HomeEntertainmentFilmစစ်ပွဲကာလအတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ အကောင်းဆုံး အချစ်ဇာတ်လမ်းများ

စစ်ပွဲကာလအတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ အကောင်းဆုံး အချစ်ဇာတ်လမ်းများ

စစ်ကားလို့ ပြောလိုက်တာနဲ့ အချို့ပရိသတ်တွေဟာ တစ်ချိန်လုံး တိုက်ခိုက်နေပြီး စိတ်ညစ်စရာကြီးလို့ ထင်တတ်ကြပေမယ့်လည်း စစ်ကားတိုင်းကတော့ ဒီလိုတင်ဆက်ပုံနဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ တချို့စစ်ကားတွေကတော့ စစ်ပွဲကာလအတွင်းမှာ ဇာတ်အိမ်တည်ထားပြီး ကြည့်ရှုသူတွေအတွက် ရင်ခုန်ကြည်နူးရစေမယ့် အချစ်ဇာတ်လမ်းလေးတွေကို ဖန်တီးထားတာမျိူးလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ စစ်ပွဲကာလအတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ အကောင်းဆုံး အချစ်ဇာတ်လမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Top Gun

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်ရေတပ်ရဲ့ ပိုင်းလော့ဖြစ်သူ Maverick ဟာ မစ်ရှင်တစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Maverick ဟာ သူ့ကိုယ်သူ ပြန်အဖတ်ဆယ်ဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိလာပြီး သူ့ကိုသင်ပြနေတဲ့ နည်းပြနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Val Kilmer ၊ Jennifer Connelly နဲ့ Kelly McGillis တို့ အဓိကပါဝင်ထားပြီး အော်စကာ(၁)ဆု ရရှိထားပါတယ်။

(6) Allied

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လျှို့ဝှက်အေးဂျင့်တွေ ဖြစ်ကြတဲ့ Max နဲ့ Marianne တို့ဟာ ချစ်ကြိုက်ပြီး လက်ထပ်သွားကြပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ ဇနီးဖြစ်သူ Marianne ဟာ သူတို့ရဲ့ရန်သူအတွက် အလုပ်လုပ်နေတယ်လို့ သတင်းရသွားပြီး နောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်မပြေတော့ပါဘူး။ သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Marion Cotillard နဲ့ Lizzy Caplan တို့ ပါဝင်ထားပြီး အော်စကာ(၁)ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

(5) The English Patient

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးခါနီးအချိန်မှာ ဇာတ်အိမ်တည်ထားပြီး Hana ဆိုတဲ့ သူနာပြုဆရာမလေးတစ်ယောက်ဟာ လေယာဉ်ပျက်ကျပြီး အပြင်းအထန် ဒဏ်ရာရရှိထားတဲ့ လူတစ်ယောက်ကို ကုသပေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ralph Fiennes ၊ Juliette Binoche နဲ့ Willem Dafoe တို့ ပါဝင်ထားပြီး အော်စကာ(၉)ဆု ရရှိထားပါတယ်။

(4) Se, jie

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တရုတ်နိုင်ငံရဲ့ ၁၉၄၀ ကျော် ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကောင်မလေးတစ်ယောက်ဟာ အာဏာရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်နဲ့ ပတ်သက်မိသွားပြီး အန္တာရာယ်များတဲ့ နိုင်ငံရေးလောကထဲ ရောက်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tony Leung Chiu-wai ၊ Tang Wei နဲ့ Joan Chen တို့ ပါဝင်ထားပြီး BAFTA ဆု (၂)ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(3) Enemy at the Gates

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဂျာမနီတွေများစွာကို သတ်ထားလို့ နာမည်ကြီးနေတဲ့ ရုရှားစနိုက်ပါတစ်ယောက်နဲ့ အဲဒီစနိုက်ပါကို သတ်ဖို့ တာဝန်ကျနေတဲ့ ဂျာမနီစစ်သားတို့ရဲ့ တိုက်ပွဲကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ နောက်ကွယ်မှာ ဘယ်လိုအချစ်ဇာတ်လမ်းတွေ ပါဝင်နေဦးမလည်း ဆိုတာတော့ ကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါ။ သရုပ်ဆောင်တွေကတော့ Jude Law ၊ Ed Harris နဲ့ Rachel Weisz တို့ အဓိက ပါဝင်ထားပါတယ်။

(2) A Very Long Engagement

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး Mathilde ရဲ့ ခင်ပွန်းလောင်းဟာ အခြားစစ်သား(၄)ယောက်နဲ့အတူ တိုက်ပွဲကျသွားတယ်လို့ သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဒီသတင်းကို လက်မခံနိုင်ဘဲ သူမရဲ့ခင်ပွန်းလောင်းကို ရှာဖွေဖို့ ထွက်လာခဲ့ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Audrey Tautou ၊ Gaspard Ulliel နဲ့ Jodie Foster တို့ ပါဝင်ထားပြီး အော်စကာ(၂)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Atonement

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အောင်မြင်ခါစ စာရေးဆရာမလေးတစ်ယောက်ဟာ သူမရဲ့ အစ်မဖြစ်သူနဲ့ ချစ်ကြိုက်နေတဲ့ ဗြိတိန်စစ်သားက ရာဇဝတ်မှု ပြုလုပ်ထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူမဟာ မထင်မှတ်ထားဘဲ လူတွေရဲ့ ဘဝပေါင်းများစွာကို အပြောင်းအလဲ ဖြစ်သွားစေပါတော့တယ်။ သရုပ်ဆောင်တွေကတော့ James McAvoy ၊ Keira Knightley နဲ့ Saoirse Ronan တို့ အဓိက ပါဝင်ထားပြီး အော်စကာ(၁)ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular