HomeEntertainmentFilmSupernatural ရဲ့ Prequel ဇာတ်လမ်းတွဲကို CW ဖန်တီးနေ

Supernatural ရဲ့ Prequel ဇာတ်လမ်းတွဲကို CW ဖန်တီးနေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

CW ရုပ်သံလိုင်းဟာ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Supernatural ရဲ့ Prequel ဇာတ်လမ်းတွဲကို ဖန်တီးနေတယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ The Winchesters ဖြစ်ပြီး John နဲ့ Mary တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Supernatural ဇာတ်လမ်းတွဲကတော့ ၂၀၀၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ (၁၅)နှစ်တာ ကာလအတွင်းမှာတော့ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေ အများအပြား ရရှိခဲ့ပါတယ်။

photo via screenrant

Mary ဟာ Supernatural ရဲ့ ပထမဆုံးအပိုင်းမှာတင် သေဆုံးသွားတာ ဖြစ်ပြီး Sam နဲ့ Dean တို့ဟာ အမေမရှိဘဲ နေထိုင်ခဲ့ရပါတယ်။ ဒီအချက်ကြောင့်လည်း John ဟာ သူ့မိန်းမရဲ့ သေဆုံးမှုကို လက်စားချေဖို့အတွက် Hunter ဖြစ်လာပြီး Sam နဲ့ Dean ကိုပါ Hunter ဖြစ်လာအောင် ပျိူးထောင်ပေးခဲ့ပါတယ်။ John ကတော့ Season 2 ထဲမှာ Dean ကို ကယ်တင်ဖို့အတွက် သေဆုံးသွားရပါတယ်။ ဒါပေမယ့်လည်း Supernatural ထဲက ဇာတ်ကောင်တွေရဲ့ သေဆုံးမှုဟာ သူတို့အတွက် အဆုံးသတ် မဟုတ်တာကြောင့် နောက်ပိုင်း Season တွေမှာတော့ John နဲ့ Mary ကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ CW ရုပ်သံလိုင်းဟာ Supernatural ရဲ့ Prequel ဇာတ်လမ်းတွဲကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ The Winchesters လို့ သိရပြီး Sam နဲ့ Dean တို့ရဲ့ မိဘတွေဖြစ်တဲ့ John နဲ့ Mary တို့အကြောင်းကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ John နဲ့ Mary တို့ရဲ့ စတင်တွေ့ဆုံမှု၊ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ သူတို့ ချစ်ရသူတွေသာမက ကမ္ဘာကြီးကိုပါ ကယ်တင်ဖို့ ဘယ်လိုမျိူး စွန့်စားကြမလည်း ဆိုတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းကိုတော့ Dean က သူ့ရဲ့ဇာတ်ကောင်နေရာကနေ ပြန်ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

photo via screenrant

“Supernatural Season 15 ပြီးသွားတုန်းက ဒီဇာတ်လမ်း မပြီးသေးဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ကျွန်တော်တို့ ပြောခဲ့သလိုပဲ ဘယ်အရာမှ တကယ် မပြီးဆုံးသွားဘူးလေ။ Danneel နဲ့ ကျွန်တော် Chaos Machine Production ကို တည်ထောင်ခဲ့တုန်းက ကျွန်တော်တို့ ပထမဦးဆုံး ဖန်တီးချင်တဲ့ ဇာတ်လမ်းက Supernatural Origin ဖြစ်တဲ့ John နဲ့ Mary တို့ရဲ့ ဇာတ်လမ်းဆိုတာကို သိခဲ့ကြပါတယ်။ ကျွန်တော့်ဇာတ်ကောင် Dean ကလည်း သူ့မိဘတွေရဲ့ အကြောင်းကို ပိုပြီးသိချင်ဦးမှာပါ … “

အထက်ပါ စကားတွေကိုတော့ Dean နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jensen Ackles က Deadline နဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Jensen နဲ့ သူ့ရဲ့အမျိူးသမီးဖြစ်သူ Danneel တို့ဟာ ဒီဇာတ်လမ်းတွဲအတွက် Executive Producer တွေအနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

CW ႐ုပ္သံလိုင္းဟာ နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ Supernatural ရဲ႕ Prequel ဇာတ္လမ္းတြဲကို ဖန္တီးေနတယ္လို႔ သိရပါတယ္။

အဲ့ဒီဇာတ္လမ္းတြဲရဲ႕ နာမည္ကေတာ့ The Winchesters ျဖစ္ၿပီး John နဲ႔ Mary တို႔ရဲ႕ အခ်စ္ဇာတ္လမ္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Supernatural ဇာတ္လမ္းတြဲကေတာ့ ၂၀၀၅ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ (၁၅)ႏွစ္တာ ကာလအတြင္းမွာေတာ့ တစ္ကမာၻလုံးမွာ ပရိသတ္ေတြ အမ်ားအျပား ရရွိခဲ့ပါတယ္။

photo via screenrant

Mary ဟာ Supernatural ရဲ႕ ပထမဆုံးအပိုင္းမွာတင္ ေသဆုံးသြားတာ ျဖစ္ၿပီး Sam နဲ႔ Dean တို႔ဟာ အေမမရွိဘဲ ေနထိုင္ခဲ့ရပါတယ္။ ဒီအခ်က္ေၾကာင့္လည္း John ဟာ သူ႔မိန္းမရဲ႕ ေသဆုံးမႈကို လက္စားေခ်ဖို႔အတြက္ Hunter ျဖစ္လာၿပီး Sam နဲ႔ Dean ကိုပါ Hunter ျဖစ္လာေအာင္ ပ်ိဴးေထာင္ေပးခဲ့ပါတယ္။ John ကေတာ့ Season 2 ထဲမွာ Dean ကို ကယ္တင္ဖို႔အတြက္ ေသဆုံးသြားရပါတယ္။ ဒါေပမယ့္လည္း Supernatural ထဲက ဇာတ္ေကာင္ေတြရဲ႕ ေသဆုံးမႈဟာ သူတို႔အတြက္ အဆုံးသတ္ မဟုတ္တာေၾကာင့္ ေနာက္ပိုင္း Season ေတြမွာေတာ့ John နဲ႔ Mary ကို ျပန္လည္ျမင္ေတြ႕ခဲ့ရပါတယ္။

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ CW ႐ုပ္သံလိုင္းဟာ Supernatural ရဲ႕ Prequel ဇာတ္လမ္းတြဲကို ဖန္တီးေနတယ္လို႔ သိရပါတယ္။ ဇာတ္လမ္းတြဲရဲ႕ နာမည္ကေတာ့ The Winchesters လို႔ သိရၿပီး Sam နဲ႔ Dean တို႔ရဲ႕ မိဘေတြျဖစ္တဲ့ John နဲ႔ Mary တို႔အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ John နဲ႔ Mary တို႔ရဲ႕ စတင္ေတြ႕ဆုံမႈ၊ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းနဲ႔ သူတို႔ ခ်စ္ရသူေတြသာမက ကမာၻႀကီးကိုပါ ကယ္တင္ဖို႔ ဘယ္လိုမ်ိဴး စြန႔္စားၾကမလည္း ဆိုတာေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းကိုေတာ့ Dean က သူ႔ရဲ႕ဇာတ္ေကာင္ေနရာကေန ျပန္ေျပာျပေနတဲ့ပုံစံမ်ိဳးနဲ႔ တင္ဆက္သြားမွာ ျဖစ္ပါတယ္။

photo via screenrant

“Supernatural Season 15 ၿပီးသြားတုန္းက ဒီဇာတ္လမ္း မၿပီးေသးဘူးဆိုတာ ကြၽန္ေတာ္တို႔ သိခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ ကြၽန္ေတာ္တို႔ ေျပာခဲ့သလိုပဲ ဘယ္အရာမွ တကယ္ မၿပီးဆုံးသြားဘူးေလ။ Danneel နဲ႔ ကြၽန္ေတာ္ Chaos Machine Production ကို တည္ေထာင္ခဲ့တုန္းက ကြၽန္ေတာ္တို႔ ပထမဦးဆုံး ဖန္တီးခ်င္တဲ့ ဇာတ္လမ္းက Supernatural Origin ျဖစ္တဲ့ John နဲ႔ Mary တို႔ရဲ႕ ဇာတ္လမ္းဆိုတာကို သိခဲ့ၾကပါတယ္။ ကြၽန္ေတာ့္ဇာတ္ေကာင္ Dean ကလည္း သူ႔မိဘေတြရဲ႕ အေၾကာင္းကို ပိုၿပီးသိခ်င္ဦးမွာပါ … “

အထက္ပါ စကားေတြကိုေတာ့ Dean ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jensen Ackles က Deadline နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Jensen နဲ႔ သူ႔ရဲ႕အမ်ိဴးသမီးျဖစ္သူ Danneel တို႔ဟာ ဒီဇာတ္လမ္းတြဲအတြက္ Executive Producer ေတြအေနနဲ႔ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular