HomeLifestyleရာသီခြင္တစ္ခုခ်င္းစီရဲ႕ သတိမထားမိတတ္တဲ့ အားနည္းခ်က္ေလးမ်ား

ရာသီခြင္တစ္ခုခ်င္းစီရဲ႕ သတိမထားမိတတ္တဲ့ အားနည္းခ်က္ေလးမ်ား

အောက်တွင် Unicode ဖြင့် ဖတ်ရှုပါ။

ဆယ့္ႏွစ္လရာသီဖြားေတြနဲ႔ ပတ္သက္လို႔ သိထားသင့္တဲ့ အရာေတြထဲကမွ ရာသီဖြားတစ္ခုခ်င္းစီရဲ႕ ျဖစ္ေလ့ရိွတဲ့ အားနည္းခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

Aries (မတ္လ၂၁ – ဧၿပီလ၁၉)

သင့္ရဲ႕ အားနည္းခ်က္တစ္ခုကေတာ့ ကိစၥေတာ္ေတာ္မ်ားမ်ားကို အခ်ိန္အၾကာႀကီး ပစ္ထားတတ္လို႔ အခ်ိဳ႕ေသာ အခြင့္အေရးေတြကို လြတ္သြားတတ္တာပါပဲ။ ဒါေၾကာင့္ အခ်ိန္ဆြဲတာေတြေလွ်ာ႔ၿပီး ကိုယ့္အတြက္လာတဲ့ အခြင့္အလမ္းေတြကို ခပ္ျမန္ျမန္ေလး အရယူပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Taurus (ဧၿပီလ၂၀ – ေမလ၂၀)

သင္ကေတာ့ ဘယ္ကိုပဲသြားသြား ပိုက္ဆံေတြ အမ်ားႀကီးသုံးပစ္လုိက္တတ္ပါတယ္။ ကိုယ့္ကိုယ္ကို စိတ္ခ်မ္းသာေအာင္ ထားရမယ္ဆိုေပမယ့္ စုစုေဆာင္းေဆာင္းေလး ေနဖို႔ကိုလည္း ေမ့မထားပါနဲ႔ဦး။

Gemini (ေမလ၂၁ – ဇြန္လ၂၀)

သင္ကေတာ့ လူေတြကို ထိန္းခ်ဳပ္ရတာ ႏွစ္သက္သူပါ။ ဦးေဆာင္ဦးရြက္ လုိေနတဲ့သူေတြနဲ႔ဆိုရင္ေတာ့ သင့္ရဲ႕အားနည္းခ်က္ဟာ အားသာခ်က္လို ျဖစ္ႏိုင္ေပမယ့္ လႊမ္းမိုးခ်ဳပ္ကိုင္တာကို မႀကိဳက္တဲ့လူေတြနဲ႔ဆိုရင္ေတာ့ ျပႆနာျဖစ္ႏိုင္ပါတယ္။

Photo: Pixabay

Cancer (ဇြန္လ၂၁ – ဇူလိုင္လ၂၂)
သင္ကေတာ့ တစ္ခုခုဆို အေတြးသမားပါ။ အေတြးေတြမ်ားလြန္းလို႔ မျမင္ရတဲ့ ေၾကာက္ရြံ႕ထိတ္လန္႔မႈေတြ၊ စိုးရိမ္ေသာကေတြနဲ႔ သင္လိုခ်င္တဲ့အရာကို မရလိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။

Leo (ဇူလိုင္၂၃ – ၾသဂုတ္လ၂၂)
ရာသီခြင္အရ ျခေသၤ့ျဖစ္တဲ့ သင္ဟာ တက္ၾကြလြန္းသူပါ။ သင့္အေနနဲ႔ကေတာ့ ဒါကို မွားေနတယ္လို႔ မထင္ႏိုင္ေပမယ့္ သင့္ေလာက္ စိတ္ဓာတ္မျပင္းျပသူေတြကေတာ့ သင့္အနားေနကေန ထြက္ခြာသြားႏိုင္ပါတယ္။

Virgo (ၾသဂုတ္လ၂၃ – စက္တင္ဘာလ၂၂)
သင္ဟာ ေစ့စပ္ေသခ်ာလြန္းသူျဖစ္တာေၾကာင့္ သင္နဲ႔ပတ္သက္တဲ့အရာမွန္သမွ်ကို တိတိက်က် ေသေသသပ္သပ္၊ ခေရေစ့တြင္းက် လုပ္တတ္သူပါ။ အက်ိဳးဆက္ကေတာ့ တစ္ခါတစ္ေလမွာ ဇီဇာေၾကာင္လြန္းတယ္လို႔ အထင္ခံရႏိုင္တာပါပဲ။

Libra (စက္တင္ဘာလ၂၃ – ေအာက္တိုဘာလ၂၂)

အခ်စ္ေရးနဲ႔ ပတ္သက္ရင္ သင္ဟာ အစြဲအလမ္းႀကီးသူပါ။ အခ်စ္ကိုပဲ ဦးစားေပးၿပီး ႏွလုံးသားရဲ႕ခံစားခ်က္ကိုပဲ ေရွးရႈတတ္လို႔ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ပတ္သက္ၿပီး အခ်င္းမ်ားရတာမ်ိဳးေတြ ႀကံဳရေလ့ရိွတာပါပဲ။

Photo: Pixabay

Scorpio (ေအာက္တိုဘာလ၂၃ – ႏို၀င္ဘာလ၂၁)
သင္ဟာ လွ်ိဳ႕၀ွက္ၿပီး နားလည္ရခက္စြာ ေနထိုင္တတ္သူပါ။ ဒါဟာ အခ်စ္ေရးမွာေတာ့ ထိခိုက္ေစတဲ့အရာ ျဖစ္ပါတယ္။ သင္ကေတာ့ သင့္ကိုယ္သင္ အရခက္တဲ့လူတစ္ေယာက္လို၊ အခ်စ္ကို ကစားတတ္သူတစ္ေယာက္လို ထင္ႏိုင္ေပမယ့္ တကယ္တမ္းမွာေတာ့ သင့္နားကို ေရာက္လာတဲ့လူေတြကို လန္ထြက္သြားေအာင္ ကန္ထုတ္ရာ ေရာက္ေနတတ္တာပါပဲ။

Sagittarius (ႏို၀င္ဘာလ၂၂ – ဒီဇင္ဘာလ၂၁)
တစ္ခါတစ္ရံမွာ သင္ဟာ တဲ့တိုးႏိုင္လြန္းအားႀကီးသူပါ။ သင့္အေတြးမွာေတာ့ ရိုးသားတယ္၊ ပြင့္လင္းတယ္လို႔ ထင္ႏိုင္ေပမယ့္ တဲ့တိုးခ်ည္းပဲ ေျပာတတ္လြန္းလို႔ သင့္အေျပာနဲ႔ပဲ သင့္အနားကလူေတြဟာ မၾကာခဏ စိတ္ေကာင္းျဖစ္ၾကရတတ္ပါတယ္။

Photo: Pixabay

Capricorn (ဒီဇင္ဘာလ၂၂ – ဇန္န၀ါရီလ၁၉)
သင္ဟာ အလုပ္ႀကိဳးစားလြန္းသူပါ။ အလုပ္နဲ႔ ေန႔စဥ္ဘ၀ ဟန္ခ်က္မညီတာမ်ိဳးေတြ မၾကာခဏျဖစ္လို႔ သင့္ရဲ႕အသက္ေမြး၀မ္းေက်ာင္းမွာ ေအာင္ျမင္တတ္ေပမယ့္ လူမႈေရးကိစၥေတြမွာေတာ့ အဆင္မေျပတာေတြကို ခံစားရတတ္ပါတယ္။

Aquarius (ဇန္န၀ါရီလ၂၀ – ေဖေဖာ္၀ါရီလ၁၈)

အခ်စ္ေရးနဲ႔ ပတ္သက္တဲ့အခါ သင္သတ္မွတ္ထားတဲ့ အဆင့္အတန္းက ျမင့္မားလြန္းပါတယ္။ သင္ၾကည့္ဖူးတဲ့ ရုပ္ရွင္ေတြထဲကလိုမ်ိဳး မဟုတ္လို႔ကေတာ့ အခ်စ္ေရးကို မတည္ေဆာက္လိုတဲ့အတြက္ တကယ့္ျပင္ပဘ၀မွာ လက္ေတြ႕မက်ဘဲ တစ္ကိုယ္တည္း အထီးက်န္ေနရတဲ့အခ်ိန္ကသာ မ်ားေနတတ္ပါတယ္။

Pisces (ေဖေဖာ္၀ါရီလ၁၉ – မတ္လ၂၀)

သင္ဟာ အရွက္အေၾကာက္ႀကီးသူမို႔ လူၾကားထဲသြားတဲ့အခါ ထင္ထင္ေပၚေပၚေနဖို႔ကို မ၀့ံမရဲျဖစ္ေနတတ္တာေၾကာင့္ အၿမဲတမ္း မထင္မရွား ျဖစ္ေနတတ္ပါတယ္။ လူေတြနဲ႔ အဆင္ေျပေအာင္ ရွက္တတ္တဲ့စိတ္ေလး နည္းနည္းေလွ်ာ႔လိုက္မယ္ဆိုရင္ေတာ့ အဆင္ေျပသြားမွာပါ။

Source: allwomenstalk

(Unicode Version)

ဆယ့်နှစ်လရာသီဖွားတွေနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အရာတွေထဲကမှ ရာသီဖွားတစ်ခုချင်းစီရဲ့ ဖြစ်လေ့ရှိတဲ့ အားနည်းချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

Aries (မတ်လ၂၁ – ဧပြီလ၁၉)

သင့်ရဲ့ အားနည်းချက်တစ်ခုကတော့ ကိစ္စတော်တော်များများကို အချိန်အကြာကြီး ပစ်ထားတတ်လို့ အချို့သော အခွင့်အရေးတွေကို လွတ်သွားတတ်တာပါပဲ။ ဒါကြောင့် အချိန်ဆွဲတာတွေလျှော့ပြီး ကိုယ့်အတွက်လာတဲ့ အခွင့်အလမ်းတွေကို ခပ်မြန်မြန်လေး အရယူပါလို့ တိုက်တွန်းချင်ပါတယ်။

Taurus (ဧပြီလ၂၀ – မေလ၂၀)

သင်ကတော့ ဘယ်ကိုပဲသွားသွား ပိုက်ဆံတွေ အများကြီးသုံးပစ်လိုက်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားရမယ်ဆိုပေမယ့် စုစုဆောင်းဆောင်းလေး နေဖို့ကိုလည်း မေ့မထားပါနဲ့ဦး။

Gemini (မေလ၂၁ – ဇွန်လ၂၀)

သင်ကတော့ လူတွေကို ထိန်းချုပ်ရတာ နှစ်သက်သူပါ။ ဦးဆောင်ဦးရွက် လိုနေတဲ့သူတွေနဲ့ဆိုရင်တော့ သင့်ရဲ့အားနည်းချက်ဟာ အားသာချက်လို ဖြစ်နိုင်ပေမယ့် လွှမ်းမိုးချုပ်ကိုင်တာကို မကြိုက်တဲ့လူတွေနဲ့ဆိုရင်တော့ ပြဿနာဖြစ်နိုင်ပါတယ်။

Photo: Pixabay
Cancer (ဇွန်လ၂၁ – ဇူလိုင်လ၂၂)

သင်ကတော့ တစ်ခုခုဆို အတွေးသမားပါ။ အတွေးတွေများလွန်းလို့ မမြင်ရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ စိုးရိမ်သောကတွေနဲ့ သင်လိုချင်တဲ့အရာကို မရလိုက်တာမျိုး ဖြစ်တတ်ပါတယ်။

Leo (ဇူလိုင်၂၃ – သြဂုတ်လ၂၂)

ရာသီခွင်အရ ခြင်္သေ့ဖြစ်တဲ့ သင်ဟာ တက်ကြွလွန်းသူပါ။ သင့်အနေနဲ့ကတော့ ဒါကို မှားနေတယ်လို့ မထင်နိုင်ပေမယ့် သင့်လောက် စိတ်ဓာတ်မပြင်းပြသူတွေကတော့ သင့်အနားနေကနေ ထွက်ခွာသွားနိုင်ပါတယ်။

Virgo (သြဂုတ်လ၂၃ – စက်တင်ဘာလ၂၂)

သင်ဟာ စေ့စပ်သေချာလွန်းသူဖြစ်တာကြောင့် သင်နဲ့ပတ်သက်တဲ့အရာမှန်သမျှကို တိတိကျကျ သေသေသပ်သပ်၊ ခရေစေ့တွင်းကျ လုပ်တတ်သူပါ။ အကျိုးဆက်ကတော့ တစ်ခါတစ်လေမှာ ဇီဇာကြောင်လွန်းတယ်လို့ အထင်ခံရနိုင်တာပါပဲ။

Libra (စက်တင်ဘာလ၂၃ – အောက်တိုဘာလ၂၂)

အချစ်ရေးနဲ့ ပတ်သက်ရင် သင်ဟာ အစွဲအလမ်းကြီးသူပါ။ အချစ်ကိုပဲ ဦးစားပေးပြီး နှလုံးသားရဲ့ခံစားချက်ကိုပဲ ရှေးရှုတတ်လို့ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အချင်းများရတာမျိုးတွေ ကြုံရလေ့ရှိတာပါပဲ။

Photo: Pixabay
Scorpio (အောက်တိုဘာလ၂၃ – နိုဝင်ဘာလ၂၁)

သင်ဟာ လျှို့ဝှက်ပြီး နားလည်ရခက်စွာ နေထိုင်တတ်သူပါ။ ဒါဟာ အချစ်ရေးမှာတော့ ထိခိုက်စေတဲ့အရာ ဖြစ်ပါတယ်။ သင်ကတော့ သင့်ကိုယ်သင် အရခက်တဲ့လူတစ်ယောက်လို၊ အချစ်ကို ကစားတတ်သူတစ်ယောက်လို ထင်နိုင်ပေမယ့် တကယ်တမ်းမှာတော့ သင့်နားကို ရောက်လာတဲ့လူတွေကို လန်ထွက်သွားအောင် ကန်ထုတ်ရာ ရောက်နေတတ်တာပါပဲ။

Sagittarius (နိုဝင်ဘာလ၂၂ – ဒီဇင်ဘာလ၂၁)

တစ်ခါတစ်ရံမှာ သင်ဟာ တဲ့တိုးနိုင်လွန်းအားကြီးသူပါ။ သင့်အတွေးမှာတော့ ရိုးသားတယ်၊ ပွင့်လင်းတယ်လို့ ထင်နိုင်ပေမယ့် တဲ့တိုးချည်းပဲ ပြောတတ်လွန်းလို့ သင့်အပြောနဲ့ပဲ သင့်အနားကလူတွေဟာ မကြာခဏ စိတ်ကောင်းဖြစ်ကြရတတ်ပါတယ်။

Photo: Pixabay
Capricorn (ဒီဇင်ဘာလ၂၂ – ဇန်နဝါရီလ၁၉)

သင်ဟာ အလုပ်ကြိုးစားလွန်းသူပါ။ အလုပ်နဲ့ နေ့စဉ်ဘ၀ ဟန်ချက်မညီတာမျိုးတွေ မကြာခဏဖြစ်လို့ သင့်ရဲ့အသက်မွေးဝမ်းကျောင်းမှာ အောင်မြင်တတ်ပေမယ့် လူမှုရေးကိစ္စတွေမှာတော့ အဆင်မပြေတာတွေကို ခံစားရတတ်ပါတယ်။

Aquarius (ဇန်နဝါရီလ၂၀ – ဖေဖော်ဝါရီလ၁၈)

အချစ်ရေးနဲ့ ပတ်သက်တဲ့အခါ သင်သတ်မှတ်ထားတဲ့ အဆင့်အတန်းက မြင့်မားလွန်းပါတယ်။ သင်ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလိုမျိုး မဟုတ်လို့ကတော့ အချစ်ရေးကို မတည်ဆောက်လိုတဲ့အတွက် တကယ့်ပြင်ပဘဝမှာ လက်တွေ့မကျဘဲ တစ်ကိုယ်တည်း အထီးကျန်နေရတဲ့အချိန်ကသာ များနေတတ်ပါတယ်။

Pisces (ဖေဖော်ဝါရီလ၁၉ – မတ်လ၂၀)

သင်ဟာ အရှက်အကြောက်ကြီးသူမို့ လူကြားထဲသွားတဲ့အခါ ထင်ထင်ပေါ်ပေါ်နေဖို့ကို မဝံ့မရဲဖြစ်နေတတ်တာကြောင့် အမြဲတမ်း မထင်မရှား ဖြစ်နေတတ်ပါတယ်။ လူတွေနဲ့ အဆင်ပြေအောင် ရှက်တတ်တဲ့စိတ်လေး နည်းနည်းလျှော့လိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။

Source: allwomenstalk

RELATED ARTICLES

Most Popular