HomeEntertainmentFilmLogan ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က သင်စိတ်ဝင်စားမယ့်အချက်များ

Logan ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က သင်စိတ်ဝင်စားမယ့်အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

X-Men လို့ပြောလိုက်တာနဲ့ လူတွေတော်တော်များများအရင်ဆုံးပြေးမြင်ကြတာကတော့ Logan ပဲဖြစ်ပါတယ်။ သူဟာ X-Men တွေအားလုံးထဲမှာ နာမည်အကြီးဆုံးနဲ့အအောင်မြင်ဆုံးလို့တောင်မှ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်တုန်းကထွက်ခဲ့တဲ့ Logan ဇာတ်ကားထဲမှာတော့ Logan ဟာသေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားဟာ Hugh Jackman သရုပ်ဆောင်တဲ့ Logan ကိုနောက်ဆုံးအကြိမ်မြင်ခဲ့ရတာဖြစ်ပြီးတော့ Logan ဇာတ်ကောင်ကိုတော့ တစ်ခြားသရုပ်ဆောင်တစ်ယောက်နဲ့ ပြန်ပြီးမြင်ရနိုင်ချေ ရှိပါသေးတယ်။ အဲ့ဒါကြောင့် Hugh Jackman နောက်ဆုံးအကြိမ်သရုပ်ဆောင်ထားတဲ့ Logan ဇာတ်ကားရဲ့နောက်ကွယ်က အကြောင်းတွေကို အလွမ်းပြေလေး ဖော်ပြပေးချင်ပါတယ်။

ညစာစားတဲ့အချိန်မှာ ပြောခဲ့တဲ့ဒိုင်ယာလော့ခ်တွေဟာ ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး။
photo via screenrant

Professor X နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Patrick Stewart ရဲ့ပြောကြားချက်အရ ညစာစားတဲ့အချိန်မှာ သူတို့ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်တွေဟာ ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး။ သူတို့ပြောခဲ့ကြတဲ့ဒိုင်ယာလော့ခ်တွေထဲက အနည်းငယ်လောက်ကပဲ ဇာတ်ညွှန်းထဲမှာပါတဲ့ ဒိုင်ယာလော့ခ်တွေဖြစ်ပြီး ကျန်တာတွေကတော့ ဒီအတိုင်းလက်တန်းပြောခဲ့ကြတာပါ။ ဇာတ်ညွှန်းထဲမှာပါတဲ့ ဒိုင်ယာလော့ခ်တွေနဲ့ အခန်းနည်းနည်းရိုက်ပြီးသွားတဲ့အချိန်မှာတော့ ဒီဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ James Mangold ကိုယ်တိုင်ကိုက အဲ့လိုမျိုးလက်တန်းပြောခိုင်းခဲ့တာ ဖြစ်ပါတယ်။

Millie Bobby Brown ဟာ X-23 နေရာမှာ သရုပ်ဆောင်ဖို့အတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။
photo via screenrant

Dafne Keen ဟာ X-23 နေရာမှာ သရုပ်ဆောင်ဖို့ အရွေးမခံရခင်အချိန်တုန်းက Strange Things စီးရီးထဲက Eleven နေရာမှာ သရုပ်ဆောင်ထားတဲ့ Millie Bobby Brown ဟာလည်း X-23 နေရာမှာသရုပ်ဆောင်ဖို့အတွက် လူရွေးပွဲဝင်ပြိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် သူဟာ Hugh Jackman နဲ့တောင်အတူတူ လေ့ကျင့်ရေးတွေတောင် ဆင်းခဲ့ရပါသေးတယ်။ နောက်ပိုင်းမှသာ ဒါရိုက်တာ James Mangold ဟာ X-23 နေရာက Dafne Keen နဲ့ပိုပြီးတော့ လိုက်ဖက်တယ်ဆိုပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Hugh Jackman ဟာ အင်္ကျီမပါတဲ့အခန်းတွေကို မရိုက်ခင်မှာ သူ့ကိုယ်သူ ရေဓာတ်ခန်းခြောက်အောင် ပြုလုပ်ခဲ့ပါတယ်။
photo via screenrant

Hugh Jackman ဟာအင်္ကျီမပါတဲ့အခန်းတွေကို ရိုက်ရတော့မယ်ဆိုရင် သူ့ကိုယ်သူ ရေဓာတ်ခန်းခြောက်အောင် ပြုလုပ်ခဲ့ပါတယ်။ သူဟာအဲ့လိုအခန်းတွေကို မရိုက်ခင် (၂) ရက်အလိုကတည်းက ရေမသောက်ဘဲ နေထိုင်ပြီး ရေဓာတ်ခန်းခြောက်အောင် ပြုလုပ်ခဲ့ပါတယ်။ သူဟာ လူသားတစ်ယောက်အနေနဲ့ ရေဓာတ်ကို လျှော့လို့ရနိုင်သလောက်ကို လျှေိာ့ချခဲ့ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းဟာ အရမ်းကို အန္တရာယ်များတာကြောင့် ပရိသတ်တွေအနေနဲ့ လိုက်ပြီး မလုပ်ဖို့ကို ပြောကြားခဲ့ပါသေးတယ်။

Logan သေဆုံးတဲ့အခန်းမှာ Dafne Keen ဟာတကယ် ငိုခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

အစတုန်းက X-23 နေရာမှာ သရုပ်ဆောင်မယ့်သူဟာ Sienna Novikov ဆိုပြီး မှားပြီးကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ထွေလာထွက်လာတဲ့အချိန်မှာတော့ Dafne Keen ဟာ X-23 နေရာမှာ သရုပ်ဆောင်ခဲ့တာကြောင့် အမှားအယွင်းမှန်း သိသွားကြပါတယ်။ ဒါပေမယ့်လည်း Sienna Novikov ကတော့ သူမရဲ့စတန့်သမားအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Logan သေဆုံးအခန်းကို ရိုက်တဲ့အခါမှာတော့ သူမရဲ့ မျက်ရည်တွေဟာ အစစ်တွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲ့ဒီအခန်းကိုရိုက်ရတာဟာ အရမ်းကို ဝမ်းနည်းကြေကွဲစရာကောင်းတာကြောင့် သူမဟာ တကယ်ကို ငိုကြွေးခဲ့တာ ဖြစ်ပါတယ်။

Liev Schreiber ကို Sabretooth အနေနဲ့ ပြန်ပြီးပါဝင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။
photo via screenrant

Liev Schreiber ဟာ X-Men Origins : Wolverine ထဲမှာ Sabretooth အနေနဲ့သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ဒီကားထဲမှာလည်း သူ့ကို Sabretooth အနေနဲ့ပြန်ပြီး ပါဝင်ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက သူဟာ Ray Donovan ဆိုတဲ့စီးရီးကို ရိုက်နေတဲ့အချိန်ဖြစ်တာကြောင့် အဲ့ဒီနေရာမှာ ပါဝင်ဖို့ကို ငြင်းပယ်ခဲ့ရပါတယ်။ အကယ်၍သူဟာ အဲ့ဒီအချိန်မှာ အားနေခဲ့မယ်ဆိုရင် Sabretooth ကိုနောက်ထပ်တစ်ကြိမ်ပြန်ပြီး မြင်တွေ့ခွင့်ရဦးမှာ ဖြစ်ပါတယ်။

Hugh Jackman ဟာ အစက Logan ကိုမသေစေချင်ခဲ့ပါဘူး။
photo via screenrant

Logan ရဲ့သေဆုံးမှုဟာ ပရိသတ်တွေကို တော်တော်လေးကို ဝမ်းနည်းသွားစေသလို Hugh Jackman ဟာလည်း အစက Logan ကိုမသေစေချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒါရိုက်တာ James ကတော့ ဒီဇာတ်ကားကို စပြီးရိုက်တဲ့အချိန်ကတည်းက Logan ကိုသတ်ဖို့အတွက် စဉ်းစားထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Hugh Jackman ဟာ Logan ကိုမသတ်ဖို့အတွက် James ကိုခဏခဏ နားချခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းထွက်ပြီးတဲ့အချိန်မှာတော့ Hugh Jackso ဟာအင်တာဗျူးတစ်ခုမှာ အခုလိုပြောခဲ့ပါတယ်။

“James ဟာအစကတည်းက Logan ကိုသတ်ဖို့အတွက် စဉ်းစားနေခဲ့ပေမယ့်လည်း သူဟာမှန်ကန်ခဲ့ပါတယ်။ လူအများသိထားတဲ့ Logan ဆိုတာဟာ အရမ်းကြမ်းတမ်းပြီး မသေနိုင်လောက်အောင် စွမ်းအားကြီးတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ အဲ့ဒါကြောင့် ဒီဇာတ်ကောင်ကို နှုတ်ဆက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဒီနည်းလမ်းပါပဲဆိုပြီး ပြောခဲ့ပါတယ်။” ဒါ့အပြင် Fox ဟာဒီဇာတ်ကားကိုစရိုက်တဲ့အချိန်ကတည်းက ဝမ်းနည်းစရာဇာတ်သိမ်းကို လိုချင်ခဲ့တာဖြစ်ပြီး New Mutants လိုမျိုးနောက်ထပ်မျိုးဆက်သစ်တွေအတွက် နေရာဖယ်ပေးခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

X-Men လို႔ေျပာလိုက္တာနဲ႔ လူေတြေတာ္ေတာ္မ်ားမ်ားအရင္ဆုံးေျပးျမင္ၾကတာကေတာ့ Logan ပဲျဖစ္ပါတယ္။ သူဟာ X-Men ေတြအားလုံးထဲမွာ နာမည္အႀကီးဆုံးနဲ႔အေအာင္ျမင္ဆုံးလို႔ေတာင္မွ ေျပာလို႔ရပါတယ္။ ဒါေပမယ့္လည္း ၂၀၁၇ ခုႏွစ္တုန္းကထြက္ခဲ့တဲ့ Logan ဇာတ္ကားထဲမွာေတာ့ Logan ဟာေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီဇာတ္ကားဟာ Hugh Jackman သ႐ုပ္ေဆာင္တဲ့ Logan ကိုေနာက္ဆုံးအႀကိမ္ျမင္ခဲ့ရတာျဖစ္ၿပီးေတာ့ Logan ဇာတ္ေကာင္ကိုေတာ့ တစ္ျခားသ႐ုပ္ေဆာင္တစ္ေယာက္နဲ႔ ျပန္ၿပီးျမင္ရႏိုင္ေခ် ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ Hugh Jackman ေနာက္ဆုံးအႀကိမ္သ႐ုပ္ေဆာင္ထားတဲ့ Logan ဇာတ္ကားရဲ႕ေနာက္ကြယ္က အေၾကာင္းေတြကို အလြမ္းေျပေလး ေဖာ္ျပေပးခ်င္ပါတယ္။

ညစာစားတဲ့အခ်ိန္မွာ ေျပာခဲ့တဲ့ဒိုင္ယာေလာ့ခ္ေတြဟာ ႀကိဳတင္စီစဥ္ထားတာ မဟုတ္ပါဘူး။
photo via screenrant

Professor X ေနရာမွာသ႐ုပ္ေဆာင္ခဲ့တဲ့ Patrick Stewart ရဲ႕ေျပာၾကားခ်က္အရ ညစာစားတဲ့အခ်ိန္မွာ သူတို႔ေျပာခဲ့တဲ့ ဒိုင္ယာေလာ့ခ္ေတြဟာ ႀကိဳတင္စီစဥ္ထားတာ မဟုတ္ပါဘူး။ သူတို႔ေျပာခဲ့ၾကတဲ့ဒိုင္ယာေလာ့ခ္ေတြထဲက အနည္းငယ္ေလာက္ကပဲ ဇာတ္ၫႊန္းထဲမွာပါတဲ့ ဒိုင္ယာေလာ့ခ္ေတြျဖစ္ၿပီး က်န္တာေတြကေတာ့ ဒီအတိုင္းလက္တန္းေျပာခဲ့ၾကတာပါ။ ဇာတ္ၫႊန္းထဲမွာပါတဲ့ ဒိုင္ယာေလာ့ခ္ေတြနဲ႔ အခန္းနည္းနည္း႐ိုက္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ ဒီဇာတ္ကားရဲ႕ဒါ႐ိုက္တာျဖစ္သူ James Mangold ကိုယ္တိုင္ကိုက အဲ့လိုမ်ိဳးလက္တန္းေျပာခိုင္းခဲ့တာ ျဖစ္ပါတယ္။

Millie Bobby Brown ဟာ X-23 ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့ပါေသးတယ္။
photo via screenrant

Dafne Keen ဟာ X-23 ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ အေ႐ြးမခံရခင္အခ်ိန္တုန္းက Strange Things စီးရီးထဲက Eleven ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Millie Bobby Brown ဟာလည္း X-23 ေနရာမွာသ႐ုပ္ေဆာင္ဖို႔အတြက္ လူေ႐ြးပြဲဝင္ၿပိဳင္ခဲ့ပါေသးတယ္။ ဒါ့အျပင္ သူဟာ Hugh Jackman နဲ႔ေတာင္အတူတူ ေလ့က်င့္ေရးေတြေတာင္ ဆင္းခဲ့ရပါေသးတယ္။ ေနာက္ပိုင္းမွသာ ဒါ႐ိုက္တာ James Mangold ဟာ X-23 ေနရာက Dafne Keen နဲ႔ပိုၿပီးေတာ့ လိုက္ဖက္တယ္ဆိုၿပီး ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

Hugh Jackman ဟာ အက်ႌမပါတဲ့အခန္းေတြကို မ႐ိုက္ခင္မွာ သူ႔ကိုယ္သူ ေရဓာတ္ခန္းေျခာက္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။
photo via screenrant

Hugh Jackman ဟာအက်ႌမပါတဲ့အခန္းေတြကို ႐ိုက္ရေတာ့မယ္ဆိုရင္ သူ႔ကိုယ္သူ ေရဓာတ္ခန္းေျခာက္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ သူဟာအဲ့လိုအခန္းေတြကို မ႐ိုက္ခင္ (၂) ရက္အလိုကတည္းက ေရမေသာက္ဘဲ ေနထိုင္ၿပီး ေရဓာတ္ခန္းေျခာက္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ သူဟာ လူသားတစ္ေယာက္အေနနဲ႔ ေရဓာတ္ကို ေလွ်ာ့လို႔ရႏိုင္သေလာက္ကို ေလွ်ိာ့ခ်ခဲ့ပါတယ္။ ဒါ့အျပင္ ဒီနည္းလမ္းဟာ အရမ္းကို အႏၲရာယ္မ်ားတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ လိုက္ၿပီး မလုပ္ဖို႔ကို ေျပာၾကားခဲ့ပါေသးတယ္။

Logan ေသဆုံးတဲ့အခန္းမွာ Dafne Keen ဟာတကယ္ ငိုခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

အစတုန္းက X-23 ေနရာမွာ သ႐ုပ္ေဆာင္မယ့္သူဟာ Sienna Novikov ဆိုၿပီး မွားၿပီးေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္လည္း ေထြလာထြက္လာတဲ့အခ်ိန္မွာေတာ့ Dafne Keen ဟာ X-23 ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ အမွားအယြင္းမွန္း သိသြားၾကပါတယ္။ ဒါေပမယ့္လည္း Sienna Novikov ကေတာ့ သူမရဲ႕စတန႔္သမားအျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ Logan ေသဆုံးအခန္းကို ႐ိုက္တဲ့အခါမွာေတာ့ သူမရဲ႕ မ်က္ရည္ေတြဟာ အစစ္ေတြ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီအခန္းကို႐ိုက္ရတာဟာ အရမ္းကို ဝမ္းနည္းေၾကကြဲစရာေကာင္းတာေၾကာင့္ သူမဟာ တကယ္ကို ငိုေႂကြးခဲ့တာ ျဖစ္ပါတယ္။

Liev Schreiber ကို Sabretooth အေနနဲ႔ ျပန္ၿပီးပါဝင္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါေသးတယ္။
photo via screenrant

Liev Schreiber ဟာ X-Men Origins : Wolverine ထဲမွာ Sabretooth အေနနဲ႔သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး ဒီကားထဲမွာလည္း သူ႔ကို Sabretooth အေနနဲ႔ျပန္ၿပီး ပါဝင္ဖို႔ကိုလည္း ကမ္းလွမ္းခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းက သူဟာ Ray Donovan ဆိုတဲ့စီးရီးကို ႐ိုက္ေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ အဲ့ဒီေနရာမွာ ပါဝင္ဖို႔ကို ျငင္းပယ္ခဲ့ရပါတယ္။ အကယ္၍သူဟာ အဲ့ဒီအခ်ိန္မွာ အားေနခဲ့မယ္ဆိုရင္ Sabretooth ကိုေနာက္ထပ္တစ္ႀကိမ္ျပန္ၿပီး ျမင္ေတြ႕ခြင့္ရဦးမွာ ျဖစ္ပါတယ္။

Hugh Jackman ဟာ အစက Logan ကိုမေသေစခ်င္ခဲ့ပါဘူး။
photo via screenrant

Logan ရဲ႕ေသဆုံးမႈဟာ ပရိသတ္ေတြကို ေတာ္ေတာ္ေလးကို ဝမ္းနည္းသြားေစသလို Hugh Jackman ဟာလည္း အစက Logan ကိုမေသေစခ်င္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ဒါ႐ိုက္တာ James ကေတာ့ ဒီဇာတ္ကားကို စၿပီး႐ိုက္တဲ့အခ်ိန္ကတည္းက Logan ကိုသတ္ဖို႔အတြက္ စဥ္းစားထားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Hugh Jackman ဟာ Logan ကိုမသတ္ဖို႔အတြက္ James ကိုခဏခဏ နားခ်ခဲ့ပါေသးတယ္။ ဒီဇာတ္လမ္းထြက္ၿပီးတဲ့အခ်ိန္မွာေတာ့ Hugh Jackso ဟာအင္တာဗ်ဴးတစ္ခုမွာ အခုလိုေျပာခဲ့ပါတယ္။

“James ဟာအစကတည္းက Logan ကိုသတ္ဖို႔အတြက္ စဥ္းစားေနခဲ့ေပမယ့္လည္း သူဟာမွန္ကန္ခဲ့ပါတယ္။ လူအမ်ားသိထားတဲ့ Logan ဆိုတာဟာ အရမ္းၾကမ္းတမ္းၿပီး မေသႏိုင္ေလာက္ေအာင္ စြမ္းအားႀကီးတဲ့ ဇာတ္ေကာင္တစ္ေယာက္ပါ။ အဲ့ဒါေၾကာင့္ ဒီဇာတ္ေကာင္ကို ႏႈတ္ဆက္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းကေတာ့ ဒီနည္းလမ္းပါပဲဆိုၿပီး ေျပာခဲ့ပါတယ္။” ဒါ့အျပင္ Fox ဟာဒီဇာတ္ကားကိုစ႐ိုက္တဲ့အခ်ိန္ကတည္းက ဝမ္းနည္းစရာဇာတ္သိမ္းကို လိုခ်င္ခဲ့တာျဖစ္ၿပီး New Mutants လိုမ်ိဳးေနာက္ထပ္မ်ိဳးဆက္သစ္ေတြအတြက္ ေနရာဖယ္ေပးခဲ့တဲ့ သေဘာလည္း ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular