HomeEntertainmentFilmDisney+ မှာ ပြသမယ့်ရက် ရှေ့တိုးသွားတဲ့ Loki ဇာတ်လမ်းတွဲ

Disney+ မှာ ပြသမယ့်ရက် ရှေ့တိုးသွားတဲ့ Loki ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Hiddleston အဓိက သရုပ်ဆောင်ထားပြီး Disney+ မှာ မကြာခင် ပြသသွားမယ့် Loki ဇာတ်လမ်းတွဲဟာ ထုတ်လွှင့်မယ့်ရက် ရှေ့တိုးသွားတယ်လို့ သိရှိရပါတယ်။ အစတုန်းကတော့ ဒီဇာတ်လမ်းတွဲဟာ ဇွန်လ (၁၁) ရက်နေ့မှာ ပြသသွားမယ်လို့ ကြေညာခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဇွန်လ (၉) ရက်နေ့မှာပဲ စတင်ပြသသွားမယ်လို့ သိရပါတယ်။

Loki ဟာ ဗီလိန်တစ်ယောက် ဖြစ်နေပေမယ့်လည်း Avengers တွေနဲ့ တန်းတူပဲ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Avengers: Infinity War ထဲမှာတော့ Loki ဟာ Thanos ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ် အများစု ကြိုက်နှစ်သက်တဲ့ Loki ရဲ့ ဇာတ်လမ်းဟာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဝမ်းသာစရာပဲ Avengers: Infinity War ဟာ Loki ရဲ့ နောက်ဆုံးဇာတ်လမ်း မဟုတ်ခဲ့ပါဘူး။

photo via screenrant

Avengers: Endgame ထဲမှာတော့ Avengers တွေဟာ Stone တွေကို ပြန်ယူဖို့အတွက် အတိတ်ကာလတွေကို ပြန်သွားခဲ့ကြပါတယ်။ Captain America ၊ Iron Man နဲ့ Ant-Man တို့ဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ New York တိုက်ပွဲထဲမှာ Space Stone ကို ယူဆောင်ဖို့ သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့တွေ စီစဉ်ထားသလို ဖြစ်မလာဘဲ အကြောင်းအမျိူးမျိူးကြောင့် အဲ့ဒီ Space Stone ဟာ ဖမ်းချုပ်ခံထားရတဲ့ Loki ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Loki ဟာလည်း ထုံးစံအတိုင်း Space Stone ယူပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Loki ဘယ်ကိုရောက်သွားလည်း ဆိုတာကိုတော့ မတွေ့ခဲ့ရပါဘူး။

အခု အသစ်ထွက်ရှိလာမယ့် Loki ဇာတ်လမ်းတွဲထဲမှာတော့ ၂၀၁၂ ခုနှစ်တုန်းက လွတ်မြောက်သွားတဲ့ Loki ရဲ့ ဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Loki ဇာတ်ကောင်ဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲဟာ MCU ပရိသတ်တွေ အများစု စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုလည်း မမှားပါဘူး။

Photo via IMDb

ဒီဇာတ်လမ်းတွဲရဲ့ ထွက်ရှိလာမယ့်ရက်ဟာ နှစ်ရက်ပဲ ရှေ့တိုးသွားပေမယ့်လည်း စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ သတင်းကောင်းတစ်ခုပါ။ Loki ဇာတ်လမ်းတွဲဟာ လာမယ့် ဇွန်လ (၉) ရက် ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်ရှိလာမှာ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ အပိုင်းသစ် ထွက်ရှိလာမှာပါ။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲထဲမှာတော့ အပိုင်း (၆)ပဲ ပါဝင်မယ်လို့လည်း သိရှိရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Tom Hiddleston အဓိက သ႐ုပ္ေဆာင္ထားၿပီး Disney+ မွာ မၾကာခင္ ျပသသြားမယ့္ Loki ဇာတ္လမ္းတြဲဟာ ထုတ္လႊင့္မယ့္ရက္ ေရွ႕တိုးသြားတယ္လို႔ သိရွိရပါတယ္။ အစတုန္းကေတာ့ ဒီဇာတ္လမ္းတြဲဟာ ဇြန္လ (၁၁) ရက္ေန႔မွာ ျပသသြားမယ္လို႔ ေၾကညာခဲ့ေပမယ့္လည္း အခုခ်ိန္မွာေတာ့ ဇြန္လ (၉) ရက္ေန႔မွာပဲ စတင္ျပသသြားမယ္လို႔ သိရပါတယ္။

Loki ဟာ ဗီလိန္တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း Avengers ေတြနဲ႔ တန္းတူပဲ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ Avengers: Infinity War ထဲမွာေတာ့ Loki ဟာ Thanos ရဲ႕ လက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ အမ်ားစု ႀကိဳက္ႏွစ္သက္တဲ့ Loki ရဲ႕ ဇာတ္လမ္းဟာ ၿပီးဆုံးသြားၿပီလို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဝမ္းသာစရာပဲ Avengers: Infinity War ဟာ Loki ရဲ႕ ေနာက္ဆုံးဇာတ္လမ္း မဟုတ္ခဲ့ပါဘူး။

photo via screenrant

Avengers: Endgame ထဲမွာေတာ့ Avengers ေတြဟာ Stone ေတြကို ျပန္ယူဖို႔အတြက္ အတိတ္ကာလေတြကို ျပန္သြားခဲ့ၾကပါတယ္။ Captain America ၊ Iron Man နဲ႔ Ant-Man တို႔ဟာ ၂၀၁၂ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ New York တိုက္ပြဲထဲမွာ Space Stone ကို ယူေဆာင္ဖို႔ သြားခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြ စီစဥ္ထားသလို ျဖစ္မလာဘဲ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အဲ့ဒီ Space Stone ဟာ ဖမ္းခ်ဳပ္ခံထားရတဲ့ Loki ရဲ႕ လက္ထဲကို ေရာက္ရွိသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Loki ဟာလည္း ထုံးစံအတိုင္း Space Stone ယူၿပီး ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Loki ဘယ္ကိုေရာက္သြားလည္း ဆိုတာကိုေတာ့ မေတြ႕ခဲ့ရပါဘူး။

အခု အသစ္ထြက္ရွိလာမယ့္ Loki ဇာတ္လမ္းတြဲထဲမွာေတာ့ ၂၀၁၂ ခုႏွစ္တုန္းက လြတ္ေျမာက္သြားတဲ့ Loki ရဲ႕ ဇာတ္ေၾကာင္းကို ဆက္လက္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Loki ဇာတ္ေကာင္ဟာ အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ ဒီဇာတ္လမ္းတြဲဟာ MCU ပရိသတ္ေတြ အမ်ားစု ေစာင့္ေမွ်ာ္ေနၾကတဲ့ ဇာတ္လမ္းတြဲတစ္ခုဆိုလည္း မမွားပါဘူး။

Photo via IMDb

ဒီဇာတ္လမ္းတြဲရဲ႕ ထြက္ရွိလာမယ့္ရက္ဟာ ႏွစ္ရက္ပဲ ေရွ႕တိုးသြားေပမယ့္လည္း ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းတစ္ခုပါ။ Loki ဇာတ္လမ္းတြဲဟာ လာမယ့္ ဇြန္လ (၉) ရက္ ဗုဒၶဟူးေန႔မွာ စတင္ထြက္ရွိလာမွာ ျဖစ္ၿပီး အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္းမွာ အပိုင္းသစ္ ထြက္ရွိလာမွာပါ။ ဒါ့အျပင္ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ အပိုင္း (၆)ပဲ ပါဝင္မယ္လို႔လည္း သိရွိရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular