HomeCharacterWakanda Forever ထဲက Talokanil တွေဟာ ဘယ်လောက်ထိ စွမ်းအားကြီးကြလဲ?

Wakanda Forever ထဲက Talokanil တွေဟာ ဘယ်လောက်ထိ စွမ်းအားကြီးကြလဲ?

Black Panther: Wakanda Forever ထဲမှာတော့ Namor နဲ့ Talokan မြို့တော်တို့ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Talokan မြို့တော်ကတော့ မက္ကစီကိုပင်လယ်ကွေ့ရဲ့ ရေအောက်ထဲမှာ တည်ရှိပြီး ရာစုနှစ်နဲ့ချီကာ လူမသိသူမသိ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Talokan မြို့တော်မှာ နေထိုင်ကြတဲ့ Talokanil တွေကတော့ Vibranium တွေနဲ့ ပေါင်းစပ်နေတဲ့အပင်ကို အရည်ဖျော် သောက်သုံးခဲ့တာကြောင့် သာမန်လူသားတွေထက် အဆင့်မြင့်တဲ့ လူသားမျိူးနွယ်တွေ ဖြစ်သွားကြပါတယ်။

Talokanil တွေဟာ ရေအောက်ထဲမှာတော့ သာမန်လူသားတွေလိုပဲ ဖြစ်ပေမယ့် ကုန်းမြေပေါ် ရောက်လာရင်တော့ အသားအရေက အပြာရောင် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ရေအောက်ထဲမှာ ရှင်သန်နိုင်ဖို့ ဆင့်ကဲပြောင်းလဲထားတာကြောင့် ကုန်းမြေပေါ်မှာတော့ အသက်ရှုနိုင်ဖို့ အကူကိရိယာတွေ လိုအပ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရသလောက်ဆိုရင်တော့ သူတို့ဟာ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်ကြပြီး Wakanda ရဲ့ Dora Milaje တွေနဲ့တောင် ယှဉ်နိုင်တာကို တွေ့ရပါတယ်။

photo via screenrant

သာမန် Talokanil တွေကတော့ သူတို့ရဲ့ DNA ထဲမှာ Vibranium တွေ ရောနှောနေတာကြောင့် သာမန်လူသားတွေထက်ပိုတဲ့ ခွန်အား၊ အကြမ်းခံနိုင်စွမ်း၊ သက်လုံ၊ လျင်မြန်မှုနဲ့ အံ့ဩစရာကောင်းလွန်းတဲ့ Healing Factor တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါ့အပြင် Talokanil တွေဟာ ဝေလငါးကြီးကို စီးနင်းလာတာ တွေ့ရတာကြောင့် ရေအောက်ထဲက သတ္တဝါတွေနဲ့လည်း စိတ်ချင်းဆက်သွယ်နိုင်ပုံ ရပါတယ်။ သူတို့ရဲ့ အကြီးမားဆုံးစွမ်းအားကတော့ Siren Song ပဲ ဖြစ်ပြီး ရန်သူတွေကို စိတ်ထိန်းချုပ်ကာ ဆန္ဒရှိသလို ချုပ်ကိုင်နိုင်တာပဲ ဖြစ်ပါတယ်။

photo via screenrant

Namor ကတော့ Mutant နဲ့ Talokanil Hybrid ဖြစ်တာကြောင့် Talokanil တွေအားလုံးထဲမှာတော့ စွမ်းအားအကြီးမားဆုံးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ဗေဒကလည်း သာမန် Talokanil နဲ့ မတူညီဘဲ ကုန်းမြေပေါ်မှာ အသက်ရှုဖို့အတွက် ဘာကိရိယာမှ မလိုအပ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ အခြား Talokanil တွေလို အသားအရေအပြာရောင်လည်း မပြောင်းလဲသွားပါဘူး။

စိတ်ဝင်စားစရာကောင်းတာကတော့ သူဟာ ရေအောက်ထဲမှာနေတာ ကြာမြင့်လာတာနဲ့အမျှ ပိုမိုခွန်အားကြီးမားလာတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Ryan Coogler ကလည်း Namor ဟာ Thor လောက် ခွန်အားကြီးမားတယ်လို့ အတည်ပြုထားပြီး ရေအောက်ထဲမှာ ဆိုရင်တော့ Hulk လောက် သန်မာတယ်လို့ ဆိုပါတယ်။

photo via screenrant

Namor ဟာ Talokanil လည်း ဖြစ်တာကြောင့် Talokanil တွေရဲ့ စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားပြီး သူ့ရဲ့ Talokanil စွမ်းအားတွေက ပိုမိုအစွမ်းထက်ပါတယ်။ ဒါ့အပြင် Mutant ဖြစ်နေတာကြောင့်လည်း သူဟာ သာမန်လူတွေထက် ကောင်းမွန်တဲ့ အကြားအာရုံ၊ အသက်ရှည်နိုင်စွမ်းနဲ့ လေပေါ်ပျံနိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ Namor ဟာ ၁၅၇၁ ခုနှစ်မှာ မွေးဖွားခဲ့ပေမယ့် ယခုအချိန်ထိ ငယ်ရွယ်ပုံ ပေါက်နေတာ ဖြစ်ပါတယ်။ ဒီအချက်တွေကတော့ Talokanil တွေနဲ့ ပတ်သက်ပြီး ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရသလောက်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular