HomeEntertainmentFilmLucifer Season 6 ကို Happy Ending မဖြစ်စေချင်ခဲ့တဲ့ ဖန်တီးသူများ

Lucifer Season 6 ကို Happy Ending မဖြစ်စေချင်ခဲ့တဲ့ ဖန်တီးသူများ

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lucifer ဇာတ်လမ်းတွဲကို ဖန်တီးသူတွေဖြစ်တဲ့ Ildy Modrovich နဲ့ Joe Henderson တို့နှစ်ယောက်ဟာ Season 6 ကို Happy Ending မဖြစ်စေချင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

Lucifer ဇာတ်လမ်းတွဲဟာ အစပိုင်းမှာတော့ Lucifer နဲ့ Chloe တို့ နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ သူတို့နှစ်ယောက် ဖြေရှင်းရတဲ့ ရာဇဝတ်မှုခင်းတွေကို အသားပေးပြီး ရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်း Season တွေ ရောက်လာတဲ့အချိန်မှာတော့ အဲ့ဒီအရာတွေထက် သဘာဝလွန်ဖြစ်ရပ်တွေကို အသားပေးလာပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲဟာ Season 1 ကနေ 3 အထိ Fox ရုပ်သံလိုင်းက ပြသခဲ့ပြီး အကြောင်းအမျိူးမျိူးကြောင့် ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် Netflix က မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပြီး Season 6 အထိ ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Season 6 ကတော့ စက်တင်ဘာလ (၁၀)ရက်နေ့မှာ ထွက်ရှိထားပါတယ်။

TV Guide နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူနှစ်ယောက်ဟာ Happy Ending မလိုချင်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

” Lucifer နဲ့ Chloe တို့နှစ်ယောက်ဟာ တခြားအတွဲတွေနဲ့ မတူတာက Lucifer ဟာ မသေမျိူးတစ်ယောက် ဖြစ်နေတာပါ။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ဟာ ဘာတွေပဲဖြစ်ဖြစ် အတူရှိသွားနိုင်တယ်လေ။ ပြီးတော့ ကျွန်တော်တို့ကလည်း ဇာတ်သိမ်းကို Happy Ending မျိူး မဟုတ်ဘဲ ကြေကွဲစရာတွေနဲ့ ပျော်စရာတွေ ပေါင်းစပ်ထားတာမျိူး ဖန်တီးချင်တာပါ။ သူတို့နှစ်ယောက် အတူတည်ရှိနေနိုင်ဖို့အတွက် တစ်ခုခုကို စွန့်လွှတ်ခဲ့ရတာမျိူးပေါ့ … “

photo via screenrant

ဒါကြောင့်လည်း ဇာတ်သိမ်းမှာတော့ Lucifer ဟာ သူ့ရဲ့ တာဝန်နဲ့ ဖြစ်တည်မှုတွေအတိုင်း အဆင်ပြေဆုံးဖြစ်မယ့်လမ်းကို ရွေးချယ်ခဲ့ရပါတယ်။ အလားတူပဲ Chloe ကတော့ မိခင်တစ်ယောက်အနေနဲ့ လျှောက်ရမယ့်လမ်းကို ရွေးချယ်ခဲ့ပြီး Rory ကတော့ သူ့ဘဝရဲ့ ပဟေဠိတွေကို အဖြေဖော်လိုက်နိုင်ခဲ့ပါတယ်။ တခြားဇာတ်ကောင်တွေဟာလည်း သူတို့နဲ့ ထိုက်သင့်တဲ့ ဇာတ်သိမ်းတွေ ရရှိသွားပါတယ်။ ဒီလိုနဲ့ Lucifer ဇာတ်လမ်းဟာ လုံးလုံးလျားလျား Happy Ending မဟုတ်ဘဲ လွမ်းဆွတ်ကြေကွဲစရာနဲ့ နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေ ရောပြွန်းနေတဲ့ ဇာတ်သိမ်းကို ပရိသတ်တွေဆီ ပေးအပ်ခဲ့ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

***Spoiler Alert***

Lucifer ဇာတ္လမ္းတြဲကို ဖန္တီးသူေတြျဖစ္တဲ့ Ildy Modrovich နဲ႔ Joe Henderson တို႔ႏွစ္ေယာက္ဟာ Season 6 ကို Happy Ending မျဖစ္ေစခ်င္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။

Lucifer ဇာတ္လမ္းတြဲဟာ အစပိုင္းမွာေတာ့ Lucifer နဲ႔ Chloe တို႔ ႏွစ္ေယာက္ရဲ့ အခ်စ္ေရးနဲ႔ သူတို႔ႏွစ္ေယာက္ ေျဖရွင္းရတဲ့ ရာဇဝတ္မွုခင္းေတြကို အသားေပးၿပီး ရိုက္ကူးခဲ့ပါတယ္။ ေနာက္ပိုင္း Season ေတြ ေရာက္လာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီအရာေတြထက္ သဘာဝလြန္ျဖစ္ရပ္ေတြကို အသားေပးလာပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲဟာ Season 1 ကေန 3 အထိ Fox ႐ုပ္သံလိုင္းက ျပသခဲ့ၿပီး အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဖ်က္သိမ္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ပရိသတ္ေတြရဲ့ ေတာင္းဆိုမွုေၾကာင့္ Netflix က မူပိုင္ခြင့္ကို ဝယ္ယူခဲ့ၿပီး Season 6 အထိ ဆက္လက္ရိုက္ကူးခဲ့ပါတယ္။ ပရိသတ္ေတြ ေစာင့္ေမၽွာ္ေနတဲ့ Season 6 ကေတာ့ စက္တင္ဘာလ (၁၀)ရက္ေန႔မွာ ထြက္ရွိထားပါတယ္။

TV Guide နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ ဒီဇာတ္လမ္းတြဲရဲ့ ဖန္တီးသူႏွစ္ေယာက္ဟာ Happy Ending မလိုခ်င္ခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

” Lucifer နဲ႔ Chloe တို႔ႏွစ္ေယာက္ဟာ တျခားအတြဲေတြနဲ႔ မတူတာက Lucifer ဟာ မေသမ်ိဴးတစ္ေယာက္ ျဖစ္ေနတာပါ။ အဲ့ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ ဘာေတြပဲျဖစ္ျဖစ္ အတူရွိသြားနိုင္တယ္ေလ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ကလည္း ဇာတ္သိမ္းကို Happy Ending မ်ိဴး မဟုတ္ဘဲ ေၾကကြဲစရာေတြနဲ႔ ေပ်ာ္စရာေတြ ေပါင္းစပ္ထားတာမ်ိဴး ဖန္တီးခ်င္တာပါ။ သူတို႔ႏွစ္ေယာက္ အတူတည္ရွိေနနိုင္ဖို႔အတြက္ တစ္ခုခုကို စြန႔္လႊတ္ခဲ့ရတာမ်ိဴးေပါ့ … “

photo via screenrantဒါေၾကာင့္လည္း ဇာတ္သိမ္းမွာေတာ့ Lucifer ဟာ သူ႔ရဲ့ တာဝန္နဲ႔ ျဖစ္တည္မွုေတြအတိုင္း အဆင္ေျပဆုံးျဖစ္မယ့္လမ္းကို ေရြးခ်ယ္ခဲ့ရပါတယ္။ အလားတူပဲ Chloe ကေတာ့ မိခင္တစ္ေယာက္အေနနဲ႔ ေလၽွာက္ရမယ့္လမ္းကို ေရြးခ်ယ္ခဲ့ၿပီး Rory ကေတာ့ သူ႔ဘဝရဲ့ ပေဟဠိေတြကို အေျဖေဖာ္လိုက္နိုင္ခဲ့ပါတယ္။ တျခားဇာတ္ေကာင္ေတြဟာလည္း သူတို႔နဲ႔ ထိုက္သင့္တဲ့ ဇာတ္သိမ္းေတြ ရရွိသြားပါတယ္။ ဒီလိုနဲ႔ Lucifer ဇာတ္လမ္းဟာ လုံးလုံးလ်ားလ်ား Happy Ending မဟုတ္ဘဲ လြမ္းဆြတ္ေၾကကြဲစရာနဲ႔ နာက်င္မွုေတြ၊ ေပ်ာ္ရႊင္မွုေတြ ေရာႁပြန္းေနတဲ့ ဇာတ္သိမ္းကို ပရိသတ္ေတြဆီ ေပးအပ္ခဲ့ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular