသူတွေ ရှိကြတာ မဆန်းပါဘူး။ အခုလည်း Lizzo ဟာ Chris ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ကြောင်း သူမရဲ့ ဟာသဆန်တဲ့ TikTok ဗွီဒီယိုတွေနဲ့ သက်သေပြထားပြီးသား ဖြစ်လို့ gentleman ဆန်ပြီး စိတ်နှလုံးသိမ်မွေ့သူလို့ နာမည်ကြီးတဲ့ Chris တစ်ယောက်ကတော့ သေချာပေါက် သူမရဲ့ဟာသတွေကို သဘောကျနေမယ်ဆိုတာ မလွဲပါဘူး။

Glasgow

Source: screenrant

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Lizzo ကေတာ့ MCU ရဲ႕ မင္းသားေခ်ာ Chris Evans နဲ႔ ပတ္သက္ၿပီး အမွန္အကန္ကို စြဲလန္းေနသူ ျဖစ္ပါတယ္။ အခုလည္း သူမမွာ Captain America နဲ႔ ရထားတဲ့ ကေလးေလး ရွိေနတယ္လို႔ ေနာက္ေျပာင္လိုက္ျပန္ပါတယ္။

Lizzo ဟာ မၾကာေသးမီကပဲ သူမရဲ႕ TikTok မွာ Cap ကို အခုလို ေနာက္ေျပာင္ထားတဲ့ ဗြီဒီယိုကို တင္လိုက္တာ ျဖစ္ပါတယ္။ အဆိုပါ ဗြီဒီယိုကေတာ့ ပရိသတ္တစ္ေယာက္ရဲ႕ ကြန္းမန႔္ကို ျပန္ၿပီး တုံ႔ျပန္ထားတဲ့ ဗြီဒီယို ျဖစ္ပါတယ္။ ဗြီဒီယိုထဲမွာေတာ့ “ဒါက ကြၽန္မ ကိုယ္ေရးကိုယ္တာဆိုၿပီး လွ်ိဳ႕ဝွက္ထားတဲ့ ကိစၥ ျဖစ္ပါတယ္။ ကြၽန္မ Little America ေလးကို ေမြးေတာ့မွာပါ … ” လို႔ သူမရဲ႕ဝမ္းဗိုက္ကို ကိုင္ျပၿပီး ေနာက္ေျပာင္ထားတာ ျဖစ္ပါတယ္။

Photo: lizzobeeating/ Instagram

Lizzo ဟာ MCU ရဲ႕ Captain America ကို ႀကိဳက္ႏွစ္သက္သူ ျဖစ္ၿပီး သ႐ုပ္ေဆာင္ မင္းသားေခ်ာ Chris Evans ကို စြဲလန္းေနေၾကာင္း တရားဝင္ ဝန္ခံထားသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ Captain America နဲ႔ Little America ကို ေမြးေတာ့မွာပါလို႔ ေနာက္ေျပာင္ေနတာ ျဖစ္ပါတယ္။

တကယ္ေတာ့ Lizzo နဲ႔ Chris Evans ရဲ႕ ဇာတ္လမ္းဟာ ၿပီးခဲ့တဲ့ ဧၿပီလေလာက္တည္းက စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Lizzo ဟာ အရက္ေတြမူးၿပီး Chris Evans ရဲ႕ အင္စတာဂရမ္မွာ မက္ေဆ့ခ်္ေတြ သြားပို႔ရာက စတင္တာ ျဖစ္ပါတယ္။ အဲဒီေနာက္ မက္ေဆ့ခ်္သြားပို႔ထားတဲ့ screenshot ကို ျပၿပီး “မူးေနရင္ မက္ေဆ့ခ်္ေတြ ေလွ်ာက္မပို႔ၾကပါနဲ႔ … ” လို႔ သူမကိုယ္တိုင္ ပရိသတ္ေတြကို ျပန္ေဝမွ်ထားတာ ျဖစ္ပါတယ္။

Photo: chrisevansfanpageoofficial/ Instagram

အဲဒီေနာက္မွာေတာ့ Chris က သူမ မူးၿပီးပို႔ထားတဲ့ မက္ေဆ့ခ်္ကို စာျပန္ပို႔လာပါတယ္။ ဒီအခါမွာေတာ့ Lizzo ရဲ႕ ပရိသတ္ေတြေရာ၊ Chris ရဲ႕ ပရိသတ္ေတြကပါ သေဘာေတြက်ၿပီး ပြဲဆူခဲ့ပါေသးတယ္။ အဲဒီတုန္းက မက္ေဆ့ခ်္ကိုေတာင္ စာျပန္ခဲ့တဲ့ Chris အတြက္ အခု ကေလးေမြးမယ္ဆိုတဲ့ ဗြီဒီယိုကို ေတြ႕သြားရင္ေရာ ဘယ္လိုျပန္ တုံ႔ျပန္ဦးမွာလည္းဆိုတာ ပရိသတ္ေတြအတြက္ သိခ်င္စရာပါပဲ။

Lizzo နဲ႔ Chris တို႔ဟာ က်င္လည္ၾကတဲ့ နယ္ပယ္ခ်င္း မတူညီၾကတဲ့အတြက္ သူတို႔ခ်င္း လုပ္ငန္းခြင္မွာ ဆုံဖူးၾကဦးမွာေတာ့ မဟုတ္ပါဘူး။ သို႔ေသာ္လည္း Lizzo ဟာ အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ဘက္ကိုလည္း ေျခခ်လာတဲ့အတြက္ တစ္ခ်ိန္ခ်ိန္မွာေတာ့ သူတို႔လူခ်င္း ေတြ႕ဆုံႏိုင္တဲ့ အခြင့္အေရး ရွိလာႏိုင္ပါေသးတယ္။

Photo: lizzobeeating/ Instagram

ဆယ္လီေတြရဲ႕ ေလာကမွာလည္း ပရိသတ္ေတြလိုပဲ အ႐ူးအမူးျဖစ္ရ၊ ႀကိဳက္ႏွစ္သက္ရ၊ ေလးစားခ်စ္ခင္ရသူေတြ ရွိၾကတာ မဆန္းပါဘူး။ အခုလည္း Lizzo ဟာ Chris ရဲ႕ အမာခံပရိသတ္တစ္ေယာက္ျဖစ္ေၾကာင္း သူမရဲ႕ ဟာသဆန္တဲ့ TikTok ဗြီဒီယိုေတြနဲ႔ သက္ေသျပထားၿပီးသား ျဖစ္လို႔ gentleman ဆန္ၿပီး စိတ္ႏွလုံးသိမ္ေမြ႕သူလို႔ နာမည္ႀကီးတဲ့ Chris တစ္ေယာက္ကေတာ့ ေသခ်ာေပါက္ သူမရဲ႕ဟာသေတြကို သေဘာက်ေနမယ္ဆိုတာ မလြဲပါဘူး။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular