HomeEntertainmentFilmThe Conjuring 3 ထွေလာမှာ မြင်တွေ့လိုက်ရတဲ့ Lorraine Warren ရဲ့ စွမ်းအားအသစ်

The Conjuring 3 ထွေလာမှာ မြင်တွေ့လိုက်ရတဲ့ Lorraine Warren ရဲ့ စွမ်းအားအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်က ထွက်ရှိထားတဲ့ The Conjuring 3: The Devil Made Me Do It ထွေလာထဲမှာတော့ အဓိကဇာတ်ကောင် Lorraine Warren ရဲ့ စွမ်းအားအသစ်ကို ပြသထားတာ တွေ့ရှိရပါတယ်။

Lorraine ဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေ ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပြီး ယခုထွက်ရှိလာတဲ့ ထွေလာအရ Conjuring franchise ထဲမှာ မမြင်ဖူးသေးတဲ့ သူမရဲ့စွမ်းအားအသစ်တွေကိုပါ ပိုင်ဆိုင်လာတာ တွေ့ရပါတယ်။ သူမဟာ ယခင်ကထက် ပိုအစွမ်းထက်လာပြီး လက်ရှိလောကအပြင် အခြားတစ်ပါးသော လောကတစ်ခုကိုပါ သွားရောက်နိုင်တာကို တွေ့လိုက်ရပါတယ်။

Photo via IMDb

The Conjuring 3 ဟာ နာမည်ကျော် Warrens ဇနီးမောင်နှံ ရင်ဆိုင်ဖြေရှင်းခဲ့ဖူးတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုသော ဖြစ်ရပ်အကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Arne Cheyenne Johnson လို့ ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့အမှု ဖြစ်ပါတယ်။ ဒါဟာ မကောင်းဆိုးဝါး၊ မိစ္ဆာတွေ ရှိကြောင်း သက်သေပြပြီး စွပ်စွဲခံပုဂ္ဂိုလ်မှာ အပြစ်ကင်းစင်ကြောင်း အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး တရားရုံးမှာ တင်ပြခွင့်ပေးခဲ့တဲ့ အမှုလည်း ဖြစ်ပါတယ်။

ဖြစ်ရပ်ကတော့ Arne Johnson ဟာ ၁၉၈၁ခုနှစ်မှာ သူ့ရဲ့မြေရှင်ကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ သို့ပေမယ့် Arne Johnson ဘက်ကတော့ ဒီပြစ်မှုဟာ သူကျူးလွန်တာ မဟုတ်ကြောင်းနဲ့ သူ့ကို ပူးကပ်နေတဲ့ မိစ္ဆာက ကျူးလွန်သွားခဲ့တာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သူ့အဆိုအရ သူ့ချစ်သူကောင်မလေးရဲ့ အသက်(၁၁)နှစ်အရွယ် မောင်လေးကို မိစ္ဆာထုတ်နေချိန်မှာ သူကပါ မိစ္ဆာတစ်ကောင်ရဲ့ ပူးကပ်မှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။

Photo via IMDb

David Glatzel လို့ခေါ်တဲ့ အသက်(၁၁)နှစ်အရွယ် ကောင်လေးမှာ မိစ္ဆာပူးကပ်ခံနေရတာကို ကူညီနှင်ထုတ်ပေးခဲ့သူတွေကတော့ နာမည်ကျော် Ed နဲ့ Lorraine Warren တို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ ဒီလိုနဲ့ Arne Johnson မှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရပြီး ဘဝတစ်ခုလုံး ထောင်နန်းစံရတော့မလို ဖြစ်နေချိန်မှာတော့ Ed နဲ့ Lorraine တို့က ဒီအမှုထဲမှာ ဝင်ပါလာရပြီး မိစ္ဆာတွေ တကယ်ရှိကြောင်း တရားရုံးက တာဝန်ရှိသူတွေကို သက်သေပြပေးရပါတော့တယ်။

ယခု Conjuring 3 ကတော့ Lorraine ရဲ့ စွမ်းအားအသစ်တွေကို ပရိသတ်တွေ အံ့အားသင့်လောက်အောင် ချပြမှာ ဖြစ်ပါတယ်။ Lorraine ဟာ သေလွန်သူတွေနဲ့ စကားပြောနိုင်ပါတယ်။ (ပြင်ပဘဝက တကယ့် Lorraine Warren ဟာလည်း ဒီအစွမ်း ပိုင်ဆိုင်ပါတယ်။) ဒါ့အပြင် လူ့ဘုံရဲ့ဆန့်ကျင့်ဘက် တစ်ဖက်ခြမ်းက ဖြစ်ရပ်တွေကို အမြင်အာရုံ ရရှိနိုင်ပါသေးတယ်။ ဒါဟာ ဖြစ်ပြီးတဲ့ ဖြစ်ရပ်တွေလည်း ပါသလို မဖြစ်သေးတဲ့ ဖြစ်ရပ်တွေိကိုလည်း အာရုံရရှိနိုင်တာ ဖြစ်ပါတယ်။

Photo via IMDb

Lorraine ရင်ဆိုင်ဖြေရှင်းရတဲ့ ဖြစ်ရပ်တစ်ခုစီတိုင်းဟာ သူမအတွက် ပိုမိုကြီးမားလာပြီး Conjuring franchise တလျှောက် ခင်ပွန်းဖြစ်သူ Ed အနေနဲ့ စိုးရိမ်တကြီး ပိုဖြစ်လာခဲ့ရတာကို ပရိသတ်တွေ ခံစားနိုင်ပါလိမ့်မယ်။ ယခုကြည့်ရှုရမယ့် Conjuring 3 ထဲမှာတော့ Lorraine ဟာ တမလွန်ဘက်ခြမ်းက ကိစ္စတွေကို အာရုံရတာတင် မဟုတ်တော့ဘဲ သူမကိုယ်တိုင် အဲ့ဒီ့ဘက်ခြမ်းကို သွားရောက်နိုင်လာတာ ဖြစ်ပါတယ်။

ထွေလာထဲမှာ မြင်တွေ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ပြောရမယ်ဆိုရင် Lorraine ဟာ ကွန်နက်တီကတ်ပြည်နယ်က တောအုပ်တစ်ခုထဲမှာ ခင်ပွန်းဖြစ်သူနဲ့ အခြားသော စုံထောက်တစ်ယောက်ကို ရှေ့ဆုံးက ဦးဆောင်ခေါ်သွားတာကို တွေ့ရပါတယ်။ သူမ လက်ထဲမှာတော့ ချိန်သီးတစ်ခုကို ကိုင်ဆွဲထားတာ တွေ့ရပါတယ်။ (ချိန်သီးကိုတော့ ဝိဉာဉ်လောကနဲ့ ဆက်သွယ်ဖို့ ကြားခံပစ္စည်းတစ်ခုအဖြစ် မကြာခဏ သုံးစွဲလေ့ ရှိကြပါတယ်။)

Photo via IMDb

ဒီလိုနဲ့ သူမလက်နဲ့ မြေကြီးကို ထိလိုက်တဲ့အချိန်မှာ သူမရဲ့လက်ရှိပတ်ဝန်းကျင်တစ်ခုလုံးဟာ ပြောင်းလဲသွားပြီး အခြားသော reality တစ်ခုကို ရောက်သွားကာ မှောင်မည်းနေတဲ့ တောအုပ်ထဲမှာ တစ်ယောက်တည်း ရောက်ရှိသွားပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ သူမဟာ ဝိဉာဉ်လောကကို ရောက်ရှိသွားတယ်ဆိုတာ သိလိုက်ကြရပါတယ်။ ထွေလာထဲမှာ တောက်လျှောက် ပြသသွားတဲ့ ဇာတ်ဝင်ခန်းတွေအရ Lorraine ဟာ လက်ရှိ reality နဲ့ ဝိဉာဉ်တွေရဲ့ နယ်မြေ reality ကို သွားလိုက် ပြန်လိုက် ဖြစ်နေတာကို တွေ့ကြရမှာပါ။ ဒါကြောင့်လည်း ခင်ပွန်းဖြစ်သူ Ed က သူမကို လက်ရှိ reality ဆီ ပြန်လာဖို့ အော်ဟစ်သတိပေးနေတာကို ကြားကြရပါလိမ့်မယ်။

The Conjuring 3 ထဲက ပိုင်ဆိုင်ထားတဲ့ စွမ်းအားအသစ်တွေကြောင့် Lorraine ဟာ ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Conjuring timeline တလျှောက် သူမ ရင်ဆိုင်ခဲ့တဲ့ ဖြစ်ရပ်တိုင်းဟာ သူမကို စိတ်ပိုင်းဆိုင်ရာဒဏ်ရာတစ်ခုစီ ကျန်ရစ်စေခဲ့ပါတယ်။ ယခုလို သူမရဲ့စွမ်းအားတွေ ကြီးမားလာလေ သူမကိုယ်တိုင်ကတော့ အားနည်းလာလေ ဖြစ်ကာ တစ်ဘက်က ဝိဉာဉ်လောကရဲ့ တိုက်ခိုက်မှုတွေကို ပိုမိုခံစားလာရလေ ဖြစ်လာမှာပါ။

ဒါကြောင့် မကြာခင် ကြည့်ရှုရတော့မယ့် Conjuring 3 ဟာ ပရိသတ်တွေအတွက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ထိတ်လန့်မှုတွေကို ပေးနိုင်မှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ(၄)ရက်နေ့မှာ HBO Max နဲ့ တပြိုင်တည်း ရုံတင်ပြသမယ်လို့ သိရပါတယ်။

Linda December
(Zawgyi Version)

မၾကာေသးခင္က ထြက္ရွိထားတဲ့ The Conjuring 3: The Devil Made Me Do It ေထြလာထဲမွာေတာ့ အဓိကဇာတ္ေကာင္ Lorraine Warren ရဲ႕ စြမ္းအားအသစ္ကို ျပသထားတာ ေတြ႕ရွိရပါတယ္။

Lorraine ဟာ စိတ္ပိုင္းဆိုင္ရာ စြမ္းအားေတြ ပိုင္ဆိုင္ထားသူတစ္ဦး ျဖစ္ၿပီး ယခုထြက္ရွိလာတဲ့ ေထြလာအရ Conjuring franchise ထဲမွာ မျမင္ဖူးေသးတဲ့ သူမရဲ႕စြမ္းအားအသစ္ေတြကိုပါ ပိုင္ဆိုင္လာတာ ေတြ႕ရပါတယ္။ သူမဟာ ယခင္ကထက္ ပိုအစြမ္းထက္လာၿပီး လက္ရွိေလာကအျပင္ အျခားတစ္ပါးေသာ ေလာကတစ္ခုကိုပါ သြားေရာက္ႏိုင္တာကို ေတြ႕လိုက္ရပါတယ္။

Photo via IMDb

The Conjuring 3 ဟာ နာမည္ေက်ာ္ Warrens ဇနီးေမာင္ႏွံ ရင္ဆိုင္ေျဖရွင္းခဲ့ဖူးတဲ့ ျဖစ္ရပ္ေတြထဲက တစ္ခုေသာ ျဖစ္ရပ္အေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Arne Cheyenne Johnson လို႔ ေခၚတဲ့ ပုဂၢိဳလ္တစ္ဦးရဲ႕အမႈ ျဖစ္ပါတယ္။ ဒါဟာ မေကာင္းဆိုးဝါး၊ မိစာၦေတြ ရွိေၾကာင္း သက္ေသျပၿပီး စြပ္စြဲခံပုဂၢိဳလ္မွာ အျပစ္ကင္းစင္ေၾကာင္း အေမရိကန္ျပည္ေထာင္စုမွာ ပထမဆုံး တရား႐ုံးမွာ တင္ျပခြင့္ေပးခဲ့တဲ့ အမႈလည္း ျဖစ္ပါတယ္။

ျဖစ္ရပ္ကေတာ့ Arne Johnson ဟာ ၁၉၈၁ခုႏွစ္မွာ သူ႔ရဲ႕ေျမရွင္ကို သတ္ျဖတ္မႈနဲ႔ စြဲခ်က္တင္ခံခဲ့ရပါတယ္။ သို႔ေပမယ့္ Arne Johnson ဘက္ကေတာ့ ဒီျပစ္မႈဟာ သူက်ဴးလြန္တာ မဟုတ္ေၾကာင္းနဲ႔ သူ႔ကို ပူးကပ္ေနတဲ့ မိစာၦက က်ဴးလြန္သြားခဲ့တာျဖစ္ေၾကာင္း အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။ သူ႔အဆိုအရ သူ႔ခ်စ္သူေကာင္မေလးရဲ႕ အသက္(၁၁)ႏွစ္အ႐ြယ္ ေမာင္ေလးကို မိစာၦထုတ္ေနခ်ိန္မွာ သူကပါ မိစာၦတစ္ေကာင္ရဲ႕ ပူးကပ္မႈကို ခံခဲ့ရတာလို႔ ဆိုပါတယ္။

Photo via IMDb

David Glatzel လို႔ေခၚတဲ့ အသက္(၁၁)ႏွစ္အ႐ြယ္ ေကာင္ေလးမွာ မိစာၦပူးကပ္ခံေနရတာကို ကူညီႏွင္ထုတ္ေပးခဲ့သူေတြကေတာ့ နာမည္ေက်ာ္ Ed နဲ႔ Lorraine Warren တို႔ ဇနီးေမာင္ႏွံ ျဖစ္ပါတယ္။ ဒီလိုနဲ႔ Arne Johnson မွာ လူသတ္မႈနဲ႔ စြပ္စြဲခံထားရၿပီး ဘဝတစ္ခုလုံး ေထာင္နန္းစံရေတာ့မလို ျဖစ္ေနခ်ိန္မွာေတာ့ Ed နဲ႔ Lorraine တို႔က ဒီအမႈထဲမွာ ဝင္ပါလာရၿပီး မိစာၦေတြ တကယ္ရွိေၾကာင္း တရား႐ုံးက တာဝန္ရွိသူေတြကို သက္ေသျပေပးရပါေတာ့တယ္။

ယခု Conjuring 3 ကေတာ့ Lorraine ရဲ႕ စြမ္းအားအသစ္ေတြကို ပရိသတ္ေတြ အံ့အားသင့္ေလာက္ေအာင္ ခ်ျပမွာ ျဖစ္ပါတယ္။ Lorraine ဟာ ေသလြန္သူေတြနဲ႔ စကားေျပာႏိုင္ပါတယ္။ (ျပင္ပဘဝက တကယ့္ Lorraine Warren ဟာလည္း ဒီအစြမ္း ပိုင္ဆိုင္ပါတယ္။) ဒါ့အျပင္ လူ႔ဘုံရဲ႕ဆန႔္က်င့္ဘက္ တစ္ဖက္ျခမ္းက ျဖစ္ရပ္ေတြကို အျမင္အာ႐ုံ ရရွိႏိုင္ပါေသးတယ္။ ဒါဟာ ျဖစ္ၿပီးတဲ့ ျဖစ္ရပ္ေတြလည္း ပါသလို မျဖစ္ေသးတဲ့ ျဖစ္ရပ္ေတြိကိုလည္း အာ႐ုံရရွိႏိုင္တာ ျဖစ္ပါတယ္။

Photo via IMDb

Lorraine ရင္ဆိုင္ေျဖရွင္းရတဲ့ ျဖစ္ရပ္တစ္ခုစီတိုင္းဟာ သူမအတြက္ ပိုမိုႀကီးမားလာၿပီး Conjuring franchise တေလွ်ာက္ ခင္ပြန္းျဖစ္သူ Ed အေနနဲ႔ စိုးရိမ္တႀကီး ပိုျဖစ္လာခဲ့ရတာကို ပရိသတ္ေတြ ခံစားႏိုင္ပါလိမ့္မယ္။ ယခုၾကည့္ရႈရမယ့္ Conjuring 3 ထဲမွာေတာ့ Lorraine ဟာ တမလြန္ဘက္ျခမ္းက ကိစၥေတြကို အာ႐ုံရတာတင္ မဟုတ္ေတာ့ဘဲ သူမကိုယ္တိုင္ အဲ့ဒီ့ဘက္ျခမ္းကို သြားေရာက္ႏိုင္လာတာ ျဖစ္ပါတယ္။

ေထြလာထဲမွာ ျမင္ေတြ႕ရတဲ့ ဇာတ္ဝင္ခန္းတစ္ခုကို ေျပာရမယ္ဆိုရင္ Lorraine ဟာ ကြန္နက္တီကတ္ျပည္နယ္က ေတာအုပ္တစ္ခုထဲမွာ ခင္ပြန္းျဖစ္သူနဲ႔ အျခားေသာ စုံေထာက္တစ္ေယာက္ကို ေရွ႕ဆုံးက ဦးေဆာင္ေခၚသြားတာကို ေတြ႕ရပါတယ္။ သူမ လက္ထဲမွာေတာ့ ခ်ိန္သီးတစ္ခုကို ကိုင္ဆြဲထားတာ ေတြ႕ရပါတယ္။ (ခ်ိန္သီးကိုေတာ့ ဝိဉာဥ္ေလာကနဲ႔ ဆက္သြယ္ဖို႔ ၾကားခံပစၥည္းတစ္ခုအျဖစ္ မၾကာခဏ သုံးစြဲေလ့ ရွိၾကပါတယ္။)

Photo via IMDb

ဒီလိုနဲ႔ သူမလက္နဲ႔ ေျမႀကီးကို ထိလိုက္တဲ့အခ်ိန္မွာ သူမရဲ႕လက္ရွိပတ္ဝန္းက်င္တစ္ခုလုံးဟာ ေျပာင္းလဲသြားၿပီး အျခားေသာ reality တစ္ခုကို ေရာက္သြားကာ ေမွာင္မည္းေနတဲ့ ေတာအုပ္ထဲမွာ တစ္ေယာက္တည္း ေရာက္ရွိသြားပါတယ္။ အဲ့ဒီေနာက္ မၾကာခင္မွာပဲ သူမဟာ ဝိဉာဥ္ေလာကကို ေရာက္ရွိသြားတယ္ဆိုတာ သိလိုက္ၾကရပါတယ္။ ေထြလာထဲမွာ ေတာက္ေလွ်ာက္ ျပသသြားတဲ့ ဇာတ္ဝင္ခန္းေတြအရ Lorraine ဟာ လက္ရွိ reality နဲ႔ ဝိဉာဥ္ေတြရဲ႕ နယ္ေျမ reality ကို သြားလိုက္ ျပန္လိုက္ ျဖစ္ေနတာကို ေတြ႕ၾကရမွာပါ။ ဒါေၾကာင့္လည္း ခင္ပြန္းျဖစ္သူ Ed က သူမကို လက္ရွိ reality ဆီ ျပန္လာဖို႔ ေအာ္ဟစ္သတိေပးေနတာကို ၾကားၾကရပါလိမ့္မယ္။

The Conjuring 3 ထဲက ပိုင္ဆိုင္ထားတဲ့ စြမ္းအားအသစ္ေတြေၾကာင့္ Lorraine ဟာ ပိုၿပီးႀကီးမားတဲ့ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ Conjuring timeline တေလွ်ာက္ သူမ ရင္ဆိုင္ခဲ့တဲ့ ျဖစ္ရပ္တိုင္းဟာ သူမကို စိတ္ပိုင္းဆိုင္ရာဒဏ္ရာတစ္ခုစီ က်န္ရစ္ေစခဲ့ပါတယ္။ ယခုလို သူမရဲ႕စြမ္းအားေတြ ႀကီးမားလာေလ သူမကိုယ္တိုင္ကေတာ့ အားနည္းလာေလ ျဖစ္ကာ တစ္ဘက္က ဝိဉာဥ္ေလာကရဲ႕ တိုက္ခိုက္မႈေတြကို ပိုမိုခံစားလာရေလ ျဖစ္လာမွာပါ။

ဒါေၾကာင့္ မၾကာခင္ ၾကည့္ရႈရေတာ့မယ့္ Conjuring 3 ဟာ ပရိသတ္ေတြအတြက္ ပိုၿပီးရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ ထိတ္လန႔္မႈေတြကို ေပးႏိုင္မွာလားဆိုတာ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ လာမယ့္ ဇြန္လ(၄)ရက္ေန႔မွာ HBO Max နဲ႔ တၿပိဳင္တည္း ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။

Linda December
RELATED ARTICLES

Most Popular