HomeCharacterLoki ဇာတ်လမ်းတွဲထဲမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်တဲ့ ကောမစ်ဇာတ်ကောင်များ

Loki ဇာတ်လမ်းတွဲထဲမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်တဲ့ ကောမစ်ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က ထုတ်လွှင့်ပြသနေတဲ့ Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)မှာတော့ TVA က လိုက်လံဖမ်းဆီးနေတဲ့ Lady Loki ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ ပရိသတ်အချို့အတွက်တော့ အံ့ဩစရာ ဖြစ်ခဲ့ပြီး တချို့ကတော့ TVA က လိုက်နေတဲ့ အချိန်ကွဲ Loki ဟာ Lady Loki ဖြစ်လိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားကြပါတယ်။ လောလောဆယ်မှာတော့ Loki ဇာတ်လမ်းတွဲဟာ အပိုင်းနှစ်ပိုင်း ထွက်ရှိထားပေမယ့်လည်း အခုချိန်ထိ ဘယ်သူက ဗီလိန်ဖြစ်မယ်ဆိုတာ သေချာမသိရသေးပါဘူး။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်တဲ့ ကောမစ်ထဲက ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Lady Loki
photo via screenrant

ပထမဆုံး ဖြစ်နိုင်ချေကတော့ အပိုင်း(၂)ရဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့အတိုင်း Lady Loki ပဲ ဖြစ်ပါတယ်။ Lady Loki ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor #5 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Lady Loki နဲ့ Loki ဟာ တစ်ယောက်တည်းပဲ ဖြစ်ပါတယ်။ Ragnarok အဖြစ်အပျက်အတွင်းမှာ Asgardian တွေဟာ သေဆုံးသွားကြပြီး သူတို့ရဲ့ဝိဉာဉ်တွေဟာ ကမ္ဘာပေါ်က လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားကြပါတယ်။ Loki ကတော့ အမျိူးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာကြောင့် Lady Loki စတင် ဖြစ်ပေါ်လာတာပါ။ ဒါ့အပြင် ကောမစ်ထဲက Lady Loki ဟာ ဆံပင်ရွှေရောင် မဟုတ်ဘဲ ဆံပင်အမည်းရောင် ဖြစ်ပါတယ်။

(2) Enchantress
photo via screenrant

Enchantress ကတော့ Marvel Universe ထဲက စွမ်းအားအကြီးဆုံး မှော်ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ ရွှေရောင်ဆံပင်နဲ့ Asgardian တစ်ယောက် ဖြစ်ပြီး Loki နဲ့ ပတ်သက်မှုတွေ ရှိပါတယ်။ သူမကတော့ ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Journey into Mystery #103 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပြီး အဲ့ဒီအချိန်တည်းက Thor ရဲ့ ဗီလိန် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူမကိုတော့ Stan Lee နဲ့ Jack Kirby တို့က ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပြီး MCU မှာ မမြင်တွေ့ရသေးတဲ့ ကောမစ်ထဲက နာမည်ကြီး ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။

(3) Ravonna Renslayer
photo via screenrant

တရားသူကြီးဖြစ်သူ Ravonna Renslayer ကတော့ Time Variance Authority (TVA) ထဲမှာ အတော်အရေးပါတဲ့ ရာထူးကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ Renslayer ဟာ ဗားရှင်းနှစ်မျိူး ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း အဲ့ဒီဗားရှင်းနှစ်မျိူးလုံး ပါဝင်လာနိုင်ပါတယ်။ မူလ Renslayer ကတော့ ချစ်သူဖြစ်တဲ့ Kang the Conqueror ရဲ့ရှေ့မှာပဲ အသတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Kang က အတိတ်ကို အချိန်ခရီးသွားခဲ့ပြီး Renslayer ကို အသတ်မခံရအောင် ကယ်တင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် Timeline တစ်ခု ကွဲထွက်သွားပြီး အချိန်ကွဲ Renslayer ဖြစ်လာခဲ့ပါတယ်။

(4) What If…? Loki
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ ၂၀၁၂ Loki ဟာ မတူညီတဲ့ Timeline များစွာကို ရောက်သွားမယ်ဆိုတဲ့အချက်ဟာ ထွေလာမှာကတည်းက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၂ Loki ဟာ မတူညီတဲ့ Loki ဗားရှင်းတွေကို ထပ်မံ မြင်တွေ့ရဖို့ သေချာသလောက် ရှိပါတယ်။ အဲ့ဒီဗားရှင်းတွေထဲမှာတော့ What If…? #47 ကောမစ်ထဲက Loki ကို မြင်တွေ့ရနိုင်ပါတယ်။ အဲ့ဒီ Loki ဗားရှင်းကတော့ Thor ထက်အရင် Mjolnir ကို ရှာတွေ့ခဲ့တာ ဖြစ်ပြီး Mjolnir ကို ကိုင်ဆောင်ဖို့လည်း ထိုက်တန်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အကယ်၍ ဒီ Loki သာ ပါဝင်လာမယ် ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမှာပါ။

(5) Immortus
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ ဗီလိန်အဖြစ် ပါဝင်လာမယ့်သူကတော့ အချိန်ခရီးသွားခြင်းတွေနဲ့ ရင်းနှီးသူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အချိန်ခရီးသွားခြင်းနဲ့ ရင်းနှီးပြီး TVA နဲ့လည်း ဆက်စပ်မှုတွေရှိတဲ့ ဇာတ်ကောင်တွေထဲမှာတော့ Immortus က အဖြစ်နိုင်ဆုံးလို့ ပြောလို့ရပါတယ်။ Kang the Conqueror ဟာ သူ့ရဲ့ သက်တမ်းတလျှောက်မှာ သူကိုယ်တိုင်ရဲ့ အချိန်ကွဲများစွာကို ဖန်တီးခဲ့ဖူးပြီး Immortus ကတော့ အဲ့ဒီထဲကတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာတော့ Immortus ဟာ Scarlet Witch လိုမျိူး Nexus Being တွေကို TVA အတွက် လိုက်လံ ဖမ်းဆီးပေးခဲ့ဖူးပါသေးတယ်။

(6) Kang the Conqueror
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ Renslayer လည်း ပါဝင်နေတာကြောင့် Kang ကိုယ်တိုင်လည်း ပါဝင်လာနိုင်ပါသေးတယ်။ လောလောဆယ်မှာတော့ Kang ဟာ Ant-Man and the Wasp: Quantumania ထဲမှာ အဓိကဗီလိန်အနေနဲ့ ပါဝင်လာပါမယ်လို့ အတည်ပြုထားပါတယ်။ ကောမစ်ထဲမှာတော့ Kang ဟာ သူ့ရဲ့ အစီအစဉ်တွေ အောင်မြင်ဖို့အတွက် တခြားလူတစ်ယောက်အနေနဲ့ အကြိမ်များစွာ ဟန်ဆောင်ပြီး နေထိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း Loki ဇာတ်လမ်းတွဲထဲမှာ Kang က တခြားဇာတ်ကောင် တစ်ယောက်အနေနဲ့ ဟန်ဆောင်ထားနိုင်ပြီး ပါဝင်လာနိုင်ပါတယ်။

(7) Kid Loki
photo via screenrant

Kid Loki ကတော့ Lady Loki နဲ့ ဆင်တူပြီး မူလ Loki ရဲ့ နောက်ထပ် form တစ်မျိူးလို့ ပြောလို့ရပါတယ်။ Siege ကောမစ်ထဲမှာတော့ Loki ဟာ အကြောင်းတစ်ခုနဲ့ သေဆုံးသွားပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း အဲ့ဒီသေဆုံးမှုဟာ Loki ရဲ့ အဆုံးသတ် မဟုတ်ဘဲ သူဟာ ကလေးတစ်ယောက်အနေနဲ့ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ Loki ကလေးဗားရှင်းဟာ လှည့်စားခြင်းနတ်ဘုရား ဖြစ်နေသေးပေမယ့်လည်း အရင်လို မဟုတ်တော့ဘဲ လူကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Kid Loki ကိုတော့ အဓိကဗီလိန်အနေနဲ့ မဟုတ်တောင် ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့နိုင်ချေ ရှိပါသေးတယ်။

(8) King Loki
photo via screenrant

ဒီ Loki ကတော့ အနာဂတ်ကာလတစ်ခုက ဖြစ်ပြီး Asgard ရဲ့ ပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၂ Loki ကလည်း Timeline တွေကို သွားလာနေရင်း King Loki နဲ့ ဆုံတွေ့ကာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ King Loki သာ တကယ် ပါဝင်လာမယ်ဆိုရင်တော့ Richard E. Grant က ပါဝင်သရုပ်ဆောင်သွားနိုင်ပါတယ်။ King Loki ဟာ အနည်းငယ် အသက်ကြီးနေတဲ့ပုံစံ ဖြစ်နေပြီး Richard E. Grant ကလည်း Tom Hiddleston နဲ့  အတော်လေး ရုပ်ရည်ဆင်တူသူ ဖြစ်ပါတယ်။

ဒါကတော့ Loki ဇာတ်လမ်းတွဲမှာ အဓိကဗီလိန်အဖြစ် ပါဝင်လာနိုင်မယ့် ကောမစ်ဇာတ်ကောင်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ က ထုတ္လႊင့္ျပသေနတဲ့ Loki ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၂)မွာေတာ့ TVA က လိုက္လံဖမ္းဆီးေနတဲ့ Lady Loki ကို ပထမဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ ပရိသတ္အခ်ိဳ႕အတြက္ေတာ့ အံ့ဩစရာ ျဖစ္ခဲ့ၿပီး တခ်ိဳ႕ကေတာ့ TVA က လိုက္ေနတဲ့ အခ်ိန္ကြဲ Loki ဟာ Lady Loki ျဖစ္လိမ့္မယ္လို႔ ႀကိဳတင္ ခန႔္မွန္းထားၾကပါတယ္။ ေလာေလာဆယ္မွာေတာ့ Loki ဇာတ္လမ္းတြဲဟာ အပိုင္းႏွစ္ပိုင္း ထြက္ရွိထားေပမယ့္လည္း အခုခ်ိန္ထိ ဘယ္သူက ဗီလိန္ျဖစ္မယ္ဆိုတာ ေသခ်ာမသိရေသးပါဘူး။ ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲထဲမွာ ဗီလိန္အျဖစ္ ပါဝင္လာႏိုင္တဲ့ ေကာမစ္ထဲက ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Lady Loki
photo via screenrant

ပထမဆုံး ျဖစ္ႏိုင္ေခ်ကေတာ့ အပိုင္း(၂)ရဲ႕ ေနာက္ဆုံးမွာ ကြၽန္ေတာ္တို႔ ျမင္ခဲ့ရတဲ့အတိုင္း Lady Loki ပဲ ျဖစ္ပါတယ္။ Lady Loki ကေတာ့ ၂၀၀၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor #5 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Lady Loki နဲ႔ Loki ဟာ တစ္ေယာက္တည္းပဲ ျဖစ္ပါတယ္။ Ragnarok အျဖစ္အပ်က္အတြင္းမွာ Asgardian ေတြဟာ ေသဆုံးသြားၾကၿပီး သူတို႔ရဲ႕ဝိဉာဥ္ေတြဟာ ကမာၻေပၚက လူေတြရဲ႕ ခႏၶာကိုယ္ထဲကို ဝင္ေရာက္သြားၾကပါတယ္။ Loki ကေတာ့ အမ်ိဴးသမီးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲကို ဝင္ေရာက္သြားတာေၾကာင့္ Lady Loki စတင္ ျဖစ္ေပၚလာတာပါ။ ဒါ့အျပင္ ေကာမစ္ထဲက Lady Loki ဟာ ဆံပင္ေ႐ႊေရာင္ မဟုတ္ဘဲ ဆံပင္အမည္းေရာင္ ျဖစ္ပါတယ္။

(2) Enchantress
photo via screenrant

Enchantress ကေတာ့ Marvel Universe ထဲက စြမ္းအားအႀကီးဆုံး ေမွာ္ပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမကေတာ့ ေ႐ႊေရာင္ဆံပင္နဲ႔ Asgardian တစ္ေယာက္ ျဖစ္ၿပီး Loki နဲ႔ ပတ္သက္မႈေတြ ရွိပါတယ္။ သူမကေတာ့ ၁၉၆၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Journey into Mystery #103 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့ၿပီး အဲ့ဒီအခ်ိန္တည္းက Thor ရဲ႕ ဗီလိန္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ သူမကိုေတာ့ Stan Lee နဲ႔ Jack Kirby တို႔က ပူးေပါင္းဖန္တီးခဲ့တာ ျဖစ္ၿပီး MCU မွာ မျမင္ေတြ႕ရေသးတဲ့ ေကာမစ္ထဲက နာမည္ႀကီး ဗီလိန္တစ္ေယာက္လည္း ျဖစ္ပါတယ္။

(3) Ravonna Renslayer
photo via screenrant

တရားသူႀကီးျဖစ္သူ Ravonna Renslayer ကေတာ့ Time Variance Authority (TVA) ထဲမွာ အေတာ္အေရးပါတဲ့ ရာထူးကို ပိုင္ဆိုင္ထားတာ ေတြ႕ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Renslayer ဟာ ဗားရွင္းႏွစ္မ်ိဴး ျဖစ္ၿပီး ဒီဇာတ္လမ္းတြဲထဲမွာလည္း အဲ့ဒီဗားရွင္းႏွစ္မ်ိဴးလုံး ပါဝင္လာႏိုင္ပါတယ္။ မူလ Renslayer ကေတာ့ ခ်စ္သူျဖစ္တဲ့ Kang the Conqueror ရဲ႕ေရွ႕မွာပဲ အသတ္ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Kang က အတိတ္ကို အခ်ိန္ခရီးသြားခဲ့ၿပီး Renslayer ကို အသတ္မခံရေအာင္ ကယ္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ထပ္ Timeline တစ္ခု ကြဲထြက္သြားၿပီး အခ်ိန္ကြဲ Renslayer ျဖစ္လာခဲ့ပါတယ္။

(4) What If…? Loki
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ၂၀၁၂ Loki ဟာ မတူညီတဲ့ Timeline မ်ားစြာကို ေရာက္သြားမယ္ဆိုတဲ့အခ်က္ဟာ ေထြလာမွာကတည္းက ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ၂၀၁၂ Loki ဟာ မတူညီတဲ့ Loki ဗားရွင္းေတြကို ထပ္မံ ျမင္ေတြ႕ရဖို႔ ေသခ်ာသေလာက္ ရွိပါတယ္။ အဲ့ဒီဗားရွင္းေတြထဲမွာေတာ့ What If…? #47 ေကာမစ္ထဲက Loki ကို ျမင္ေတြ႕ရႏိုင္ပါတယ္။ အဲ့ဒီ Loki ဗားရွင္းကေတာ့ Thor ထက္အရင္ Mjolnir ကို ရွာေတြ႕ခဲ့တာ ျဖစ္ၿပီး Mjolnir ကို ကိုင္ေဆာင္ဖို႔လည္း ထိုက္တန္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အကယ္၍ ဒီ Loki သာ ပါဝင္လာမယ္ ဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ မေမွ်ာ္လင့္ထားတဲ့ အလွည့္အေျပာင္းေတြ ျဖစ္လာမွာပါ။

(5) Immortus
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာ ဗီလိန္အျဖစ္ ပါဝင္လာမယ့္သူကေတာ့ အခ်ိန္ခရီးသြားျခင္းေတြနဲ႔ ရင္းႏွီးသူ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ အခ်ိန္ခရီးသြားျခင္းနဲ႔ ရင္းႏွီးၿပီး TVA နဲ႔လည္း ဆက္စပ္မႈေတြရွိတဲ့ ဇာတ္ေကာင္ေတြထဲမွာေတာ့ Immortus က အျဖစ္ႏိုင္ဆုံးလို႔ ေျပာလို႔ရပါတယ္။ Kang the Conqueror ဟာ သူ႔ရဲ႕ သက္တမ္းတေလွ်ာက္မွာ သူကိုယ္တိုင္ရဲ႕ အခ်ိန္ကြဲမ်ားစြာကို ဖန္တီးခဲ့ဖူးၿပီး Immortus ကေတာ့ အဲ့ဒီထဲကတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေကာမစ္ထဲမွာေတာ့ Immortus ဟာ Scarlet Witch လိုမ်ိဴး Nexus Being ေတြကို TVA အတြက္ လိုက္လံ ဖမ္းဆီးေပးခဲ့ဖူးပါေသးတယ္။

(6) Kang the Conqueror
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာ Renslayer လည္း ပါဝင္ေနတာေၾကာင့္ Kang ကိုယ္တိုင္လည္း ပါဝင္လာႏိုင္ပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ Kang ဟာ Ant-Man and the Wasp: Quantumania ထဲမွာ အဓိကဗီလိန္အေနနဲ႔ ပါဝင္လာပါမယ္လို႔ အတည္ျပဳထားပါတယ္။ ေကာမစ္ထဲမွာေတာ့ Kang ဟာ သူ႔ရဲ႕ အစီအစဥ္ေတြ ေအာင္ျမင္ဖို႔အတြက္ တျခားလူတစ္ေယာက္အေနနဲ႔ အႀကိမ္မ်ားစြာ ဟန္ေဆာင္ၿပီး ေနထိုင္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္း Loki ဇာတ္လမ္းတြဲထဲမွာ Kang က တျခားဇာတ္ေကာင္ တစ္ေယာက္အေနနဲ႔ ဟန္ေဆာင္ထားႏိုင္ၿပီး ပါဝင္လာႏိုင္ပါတယ္။

(7) Kid Loki
photo via screenrant

Kid Loki ကေတာ့ Lady Loki နဲ႔ ဆင္တူၿပီး မူလ Loki ရဲ႕ ေနာက္ထပ္ form တစ္မ်ိဴးလို႔ ေျပာလို႔ရပါတယ္။ Siege ေကာမစ္ထဲမွာေတာ့ Loki ဟာ အေၾကာင္းတစ္ခုနဲ႔ ေသဆုံးသြားပါတယ္။ ဒါေပမယ့္လည္း ထုံးစံအတိုင္း အဲ့ဒီေသဆုံးမႈဟာ Loki ရဲ႕ အဆုံးသတ္ မဟုတ္ဘဲ သူဟာ ကေလးတစ္ေယာက္အေနနဲ႔ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ Loki ကေလးဗားရွင္းဟာ လွည့္စားျခင္းနတ္ဘုရား ျဖစ္ေနေသးေပမယ့္လည္း အရင္လို မဟုတ္ေတာ့ဘဲ လူေကာင္းတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Kid Loki ကိုေတာ့ အဓိကဗီလိန္အေနနဲ႔ မဟုတ္ေတာင္ ဒီဇာတ္လမ္းတြဲထဲမွာ ျမင္ေတြ႕ႏိုင္ေခ် ရွိပါေသးတယ္။

(8) King Loki
photo via screenrant

ဒီ Loki ကေတာ့ အနာဂတ္ကာလတစ္ခုက ျဖစ္ၿပီး Asgard ရဲ႕ ပလႅင္ကို သိမ္းပိုက္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ၂၀၁၂ Loki ကလည္း Timeline ေတြကို သြားလာေနရင္း King Loki နဲ႔ ဆုံေတြ႕ကာ ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ အကယ္၍ King Loki သာ တကယ္ ပါဝင္လာမယ္ဆိုရင္ေတာ့ Richard E. Grant က ပါဝင္သ႐ုပ္ေဆာင္သြားႏိုင္ပါတယ္။ King Loki ဟာ အနည္းငယ္ အသက္ႀကီးေနတဲ့ပုံစံ ျဖစ္ေနၿပီး Richard E. Grant ကလည္း Tom Hiddleston နဲ႔  အေတာ္ေလး ႐ုပ္ရည္ဆင္တူသူ ျဖစ္ပါတယ္။

ဒါကေတာ့ Loki ဇာတ္လမ္းတြဲမွာ အဓိကဗီလိန္အျဖစ္ ပါဝင္လာႏိုင္မယ့္ ေကာမစ္ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular