HomeCharacterDruig ရဲ့ Mind Control ဟာ Loki ၊ Sylvie တို့နဲ့ ယှဉ်လိုက်ရင် ဘယ်လောက် အစွမ်းထက်သလဲ?

Druig ရဲ့ Mind Control ဟာ Loki ၊ Sylvie တို့နဲ့ ယှဉ်လိုက်ရင် ဘယ်လောက် အစွမ်းထက်သလဲ?

***Spoiler Alert***

Druig ကတော့ Eternals ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Mind Control အစွမ်းကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ Marvel ကောမစ်ထဲမှာတော့ Mind Control စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်တွေများစွာ ရှိပေမယ့်လည်း MCU ထဲမှာတော့ ကောမစ်ထဲကလောက် မများသေးပါဘူး။

photo via screenrant

၂၀၂၁ ခုနှစ်အတွင်းမှာတော့ MCU ဟာ Mind Control စွမ်းအား ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနှစ်ယောက်ကတော့ Loki ဇာတ်လမ်းတွဲထဲက Sylvie နဲ့ Eternals ရုပ်ရှင်ထဲက Druig ပဲ ဖြစ်ပါတယ်။ Sylvie ကတော့  Loki Variant တစ်ယောက် ဖြစ်ပြီး Loki ဟာလည်း တချို့ရုပ်ရှင်တွေမှာ Mind Control ပြုလုပ်တာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Druig ရဲ့ Mind Control စွမ်းအားဟာ Loki နဲ့ Sylvie တို့နှစ်ယောက်နဲ့ ယှဉ်လိုက်ရင် ဘယ်လောက်အထိ အစွမ်းထက်သလည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။

Loki ကတော့ The Avengers ရုပ်ရှင်ထဲမှာ Mind Stone ကို အသုံးပြုပြီး Mind Control ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ Loki ကိုယ်တိုင်က Mind Control စွမ်းအားကို ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ Mind Stone ကြောင့်သာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ အကြောင်းကတော့ Loki ဟာ Mind Stone ကို လက်ဝယ် မပိုင်ဆိုင်ထားတဲ့အချိန်မှာ ဒီစွမ်းအားကို တစ်ခါမှ အသုံးချတာ မမြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။

photo via screenrant

Sylvie ကတော့ Loki ထက် Magic ကို ပိုမိုကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး Mind Control စွမ်းအားကို အလိုရှိတိုင်း အသုံးချနိုင်တာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ Mind Control စွမ်းအားဟာ ကန့်သတ်ချက်တွေတော့ ရှိပါတယ်။ သူမဟာ လူတစ်ယောက်ကို Mind Control ပြုလုပ်ဖို့ဆိုရင် အဲ့ဒီလူကို ထိတွေ့ဖို့ လိုအပ်ပြီး သူမ Mind Control ပြုလုပ်ထားတဲ့ သားကောင်ကနေတဆင့် တခြားတစ်ယောက်ကို ထိတွေ့ကာ Mind Control အစွမ်းကို ပြောင်းလဲနိုင်ပါတယ်။

ဒါပေမယ့်လည်း သူမဟာ စိတ်စွမ်းအား ပြင်းထန်သူတွေကိုတော့ မထိန်းချုပ်နိုင်သလို တစ်ကြိမ်မှာ လူတစ်ယောက်ကိုပဲ Mind Control လုပ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒီအချက်တွေကို ကြည့်လိုက်ရင် သူမရဲ့ Magic ဟာ Loki ထက် ပိုမိုအစွမ်းထက်တယ်လို့ ပြောနိုင်ပါတယ်။

photo via screenrant

Druig ရဲ့ Mind Control အစွမ်းကတော့ သူတို့နှစ်ယောက်လုံးထက်ကို ပိုမိုအစွမ်းထက်ပါတယ်။ Eternals ထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် Druig ဟာ တစ်ချိန်တည်းမှာ Mind Control လုပ်နိုင်တဲ့ လူသားအရေအတွက်က အဆုံးမရှိတောင် ဖြစ်နေနိုင်ပါတယ်။

ဒါတင်မကသေးဘဲ သူဟာ လူသားတွေကို Mind Control ပြုလုပ်ဖို့ဆိုရင် ဘာမှမလိုအပ်ဘဲ အလွယ်တကူပဲ ထိန်းချုပ်လိုက်နိုင်ပါတယ်။ ဒါကြောင့်ပဲ Druig ဟာ MCU ထဲက စွမ်းအားအကြီးဆုံး Mind Control စွမ်းအားကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular