HomeEntertainmentFilmHarley Quinn ကာရိုက်တာအတွက် Margot Robbie ဘယ်လိုကြိုးစားခဲ့ရလဲ?

Harley Quinn ကာရိုက်တာအတွက် Margot Robbie ဘယ်လိုကြိုးစားခဲ့ရလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Harley Quinn ဟာ မြန်မာရုပ်ရှင်ချစ် ပရိသတ်တွေကြားက လူကြိုက်များတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Suicide Squad ရုပ်ရှင်ဟာ ပြည်တွင်းမှာ လူကြိုက်များခဲ့သလို Harley Quinn နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Margot Robbie ဟာလည်း လူငယ်တွေကြားမှာ ရေပန်းစားတဲ့ မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။

DC ရဲ့ စူပါဗီလိန်တစ်ယောက်ဖြစ်တဲ့ Harley Quinn ဇာတ်ကောင်အတိုင်း တစ်ထပ်တည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ဖို့ Margot Robbie တစ်ယောက် အများကြီး ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် သူမ ဘယ်လိုတင်းကြပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး ဘယ်လောက်အားစိုက်ထုတ်ခဲ့ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Harley Quinn နဲ့ ညှို့အားပြင်းတဲ့ဝတ်စုံ

ကောမစ်စာအုပ်ထဲက Harley Quinn ရဲ့ မူလဝတ်စုံဟာ လူပြက်တွေဝတ်တဲ့ ဝတ်စုံမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် Harley Quinn ရဲ့ အရိုင်းဆန်တဲ့အလှကို ဖော်ထုတ်ဖို့ရာ ကောမစ်ထဲကနဲ့ မတူတဲ့ဝတ်စုံဒီဇိုင်းတွေကို စဉ်းစားခဲ့ကြရပါတယ်။ အပြင်လက်တွေ့ဘဝကပုံစံမျိုးနဲ့ ဆက်စပ်မှုရှိပြီး လမ်းမပေါ်က ရဲရဲတင်းတင်း အမျိုးသမီးတစ်ယောက်ရဲ့ ကာရိုက်တာကိုမိဖို့ မှီငြမ်းစရာတစ်ခုကို သွားတွေ့ခဲ့ကြပါတယ်။ ရုပ်ရှင်ထဲက Harley Quinn ရဲ့ ခပ်ဟော့ဟော့ဒီဇိုင်းဟာ တကယ်တော့ ကိုယ်ပိုင်ဒီဇိုင်းမဟုတ်ဘဲ အမေရိကန်အဆိုတော်ကြီး Debbie Harry ရဲ့ ငယ်စဉ်က ဖက်ရှင်ကို မှီငြမ်းထားတာ ဖြစ်ပါတယ်။

ဖိနပ်ဆိုရင်လည်း အစပိုင်းက Boot နဲ့တွဲဖက်ဖို့ စဉ်းစားခဲ့ပေမယ့် ပထမဆုံး ကင်မရာစမ်းကြည့်တဲ့အခါ အရပ်နည်းနည်း ပိုထွက်ဖို့ လိုနေလို့ ဒေါက်မြင့်ကိုစီးဖို့ ရွေးခဲ့ကြရပါတယ်။ Margot ကတော့ ဒေါက်မြင့်ကြီးစီးရလို့ အဆိုးဆုံးအကြံပါပဲလို့ ငြီးတွားခဲ့ပါသေးတယ်။ သူမဟာ အဲ့ဒီ့ဖိနပ်ကြီးကို ရိုက်ကွင်းပေါ်မှာ တစ်ချိန်လုံးစီးထားရပြီး လှေကားအတက်အဆင်းတွေလုပ်ရလို့ အတော်လေး ပင်ပန်းခဲ့ရပါတယ်။ Harley Quinn ရဲ့ကိုယ်ပေါ်မှာ Margot နောက်ထပ် မုန်းတဲ့အရာတစ်ခုကတော့ ဆူးချွန်တွေပါတဲ့ ရွှေလက်ပတ် ဖြစ်ပါတယ်။ အမြဲတမ်း ထောက်မိ၊ ဆူးမိနေလို့ တကယ်အမုန်းဆုံးလို့ ဆိုထားပါတယ်။

ကောမစ်စာအုပ်ပုံထဲ ခေါင်းစိုက်ခဲ့ရတဲ့ Margot
Photo: margotrobbie/ Instagram

Margot ဟာ Harley Quinn ဇာတ်ကောင်ကိုရဖို့ တစ်ခြားလူတွေနဲ့ အသေအကြေ ယှဉ်ပြိုင်ခဲ့ရတာမျိုး မရှိပေမယ့် ရှုပ်ထွေးလှတဲ့ ဇာတ်ကောင်သဘောကို သိရှိနိုင်ဖို့ကတော့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ Harley Quinn ရဲ့ တကယ့် စိတ်ဝိဉာဉ်ထဲကို ဝင်နိုင်ဖို့အတွက် Harley Quinn နဲ့ ပတ်သက်၊ ဆက်နွယ်နေသမျှ ကောမစ်စာအုပ်တိုင်းကို ဖတ်ရှုလေ့လာခဲ့ရပါတယ်။ Margot အတွက် စိန်ခေါ်မှုအကြီးဆုံးအပိုင်းကတော့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်အဖြစ်ကနေ ဆိုက်ကိုဗီလိန်တစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ Harley Quinn ရဲ့ ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။

Harley Quinn ရဲ့ ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေအားလုံးကို နားလည်ခံစားနိုင်ဖို့အတွက် ကောမစ်စာအုပ်ပုံထဲကို ခေါင်းစိုက်ခဲ့ရပါတော့တယ်။ ဒီအပိုင်းဟာ ကောမစ်တွေထဲမှာလည်း တစ်အုပ်ထဲနဲ့ အပြည့်အစုံပါတာမျိုး မရှိလို့ ရှိသမျှ အကုန်ခြုံငုံလေ့လာပြီးမှ သူမနဲ့ကိုက်မယ့် ဗားရှင်းကို မှီငြမ်းအသုံးချခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေက Harley Quinn ကို ဘယ်လိုထင်မြင်ခံစားလည်းဆိုတာ သိနိုင်ဖို့ အွန်လိုင်းဖိုရမ်တွေမှာလည်း ကာရိုက်တာအကြောင်းတွေ ဖတ်ရှုလေ့လာခဲ့ပါသေးတယ်။

အသံနေအသံထား လေယူလေသိမ်းကို ပြန်လေ့ကျင့်ခဲ့ရပါတယ်။
Photo: margotrobbie/ Instagram

Margot ရဲ့ မူလအသံဟာ ညာသံခပ်စူးစူးပါ။ အဲ့ဒီ့အသံနေအသံထားဟာ dark ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ မလိုက်ဖက်ဘူးလို့ ဒါရိုက်တာက ပြောတာကြောင့် မတူတဲ့ အသံတစ်ခုကို ကြိုးစားကြည့်ဖို့ Margot ကို တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ Margot ဟာ သူမရဲ့မတူညီတဲ့ အသံတစ်ခုကို ပြန်လည်ရှာဖွေ လေ့ကျင့်ခဲ့ရပါတယ်။ ဒါဟာ Margot အတွက် အချိန်တစ်ခုယူပြီး ကြိုးစားရဖို့ ဖြစ်ခဲ့ပေမယ့် ကံကောင်းချင်တော့ Wolf of Wall Street ရုပ်ရှင်ထဲမှာ ဘရွတ်ကလင်းမြို့သူ Naomi Belfort အဖြစ်သရုပ်ဆောင်ခဲ့ဖူးတာကြောင့် ဒီလေသံကို မှီငြမ်းဖို့ စိတ်ကူးရသွားခဲ့ပါတယ်။

သို့ပေမယ့် ဒါရိုက်တာ David Ayer ကတော့ Margot နဲ့ စိတ်ကူးချင်းမတူဘဲ အဲ့ဒီ့ဘရွတ်ကလင်းလေသံကို မကြိုက်ဘူးလို့ ဆိုပြန်ပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာတော့ Goodfellas ရုပ်ရှင်ထဲက မင်းသမီး Lorraine Bracco ရဲ့ နယူးယော့ခ်လေသံကို မှီငြမ်းဖို့ ဖြစ်သွားပါတယ်။ Margot ဟာ Lorraine ရဲ့ ဇာတ်ဝင်ခန်းထဲက အသံအချို့ကို ဖြတ်တောက်ပြီး ရိုက်ကူးရေးမစခင်တိုင်းမှာ နားထောင်ကာ လေ့ကျင့်ခဲ့ရပါတယ်။

Harley Quinn ရဲ့ဘော်ဒီအမိုက်စားလေးနဲ့ အကြမ်းစား လေ့ကျင့်ခန်းများ
Photo: margotrobbie/ Instagram

ကာရိုက်တာအပေါ် ရာနှုန်းပြည့် စိတ်နှစ်ထားတဲ့ Margot ဟာ ရိုက်ကူးရေးမစခင် ခြောက်လအလိုတည်းက Harley Quinn ဘော်ဒီရဖို့ ထရိန်းခဲ့ရပါတယ်။ ကင်မရာရှေ့မှာ အကောင်းဆုံး ဖြစ်နေချင်တဲ့ သူမရဲ့စိတ်ကြောင့် စတန့်အများစုကိုလည်း ကိုယ်တိုင်ပဲ လုပ်ခဲ့ပါတယ်။ ဘောင်းဘီတိုလေးနဲ့ ခပ်ဟော့ဟော့ Harley Quinn ဖြစ်နေဖို့ သူမ လုပ်ခဲ့ရတဲ့ လေ့ကျင့်ခန်းတွေကလည်း အပြင်းအထန်ပါပဲ။ သူမဟာ တစ်နေ့ကို နှစ်နာရီနဲ့ သုံးနာရီကြားမှာ ထရိန်နင်ယူခဲ့ပြီး ရေကူးတာ၊ ပြေးတာ၊ ခုန်တာတွေကို အပြင်းအထန် လေ့ကျင့်ခဲ့သလို သေနတ်ပစ်တာ၊ လက်ဝှေ့ထိုးတာတွေကိုလည်း လေ့ကျင့်ခဲ့ပါသေးတယ်။

Margot ဟာ အက်ရှင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပေမယ့် တကယ် အကောင်အထည်ဖော် လုပ်ဖို့ကျတော့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အားနည်းနေခဲ့တယ်လို့ ဝန်ခံထားပါတယ်။ သူမ ရင်ဆိုင်ရတဲ့ နောက်ထပ်အခက်အခဲတစ်ခုကတော့ အပြင်းစားလေ့ကျင့်ခန်းတွေကြောင့် ကြွက်သားတွေ ရောင်ရမ်းကိုက်ခဲနေပေမယ့် ရိုက်ကွင်းပေါ်မှာတော့ တကယ့် ဆိုက်ကိုဗီလိန်တစ်ယောက်လို မှင်နဲ့မောင်းနဲ့ သရုပ်ဆောင်ရတာပါပဲ။

ရေငုပ်ပါသင်ခဲ့ရတဲ့ Margot Robbie
Photo: margotrobbie/ Instagram

ဇာတ်ကားအတွက် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထရိန်နင်တွေ ယူရတဲ့အပိုင်းမှာ Margot အကြိုက်ဆုံးကတော့ ရေငုပ်ရတာပါပဲ။ ရေအောက်ထဲမှာ ငါးမိနစ်ကျော်အထိ ရေငုပ်နိုင်အောင် လေ့ကျင့်ခဲ့ရပြီး အဲ့ဒီ့နောက်ပိုင်းမှာတော့ သူမ ပါတီလုပ်တိုင်းမှာ ဧည့်သည်တွေကို စိန်ခေါ်စရာတစ်ခု ရသွားတယ်လို့ ဆိုပါတယ်။ ဇာတ်ကောင်အတွက် စိတ်လှုပ်ရှားလွန်းနေပြီး အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်လည်း ရှိတာကြောင့် သူမရဲ့လူစားထိုးစတန့်သရုပ်ဆောင်ထက် ပိုကြာကြာ ရေငုပ်နိုင်အောင်ပါ ကြိုးစားခဲ့ပါသေးတယ်။ သို့ပေမယ့် အားလုံးက တားကြတာကြောင့် စတန့်သရုပ်ဆောင်ရဲ့ ငါးမိနစ်ခွဲစံချိန်ကိုတော့ မချိုးနိုင်ခဲ့ပါဘူး။

သူမအမုန်းဆုံး ဇာတ်ဝင်ခန်းတွေထဲကတစ်ခုကတော့ သူမရဲ့အသားကို အရောင်ချွတ်ဖို့ ဓာတုဆေးရည်ကန်ထဲကို ‌ဒိုင်ဗင်ထိုးချရတဲ့အခန်း ဖြစ်ပါတယ်။ ပျစ်ချွဲချွဲ သုတ်ဆေးလို အရည်တွေဟာ သူမရဲ့နှာခေါင်းနဲ့နားတွေထဲကို ဝင်ခဲ့ပြီး အဲ့ဒီ့ကန်ထဲမှာ အသက်လည်းရှူလို့မရဘဲ မျက်လုံးထဲအထိပါ ဆေးရည်တွေ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သူမဘဝမှာ လုပ်ဖူးခဲ့သမျှထဲမှာ စိတ်ညစ်စရာအကောင်းဆုံး အဖြစ်အပျက်ပါလို့ ရင်ဖွင့်ထားပါတယ်။

Harley Quinn ရဲ့အချစ်အပေါ် ကျိုးနွံမှုကို နားလည်အောင် လေ့ကျင့်ယူခဲ့ရပါတယ်။
Photo: jaredleto/ Instagram

Margot ဟာ သူမရဲ့ဇာတ်ကောင်အပေါ်မှာ အစစအရာရာ နားလည်သဘောပေါက်နိုင်ဖို့ အဖက်ဖက်က ကြိုးစားအားထုတ်ခဲ့ပေမယ့် သူမဘာသာ နားမလည်နိုင်တဲ့အရာတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Harley Quinn ရဲ့ Joker အပေါ် စွဲလမ်းမှုပါပဲ။ ” ဒီလောက် အကြောတင်းတဲ့ မိန်းမက ယောက်ျားတစ်ယောက်နဲ့ တွေ့မှပဲ တစစီပဲ့ကြွေပေးတယ်ဆိုတာ ကျွန်မဖြင့် နားမလည်ဘူး။ စိတ်ထဲ တကယ် မချင့်မရဲဖြစ်ရတယ်… ” လို့ Margot က ပြောထားပါသေးတယ်။ ကိုယ့်အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံတဲ့လူတစ်ယောက်ကို ပုံအပ်ပြီး ချစ်မြတ်နိုးတဲ့ Harley Quinn ရဲ့အချစ်ကို ပရိသတ်တွေ ဘာလို့သဘောကျကြလည်းဆိုတာ သူမ အဖြေရှာမရခဲ့ပါဘူး။ ဒါပေမယ့် အိုက်တင်နည်းပြရဲ့ အကြံပေးချက်အရ Fool For Love ဆိုတဲ့ ပြဇာတ်ကို ဖတ်ပြီးတဲ့နောက်မှာတော့ Harley Quinn ရဲ့ Joker အပေါ် ရူးသွပ်မှုကို သူမ နားလည်သွားခဲ့ပါတော့တယ်။

Photo: margotrobbie/ Instagram

ဒါ့အပြင် Harley Quinn ဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးချုပ်ကိုင်ပြီး ကြိုက်သလို ခြယ်လှယ်ကာ ဒဏ်ရာပေးတတ်သူ ဖြစ်ပါတယ်။ ဒီကာရိုက်တာအတိုင်း ကွက်တိဝင်နေဖို့ ဒါရိုက်တာက Margot ကို ရိုက်ကွင်းပေါ်မှာ ခပ်ရိုင်းရိုင်း အထက်စီးဆန်ဆန်နေဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် Margot ဟာ ရိုက်ကွင်းပေါ်က သရုပ်ဆောင်တွေရဲ့ အားနည်းချက်တွေကို လိုက်ကြည့်ပြီး စိတ်မလုံမခြုံဖြစ်လာအောင် ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ လုပ်ခဲ့ရပါတယ်။ ဒါမျိုးလုပ်ရတာကိုတော့ သူမအနေနဲ့ တကယ် စိတ်မကောင်းပါဘူးလို့ ဆိုထားပါတယ်။

ဒါကတော့ နာမည်ကျော် Harley Quinn ကာရိုက်တာကို သရုပ်ဆောင်ဖို့ Margot Robbie တစ်ယောက် ကြိုးစားခဲ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်ဖို့ share သွားပေးပါဦး။

LaNina
(Zawgyi Version)

Harley Quinn ဟာ ျမန္မာ႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြၾကားက လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္တစ္ခု ျဖစ္ပါတယ္။ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ Suicide Squad ႐ုပ္ရွင္ဟာ ျပည္တြင္းမွာ လူႀကိဳက္မ်ားခဲ့သလို Harley Quinn ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးေခ်ာ Margot Robbie ဟာလည္း လူငယ္ေတြၾကားမွာ ေရပန္းစားတဲ့ မင္းသမီးတစ္လက္ ျဖစ္လာခဲ့ပါတယ္။

DC ရဲ႕ စူပါဗီလိန္တစ္ေယာက္ျဖစ္တဲ့ Harley Quinn ဇာတ္ေကာင္အတိုင္း တစ္ထပ္တည္း ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္ဖို႔ Margot Robbie တစ္ေယာက္ အမ်ားႀကီး ႀကိဳးစား႐ုန္းကန္ခဲ့ရပါတယ္။ ဒါေၾကာင့္ သူမ ဘယ္လိုတင္းၾကပ္တဲ့ စည္းမ်ဥ္းေတြကို လိုက္နာၿပီး ဘယ္ေလာက္အားစိုက္ထုတ္ခဲ့ရတယ္ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

Harley Quinn နဲ႔ ညႇိဳ႕အားျပင္းတဲ့ဝတ္စုံ

ေကာမစ္စာအုပ္ထဲက Harley Quinn ရဲ႕ မူလဝတ္စုံဟာ လူျပက္ေတြဝတ္တဲ့ ဝတ္စုံမ်ိဳး ျဖစ္ပါတယ္။ သို႔ေပမယ့္ Harley Quinn ရဲ႕ အ႐ိုင္းဆန္တဲ့အလွကို ေဖာ္ထုတ္ဖို႔ရာ ေကာမစ္ထဲကနဲ႔ မတူတဲ့ဝတ္စုံဒီဇိုင္းေတြကို စဥ္းစားခဲ့ၾကရပါတယ္။ အျပင္လက္ေတြ႕ဘဝကပုံစံမ်ိဳးနဲ႔ ဆက္စပ္မႈရွိၿပီး လမ္းမေပၚက ရဲရဲတင္းတင္း အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကာ႐ိုက္တာကိုမိဖို႔ မွီျငမ္းစရာတစ္ခုကို သြားေတြ႕ခဲ့ၾကပါတယ္။ ႐ုပ္ရွင္ထဲက Harley Quinn ရဲ႕ ခပ္ေဟာ့ေဟာ့ဒီဇိုင္းဟာ တကယ္ေတာ့ ကိုယ္ပိုင္ဒီဇိုင္းမဟုတ္ဘဲ အေမရိကန္အဆိုေတာ္ႀကီး Debbie Harry ရဲ႕ ငယ္စဥ္က ဖက္ရွင္ကို မွီျငမ္းထားတာ ျဖစ္ပါတယ္။

ဖိနပ္ဆိုရင္လည္း အစပိုင္းက Boot နဲ႔တြဲဖက္ဖို႔ စဥ္းစားခဲ့ေပမယ့္ ပထမဆုံး ကင္မရာစမ္းၾကည့္တဲ့အခါ အရပ္နည္းနည္း ပိုထြက္ဖို႔ လိုေနလို႔ ေဒါက္ျမင့္ကိုစီးဖို႔ ေ႐ြးခဲ့ၾကရပါတယ္။ Margot ကေတာ့ ေဒါက္ျမင့္ႀကီးစီးရလို႔ အဆိုးဆုံးအႀကံပါပဲလို႔ ၿငီးတြားခဲ့ပါေသးတယ္။ သူမဟာ အဲ့ဒီ့ဖိနပ္ႀကီးကို ႐ိုက္ကြင္းေပၚမွာ တစ္ခ်ိန္လုံးစီးထားရၿပီး ေလွကားအတက္အဆင္းေတြလုပ္ရလို႔ အေတာ္ေလး ပင္ပန္းခဲ့ရပါတယ္။ Harley Quinn ရဲ႕ကိုယ္ေပၚမွာ Margot ေနာက္ထပ္ မုန္းတဲ့အရာတစ္ခုကေတာ့ ဆူးခြၽန္ေတြပါတဲ့ ေ႐ႊလက္ပတ္ ျဖစ္ပါတယ္။ အၿမဲတမ္း ေထာက္မိ၊ ဆူးမိေနလို႔ တကယ္အမုန္းဆုံးလို႔ ဆိုထားပါတယ္။

ေကာမစ္စာအုပ္ပုံထဲ ေခါင္းစိုက္ခဲ့ရတဲ့ Margot
Photo: margotrobbie/ Instagram

Margot ဟာ Harley Quinn ဇာတ္ေကာင္ကိုရဖို႔ တစ္ျခားလူေတြနဲ႔ အေသအေၾက ယွဥ္ၿပိဳင္ခဲ့ရတာမ်ိဳး မရွိေပမယ့္ ရႈပ္ေထြးလွတဲ့ ဇာတ္ေကာင္သေဘာကို သိရွိႏိုင္ဖို႔ကေတာ့ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရပါတယ္။ Harley Quinn ရဲ႕ တကယ့္ စိတ္ဝိဉာဥ္ထဲကို ဝင္ႏိုင္ဖို႔အတြက္ Harley Quinn နဲ႔ ပတ္သက္၊ ဆက္ႏြယ္ေနသမွ် ေကာမစ္စာအုပ္တိုင္းကို ဖတ္ရႈေလ့လာခဲ့ရပါတယ္။ Margot အတြက္ စိန္ေခၚမႈအႀကီးဆုံးအပိုင္းကေတာ့ စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္အျဖစ္ကေန ဆိုက္ကိုဗီလိန္တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတဲ့ Harley Quinn ရဲ႕ ေျပာင္းလဲမႈပဲ ျဖစ္ပါတယ္။

Harley Quinn ရဲ႕ ရည္႐ြယ္ခ်က္ေတြ၊ ဆႏၵေတြအားလုံးကို နားလည္ခံစားႏိုင္ဖို႔အတြက္ ေကာမစ္စာအုပ္ပုံထဲကို ေခါင္းစိုက္ခဲ့ရပါေတာ့တယ္။ ဒီအပိုင္းဟာ ေကာမစ္ေတြထဲမွာလည္း တစ္အုပ္ထဲနဲ႔ အျပည့္အစုံပါတာမ်ိဳး မရွိလို႔ ရွိသမွ် အကုန္ၿခဳံငုံေလ့လာၿပီးမွ သူမနဲ႔ကိုက္မယ့္ ဗားရွင္းကို မွီျငမ္းအသုံးခ်ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြက Harley Quinn ကို ဘယ္လိုထင္ျမင္ခံစားလည္းဆိုတာ သိႏိုင္ဖို႔ အြန္လိုင္းဖိုရမ္ေတြမွာလည္း ကာ႐ိုက္တာအေၾကာင္းေတြ ဖတ္ရႈေလ့လာခဲ့ပါေသးတယ္။

အသံေနအသံထား ေလယူေလသိမ္းကို ျပန္ေလ့က်င့္ခဲ့ရပါတယ္။
Photo: margotrobbie/ Instagram

Margot ရဲ႕ မူလအသံဟာ ညာသံခပ္စူးစူးပါ။ အဲ့ဒီ့အသံေနအသံထားဟာ dark ျဖစ္တဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ မလိုက္ဖက္ဘူးလို႔ ဒါ႐ိုက္တာက ေျပာတာေၾကာင့္ မတူတဲ့ အသံတစ္ခုကို ႀကိဳးစားၾကည့္ဖို႔ Margot ကို ေတာင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Margot ဟာ သူမရဲ႕မတူညီတဲ့ အသံတစ္ခုကို ျပန္လည္ရွာေဖြ ေလ့က်င့္ခဲ့ရပါတယ္။ ဒါဟာ Margot အတြက္ အခ်ိန္တစ္ခုယူၿပီး ႀကိဳးစားရဖို႔ ျဖစ္ခဲ့ေပမယ့္ ကံေကာင္းခ်င္ေတာ့ Wolf of Wall Street ႐ုပ္ရွင္ထဲမွာ ဘ႐ြတ္ကလင္းၿမိဳ႕သူ Naomi Belfort အျဖစ္သ႐ုပ္ေဆာင္ခဲ့ဖူးတာေၾကာင့္ ဒီေလသံကို မွီျငမ္းဖို႔ စိတ္ကူးရသြားခဲ့ပါတယ္။

သို႔ေပမယ့္ ဒါ႐ိုက္တာ David Ayer ကေတာ့ Margot နဲ႔ စိတ္ကူးခ်င္းမတူဘဲ အဲ့ဒီ့ဘ႐ြတ္ကလင္းေလသံကို မႀကိဳက္ဘူးလို႔ ဆိုျပန္ပါတယ္။ ဒါနဲ႔ပဲ ေနာက္ဆုံးမွာေတာ့ Goodfellas ႐ုပ္ရွင္ထဲက မင္းသမီး Lorraine Bracco ရဲ႕ နယူးေယာ့ခ္ေလသံကို မွီျငမ္းဖို႔ ျဖစ္သြားပါတယ္။ Margot ဟာ Lorraine ရဲ႕ ဇာတ္ဝင္ခန္းထဲက အသံအခ်ိဳ႕ကို ျဖတ္ေတာက္ၿပီး ႐ိုက္ကူးေရးမစခင္တိုင္းမွာ နားေထာင္ကာ ေလ့က်င့္ခဲ့ရပါတယ္။

Harley Quinn ရဲ႕ေဘာ္ဒီအမိုက္စားေလးနဲ႔ အၾကမ္းစား ေလ့က်င့္ခန္းမ်ား
Photo: margotrobbie/ Instagram

ကာ႐ိုက္တာအေပၚ ရာႏႈန္းျပည့္ စိတ္ႏွစ္ထားတဲ့ Margot ဟာ ႐ိုက္ကူးေရးမစခင္ ေျခာက္လအလိုတည္းက Harley Quinn ေဘာ္ဒီရဖို႔ ထရိန္းခဲ့ရပါတယ္။ ကင္မရာေရွ႕မွာ အေကာင္းဆုံး ျဖစ္ေနခ်င္တဲ့ သူမရဲ႕စိတ္ေၾကာင့္ စတန႔္အမ်ားစုကိုလည္း ကိုယ္တိုင္ပဲ လုပ္ခဲ့ပါတယ္။ ေဘာင္းဘီတိုေလးနဲ႔ ခပ္ေဟာ့ေဟာ့ Harley Quinn ျဖစ္ေနဖို႔ သူမ လုပ္ခဲ့ရတဲ့ ေလ့က်င့္ခန္းေတြကလည္း အျပင္းအထန္ပါပဲ။ သူမဟာ တစ္ေန႔ကို ႏွစ္နာရီနဲ႔ သုံးနာရီၾကားမွာ ထရိန္နင္ယူခဲ့ၿပီး ေရကူးတာ၊ ေျပးတာ၊ ခုန္တာေတြကို အျပင္းအထန္ ေလ့က်င့္ခဲ့သလို ေသနတ္ပစ္တာ၊ လက္ေဝွ႔ထိုးတာေတြကိုလည္း ေလ့က်င့္ခဲ့ပါေသးတယ္။

Margot ဟာ အက္ရွင္ေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုလုပ္ရမယ္ဆိုတဲ့ နည္းလမ္းပိုင္းကို ကြၽမ္းက်င္ပိုင္ႏိုင္ေပမယ့္ တကယ္ အေကာင္အထည္ေဖာ္ လုပ္ဖို႔က်ေတာ့ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈမွာ အားနည္းေနခဲ့တယ္လို႔ ဝန္ခံထားပါတယ္။ သူမ ရင္ဆိုင္ရတဲ့ ေနာက္ထပ္အခက္အခဲတစ္ခုကေတာ့ အျပင္းစားေလ့က်င့္ခန္းေတြေၾကာင့္ ႂကြက္သားေတြ ေရာင္ရမ္းကိုက္ခဲေနေပမယ့္ ႐ိုက္ကြင္းေပၚမွာေတာ့ တကယ့္ ဆိုက္ကိုဗီလိန္တစ္ေယာက္လို မွင္နဲ႔ေမာင္းနဲ႔ သ႐ုပ္ေဆာင္ရတာပါပဲ။

ေရငုပ္ပါသင္ခဲ့ရတဲ့ Margot Robbie
Photo: margotrobbie/ Instagram

ဇာတ္ကားအတြက္ လိုအပ္တဲ့ ႐ုပ္ပိုင္းဆိုင္ရာ ထရိန္နင္ေတြ ယူရတဲ့အပိုင္းမွာ Margot အႀကိဳက္ဆုံးကေတာ့ ေရငုပ္ရတာပါပဲ။ ေရေအာက္ထဲမွာ ငါးမိနစ္ေက်ာ္အထိ ေရငုပ္ႏိုင္ေအာင္ ေလ့က်င့္ခဲ့ရၿပီး အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ သူမ ပါတီလုပ္တိုင္းမွာ ဧည့္သည္ေတြကို စိန္ေခၚစရာတစ္ခု ရသြားတယ္လို႔ ဆိုပါတယ္။ ဇာတ္ေကာင္အတြက္ စိတ္လႈပ္ရွားလြန္းေနၿပီး အႏိုင္မခံ အရႈံးမေပးစိတ္ဓာတ္လည္း ရွိတာေၾကာင့္ သူမရဲ႕လူစားထိုးစတန႔္သ႐ုပ္ေဆာင္ထက္ ပိုၾကာၾကာ ေရငုပ္ႏိုင္ေအာင္ပါ ႀကိဳးစားခဲ့ပါေသးတယ္။ သို႔ေပမယ့္ အားလုံးက တားၾကတာေၾကာင့္ စတန႔္သ႐ုပ္ေဆာင္ရဲ႕ ငါးမိနစ္ခြဲစံခ်ိန္ကိုေတာ့ မခ်ိဳးႏိုင္ခဲ့ပါဘူး။

သူမအမုန္းဆုံး ဇာတ္ဝင္ခန္းေတြထဲကတစ္ခုကေတာ့ သူမရဲ႕အသားကို အေရာင္ခြၽတ္ဖို႔ ဓာတုေဆးရည္ကန္ထဲကို ‌ဒိုင္ဗင္ထိုးခ်ရတဲ့အခန္း ျဖစ္ပါတယ္။ ပ်စ္ခြၽဲခြၽဲ သုတ္ေဆးလို အရည္ေတြဟာ သူမရဲ႕ႏွာေခါင္းနဲ႔နားေတြထဲကို ဝင္ခဲ့ၿပီး အဲ့ဒီ့ကန္ထဲမွာ အသက္လည္းရႉလို႔မရဘဲ မ်က္လုံးထဲအထိပါ ေဆးရည္ေတြ ဝင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါဟာ သူမဘဝမွာ လုပ္ဖူးခဲ့သမွ်ထဲမွာ စိတ္ညစ္စရာအေကာင္းဆုံး အျဖစ္အပ်က္ပါလို႔ ရင္ဖြင့္ထားပါတယ္။

Harley Quinn ရဲ႕အခ်စ္အေပၚ က်ိဳးႏြံမႈကို နားလည္ေအာင္ ေလ့က်င့္ယူခဲ့ရပါတယ္။
Photo: jaredleto/ Instagram

Margot ဟာ သူမရဲ႕ဇာတ္ေကာင္အေပၚမွာ အစစအရာရာ နားလည္သေဘာေပါက္ႏိုင္ဖို႔ အဖက္ဖက္က ႀကိဳးစားအားထုတ္ခဲ့ေပမယ့္ သူမဘာသာ နားမလည္ႏိုင္တဲ့အရာတစ္ခု ရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ Harley Quinn ရဲ႕ Joker အေပၚ စြဲလမ္းမႈပါပဲ။ ” ဒီေလာက္ အေၾကာတင္းတဲ့ မိန္းမက ေယာက္်ားတစ္ေယာက္နဲ႔ ေတြ႕မွပဲ တစစီပဲ့ေႂကြေပးတယ္ဆိုတာ ကြၽန္မျဖင့္ နားမလည္ဘူး။ စိတ္ထဲ တကယ္ မခ်င့္မရဲျဖစ္ရတယ္… ” လို႔ Margot က ေျပာထားပါေသးတယ္။ ကိုယ့္အေပၚ ဆိုးဆိုး႐ြား႐ြား ဆက္ဆံတဲ့လူတစ္ေယာက္ကို ပုံအပ္ၿပီး ခ်စ္ျမတ္ႏိုးတဲ့ Harley Quinn ရဲ႕အခ်စ္ကို ပရိသတ္ေတြ ဘာလို႔သေဘာက်ၾကလည္းဆိုတာ သူမ အေျဖရွာမရခဲ့ပါဘူး။ ဒါေပမယ့္ အိုက္တင္နည္းျပရဲ႕ အႀကံေပးခ်က္အရ Fool For Love ဆိုတဲ့ ျပဇာတ္ကို ဖတ္ၿပီးတဲ့ေနာက္မွာေတာ့ Harley Quinn ရဲ႕ Joker အေပၚ ႐ူးသြပ္မႈကို သူမ နားလည္သြားခဲ့ပါေတာ့တယ္။

Photo: margotrobbie/ Instagram

ဒါ့အျပင္ Harley Quinn ဟာ လူေတြရဲ႕စိတ္ကို လႊမ္းမိုးခ်ဳပ္ကိုင္ၿပီး ႀကိဳက္သလို ျခယ္လွယ္ကာ ဒဏ္ရာေပးတတ္သူ ျဖစ္ပါတယ္။ ဒီကာ႐ိုက္တာအတိုင္း ကြက္တိဝင္ေနဖို႔ ဒါ႐ိုက္တာက Margot ကို ႐ိုက္ကြင္းေပၚမွာ ခပ္႐ိုင္း႐ိုင္း အထက္စီးဆန္ဆန္ေနဖို႔ တြန္းအားေပးခဲ့ပါတယ္။ ဒါေၾကာင့္ Margot ဟာ ႐ိုက္ကြင္းေပၚက သ႐ုပ္ေဆာင္ေတြရဲ႕ အားနည္းခ်က္ေတြကို လိုက္ၾကည့္ၿပီး စိတ္မလုံမၿခဳံျဖစ္လာေအာင္ ခနဲ႔တဲ့တဲ့၊ ႐ြဲ႕တဲ့တဲ့ လုပ္ခဲ့ရပါတယ္။ ဒါမ်ိဳးလုပ္ရတာကိုေတာ့ သူမအေနနဲ႔ တကယ္ စိတ္မေကာင္းပါဘူးလို႔ ဆိုထားပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္ Harley Quinn ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ဖို႔ Margot Robbie တစ္ေယာက္ ႀကိဳးစားခဲ့ရတဲ့အရာေတြ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ဖို႔ share သြားေပးပါဦး။

LaNina

 

 

RELATED ARTICLES

Most Popular