HomeEntertainmentFilmBox-Office မွာ Joker ကိုေက်ာ္ၿပီး နံပါတ္တစ္ေနရာရသြားတဲ့ Maleficent: Mistress of Evil

Box-Office မွာ Joker ကိုေက်ာ္ၿပီး နံပါတ္တစ္ေနရာရသြားတဲ့ Maleficent: Mistress of Evil

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသမီး Angelina Jolie ဦးဆောင်ပါဝင်ထားတဲ့ Maleficent: Mistress of Evil ရုပ်ရှင်ဇာတ်ကားဟာ Box-Office နေရာမှာ နှစ်ပတ်တိုင်တိုင် ဗိုလ်စွဲထားတဲ့ Joker ရုပ်ရှင်ဇာတ်ကားကို ကျော်တက်ပြီး နံပါတ်(၁)နေရာကို ရရှိသွားပါပြီ။

Walt Disney Studios က ထုတ်လုပ်ထားပြီး Angelina Jolie နဲ့ Elle Fanning တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ ရုံတင်တဲ့ ပထမဆုံးရက်သတ္တပတ်အတွင်းမှာပဲ မြောက်အမေရိကတစ်ခုတည်းမှာ ဒေါ်လာ(၃၆)သန်းဝန်းကျင်နဲ့ နိုင်ငံတကာမှာ ဒေါ်လာ(၁၁၇)သန်း ဝင်ငွေ ရရှိထားပါတယ်။ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမရုပ်ရှင် Maleficent ရဲ့ ပထမရက်သတ္တပတ် ဝင်ငွေကတော့ အမေရိကန်ပြည်တွင်းမှာ ဒေါ်လာသန်း(၇၀)နီးပါး ရရှိခဲ့တာကြောင့် ပြည်တွင်းဝင်ငွေမှာ မယှဉ်သာခဲ့ပေမယ့် နိုင်ငံတကာဝင်ငွေမှာတော့ ကျေနပ်လောက်စရာ ဖြစ်ပါတယ်။

Photo: rotten tomatoes

Disney ရဲ့ ရုပ်ရှင်ဖြန့်ချိရေးဥက္ကဌ Cathleen Taff ကတော့ “ပြည်တွင်းမှာတော့ ကျွန်မတို့ မှန်းထားသလောက် ဝင်ငွေမကောင်းပါဘူး။ ဒါပေမယ့် ဟောလိုးဝင်းရာသီမှာ ကျွန်မတို့က တာထွက်ကောင်းသွားတာကတော့ အမှန်ပါပဲ။ ပြီးတော့ ကြည့်ရှုသူတွေဘက်က တုံ့ပြန်မှုကလည်း ကောင်းပါတယ်” လို့ ဆိုထားပါတယ်။

Photo: rotten tomatoes

Warner Brothers ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်တဲ့ Joker ရုပ်ရှင်ကတော့ နှစ်ပတ်အကြာ နံပါတ်(၁)နေရာမှာ ဗိုလ်စွဲနေခဲ့ရာကနေ နံပါတ်(၂)နေရာကို ဆင်းပေးခဲ့ရပေမယ့် ဝင်ငွေကတော့ အတော်လေး ကျေနပ်စရာ ကောင်းနေပါတယ်။ Joker ရဲ့ ပထမဆုံးရက်သတ္တပတ်ဝင်ငွေကတော့ အမေရိကန်ပြည်တွင်းမှာ ဒေါ်လာ(၂၉.၅)သန်းခန့်နဲ့ နိုင်ငံတကာမှာ ဒေါ်လာ(၇၇.၈)သန်းဝန်းကျင် ရရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ Joker ရုပ်ရှင်ဟာ အမေရိကန်ပြည်တွင်းမှာ ဒေါ်လာ(၂၄၇)သန်းဝန်းကျင် ရရှိထားပြီး နိုင်ငံတကာမှာတော့ ဒေါ်လာ(၇၃၇.၅)သန်းဝန်းကျင်နဲ့ Justice League နဲ့ Suicide Squad တို့ရဲ့ lifetime အမြတ်ငွေကို ကျော်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

Maleficent: Mistress of Evil ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာတော့ ရုံမတင်ရသေးပါဘူး။ လာမယ့်အောက်တိုဘာလ(၂၄)ရက်နေ့မှ ရုံတင်ပြသမှာဖြစ်လို့ အပြေးလေး သွားကြည့်လိုက်ကြပါဦးနော်။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္မင္းသမီး Angelina Jolie ဦးေဆာင္ပါ၀င္ထားတဲ့ Maleficent: Mistress of Evil ရုပ္ရွင္ဇာတ္ကားဟာ Box-Office ေနရာမွာ ႏွစ္ပတ္တိုင္တိုင္ ဗိုလ္စြဲထားတဲ့ Joker ရုပ္ရွင္ဇာတ္ကားကို ေက်ာ္တက္ၿပီး နံပါတ္(၁)ေနရာကို ရရိွသြားပါၿပီ။

Walt Disney Studios က ထုတ္လုပ္ထားၿပီး Angelina Jolie နဲ႔ Elle Fanning တို႔ ပါ၀င္သရုပ္ေဆာင္ထားတဲ့ ဒီဇာတ္ကားဟာ ရုံတင္တဲ့ ပထမဆုံးရက္သတၱပတ္အတြင္းမွာပဲ ေျမာက္အေမရိကတစ္ခုတည္းမွာ ေဒၚလာ(၃၆)သန္း၀န္းက်င္နဲ႔ ႏိုင္ငံတကာမွာ ေဒၚလာ(၁၁၇)သန္း ၀င္ေငြ ရရိွထားပါတယ္။ ၂၀၁၄ခုႏွစ္က ထြက္ရိွခဲ့တဲ့ ပထမရုပ္ရွင္ Maleficent ရဲ႕ ပထမရက္သတၱပတ္ ၀င္ေငြကေတာ့ အေမရိကန္ျပည္တြင္းမွာ ေဒၚလာသန္း(၇၀)နီးပါး ရရိွခဲ့တာေၾကာင့္ ျပည္တြင္း၀င္ေငြမွာ မယွဥ္သာခဲ့ေပမယ့္ ႏိုင္ငံတကာ၀င္ေငြမွာေတာ့ ေက်နပ္ေလာက္စရာ ျဖစ္ပါတယ္။

Photo: rotten tomatoes

Disney ရဲ႕ ရုပ္ရွင္ျဖန္႔ခ်ိေရးဥကၠဌ Cathleen Taff ကေတာ့ “ျပည္တြင္းမွာေတာ့ ကၽြန္မတို႔ မွန္းထားသေလာက္ ၀င္ေငြမေကာင္းပါဘူး။ ဒါေပမယ့္ ေဟာလိုး၀င္းရာသီမွာ ကၽြန္မတို႔က တာထြက္ေကာင္းသြားတာကေတာ့ အမွန္ပါပဲ။ ၿပီးေတာ့ ၾကည့္ရႈသူေတြဘက္က တုံ႔ျပန္မႈကလည္း ေကာင္းပါတယ္” လို႔ ဆိုထားပါတယ္။

Photo: rotten tomatoes

Warner Brothers ရုပ္ရွင္ကုမၸဏီက ထုတ္လုပ္တဲ့ Joker ရုပ္ရွင္ကေတာ့ ႏွစ္ပတ္အၾကာ နံပါတ္(၁)ေနရာမွာ ဗိုလ္စြဲေနခဲ့ရာကေန နံပါတ္(၂)ေနရာကို ဆင္းေပးခဲ့ရေပမယ့္ ၀င္ေငြကေတာ့ အေတာ္ေလး ေက်နပ္စရာ ေကာင္းေနပါတယ္။ Joker ရဲ႕ ပထမဆုံးရက္သတၱပတ္၀င္ေငြကေတာ့ အေမရိကန္ျပည္တြင္းမွာ ေဒၚလာ(၂၉.၅)သန္းခန္႔နဲ႔ ႏိုင္ငံတကာမွာ ေဒၚလာ(၇၇.၈)သန္း၀န္းက်င္ ရရိွခဲ့ပါတယ္။ လက္ရိွအခ်ိန္အထိ Joker ရုပ္ရွင္ဟာ အေမရိကန္ျပည္တြင္းမွာ ေဒၚလာ(၂၄၇)သန္း၀န္းက်င္ ရရိွထားၿပီး ႏိုင္ငံတကာမွာေတာ့ ေဒၚလာ(၇၃၇.၅)သန္း၀န္းက်င္နဲ႔ Justice League နဲ႔ Suicide Squad တို႔ရဲ႕ lifetime အျမတ္ေငြကို ေက်ာ္လြန္သြားခဲ့ၿပီး ျဖစ္ပါတယ္။

Maleficent: Mistress of Evil ရုပ္ရွင္ဇာတ္ကားႀကီးဟာ ျမန္မာႏိုင္ငံမွာေတာ့ ရုံမတင္ရေသးပါဘူး။ လာမယ့္ေအာက္တိုဘာလ(၂၄)ရက္ေန႔မွ ရုံတင္ျပသမွာျဖစ္လို႔ အေျပးေလး သြားၾကည့္လိုက္ၾကပါဦးေနာ္။

LaNina

Ref: indianexpress

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular