HomeEntertainmentFilmLoki Season 2 ထဲမှာ ဗီလိန်အနေနဲ့ ပါဝင်သွားမယ့် GoT သရုပ်ဆောင် Kate Dickie

Loki Season 2 ထဲမှာ ဗီလိန်အနေနဲ့ ပါဝင်သွားမယ့် GoT သရုပ်ဆောင် Kate Dickie

Game of Thrones ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Kate Dickie ကတော့ Loki Season 2 ထဲမှာ ဗီလိန်အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း လက်ရှိမှာတော့ ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်သွားမယ်ဆိုတာ မသိရသေးပါဘူး။ Loki Season 2 ကတော့ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိလာမှာ ဖြစ်ပြီး Season 1 တုန်းကလိုပဲ အပိုင်း(၆)ပိုင်း ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

သရုပ်ဆောင် Kate Dickie ကိုတော့ Game of Thrones ဇာတ်လမ်းတွဲထဲက Lysa Arryn အနေနဲ့ လူသိများကြပြီး သူမဟာ ၂၀၀၀ ခုနှစ်အစောပိုင်းကတည်းက သရုပ်ဆောင်လောကမှာ ကျင်လည်နေတာ ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး ဇာတ်လမ်းတွေထဲမှာလည်း ပါဝင်ခဲ့ဖူးပြီး စတူဒီယို A24 ရဲ့ The Witch ၊ Star Wars Episode VIII: The Last Jedi ၊ The Alienist နဲ့ Peaky Blinders တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Kate Dickie အနေနဲ့ Loki Season 2 ထဲမှာ ပါဝင်သွားမယ့်အကြောင်းကိုတော့ Deadline သတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။ သူမဟာ ဗီလိန်အနေနဲ့ ပါဝင်သွားမယ်လို့ ဖော်ပြထားပြီး ဘယ်ဇာတ်ကောင်ဆိုတာကိုတော့ မကြေညာသေးပါဘူး။ Season 2 ရဲ့ ဇာတ်လမ်းအကျဉ်းကိုလည်း မသိရသေးတာကြောင့် သူမရဲ့ဇာတ်ကောင်က ဘယ်သူဖြစ်မယ် ဆိုတာကိုလည်း ခန့်မှန်းရခက်စေပါတယ်။

Photo Credit: HBO

Season 1 အဆုံးသတ်မှာတော့ Loki ဟာ TVA ရဲ့ အခြားဗားရှင်းတစ်ခုကို ရောက်သွားတာ တွေ့ရပါတယ်။ Kevin Feige ကလည်း Season 2 ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ၁၉၇၀ ကျော်မှာ ဇာတ်အိမ်တည်သွားမယ်လို့ ပြောထားပါတယ်။ ဒါကြောင့်ပဲ Kate Dickie ရဲ့ ဇာတ်ကောင်ဟာ Alternate Earth မှာရှိတဲ့ တစ်ယောက်ယောက် ဖြစ်နိုင်ပြီး Young Nick Fury လည်း ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular