HomeCelebs Update NewsInternationalအသက်(၆၂)နှစ်ပြည့်သွားပေမယ့် ဂေါ်မြဲဂေါ်နေဆဲ ပေါ့ပ်ဘုရင်မကြီး Madonna 

အသက်(၆၂)နှစ်ပြည့်သွားပေမယ့် ဂေါ်မြဲဂေါ်နေဆဲ ပေါ့ပ်ဘုရင်မကြီး Madonna 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပေါ့ပ်ဘုရင်မကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော်ကြီး Madonna ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၆)ရက်နေ့က အသက်(၆၂)နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ သူမဟာ ပေါ့ပ်ဂီတရေစီးကြောင်းမှာ ၁၉၈၀ပြည့်နှစ်ဝန်းကျင်တည်းက လွှမ်းမိုးနေရာယူထားခဲ့သူဖြစ်ပြီး ယနေ့အချိန်အထိလည်း တစ်ပြားသားမှ မလျော့တဲ့ အောင်မြင်မှုတွေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Madonna ဟာ အဓိကအားဖြင့် သူမရဲ့ဂီတနဲ့ ဂီတလောကထဲက သတ်မှတ်ထားတဲ့ ဘောင်တွေ၊ အထိန်းအကွပ်တွေကို တွန်းလှန်ဖယ်ရှားပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူမရဲ့တေးသီချင်းတွေမှာ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာ အစရှိတဲ့ အကြောင်းအရာတေွ ပါဝင်လေ့ရှိပြီး ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှု ခံရတာတွေ ရှိသလို အငြင်းပွားစရာတွေ ဖြစ်စေခဲ့တာလည်း ရှိပါတယ်။

Photo: madonna/ Instagram

သူမ ပိုင်ဆိုင်ထားတဲ့ ကြီးမားတဲ့ ဂီတစင်မြင့်ပေါ်ကနေ လူထုအတွက် အရေးပါတဲ့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ပေးခဲ့ပြီး ကမ္ဘာပေါ်က အနုပညာရှင်ပေါင်းများစွာကို လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Madonna ဟာ အခုလို ပရိသတ်ထုထည်နဲ့ high profile ပိုင်ဆိုင်ထားတဲ့ artist တစ်ယောက် ဖြစ်လာဖို့ နှစ်ကာလတွေအများကြီး ရင်းနှီးပေးဆပ်ခဲ့ရပါတယ်။

၁၉၈၀ပြည့်နှစ်တွေရဲ့ အစောပိုင်း ယူအက်စ်နိုင်ငံတစ်လွှားမှာ သူမကို စတင်အောင်မြင်စေခဲ့တဲ့ သီချင်းတွေကတော့ Borderline ၊ Holiday ၊ Everybody အစရှိတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ အဲ့ဒီ့ကနေမှတစ်ဆင့် သူမကို လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲစေခဲ့တဲ့ ဒုတိယအယ်လ်ဘမ် Like A Virgin ကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၄ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Like A Virgin အယ်လ်ဘမ်ထဲက Material Girl ၊ Like A Virgin နဲ့ Angel ဆိုတဲ့ ဆင်ဂယ်လ်သီချင်းတွေဟာ လူထုကြားမှာ လုံးဝဟစ်ဖြစ်ခဲ့ပြီး စီးပွားရေးအရလည်း သောက်သောက်လဲ အောင်မြင်ခဲ့ပါတယ်။

Photo: madonna/ Instagram

Madonna ဟာ ယခုလက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ်ပေါင်း (၁၄)ခွေကို ထုတ်လုပ်ထားပြီး တစ်ကမ္ဘာလုံးအနေနဲ့ အယ်လ်ဘမ်ချပ်ရေ သန်းသုံးရာကျော် ရောင်းချထားရသူ ဖြစ်ပါတယ်။ သူမဟာ အချိန်တိုင်းအတွက် အယ်လ်ဘမ်ရောင်းအားအများဆုံး အမျိုးသမီးအဆိုတော်အဖြစ် ဂင်းနစ်စံချိန်ပါ ချိုးထားသူ ဖြစ်ပါတယ်။

သူမဟာ ဂရမ်မီစံကာတင်စာရင်းမှာ (၂၈)ခါ စံကာတင်ဝင်ထားသူဖြစ်ပြီး ဂရမ်မီ(၇)ဆု ရရှိထားသူ ‌ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ရွှေကမ္ဘာလုံးဆုနှစ်ဆုကိုလည်း ဆွတ်ခူးထားပါသေးတယ်။ အဲ့ဒါကတော့ ၁၉၉၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Evita ရုပ်ရှင်နဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့တာဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ W.E. ဆိုတဲ့ ရုပ်ရှင်ထဲမှာ Masterpiece ဆိုတဲ့ ဇာတ်ဝင်သီချင်းနဲ့ Best Original Song ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo: madonnascrapbook/ Instagram

Madonna ဟာ ဂီတလောကထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်အောင်မြင်ခဲ့ပြီး သူမရဲ့အလှနဲ့ သူမတူတဲ့ ဖက်ရှင်တွေကိုပါ နည်းနည်းလေးမှ မလျော့သွားအောင် တင်ဆက်ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ လက်ရှိကြွယ်ဝမှုကတော့ ဒေါ်လာသန်း(၅၀၀)နဲ့ သန်း(၈၀၀)အတွင်းမှာ ရှိနေပြီး ကမ္ဘာပေါ်က အချမ်းသာဆုံး အဆိုတော်တွေထဲမှာ ပါဝင်နေပါတယ်။

ပေါ့ပ်ဂီတရဲ့ ပြယုဂ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ အဆိုတော်ကြီး Madonna တစ်ယောက် နောင်လာမယ့် နှစ်ပေါင်းများစွာမှာလည်း ဒီ့ထက်မကတဲ့ အောင်မြင်မှုတွေကို ဆက်လက် ရယူနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Glasgow
(Zawgyi Version)

ေပါ့ပ္ဘုရင္မႀကီးလို႔ တင္စားေခၚေဝၚၾကတဲ့ အဆိုေတာ္ႀကီး Madonna ဟာ ၿပီးခဲ့တဲ့ ဩဂုတ္လ(၁၆)ရက္ေန႔က အသက္(၆၂)ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။ သူမဟာ ေပါ့ပ္ဂီတေရစီးေၾကာင္းမွာ ၁၉၈၀ျပည့္ႏွစ္ဝန္းက်င္တည္းက လႊမ္းမိုးေနရာယူထားခဲ့သူျဖစ္ၿပီး ယေန႔အခ်ိန္အထိလည္း တစ္ျပားသားမွ မေလ်ာ့တဲ့ ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။

Madonna ဟာ အဓိကအားျဖင့္ သူမရဲ႕ဂီတနဲ႔ ဂီတေလာကထဲက သတ္မွတ္ထားတဲ့ ေဘာင္ေတြ၊ အထိန္းအကြပ္ေတြကို တြန္းလွန္ဖယ္ရွားေပးခဲ့သူလည္း ျဖစ္ပါတယ္။ သူမရဲ႕ေတးသီခ်င္းေတြမွာ လူမႈေရး၊ ႏိုင္ငံေရး၊ ဘာသာေရး၊ လိင္ပိုင္းဆိုင္ရာ အစရွိတဲ့ အေၾကာင္းအရာေတြ ပါဝင္ေလ့ရွိၿပီး ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈ ခံရတာေတြ ရွိသလို အျငင္းပြားစရာေတြ ျဖစ္ေစခဲ့တာလည္း ရွိပါတယ္။

Photo: madonna/ Instagram

သူမ ပိုင္ဆိုင္ထားတဲ့ ႀကီးမားတဲ့ ဂီတစင္ျမင့္ေပၚကေန လူထုအတြက္ အေရးပါတဲ့ လႈပ္ရွားမႈတိုင္းမွာ ပါဝင္ေပးခဲ့ၿပီး ကမာၻေပၚက အႏုပညာရွင္ေပါင္းမ်ားစြာကို လႊမ္းမိုးႏိုင္စြမ္းရွိသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း Madonna ဟာ အခုလို ပရိသတ္ထုထည္နဲ႔ high profile ပိုင္ဆိုင္ထားတဲ့ artist တစ္ေယာက္ ျဖစ္လာဖို႔ ႏွစ္ကာလေတြအမ်ားႀကီး ရင္းႏွီးေပးဆပ္ခဲ့ရပါတယ္။

၁၉၈၀ျပည့္ႏွစ္ေတြရဲ႕ အေစာပိုင္း ယူအက္စ္ႏိုင္ငံတစ္လႊားမွာ သူမကို စတင္ေအာင္ျမင္ေစခဲ့တဲ့ သီခ်င္းေတြကေတာ့ Borderline ၊ Holiday ၊ Everybody အစရွိတဲ့ သီခ်င္းေတြ ျဖစ္ပါတယ္။ အဲ့ဒီ့ကေနမွတစ္ဆင့္ သူမကို လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ စြဲေစခဲ့တဲ့ ဒုတိယအယ္လ္ဘမ္ Like A Virgin ကို ထုတ္ေဝခဲ့တာ ျဖစ္ပါတယ္။ ၁၉၈၄ခုႏွစ္မွာ ထုတ္ေဝခဲ့တဲ့ Like A Virgin အယ္လ္ဘမ္ထဲက Material Girl ၊ Like A Virgin နဲ႔ Angel ဆိုတဲ့ ဆင္ဂယ္လ္သီခ်င္းေတြဟာ လူထုၾကားမွာ လုံးဝဟစ္ျဖစ္ခဲ့ၿပီး စီးပြားေရးအရလည္း ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့ပါတယ္။

Photo: madonna/ Instagram

Madonna ဟာ ယခုလက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ေပါင္း (၁၄)ေခြကို ထုတ္လုပ္ထားၿပီး တစ္ကမာၻလုံးအေနနဲ႔ အယ္လ္ဘမ္ခ်ပ္ေရ သန္းသုံးရာေက်ာ္ ေရာင္းခ်ထားရသူ ျဖစ္ပါတယ္။ သူမဟာ အခ်ိန္တိုင္းအတြက္ အယ္လ္ဘမ္ေရာင္းအားအမ်ားဆုံး အမ်ိဳးသမီးအဆိုေတာ္အျဖစ္ ဂင္းနစ္စံခ်ိန္ပါ ခ်ိဳးထားသူ ျဖစ္ပါတယ္။

သူမဟာ ဂရမ္မီစံကာတင္စာရင္းမွာ (၂၈)ခါ စံကာတင္ဝင္ထားသူျဖစ္ၿပီး ဂရမ္မီ(၇)ဆု ရရွိထားသူ ‌ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ ေ႐ႊကမာၻလုံးဆုႏွစ္ဆုကိုလည္း ဆြတ္ခူးထားပါေသးတယ္။ အဲ့ဒါကေတာ့ ၁၉၉၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Evita ႐ုပ္ရွင္နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆု ရရွိခဲ့တာျဖစ္ၿပီး ၂၀၁၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ W.E. ဆိုတဲ့ ႐ုပ္ရွင္ထဲမွာ Masterpiece ဆိုတဲ့ ဇာတ္ဝင္သီခ်င္းနဲ႔ Best Original Song ဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Photo: madonnascrapbook/ Instagram

Madonna ဟာ ဂီတေလာကထဲမွာ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ေအာင္ျမင္ခဲ့ၿပီး သူမရဲ႕အလွနဲ႔ သူမတူတဲ့ ဖက္ရွင္ေတြကိုပါ နည္းနည္းေလးမွ မေလ်ာ့သြားေအာင္ တင္ဆက္ျပသႏိုင္ခဲ့သူ ျဖစ္ပါတယ္။ သူမရဲ႕ လက္ရွိႂကြယ္ဝမႈကေတာ့ ေဒၚလာသန္း(၅၀၀)နဲ႔ သန္း(၈၀၀)အတြင္းမွာ ရွိေနၿပီး ကမာၻေပၚက အခ်မ္းသာဆုံး အဆိုေတာ္ေတြထဲမွာ ပါဝင္ေနပါတယ္။

ေပါ့ပ္ဂီတရဲ႕ ျပယုဂ္တစ္ခုအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ခဲ့တဲ့ အဆိုေတာ္ႀကီး Madonna တစ္ေယာက္ ေနာင္လာမယ့္ ႏွစ္ေပါင္းမ်ားစြာမွာလည္း ဒီ့ထက္မကတဲ့ ေအာင္ျမင္မႈေတြကို ဆက္လက္ ရယူႏိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular