HomeEntertainmentFilmLuca ဇာတ်ကားထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

Luca ဇာတ်ကားထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

***Spoiler Alert***

မကြာသေးခင်ကပဲ Pixar က ထုတ်လုပ်လိုက်တဲ့ Luca animated movie ဟာ IMDb (7.6) ရရှိထားပြီး ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုတွေ ရရှိနေပါတယ်။ ဇာတ်လမ်းကတော့ ၁၉၅၀ ခုနှစ်ကျော်လောက်က အီတလီနိုင်ငံမှာ ဇာတ်အိမ်တည်ထားပြီး Luca ဆိုတဲ့ ပင်လယ်သတ္တဝါလေး တစ်ကောင်အကြောင်းကို မြင်တွေ့ရမှာပါ။ တစ်ရက်မှာတော့ Luca ဟာ သူ့နဲ့ မျိူးတူ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူငယ်ချင်း ဖြစ်သွားပါတယ်။ သူတို့ရေနေသတ္တဝါနှစ်ကောင်ကတော့ ရေထဲကနေ ထွက်လိုက်ရင် လူအဖြစ်ပုံစံ ပြောင်းလဲသွားပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ လူတွေနေထိုင်တဲ့ မြို့ပေါ်ကို သွားကြပါတော့တယ်။ Pixar ရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းထဲမှာလည်း Easter Egg တွေများစွာ ပါဝင်နေပါတယ်။ ဒါကြောင့် အဲ့ဒီ Easter Egg ‌တွေနဲ့ တခြားစိတ်ဝင်စားစရာ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(1) The Luxo Ball
photo via screenrant

Pixar က ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး animation ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Luxo Jr. ဆိုတဲ့ နှစ်မိနစ်စာ ဇာတ်လမ်းအတိုလေး ဖြစ်ပါတယ်။ အဲ့ဒီ animation ကတော့ စားပွဲတင် မီးအိမ်လေးက ဘောလုံးနဲ့ ဆော့ကစားနေတာကို မီးအိမ်ကြီးက စောင့်ကြည့်နေပါတယ်။ အဲ့ဒီနောက်မှာတော့ မီးအိမ်လေးက ခုန်တာ အားပြင်းသွားပြီး ဘောလုံးပေါက်သွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး မီးအိမ်လေးနဲ့ Luxo ဘောလုံးတို့ဟာ Pixar ရဲ့ အဓိကပြယုဂ်တွေ ဖြစ်လာခဲ့ပြီး Pixar ဇာတ်လမ်းတိုင်းရဲ့ အစမှာ “PIXAR” ဆိုတဲ့ စကားလုံးတွေထဲက “I” ကို မီးအိမ်လေးက တက်ခုန်တဲ့အခန်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ Luxo ဘောလုံးကလည်း Pixar ရဲ့ ဇာတ်လမ်းတိုင်းမှာ Easter Egg အနေနဲ့ ပါဝင်လေ့ ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Luca က စက်စီးပြိုင်နေတဲ့အချိန်မှာ အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်မှာ Luxo ဘောလုံးကို မြင်တွေ့ခဲ့ရပါတယ်။

(2) A113
photo via screenrant

ဒီအချက်ကလည်း Disney နဲ့ Pixar တို့ရဲ့ ဇာတ်လမ်းအများစုမှာ ပါဝင်ခဲ့တဲ့ Easter Egg တစ်ခုပဲ ဖြစ်ပါတယ်။ Disney နဲ့ Pixar တို့ရဲ့ နာမည်ကျော် ရုပ်ရှင်ဖန်တီးသူတွေ ဖြစ်တဲ့ Tim Burton ၊ John Lasseter နဲ့ Brad Bird တို့ဟာ animation ပညာရပ်နဲ့ ပတ်သက်ပြီး California Institute of the Art မှာ သင်ယူခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက သူတို့တွေ တက်ရောက်ခဲ့တဲ့ စာသင်ခန်းနံပါတ်ကတော့ A113 ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Disney နဲ့ Pixar ဟာ California Institute of the Art ကို ဂုဏ်ပြုတဲ့အနေနဲ့ A113 ကို Easter Egg အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဆုံးမှာတော့ Alberto က Luca ကို ပေးလိုက်တဲ့ ရထားလက်မှတ်မှာ A113 ပါဝင်ခဲ့ပါတယ်။

(3) Pizza Planet Truck
photo via screenrant

Toy Story ရဲ့ ပထမဆုံး ဇာတ်ကားမှာတော့ Pizza Planet ဟာ အဓိကနေရာတစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Pizza Planet ရဲ့ Delivery Truck ဟာ Pixar ရဲ့ ဇာတ်လမ်းအများစုမှာ Easter Egg အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Luca ကတော့ တခြားဇာတ်လမ်းတွေနဲ့ မတူဘဲ ထူးခြားတဲ့ အချက်ကတော့ ၁၉၅၀ ကျော်လောက်မှာ ဇာတ်အိမ်တည်ထားတာကြောင့် Pizza Planet Truck ကလည်း ခေတ်ဟောင်းပုံစံ ဖြစ်နေမှာပါ။ ဒီဇာတ်လမ်းထဲမှာတော့ Pizza Planet Truck ကို သုံးဘီးကားအနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီသုံးဘီးကားဟာလည်း Vespa ကို ထုတ်လုပ်ထားတဲ့ ကုမ္ပဏီကပဲ ဖန်တီးထားတာပါ။

(4) 20000 Leagues Under the Sea
photo via screenrant

Portorosso မြို့မှာ နေထိုင်ကြတဲ့ လူတွေဟာ ပင်လယ်မကောင်းဆိုးဝါးတွေကို မုန်းတီးကြပေမယ့်လည်း သူတို့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကိုတော့ သဘောကျကြပါတယ်။ အကြောင်းကတော့ Portorosso မြို့ဟာ ပင်လယ်မကောင်းဆိုးဝါး ရုပ်ရှင်တွေရဲ့ ပိုစတာတွေနဲ့ ပြည့်နှက်နေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီပိုစတာတွေထဲက တစ်ခုကတော့ ၁၉၅၄ ခုနှစ်မှာ Disney က ထုတ်လုပ်ခဲ့တဲ့ 20000 Leagues Under the Sea ရုပ်ရှင်ရဲ့ ပိုစတာ ဖြစ်နေပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ အလွန်ကြီးမားတဲ့ ကင်းမွန်ကြီး ပါဝင်ပါတယ်။

(5) Miguel ရဲ့ အဘွား
photo via screenrant

Alberto နဲ့ Luca တို့ Portorosso မြို့ကို ရေကူးလာတဲ့အချိန်မှာတော့ လှေပေါ်က အမျိူးသမီးနှစ်ယောက်ဟာ သူတို့ရဲ့ အရိပ်ကို မြင်တွေ့သွားပါတယ်။ အဲ့ဒီလှေရဲ့ နာမည်ကတော့ Elena ဖြစ်ပြီး Coco ဇာတ်ကားထဲက Miguel ရဲ့ အဘွားဖြစ်သူ နာမည်ကလည်း Elena ပဲ ဖြစ်ပါတယ်။ Elena ကတော့ စပိန်မှာရော၊ အီတလီမှာပါ အပေးများတဲ့ နာမည်ဖြစ်တာကြောင့် ဒီအချက်ကတော့ တိုက်ဆိုင်မှုသက်သက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Miguel ရဲ့ အဘွား ငယ်စဉ်အချိန်က Portorosso မြို့မှာ နေထိုင်ခဲ့ပြီး အဲ့ဒီလှေက သူမရဲ့နာမည်ကို အစွဲပြုပြီး ပေးထားလို့ စိတ်ကူးကြည့်ရတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

(6) Pinocchio
photo via screenrant

Giulia ရဲ့ အခန်းထဲမှာရှိတဲ့ စာအုပ်တစ်အုပ်ကတော့ အီတလီစာရေးဆရာ Carlo Collodi ရဲ့ The Adventures of Pinocchio ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီစာအုပ်ကိုတော့ ၁၉၄၀ ခုနှစ်မှာ Disney က animation အနေနဲ့ ပြန်လည်ပုံဖော်ခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ မျက်လုံး မမြင်ချင်ယောင်ဆောင်ထားတဲ့ ကြောင်နဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ပုံစံ ဟန်ဆောင်ထားတဲ့ မြေခွေးတို့ဟာ Pinocchio ကို အကြိမ်ကြိမ် လှည့်စားခဲ့ပါတယ်။

(7) Donald Duck
photo via screenrant

Luca ထဲမှာ Easter Egg အနေနဲ့ ပါဝင်ခဲ့တဲ့ Disney ရဲ့ classic ဇာတ်ကောင်ဟာ Pinocchio တစ်ယောက်တည်း မဟုတ်ဘဲ Donald Duck လည်း ပါဝင်ခဲ့ပါတယ်။ Giulia ရဲ့ အခန်းထဲမှာပဲ Donald Duck အရုပ်ကို သူမ ခုတင်ရဲ့ခြေရင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ Disney ဟာ Donald Duck ကို ၁၉၃၄ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပြီး Luca ဇာတ်အိမ်တည်ထားတဲ့ ၁၉၅၀ ကျော်လောက်မှာတော့ Donald Duck ဟာ အတော်လေး ရေပန်းစားနေပြီ ဖြစ်ပါတယ်။

(8) La Strada
photo via screenrant

အပေါ်မှာဖော်ပြထားတဲ့ 20000 Leagues Under the Sea ရုပ်ရှင် ပိုစတာရဲ့ ဘေးမှာတော့ La Strada ရုပ်ရှင်ရဲ့ ပိုစတာကို မြင်တွေ့ခဲ့ရပါတယ်။ La Strada ရုပ်ရှင်ကိုတော့ အီတလီလူမျိူး နာမည်ကြီးဒါရိုက်တာ Federico Fellini က ၁၉၅၄ ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Federico Fellini ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းရဲ့ အစမှာ မြင်တွေ့ခဲ့ရတဲ့ လှေရဲ့နာမည်ကလည်း Gelsomina ဖြစ်ပြီး အဲ့ဒီနာမည်ဟာ La Strada ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။

(9) Hayao Miyazaki
photo via screenrant

ဒီဇာတ်လမ်းလိုပဲ ပင်လယ်သတ္တဝါတွေက ကုန်းပေါ်က လူတွေနေထိုင်တဲ့ ဘဝကို စိတ်ဝင်စားကာ ပုံစံပြောင်းလဲပြီး ကုန်းမြေပေါ်တက်လာတဲ့ အချက်ကတော့ Disney ရဲ့ The Little Mermaid နဲ့ ဆင်တူပါတယ်။ ဒါပေမယ့်လည်း Anime ပရိသတ်တွေကတော့ စတူဒီယို Ghibli က ထုတ်လုပ်ခဲ့တဲ့ Ponyo ကို သွားသတိရကြမှာပါ။ ဒီဇာတ်လမ်းကို ဖန်တီးသူဖြစ်တဲ့ Enrico Casarosa ကိုယ်တိုင်ကလည်း သူ့အပေါ်မှာ Hayao Miyazaki ရဲ့ လွှမ်းမိုးမှုတွေ ရှိပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Luca တို့ သွားရောက်နေထိုင်တဲ့ Portorosso မြို့ရဲ့ နာမည်ကလည်း စတူဒီယို Ghibli ရဲ့ Porco Rosso ဇာတ်လမ်းကို အခြေခံပြီး ပေးထားတာ ဖြစ်ပါတယ်။

(10) Pixar
photo via screenrant

ဒီဇာတ်လမ်းရဲ့ အဆုံးမှာတော့ Luca ဟာ သူ့ရဲ့မိသားစုနဲ့ Alberto တို့ကို နှုတ်ဆက်စကားပြောပြီး Giulia နဲ့အတူ ကျောင်းတက်ဖို့ ရထားစီးကာ ထွက်ခွာသွားပါတယ်။ အဲ့ဒီရထားရဲ့ အရှေ့မှာတော့ 94608 ဆိုတဲ့ နံပါတ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနံပါတ်ကတော့ California ပြည်နယ်၊ Emeryville မြို့မှာ တည်ရှိတဲ့ Pixar စတူဒီယိုရဲ့ စာတိုက်သေတ္တာအမှတ်ပဲ ဖြစ်ပါတယ်။ Luca ဟာ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျောင်းကို သွားရောက်ခဲ့သလို Animator တွေကလည်း သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ Pixar စတူဒီယိုကို သွားရောက်နိုင်ဖို့ ကြိုးစားကြတာကို ကိုယ်စားပြုအနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

မၾကာေသးခင္ကပဲ Pixar က ထုတ္လုပ္လိုက္တဲ့ Luca animated movie ဟာ IMDb (7.6) ရရွိထားၿပီး ပရိသတ္ေတြၾကားမွာလည္း ေအာင္ျမင္မႈေတြ ရရွိေနပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၅၀ ခုႏွစ္ေက်ာ္ေလာက္က အီတလီႏိုင္ငံမွာ ဇာတ္အိမ္တည္ထားၿပီး Luca ဆိုတဲ့ ပင္လယ္သတၱဝါေလး တစ္ေကာင္အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ တစ္ရက္မွာေတာ့ Luca ဟာ သူ႔နဲ႔ မ်ိဴးတူ ေကာင္ေလးတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ၿပီး သူငယ္ခ်င္း ျဖစ္သြားပါတယ္။ သူတို႔ေရေနသတၱဝါႏွစ္ေကာင္ကေတာ့ ေရထဲကေန ထြက္လိုက္ရင္ လူအျဖစ္ပုံစံ ေျပာင္းလဲသြားပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ လူေတြေနထိုင္တဲ့ ၿမိဳ႕ေပၚကို သြားၾကပါေတာ့တယ္။ Pixar ရဲ႕ ထုံးစံအတိုင္းပဲ ဒီဇာတ္လမ္းထဲမွာလည္း Easter Egg ေတြမ်ားစြာ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အဲ့ဒီ Easter Egg ‌ေတြနဲ႔ တျခားစိတ္ဝင္စားစရာ အခ်က္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) The Luxo Ball
photo via screenrant

Pixar က ထုတ္လုပ္ခဲ့တဲ့ ပထမဆုံး animation ကေတာ့ ၁၉၈၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Luxo Jr. ဆိုတဲ့ ႏွစ္မိနစ္စာ ဇာတ္လမ္းအတိုေလး ျဖစ္ပါတယ္။ အဲ့ဒီ animation ကေတာ့ စားပြဲတင္ မီးအိမ္ေလးက ေဘာလုံးနဲ႔ ေဆာ့ကစားေနတာကို မီးအိမ္ႀကီးက ေစာင့္ၾကည့္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မီးအိမ္ေလးက ခုန္တာ အားျပင္းသြားၿပီး ေဘာလုံးေပါက္သြားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္ကစၿပီး မီးအိမ္ေလးနဲ႔ Luxo ေဘာလုံးတို႔ဟာ Pixar ရဲ႕ အဓိကျပယုဂ္ေတြ ျဖစ္လာခဲ့ၿပီး Pixar ဇာတ္လမ္းတိုင္းရဲ႕ အစမွာ “PIXAR” ဆိုတဲ့ စကားလုံးေတြထဲက “I” ကို မီးအိမ္ေလးက တက္ခုန္တဲ့အခန္း ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ အလားတူပဲ Luxo ေဘာလုံးကလည္း Pixar ရဲ႕ ဇာတ္လမ္းတိုင္းမွာ Easter Egg အေနနဲ႔ ပါဝင္ေလ့ ရွိပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Luca က စက္စီးၿပိဳင္ေနတဲ့အခ်ိန္မွာ အိမ္တစ္အိမ္ရဲ႕ ေခါင္မိုးေပၚမွာ Luxo ေဘာလုံးကို ျမင္ေတြ႕ခဲ့ရပါတယ္။

(2) A113
photo via screenrant

ဒီအခ်က္ကလည္း Disney နဲ႔ Pixar တို႔ရဲ႕ ဇာတ္လမ္းအမ်ားစုမွာ ပါဝင္ခဲ့တဲ့ Easter Egg တစ္ခုပဲ ျဖစ္ပါတယ္။ Disney နဲ႔ Pixar တို႔ရဲ႕ နာမည္ေက်ာ္ ႐ုပ္ရွင္ဖန္တီးသူေတြ ျဖစ္တဲ့ Tim Burton ၊ John Lasseter နဲ႔ Brad Bird တို႔ဟာ animation ပညာရပ္နဲ႔ ပတ္သက္ၿပီး California Institute of the Art မွာ သင္ယူခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူတို႔ေတြ တက္ေရာက္ခဲ့တဲ့ စာသင္ခန္းနံပါတ္ကေတာ့ A113 ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Disney နဲ႔ Pixar ဟာ California Institute of the Art ကို ဂုဏ္ျပဳတဲ့အေနနဲ႔ A113 ကို Easter Egg အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အဆုံးမွာေတာ့ Alberto က Luca ကို ေပးလိုက္တဲ့ ရထားလက္မွတ္မွာ A113 ပါဝင္ခဲ့ပါတယ္။

(3) Pizza Planet Truck
photo via screenrant

Toy Story ရဲ႕ ပထမဆုံး ဇာတ္ကားမွာေတာ့ Pizza Planet ဟာ အဓိကေနရာတစ္ခုအေနနဲ႔ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး Pizza Planet ရဲ႕ Delivery Truck ဟာ Pixar ရဲ႕ ဇာတ္လမ္းအမ်ားစုမွာ Easter Egg အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ Luca ကေတာ့ တျခားဇာတ္လမ္းေတြနဲ႔ မတူဘဲ ထူးျခားတဲ့ အခ်က္ကေတာ့ ၁၉၅၀ ေက်ာ္ေလာက္မွာ ဇာတ္အိမ္တည္ထားတာေၾကာင့္ Pizza Planet Truck ကလည္း ေခတ္ေဟာင္းပုံစံ ျဖစ္ေနမွာပါ။ ဒီဇာတ္လမ္းထဲမွာေတာ့ Pizza Planet Truck ကို သုံးဘီးကားအေနနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ အဲ့ဒီသုံးဘီးကားဟာလည္း Vespa ကို ထုတ္လုပ္ထားတဲ့ ကုမၸဏီကပဲ ဖန္တီးထားတာပါ။

(4) 20000 Leagues Under the Sea
photo via screenrant

Portorosso ၿမိဳ႕မွာ ေနထိုင္ၾကတဲ့ လူေတြဟာ ပင္လယ္မေကာင္းဆိုးဝါးေတြကို မုန္းတီးၾကေပမယ့္လည္း သူတို႔အေၾကာင္း ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြကိုေတာ့ သေဘာက်ၾကပါတယ္။ အေၾကာင္းကေတာ့ Portorosso ၿမိဳ႕ဟာ ပင္လယ္မေကာင္းဆိုးဝါး ႐ုပ္ရွင္ေတြရဲ႕ ပိုစတာေတြနဲ႔ ျပည့္ႏွက္ေနလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီပိုစတာေတြထဲက တစ္ခုကေတာ့ ၁၉၅၄ ခုႏွစ္မွာ Disney က ထုတ္လုပ္ခဲ့တဲ့ 20000 Leagues Under the Sea ႐ုပ္ရွင္ရဲ႕ ပိုစတာ ျဖစ္ေနပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ အလြန္ႀကီးမားတဲ့ ကင္းမြန္ႀကီး ပါဝင္ပါတယ္။

(5) Miguel ရဲ႕ အဘြား
photo via screenrant

Alberto နဲ႔ Luca တို႔ Portorosso ၿမိဳ႕ကို ေရကူးလာတဲ့အခ်ိန္မွာေတာ့ ေလွေပၚက အမ်ိဴးသမီးႏွစ္ေယာက္ဟာ သူတို႔ရဲ႕ အရိပ္ကို ျမင္ေတြ႕သြားပါတယ္။ အဲ့ဒီေလွရဲ႕ နာမည္ကေတာ့ Elena ျဖစ္ၿပီး Coco ဇာတ္ကားထဲက Miguel ရဲ႕ အဘြားျဖစ္သူ နာမည္ကလည္း Elena ပဲ ျဖစ္ပါတယ္။ Elena ကေတာ့ စပိန္မွာေရာ၊ အီတလီမွာပါ အေပးမ်ားတဲ့ နာမည္ျဖစ္တာေၾကာင့္ ဒီအခ်က္ကေတာ့ တိုက္ဆိုင္မႈသက္သက္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း Miguel ရဲ႕ အဘြား ငယ္စဥ္အခ်ိန္က Portorosso ၿမိဳ႕မွာ ေနထိုင္ခဲ့ၿပီး အဲ့ဒီေလွက သူမရဲ႕နာမည္ကို အစြဲျပဳၿပီး ေပးထားလို႔ စိတ္ကူးၾကည့္ရတာလည္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

(6) Pinocchio
photo via screenrant

Giulia ရဲ႕ အခန္းထဲမွာရွိတဲ့ စာအုပ္တစ္အုပ္ကေတာ့ အီတလီစာေရးဆရာ Carlo Collodi ရဲ႕ The Adventures of Pinocchio ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီစာအုပ္ကိုေတာ့ ၁၉၄၀ ခုႏွစ္မွာ Disney က animation အေနနဲ႔ ျပန္လည္ပုံေဖာ္ခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ မ်က္လုံး မျမင္ခ်င္ေယာင္ေဆာင္ထားတဲ့ ေၾကာင္နဲ႔ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္တဲ့ပုံစံ ဟန္ေဆာင္ထားတဲ့ ေျမေခြးတို႔ဟာ Pinocchio ကို အႀကိမ္ႀကိမ္ လွည့္စားခဲ့ပါတယ္။

(7) Donald Duck
photo via screenrant

Luca ထဲမွာ Easter Egg အေနနဲ႔ ပါဝင္ခဲ့တဲ့ Disney ရဲ႕ classic ဇာတ္ေကာင္ဟာ Pinocchio တစ္ေယာက္တည္း မဟုတ္ဘဲ Donald Duck လည္း ပါဝင္ခဲ့ပါတယ္။ Giulia ရဲ႕ အခန္းထဲမွာပဲ Donald Duck အ႐ုပ္ကို သူမ ခုတင္ရဲ႕ေျခရင္းမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ Disney ဟာ Donald Duck ကို ၁၉၃၄ ခုႏွစ္မွာ ဖန္တီးခဲ့တာ ျဖစ္ၿပီး Luca ဇာတ္အိမ္တည္ထားတဲ့ ၁၉၅၀ ေက်ာ္ေလာက္မွာေတာ့ Donald Duck ဟာ အေတာ္ေလး ေရပန္းစားေနၿပီ ျဖစ္ပါတယ္။

(8) La Strada
photo via screenrant

အေပၚမွာေဖာ္ျပထားတဲ့ 20000 Leagues Under the Sea ႐ုပ္ရွင္ ပိုစတာရဲ႕ ေဘးမွာေတာ့ La Strada ႐ုပ္ရွင္ရဲ႕ ပိုစတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ La Strada ႐ုပ္ရွင္ကိုေတာ့ အီတလီလူမ်ိဴး နာမည္ႀကီးဒါ႐ိုက္တာ Federico Fellini က ၁၉၅၄ ခုႏွစ္မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ Federico Fellini ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းရဲ႕ အစမွာ ျမင္ေတြ႕ခဲ့ရတဲ့ ေလွရဲ႕နာမည္ကလည္း Gelsomina ျဖစ္ၿပီး အဲ့ဒီနာမည္ဟာ La Strada ႐ုပ္ရွင္ထဲက အဓိကဇာတ္ေကာင္ရဲ႕ နာမည္ပဲ ျဖစ္ပါတယ္။

(9) Hayao Miyazaki
photo via screenrant

ဒီဇာတ္လမ္းလိုပဲ ပင္လယ္သတၱဝါေတြက ကုန္းေပၚက လူေတြေနထိုင္တဲ့ ဘဝကို စိတ္ဝင္စားကာ ပုံစံေျပာင္းလဲၿပီး ကုန္းေျမေပၚတက္လာတဲ့ အခ်က္ကေတာ့ Disney ရဲ႕ The Little Mermaid နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္လည္း Anime ပရိသတ္ေတြကေတာ့ စတူဒီယို Ghibli က ထုတ္လုပ္ခဲ့တဲ့ Ponyo ကို သြားသတိရၾကမွာပါ။ ဒီဇာတ္လမ္းကို ဖန္တီးသူျဖစ္တဲ့ Enrico Casarosa ကိုယ္တိုင္ကလည္း သူ႔အေပၚမွာ Hayao Miyazaki ရဲ႕ လႊမ္းမိုးမႈေတြ ရွိပါတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Luca တို႔ သြားေရာက္ေနထိုင္တဲ့ Portorosso ၿမိဳ႕ရဲ႕ နာမည္ကလည္း စတူဒီယို Ghibli ရဲ႕ Porco Rosso ဇာတ္လမ္းကို အေျခခံၿပီး ေပးထားတာ ျဖစ္ပါတယ္။

(10) Pixar
photo via screenrant

ဒီဇာတ္လမ္းရဲ႕ အဆုံးမွာေတာ့ Luca ဟာ သူ႔ရဲ႕မိသားစုနဲ႔ Alberto တို႔ကို ႏႈတ္ဆက္စကားေျပာၿပီး Giulia နဲ႔အတူ ေက်ာင္းတက္ဖို႔ ရထားစီးကာ ထြက္ခြာသြားပါတယ္။ အဲ့ဒီရထားရဲ႕ အေရွ႕မွာေတာ့ 94608 ဆိုတဲ့ နံပါတ္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီနံပါတ္ကေတာ့ California ျပည္နယ္၊ Emeryville ၿမိဳ႕မွာ တည္ရွိတဲ့ Pixar စတူဒီယိုရဲ႕ စာတိုက္ေသတၱာအမွတ္ပဲ ျဖစ္ပါတယ္။ Luca ဟာ သူ႔ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ေက်ာင္းကို သြားေရာက္ခဲ့သလို Animator ေတြကလည္း သူတို႔ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ Pixar စတူဒီယိုကို သြားေရာက္ႏိုင္ဖို႔ ႀကိဳးစားၾကတာကို ကိုယ္စားျပဳအေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular