HomeEntertainmentFilmThe Matrix ရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ Madonna

The Matrix ရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ Madonna

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကမ္ဘာကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ Madonna ဟာ The Matrix ရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး အဲ့ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူဟာ အဲ့ဒီလို ငြင်းပယ်လိုက်တာကို နောင်တရမိပါတယ်လို့လည်း ပြောခဲ့ပါတယ်။ သူမကတော့ ၁၉၈၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Madonna ဆိုလိုအယ်လ်ဘမ်နဲ့ စတင်ပွဲထွက်လာပြီး ကမ္ဘာကျော်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာကျော် အဆိုတော်တင်မဟုတ်ဘဲ ရုပ်ရှင်ကားပေါင်း (၂၅) ကားကျော်လောက်မှာ ပါဝင်ခဲ့ဖူးပြီး ၁၉၉၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Evita ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပါသေးတယ်။

photo via screenrant

Madonna ဟာ Evita ရုပ်ရှင်မှာ သရုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ Lana နဲ့ Lilly Wachowski တို့ နှစ်ယောက်ဟာ The Matrix ရုပ်ရှင်ကို ဖန်တီးဖို့ စီစဉ်နေကြပါတယ်။ အစတုန်းကတော့ Keanu Reeves သရုပ်ဆောင်ထားတဲ့ Neo ဇာတ်ကောင်ကို Will Smith ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး Will Smith ကတော့ ဒီဇာတ်လမ်းကို နားမလည်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ Morpheus ဇာတ်ကောင်နေရာမှာတော့ Val Kilmer ကို သရုပ်ဆောင်စေချင်ခဲ့ပြီး Agent Smith ဇာတ်ကောင်နေရာမှာတော့ ပြင်သစ်သရုပ်ဆောင် Jean Reno ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Jean Reno ကတော့ ဒီရုပ်ရှင်ရိုက်ဖို့အတွက် ဩစတျေးလျကို မပြောင်းရွေ့ချင်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

Madonna ဟာ The Tonight Show မှာ Jimmy Fallon နဲ့ အင်တာဗျူးမှာတော့ သူမဟာ သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ ဇာတ်လမ်းတွေအကြောင်းကို ပြောပြခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman Returns ရုပ်ရှင်ထဲမှာ Catwoman အဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး ငြင်းပယ်ခဲ့တာကြောင့် နောင်တရနေပါသေးတယ်။ နောက်တစ်ခုကတော့ The Matrix ရုပ်ရှင်ပဲဖြစ်ပြီး ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် အခုချိန်ထိ နောင်တနေတုန်းပါလို့ ပြောသွားပါတယ်။

photo via screenrant

သူမဟာ Matrix ထဲက ဘယ်ဇာတ်ကောင်နေရာကို ကမ်းလှမ်းခံခဲ့ရတယ်ဆိုတာ မပြောခဲ့ပေမယ့်လည်း Carrie-Anne Moss သရုပ်ဆောင်ထားတဲ့ Trinity ဇာတ်ကောင် ဖြစ်ဖို့များပါတယ်။ နာမည်ကြီးသရုပ်ဆောင်ဖြစ်သူ Salma Hayek ကလည်း Trinity ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ လူရွေးပွဲဝင်ပြိုင်ခဲ့ပြီး အပျင်းကြီးတာကြောင့် အဲ့ဒီဇာတ်ကောင်ကို ဆုံးရှုံးသွားတာပါလို့ ပြောခဲ့ပါတယ်။ အကယ်၍ Madonna သာ Trinity နေရာမှာ ပါဝင်ခဲ့မယ်ဆိုရင်တော့ The Matrix ဟာ ကျွန်တော်တို့ သိထားတာနဲ့ အများကြီးကွာခြားသွားနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

ကမာၻေက်ာ္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ Madonna ဟာ The Matrix ႐ုပ္ရွင္မွာ ပါဝင္ဖို႔ ကမ္းလွမ္းခံခဲ့ရၿပီး အဲ့ဒီကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ အဲ့ဒီလို ျငင္းပယ္လိုက္တာကို ေနာင္တရမိပါတယ္လို႔လည္း ေျပာခဲ့ပါတယ္။ သူမကေတာ့ ၁၉၈၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Madonna ဆိုလိုအယ္လ္ဘမ္နဲ႔ စတင္ပြဲထြက္လာၿပီး ကမာၻေက်ာ္လာခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ကမာၻေက်ာ္ အဆိုေတာ္တင္မဟုတ္ဘဲ ႐ုပ္ရွင္ကားေပါင္း (၂၅) ကားေက်ာ္ေလာက္မွာ ပါဝင္ခဲ့ဖူးၿပီး ၁၉၉၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Evita ႐ုပ္ရွင္နဲ႔ ေ႐ႊကမာၻလုံးဆု ရရွိခဲ့ပါေသးတယ္။

photo via screenrant

Madonna ဟာ Evita ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ၿပီး သိပ္မၾကာခင္မွာပဲ Lana နဲ႔ Lilly Wachowski တို႔ ႏွစ္ေယာက္ဟာ The Matrix ႐ုပ္ရွင္ကို ဖန္တီးဖို႔ စီစဥ္ေနၾကပါတယ္။ အစတုန္းကေတာ့ Keanu Reeves သ႐ုပ္ေဆာင္ထားတဲ့ Neo ဇာတ္ေကာင္ကို Will Smith ကို ကမ္းလွမ္းခဲ့တာျဖစ္ၿပီး Will Smith ကေတာ့ ဒီဇာတ္လမ္းကို နားမလည္တာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ Morpheus ဇာတ္ေကာင္ေနရာမွာေတာ့ Val Kilmer ကို သ႐ုပ္ေဆာင္ေစခ်င္ခဲ့ၿပီး Agent Smith ဇာတ္ေကာင္ေနရာမွာေတာ့ ျပင္သစ္သ႐ုပ္ေဆာင္ Jean Reno ကို ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္လည္း Jean Reno ကေတာ့ ဒီ႐ုပ္ရွင္႐ိုက္ဖို႔အတြက္ ဩစေတ်းလ်ကို မေျပာင္းေ႐ြ႕ခ်င္တာေၾကာင့္ ျငင္းပယ္ခဲ့ပါတယ္။

Madonna ဟာ The Tonight Show မွာ Jimmy Fallon နဲ႔ အင္တာဗ်ဴးမွာေတာ့ သူမဟာ သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့တဲ့ ဇာတ္လမ္းေတြအေၾကာင္းကို ေျပာျပခဲ့ပါတယ္။ အဲ့ဒီထဲက တစ္ခုကေတာ့ ၁၉၉၂ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Batman Returns ႐ုပ္ရွင္ထဲမွာ Catwoman အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရၿပီး ျငင္းပယ္ခဲ့တာေၾကာင့္ ေနာင္တရေနပါေသးတယ္။ ေနာက္တစ္ခုကေတာ့ The Matrix ႐ုပ္ရွင္ပဲျဖစ္ၿပီး ဒီကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာေၾကာင့္ အခုခ်ိန္ထိ ေနာင္တေနတုန္းပါလို႔ ေျပာသြားပါတယ္။

photo via screenrant

သူမဟာ Matrix ထဲက ဘယ္ဇာတ္ေကာင္ေနရာကို ကမ္းလွမ္းခံခဲ့ရတယ္ဆိုတာ မေျပာခဲ့ေပမယ့္လည္း Carrie-Anne Moss သ႐ုပ္ေဆာင္ထားတဲ့ Trinity ဇာတ္ေကာင္ ျဖစ္ဖို႔မ်ားပါတယ္။ နာမည္ႀကီးသ႐ုပ္ေဆာင္ျဖစ္သူ Salma Hayek ကလည္း Trinity ဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ လူေ႐ြးပြဲဝင္ၿပိဳင္ခဲ့ၿပီး အပ်င္းႀကီးတာေၾကာင့္ အဲ့ဒီဇာတ္ေကာင္ကို ဆုံးရႈံးသြားတာပါလို႔ ေျပာခဲ့ပါတယ္။ အကယ္၍ Madonna သာ Trinity ေနရာမွာ ပါဝင္ခဲ့မယ္ဆိုရင္ေတာ့ The Matrix ဟာ ကြၽန္ေတာ္တို႔ သိထားတာနဲ႔ အမ်ားႀကီးကြာျခားသြားႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular