HomeCharacterသင်သိထားသင့်တဲ့ Loki ဇာတ်လမ်းတွဲထဲက Time-Keeper တွေရဲ့ အကြောင်းများ

သင်သိထားသင့်တဲ့ Loki ဇာတ်လမ်းတွဲထဲက Time-Keeper တွေရဲ့ အကြောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က အသစ်ပြသနေတဲ့ Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲမှာတော့ ဇာတ်ကောင်အသစ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ကောင်တွေထဲမှာတော့ Time-Keeper သုံးယောက်လည်း ပါဝင်ပြီး သူတို့ဟာ Sacred Timeline ကို စောင့်ရှောက်သူလို့ ဖော်ပြခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဖြစ်နိုင်ချေများစွာ ရှိနေပြီး Time-Keeper သုံးယောက်ကလည်း ဗီလိန်တွေ ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါမှာတော့ ပရိသတ်တိုင်း သိထားတဲ့ ကောမစ်ထဲက Time-Keeper တွေရဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Origin
photo via screenrant

Loki ဇာတ်လမ်းတွဲထဲမှာ‌တော့ Time-Keeper သုံးယောက်ဟာ TVA အဖွဲ့အစည်းကို ဖန်တီးခဲ့တယ်လို့ ပြသထားပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Time Variant Authority(TVA) အဖွဲ့အစည်းဟာ Time-Keeper သုံးယောက် မဖြစ်တည်လာခင်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Time-Keeper တွေကို ဖန်တီးခဲ့သူကတော့ Cosmic Entity တစ်ခုဖြစ်တဲ့ He Who Remains ဖြစ်ပါတယ်။ အကြောင်းကတော့ Multiverse တွေ စစ်ဖြစ်ကြတဲ့အချိန်မှာ အဲ့ဒီ Timeline တွေကို ငြိမ်းချမ်းသွားအောင် ပြုလုပ်ပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Time-Keeper တွေဟာ Multiverse တွေကို ပေါင်းစည်းပြီး Sacred Timeline ကို ဖန်တီးခဲ့ပါတယ်။

(2) Time Twister
photo via screenrant

He Who Remains ဟာ Time-Keeper တွေကို အောင်အောင်မြင်မြင် မဖန်တီးနိုင်ခင်မှာ ကျရှုံးသွားတဲ့ ဖန်တီးမှုတစ်ခုကို ပြုလုပ်မိခဲ့ပါသေးတယ်။ အဲ့ဒီဖန်တီးမှုကတော့ Time Twister တွေပဲ ဖြစ်ပြီး သူတို့တွေဟာ Reality များစွာကို ဖျက်ဆီးပစ်ခဲ့ပြီး Multiverse တစ်ခုလုံးအတွက်တောင် အန္တရာယ်ရှိသူတွေ ဖြစ်ကြပါတယ်။ ကောမစ်ထဲမှာတော့ သူတို့ကို Thor က အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Time Twister တွေရဲ့ ကြီးမားတဲ့ စွမ်းအားတွေကြောင့် universe ဟာ နှစ်ခြမ်း ကွဲထွက်သွားခဲ့ပါတယ်။ တစ်ခြမ်းကတော့ Time Twisterတွေ နေထိုင်တဲ့ နေရာဖြစ်ပြီး နောက်တစ်ခြမ်းကတော့ Time Twister တွေ ဖျက်ဆီးခဲ့တဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်နိုင်ဖို့ He Who Remains ဟာ Time Twister တွေ ဖျက်ဆီးခဲ့တဲ့နေရာမှာTime-Keeper တွေကို ဖန်တီးခဲ့ပြီး အဲ့ဒီ reality ကို စောင့်ရှောက်စေခဲ့ပါတယ်။

(3) Time-Keeper သုံးယောက် ရှိပါတယ်။
photo via screenrant

Loki ဇာတ်လမ်းတွဲထဲမှာ Time-Keeper သုံးယောက် ရှိသလို ကောမစ်ထဲမှာလည်း အတူတူပဲ ဖြစ်ပါတယ်။ သူတို့သုံးယောက်ဟာ အဖွဲ့တစ်ခုအနေနဲ့ လှုပ်ရှားကြပြီး သုံးယောက်လုံးရဲ့ စိတ်နေစိတ်ထားကလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့မှာ မတူညီတဲ့ နာမည်တွေတော့ ရှိကြပါတယ်။

သူတို့ရဲ့ နာမည်ကတော့ Ast ၊ Vort နဲ့ Zanth တို့ ဖြစ်ပြီး သူတို့ရဲ့ တာဝန်ကို အလေးအနက်ထားပြီး လုပ်ဆောင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ တခြားသက်ရှိတွေ သိထားတဲ့ universe ရဲ့ အလွန်မှာ နေထိုင်ကြပြီး Multiverse ကြီး တစ်ခုလုံးကို စောင့်ကြည့်နေကြပါတယ်။

(4) လေးယောက်မြောက် Time-Keeper လည်း ရှိပါသေးတယ်။
photo via screenrant

ကောမစ်ထဲမှာတော့ He Who Remains ဟာ Time-Keeper သုံးယောက်တည်း ဖန်တီးခဲ့တာ မဟုတ်ဘဲ လေးယောက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ လေးယောက်မြောက်ကိုတော့ Oracle of Siwa လို့ ခေါ်ပြီး 2950 BC မှာ အီဂျစ်ကို နယ်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် နယ်နှင်ဒဏ်ပေးခဲ့ရလည်း ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။ Loki ဇာတ်လမ်းတွဲထဲမှာလည်း နောက်ပိုင်းကျရင် လေးယောက်မြောက် Time-Keeper ဖြစ်တဲ့ Oracle of Siwa ပါဝင်လာနိုင်ပါတယ်။

(5) Immortus ကို အသုံးချခဲ့ခြင်း
photo via screenrant

Kang the Conquerer ရဲ့ နာမည်အရင်းကတော့ Nathaniel Richards ဖြစ်ပြီး သူဟာ ဘဝပေါင်းများစွာကို နေထိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့မှာ Identity တွေများစွာ ရှိပြီး Immortus ဖြစ်ခဲ့စဉ်က Time-Keeper တွေရဲ့ အသုံးချမှုကို ခံခဲ့ရပါတယ်။ သူကတော့ ဆိုးရွားတဲ့ အနာဂတ်ကာလတစ်ခုက အချိန်ခရီးသွား ဖြစ်ပြီး သူ့ရဲ့ Timeline ကို အန္တရာယ်ကင်းစေဖို့အတွက် လူသားတွေကို တားဆီးရမှာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှ သိရတဲ့ တစ်ချက်ကတော့ Time-Keeper တွေဟာ Immortus ကို အလိမ်အညာစကားတွေနဲ့ အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။ Loki ဇာတ်လမ်းတွဲထဲမှာလည်း Time-Keeper တွေဟာ universe ကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် TVA ကို သူတို့ရဲ့စိတ်တိုင်းကျ ခိုင်းစေနေတာ ဖြစ်နိုင်ပါတယ်။

(6) Nexus Being
photo via screenrant

Immortus ကို ကြိုးကိုင်ပြီး ခိုင်းစေခဲ့တဲ့ Time-Keeper တွေရဲ့ မစ်ရှင်တစ်ခုကတော့ Nexus Being တစ်ယောက်ကို ဖျက်ဆီးပစ်ဖို့ပဲ ဖြစ်ပါတယ်။ Nexus Being ကတော့ သတ်မှတ်ထားတဲ့ reality အတိုင်း မဟုတ်ဘဲ ကိုယ်တိုင်ဆန္ဒနဲ့ ခွဲထွက်ကာ နောက်ထပ် reality တစ်ခုကို ဖြစ်ပေါ်စေသူကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

Immortus သတ်ပစ်ရမယ့် Nexus Being ကတော့ Wanda ဖြစ်နေပါတယ်။ ဖြစ်ချင်တော့ Immortus ဟာ Wanda ကို သတ်ပစ်ရမယ့်အစား Wanda နဲ့ Vision တို့ကြားမှာ အချစ်တွေ ပေါ်ပေါက်လာအောင် လုပ်ပေးမိသွားပါတယ်။ ဒါကတော့ ကောမစ်ထဲက အချက်တွေ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Doctor Strange 2 ထဲမှာတော့ Wanda ဟာ Multiverse of Madness ကို ဖန်တီးမိသွားနိုင်ချေ ရှိပါတယ်။

(7) အရေးပါမှုကို ကြာနိုင်သမျှကြာအောင် ထိန်းထားချင်တဲ့ Time-Keeper များ
photo via screenrant

Time-Keeper တွေရဲ့ Immortus ကို အသုံးချမှုနဲ့ အချိန်စီးဆင်းမှုကို တိတိကျကျ ထိန်းချုပ်ထားတဲ့ အကြောင်းရင်းကတော့ သူတို့တွေဟာ စွမ်းအားအကြီးဆုံး တည်ရှိမှုတွေထဲမှာ ဆက်လက် နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ သူတို့ဟာ universe ကြီးထဲက သူတို့ရဲ့ အရေးပါမှုကို ဆက်လက် ထိန်းသိမ်းသွားချင်တာလို့လည်း ပြောလို့ရပါတယ်။

ကောမစ်ထဲမှာတော့ များစွာသော ဟီးရိုးတွေနဲ့ ဗီလိန်တွေဟာ Time-Keeper တွေ တည်ဆောက်ထားသမျှကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ဖူးပေမယ့်လည်း Time-Keeper တွေဟာ သူတို့ရဲ့အရေးပါမှုကိုတော့ အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ Loki ဇာတ်လမ်းတွဲထဲမှာလည်း Loki ဟာ Time-Keeper တွေနဲ့ ရင်ဆိုင်တွေ့မယ့်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(8) Time-Keeper တွေရဲ့ စွမ်းအားများ
photo via screenrant

Time-Keeper တွေရဲ့ စွမ်းအားတွေဟာ Multiverse ကြီးတစ်ခုလုံးရဲ့ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုတွေထဲမှာ ပါဝင်တာကြောင့် သာမန်လူသားတွေ လုံးဝမမီနိုင်တဲ့ အဆင့်မှာ ရှိနေပါတယ်။ စွမ်းအားအရ ဆိုရင်တော့ သူတို့တွေဟာ Thor ၊ Hercules နဲ့ Watcher တို့လို နတ်ဘုရားတွေထက်တောင် သာလွန်ပါတယ်။

သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကတော့ Reality ကို ကြိုက်သလို ပုံသွင်းရပါတယ်။ ဒါ့အပြင် အချိန်စီးဆင်းမှုကိုလည်း သာမန်ထက် မြန်အောင်ပြုလုပ်နိုင်သလို နောက်ပြန်ဖြစ်အောင်လည်း ပြုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ သက်ရှိတစ်ခုကို Multiverse ထဲမှာ ကြိုက်သလို ရွေ့လျားစေနိုင်ပြီး သူတို့သာ ဆန္ဒရှိမယ်ဆိုရင် Timeline တစ်ခုလုံးကိုတောင် ဖျောက်ဖျက်ပစ်နိုင်ပါတယ်။

ဒါကတော့ Time-Keeper တွေနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အခြေခံအကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ က အသစ္ျပသေနတဲ့ Loki ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၁)ထဲမွာေတာ့ ဇာတ္ေကာင္အသစ္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ေကာင္ေတြထဲမွာေတာ့ Time-Keeper သုံးေယာက္လည္း ပါဝင္ၿပီး သူတို႔ဟာ Sacred Timeline ကို ေစာင့္ေရွာက္သူလို႔ ေဖာ္ျပခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ျဖစ္ႏိုင္ေခ်မ်ားစြာ ရွိေနၿပီး Time-Keeper သုံးေယာက္ကလည္း ဗီလိန္ေတြ ျဖစ္သြားႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီတစ္ခါမွာေတာ့ ပရိသတ္တိုင္း သိထားတဲ့ ေကာမစ္ထဲက Time-Keeper ေတြရဲ႕ စိတ္ဝင္စားစရာအေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Origin
photo via screenrant

Loki ဇာတ္လမ္းတြဲထဲမွာ‌ေတာ့ Time-Keeper သုံးေယာက္ဟာ TVA အဖြဲ႕အစည္းကို ဖန္တီးခဲ့တယ္လို႔ ျပသထားပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ Time Variant Authority(TVA) အဖြဲ႕အစည္းဟာ Time-Keeper သုံးေယာက္ မျဖစ္တည္လာခင္ကတည္းက တည္ရွိေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ Time-Keeper ေတြကို ဖန္တီးခဲ့သူကေတာ့ Cosmic Entity တစ္ခုျဖစ္တဲ့ He Who Remains ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Multiverse ေတြ စစ္ျဖစ္ၾကတဲ့အခ်ိန္မွာ အဲ့ဒီ Timeline ေတြကို ၿငိမ္းခ်မ္းသြားေအာင္ ျပဳလုပ္ေပးဖို႔အတြက္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Time-Keeper ေတြဟာ Multiverse ေတြကို ေပါင္းစည္းၿပီး Sacred Timeline ကို ဖန္တီးခဲ့ပါတယ္။

(2) Time Twister
photo via screenrant

He Who Remains ဟာ Time-Keeper ေတြကို ေအာင္ေအာင္ျမင္ျမင္ မဖန္တီးႏိုင္ခင္မွာ က်ရႈံးသြားတဲ့ ဖန္တီးမႈတစ္ခုကို ျပဳလုပ္မိခဲ့ပါေသးတယ္။ အဲ့ဒီဖန္တီးမႈကေတာ့ Time Twister ေတြပဲ ျဖစ္ၿပီး သူတို႔ေတြဟာ Reality မ်ားစြာကို ဖ်က္ဆီးပစ္ခဲ့ၿပီး Multiverse တစ္ခုလုံးအတြက္ေတာင္ အႏၲရာယ္ရွိသူေတြ ျဖစ္ၾကပါတယ္။ ေကာမစ္ထဲမွာေတာ့ သူတို႔ကို Thor က အဆုံးသတ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း Time Twister ေတြရဲ႕ ႀကီးမားတဲ့ စြမ္းအားေတြေၾကာင့္ universe ဟာ ႏွစ္ျခမ္း ကြဲထြက္သြားခဲ့ပါတယ္။ တစ္ျခမ္းကေတာ့ Time Twisterေတြ ေနထိုင္တဲ့ ေနရာျဖစ္ၿပီး ေနာက္တစ္ျခမ္းကေတာ့ Time Twister ေတြ ဖ်က္ဆီးခဲ့တဲ့ ေနရာပဲ ျဖစ္ပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြ ေနာက္ထပ္တစ္ႀကိမ္ ထပ္မျဖစ္ႏိုင္ဖို႔ He Who Remains ဟာ Time Twister ေတြ ဖ်က္ဆီးခဲ့တဲ့ေနရာမွာTime-Keeper ေတြကို ဖန္တီးခဲ့ၿပီး အဲ့ဒီ reality ကို ေစာင့္ေရွာက္ေစခဲ့ပါတယ္။

(3) Time-Keeper သုံးေယာက္ ရွိပါတယ္။
photo via screenrant

Loki ဇာတ္လမ္းတြဲထဲမွာ Time-Keeper သုံးေယာက္ ရွိသလို ေကာမစ္ထဲမွာလည္း အတူတူပဲ ျဖစ္ပါတယ္။ သူတို႔သုံးေယာက္ဟာ အဖြဲ႕တစ္ခုအေနနဲ႔ လႈပ္ရွားၾကၿပီး သုံးေယာက္လုံးရဲ႕ စိတ္ေနစိတ္ထားကလည္း အတူတူပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႔မွာ မတူညီတဲ့ နာမည္ေတြေတာ့ ရွိၾကပါတယ္။

သူတို႔ရဲ႕ နာမည္ကေတာ့ Ast ၊ Vort နဲ႔ Zanth တို႔ ျဖစ္ၿပီး သူတို႔ရဲ႕ တာဝန္ကို အေလးအနက္ထားၿပီး လုပ္ေဆာင္ၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ေတြဟာ တျခားသက္ရွိေတြ သိထားတဲ့ universe ရဲ႕ အလြန္မွာ ေနထိုင္ၾကၿပီး Multiverse ႀကီး တစ္ခုလုံးကို ေစာင့္ၾကည့္ေနၾကပါတယ္။

(4) ေလးေယာက္ေျမာက္ Time-Keeper လည္း ရွိပါေသးတယ္။
photo via screenrant

ေကာမစ္ထဲမွာေတာ့ He Who Remains ဟာ Time-Keeper သုံးေယာက္တည္း ဖန္တီးခဲ့တာ မဟုတ္ဘဲ ေလးေယာက္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ေလးေယာက္ေျမာက္ကိုေတာ့ Oracle of Siwa လို႔ ေခၚၿပီး 2950 BC မွာ အီဂ်စ္ကို နယ္ႏွင္ဒဏ္ ေပးခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဘာေၾကာင့္ နယ္ႏွင္ဒဏ္ေပးခဲ့ရလည္း ဆိုတာကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။ Loki ဇာတ္လမ္းတြဲထဲမွာလည္း ေနာက္ပိုင္းက်ရင္ ေလးေယာက္ေျမာက္ Time-Keeper ျဖစ္တဲ့ Oracle of Siwa ပါဝင္လာႏိုင္ပါတယ္။

(5) Immortus ကို အသုံးခ်ခဲ့ျခင္း
photo via screenrant

Kang the Conquerer ရဲ႕ နာမည္အရင္းကေတာ့ Nathaniel Richards ျဖစ္ၿပီး သူဟာ ဘဝေပါင္းမ်ားစြာကို ေနထိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူ႔မွာ Identity ေတြမ်ားစြာ ရွိၿပီး Immortus ျဖစ္ခဲ့စဥ္က Time-Keeper ေတြရဲ႕ အသုံးခ်မႈကို ခံခဲ့ရပါတယ္။ သူကေတာ့ ဆိုး႐ြားတဲ့ အနာဂတ္ကာလတစ္ခုက အခ်ိန္ခရီးသြား ျဖစ္ၿပီး သူ႔ရဲ႕ Timeline ကို အႏၲရာယ္ကင္းေစဖို႔အတြက္ လူသားေတြကို တားဆီးရမွာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွ သိရတဲ့ တစ္ခ်က္ကေတာ့ Time-Keeper ေတြဟာ Immortus ကို အလိမ္အညာစကားေတြနဲ႔ အသုံးခ်ခဲ့တာပဲ ျဖစ္ပါတယ္။ Loki ဇာတ္လမ္းတြဲထဲမွာလည္း Time-Keeper ေတြဟာ universe ႀကီးကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ TVA ကို သူတို႔ရဲ႕စိတ္တိုင္းက် ခိုင္းေစေနတာ ျဖစ္ႏိုင္ပါတယ္။

(6) Nexus Being
photo via screenrant

Immortus ကို ႀကိဳးကိုင္ၿပီး ခိုင္းေစခဲ့တဲ့ Time-Keeper ေတြရဲ႕ မစ္ရွင္တစ္ခုကေတာ့ Nexus Being တစ္ေယာက္ကို ဖ်က္ဆီးပစ္ဖို႔ပဲ ျဖစ္ပါတယ္။ Nexus Being ကေတာ့ သတ္မွတ္ထားတဲ့ reality အတိုင္း မဟုတ္ဘဲ ကိုယ္တိုင္ဆႏၵနဲ႔ ခြဲထြက္ကာ ေနာက္ထပ္ reality တစ္ခုကို ျဖစ္ေပၚေစသူကို ေခၚေဝၚတာ ျဖစ္ပါတယ္။

Immortus သတ္ပစ္ရမယ့္ Nexus Being ကေတာ့ Wanda ျဖစ္ေနပါတယ္။ ျဖစ္ခ်င္ေတာ့ Immortus ဟာ Wanda ကို သတ္ပစ္ရမယ့္အစား Wanda နဲ႔ Vision တို႔ၾကားမွာ အခ်စ္ေတြ ေပၚေပါက္လာေအာင္ လုပ္ေပးမိသြားပါတယ္။ ဒါကေတာ့ ေကာမစ္ထဲက အခ်က္ေတြ ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Doctor Strange 2 ထဲမွာေတာ့ Wanda ဟာ Multiverse of Madness ကို ဖန္တီးမိသြားႏိုင္ေခ် ရွိပါတယ္။

(7) အေရးပါမႈကို ၾကာႏိုင္သမွ်ၾကာေအာင္ ထိန္းထားခ်င္တဲ့ Time-Keeper မ်ား
photo via screenrant

Time-Keeper ေတြရဲ႕ Immortus ကို အသုံးခ်မႈနဲ႔ အခ်ိန္စီးဆင္းမႈကို တိတိက်က် ထိန္းခ်ဳပ္ထားတဲ့ အေၾကာင္းရင္းကေတာ့ သူတို႔ေတြဟာ စြမ္းအားအႀကီးဆုံး တည္ရွိမႈေတြထဲမွာ ဆက္လက္ ေနထိုင္ႏိုင္ေအာင္ ျဖစ္ပါတယ္။ သူတို႔ဟာ universe ႀကီးထဲက သူတို႔ရဲ႕ အေရးပါမႈကို ဆက္လက္ ထိန္းသိမ္းသြားခ်င္တာလို႔လည္း ေျပာလို႔ရပါတယ္။

ေကာမစ္ထဲမွာေတာ့ မ်ားစြာေသာ ဟီး႐ိုးေတြနဲ႔ ဗီလိန္ေတြဟာ Time-Keeper ေတြ တည္ေဆာက္ထားသမွ်ကို ဖ်က္ဆီးပစ္မယ္လို႔ ၿခိမ္းေျခာက္ဖူးေပမယ့္လည္း Time-Keeper ေတြဟာ သူတို႔ရဲ႕အေရးပါမႈကိုေတာ့ အခ်ိန္အၾကာႀကီး ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ Loki ဇာတ္လမ္းတြဲထဲမွာလည္း Loki ဟာ Time-Keeper ေတြနဲ႔ ရင္ဆိုင္ေတြ႕မယ့္သူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

(8) Time-Keeper ေတြရဲ႕ စြမ္းအားမ်ား
photo via screenrant

Time-Keeper ေတြရဲ႕ စြမ္းအားေတြဟာ Multiverse ႀကီးတစ္ခုလုံးရဲ႕ စြမ္းအားအႀကီးဆုံး ျဖစ္တည္မႈေတြထဲမွာ ပါဝင္တာေၾကာင့္ သာမန္လူသားေတြ လုံးဝမမီႏိုင္တဲ့ အဆင့္မွာ ရွိေနပါတယ္။ စြမ္းအားအရ ဆိုရင္ေတာ့ သူတို႔ေတြဟာ Thor ၊ Hercules နဲ႔ Watcher တို႔လို နတ္ဘုရားေတြထက္ေတာင္ သာလြန္ပါတယ္။

သူတို႔ရဲ႕ လုပ္ႏိုင္စြမ္းေတြကေတာ့ Reality ကို ႀကိဳက္သလို ပုံသြင္းရပါတယ္။ ဒါ့အျပင္ အခ်ိန္စီးဆင္းမႈကိုလည္း သာမန္ထက္ ျမန္ေအာင္ျပဳလုပ္ႏိုင္သလို ေနာက္ျပန္ျဖစ္ေအာင္လည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒါတင္မကေသးဘဲ သက္ရွိတစ္ခုကို Multiverse ထဲမွာ ႀကိဳက္သလို ေ႐ြ႕လ်ားေစႏိုင္ၿပီး သူတို႔သာ ဆႏၵရွိမယ္ဆိုရင္ Timeline တစ္ခုလုံးကိုေတာင္ ေဖ်ာက္ဖ်က္ပစ္ႏိုင္ပါတယ္။

ဒါကေတာ့ Time-Keeper ေတြနဲ႔ ပတ္သက္လို႔ သိထားသင့္တဲ့ အေျခခံအေၾကာင္းအရာေလးေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular