HomeBiographyကမ္ဘာသိ Idol တစ်ယောက်ဖြစ်လာခဲ့တဲ့ Jennie ရဲ့ဂီတခရီးလမ်းပေါ်က အခက်အခဲများ

ကမ္ဘာသိ Idol တစ်ယောက်ဖြစ်လာခဲ့တဲ့ Jennie ရဲ့ဂီတခရီးလမ်းပေါ်က အခက်အခဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဟာ ကမ္ဘာ့ဂီတလောကအထိ ထိုးဖောက်နိုင်နေပြီဖြစ်တာကြောင့် ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပြီး အဖွဲ့ဝင်တိုင်းဟာလည်း ကြောက်ခမန်းလိလိ အောင်မြင်မှုတွေကို ရရှိခံစားနေကြရပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီနေ့လို အောင်မြင်မှုတွေ ရရှိဖို့အတွက် လွယ်လွယ်နဲ့ ကြိုးစားလို့ ရခဲ့တာတော့ မဟုတ်ပါဘူး။ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ အခုလို အောင်မြင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie ရဲ့ ဂီတခရီးလမ်းကို ကြည့်လိုက်မယ်ဆိုရင်လည်း တော်တော်လေး ခက်ခဲကြမ်းတမ်းခဲ့တာကို တွေ့ရမှာပါ။ Jennie ဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက သူမရဲ့ အိပ်မက်ပန်းတိုင်ကို ကွဲကွဲပြားပြား သိရှိခဲ့သူဖြစ်ပြီး တကယ်ဖြစ်လာအောင်လည်း အကောင်အထည်ဖော်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo: jennierubyjane/ Instagram

Jennie မိခင်ရဲ့ မူလဆုံးဖြတ်ချက်ဟာ သူမကို အမေရိကန်ပြည်ထောင်စုဆီ ပြောင်းရွှေ့နေထိုင်စေဖို့ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်မှာ Jennie ဟာ ငယ်ရွယ်သေးတဲ့ အရွယ်လေးပဲ ရှိသေးပေမယ့် သူမဘဝမှာ ဘာဖြစ်ချင်လည်းဆိုတာကို သေသေချာချာ စဉ်းစားခဲ့ပါတယ်။ သူမ လုပ်ချင်တာဟာ ဂီတအလုပ်လို့ ရှင်းရှင်းလင်းလင်း သိရှိသွားတဲ့အချိန်မှာတော့ ဘယ်သူနဲ့မှ မသိဘဲ အမေရိကမှာ တစ်ယောက်တည်း သွားနေရမယ့်အဖြစ်မျိုးကို မလိုချင်တော့ပါဘူး။

ဒါနဲ့ပဲ Jennie ဟာ သတ္တိမွေးပြီး သူမဖြစ်ချင်တဲ့အရာကို မိခင်ဖြစ်သူဆီမှာ ပြောပြခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ အိပ်မက်ကို သိသွားတဲ့အချိန်မှာ Jennie ရဲ့မိခင်ဟာ အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ Jennie ဟာ YG Entertainment ရဲ့ ထရိန်နီတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် အခက်အခဲပေါင်း မြောက်များစွာက သူမကို အသင့်စောင့်ကြိုနေခဲ့ပါတယ်။ ထရိန်နီဘဝဟာ တကယ်ကို အေးစက်အထီးကျန်လွန်းပြီး ကြမ်းတမ်းပါတယ်လို့ Jennie ကတော့ ဆိုခဲ့ဖူးပါတယ်။

Photo: jennierubyjane/ Instagram

YG Entertainment ဟာ သူ့ထရိန်နီတွေရဲ့ တိုးတက်မှုကို လစဉ် စစ်ဆေးအကဲဖြတ်လေ့ ရှိပါတယ်။ YG က ပီဒီတွေအားလုံးနဲ့ artist အချို့အပြင် ဆရာ Yang ကပါ လစဉ် လာရောက်ကြည့်ရှုပြီး ထရိန်နီတွေကို အကဲဖြတ်တာ ဖြစ်ပါတယ်။ အဆိုပါ လစဉ် စစ်ဆေးမှုမှာတော့ ထရိန်နီတစ်ယောက်ချင်းစီဟာ ဆိုလိုသီချင်းတစ်ပုဒ်၊ အဖွဲ့လိုက်သီချင်းတစ်ပုဒ်နဲ့ အကသီချင်းတစ်ပုဒ်စီကို ဖျော်ဖြေပြီး အကဲဖြတ်ခံရတာပါ။

ဒါ့အပြင် အဲ့ဒီ့လစဉ်စစ်ဆေးမှုတိုင်းမှာ ထရိန်နီတွေကပဲ ကိုယ့်ဘာသာ ဖန်တီးမှုအပိုင်းတွေကို လုပ်ဆောင်ရတာဖြစ်တယ်လို့ Jennie က ပြောပြဖူးပါသေးတယ်။ လပတ်စစ်ဆေးမှုတိုင်းမှာ အဖွဲ့တွေကို ထရိန်နီတွေကိုယ်တိုင်က ရွေးချယ်ဖွဲ့စည်းထားရတာဖြစ်ပြီး သီချင်းအပိုဒ်ခွဲတာ၊ အဝတ်အစားဒီဇိုင်း၊ စတိတ်အပြင်အဆင် စတာတွေတင်မက ကကွက်တီထွင်ဖန်တီးမှုတွေကိုပါ ထရိန်နီတွေက ဖန်တီးပြရတာ ဖြစ်ပါတယ်။ Jennie အတွက်တော့ အဲ့ဒီလစဉ် စစ်ဆေးမှုတိုင်းဟာ စိတ်ဖိစီးစရာကောင်းတယ်လို့ ဆိုပါတယ်။

Photo: jennierubyjane/ Instagram

အရည်အချင်းပြည့်ဝတဲ့ ထရိန်နီတစ်ယောက်ဖြစ်မှ Idol တစ်ယောက်အဖြစ် ပွဲထွက်နိုင်မှာမို့ လစဉ် စစ်ဆေးမှုတွေတင်မက ရက်သတ္တပတ်တိုင်း စစ်ဆေးမှုတွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်ရပါသေးတယ်။ အပတ်စဉ်တိုင်းမှာ အဆိုပိုင်းအတွက် ဗွီဒီယို၊ အကတစ်မျိုးချင်းစီကို ကပြထားတဲ့ ဗွီဒီယိုတွေကိုပါ ကိုယ်တိုင်ရိုက်ကူးရသေးတယ်လို့ ဆိုပါတယ်။

တစ်ခြားလူတွေအတွက်ဆိုရင်တော့ အဲ့ဒီ့တုန်းက အခြေအနေဟာ မညှာမတာ၊ ခိုင်းရက်လွန်းတယ်လို့ ထင်စရာရှိပေမယ့် ရည်မှန်းချက် ပြင်းထန်လွန်းတဲ့ Jennie လို ထရိန်နီလိုမျိုးအတွက်ကတော့ ခက်ခဲတာတွေ၊ လွယ်ကူတာတွေ ဆိုတာမျိုးမရှိဘဲ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုလို့သာ သဘောထားတယ်လို့ ဆိုပါတယ်။

Photo: jennierubyjane/ Instagram

ထရိန်နီတစ်ယောက်အနေနဲ့ ခက်ခဲတဲ့ကာလတွေကို ဖြတ်ကျော်ခဲ့ရတဲ့အပေါ် တန်ဖိုးထားပါတယ်လို့ Jennie က ရင်ဖွင့်ထားဖူးပါတယ်။ အဲ့လိုအခက်အခဲတွေကြောင့်သာ သူမဟာ ပိုပြီးစိတ်ဓာတ်ခိုင်မာသူတစ်ယောက် ဖြစ်လာခဲ့တာပါလို့ ဆိုပါတယ်။ Jennie ဟာ ခက်ခဲတဲ့ထရိန်နီကာလကို ငါးနှစ်လောက် ဖြတ်သန်းပြီးနောက်မှာတော့ ထိတ်ထိတ်ကြဲ အောင်မြင်လာမယ့် BLACKPINK အဖွဲ့နဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

Jennie အတွက်တော့ ခက်ခဲတဲ့အချိန်တွေဟာ ပွဲထွက်ပြီးနောက်မှာလည်း ဆက်လက် လိုက်ပါလာခဲ့ပါတယ်။ Jennie ရဲ့ ကပြဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး လူတစ်ချို့ရဲ့ အပျင်းကြီးတယ်ဆိုတဲ့ မှတ်ချက်ကို ရခဲ့ပြီး အွန်လိုင်းမှာ တိုက်ခိုက်ဝေဖန်မှုတွေ ကြုံခဲ့ရပါသေးတယ်။ ၂၀၁၈ခုနှစ်မှာ ဆိုလိုလုပ်ခွင့်ရပြန်တော့လည်း YG က Jennie ကို မျက်နှာသာပေးလွန်းတယ်ဆိုပြီး ဝေဖန်ခံရပြန်ပါသေးတယ်။ သို့ပေမယ့် ဝေဖန်တိုက်ခိုက်မှုတွေအားလုံးကို Jennie က သူမရဲ့အနုပညာခွန်အားနဲ့ ပြန်လည်သိမ်းပိုက်အနိုင်ယူခဲ့ပါတယ်။

Photo: jennierubyjane/ Instagram

Jennie တစ်ယောက် ဝေဖန်တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တာဟာ ကျန်တဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ အားပေးနှစ်သိမ့်မှုကြောင့်လည်း ပါဝင်ပါတယ်။ အဖွဲ့ဝင်အားလုံးဟာ ဟိုးအစတည်းကနေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အားပေးရင်း ခွန်အားတွေ ပေးခဲ့ကြတာကြောင့်လည်း BLACKPINK ဟာ ချစ်စရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်နေတာပါ။

ဒီနေ့အချိန်မှာ ထိတ်ထိတ်ကြဲ ကေပေါ့ပ်စတားတစ်ယောက်အဖြစ် ကမ္ဘာ့အလယ်မှာပါ ရပ်တည်နေနိုင်ပြီဖြစ်ပေမယ့် Jennie ကတော့ သူမကိုယ်သူမ နှိမ့်ချနေဆဲပါပဲ။ ဒါ့အပြင် သူမရဲ့တေးသီချင်းတွေကို ပရိသတ်ပေါင်းများစွာက ကြိုက်နှစ်သက်ပြီး အားပေးကြတာကို မြင်ရတဲ့အတွက် ကျေးဇူးလည်းတင်ပြီး တန်ဖိုးလည်းထားရပါတယ်လို့ ဆိုထားပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

BLACKPINK အဖြဲ႕ဟာ ကမာၻ႔ဂီတေလာကအထိ ထိုးေဖာက္ႏိုင္ေနၿပီျဖစ္တာေၾကာင့္ ပရိသတ္အမ်ားအျပားကို ပိုင္ဆိုင္ထားၿပီး အဖြဲ႕ဝင္တိုင္းဟာလည္း ေၾကာက္ခမန္းလိလိ ေအာင္ျမင္မႈေတြကို ရရွိခံစားေနၾကရၿပီ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီေန႔လို ေအာင္ျမင္မႈေတြ ရရွိဖို႔အတြက္ လြယ္လြယ္နဲ႔ ႀကိဳးစားလို႔ ရခဲ့တာေတာ့ မဟုတ္ပါဘူး။ အခက္အခဲမ်ားစြာကို ရင္ဆိုင္ေက်ာ္ျဖတ္ၿပီးမွ အခုလို ေအာင္ျမင္မႈေတြကို ရရွိခဲ့တာ ျဖစ္ပါတယ္။

BLACKPINK အဖြဲ႕ထဲက အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Jennie ရဲ႕ ဂီတခရီးလမ္းကို ၾကည့္လိုက္မယ္ဆိုရင္လည္း ေတာ္ေတာ္ေလး ခက္ခဲၾကမ္းတမ္းခဲ့တာကို ေတြ႕ရမွာပါ။ Jennie ဟာ ငယ္႐ြယ္စဥ္အခ်ိန္ကတည္းက သူမရဲ႕ အိပ္မက္ပန္းတိုင္ကို ကြဲကြဲျပားျပား သိရွိခဲ့သူျဖစ္ၿပီး တကယ္ျဖစ္လာေအာင္လည္း အေကာင္အထည္ေဖာ္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

Photo: jennierubyjane/ Instagram

Jennie မိခင္ရဲ႕ မူလဆုံးျဖတ္ခ်က္ဟာ သူမကို အေမရိကန္ျပည္ေထာင္စုဆီ ေျပာင္းေ႐ႊ႕ေနထိုင္ေစဖို႔ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္မွာ Jennie ဟာ ငယ္႐ြယ္ေသးတဲ့ အ႐ြယ္ေလးပဲ ရွိေသးေပမယ့္ သူမဘဝမွာ ဘာျဖစ္ခ်င္လည္းဆိုတာကို ေသေသခ်ာခ်ာ စဥ္းစားခဲ့ပါတယ္။ သူမ လုပ္ခ်င္တာဟာ ဂီတအလုပ္လို႔ ရွင္းရွင္းလင္းလင္း သိရွိသြားတဲ့အခ်ိန္မွာေတာ့ ဘယ္သူနဲ႔မွ မသိဘဲ အေမရိကမွာ တစ္ေယာက္တည္း သြားေနရမယ့္အျဖစ္မ်ိဳးကို မလိုခ်င္ေတာ့ပါဘူး။

ဒါနဲ႔ပဲ Jennie ဟာ သတၱိေမြးၿပီး သူမျဖစ္ခ်င္တဲ့အရာကို မိခင္ျဖစ္သူဆီမွာ ေျပာျပခဲ့ပါတယ္။ သမီးျဖစ္သူရဲ႕ အိပ္မက္ကို သိသြားတဲ့အခ်ိန္မွာ Jennie ရဲ႕မိခင္ဟာ အျပည့္အဝ ေထာက္ခံအားေပးခဲ့ပါတယ္။ ဒီလိုနဲ႔ မၾကာခင္မွာပဲ Jennie ဟာ YG Entertainment ရဲ႕ ထရိန္နီတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သို႔ေပမယ့္ အခက္အခဲေပါင္း ေျမာက္မ်ားစြာက သူမကို အသင့္ေစာင့္ႀကိဳေနခဲ့ပါတယ္။ ထရိန္နီဘဝဟာ တကယ္ကို ေအးစက္အထီးက်န္လြန္းၿပီး ၾကမ္းတမ္းပါတယ္လို႔ Jennie ကေတာ့ ဆိုခဲ့ဖူးပါတယ္။

Photo: jennierubyjane/ Instagram

YG Entertainment ဟာ သူ႔ထရိန္နီေတြရဲ႕ တိုးတက္မႈကို လစဥ္ စစ္ေဆးအကဲျဖတ္ေလ့ ရွိပါတယ္။ YG က ပီဒီေတြအားလုံးနဲ႔ artist အခ်ိဳ႕အျပင္ ဆရာ Yang ကပါ လစဥ္ လာေရာက္ၾကည့္ရႈၿပီး ထရိန္နီေတြကို အကဲျဖတ္တာ ျဖစ္ပါတယ္။ အဆိုပါ လစဥ္ စစ္ေဆးမႈမွာေတာ့ ထရိန္နီတစ္ေယာက္ခ်င္းစီဟာ ဆိုလိုသီခ်င္းတစ္ပုဒ္၊ အဖြဲ႕လိုက္သီခ်င္းတစ္ပုဒ္နဲ႔ အကသီခ်င္းတစ္ပုဒ္စီကို ေဖ်ာ္ေျဖၿပီး အကဲျဖတ္ခံရတာပါ။

ဒါ့အျပင္ အဲ့ဒီ့လစဥ္စစ္ေဆးမႈတိုင္းမွာ ထရိန္နီေတြကပဲ ကိုယ့္ဘာသာ ဖန္တီးမႈအပိုင္းေတြကို လုပ္ေဆာင္ရတာျဖစ္တယ္လို႔ Jennie က ေျပာျပဖူးပါေသးတယ္။ လပတ္စစ္ေဆးမႈတိုင္းမွာ အဖြဲ႕ေတြကို ထရိန္နီေတြကိုယ္တိုင္က ေ႐ြးခ်ယ္ဖြဲ႕စည္းထားရတာျဖစ္ၿပီး သီခ်င္းအပိုဒ္ခြဲတာ၊ အဝတ္အစားဒီဇိုင္း၊ စတိတ္အျပင္အဆင္ စတာေတြတင္မက ကကြက္တီထြင္ဖန္တီးမႈေတြကိုပါ ထရိန္နီေတြက ဖန္တီးျပရတာ ျဖစ္ပါတယ္။ Jennie အတြက္ေတာ့ အဲ့ဒီလစဥ္ စစ္ေဆးမႈတိုင္းဟာ စိတ္ဖိစီးစရာေကာင္းတယ္လို႔ ဆိုပါတယ္။

Photo: jennierubyjane/ Instagram

အရည္အခ်င္းျပည့္ဝတဲ့ ထရိန္နီတစ္ေယာက္ျဖစ္မွ Idol တစ္ေယာက္အျဖစ္ ပြဲထြက္ႏိုင္မွာမို႔ လစဥ္ စစ္ေဆးမႈေတြတင္မက ရက္သတၱပတ္တိုင္း စစ္ေဆးမႈေတြကိုလည္း ရင္ဆိုင္ေက်ာ္ျဖတ္ရပါေသးတယ္။ အပတ္စဥ္တိုင္းမွာ အဆိုပိုင္းအတြက္ ဗြီဒီယို၊ အကတစ္မ်ိဳးခ်င္းစီကို ကျပထားတဲ့ ဗြီဒီယိုေတြကိုပါ ကိုယ္တိုင္႐ိုက္ကူးရေသးတယ္လို႔ ဆိုပါတယ္။

တစ္ျခားလူေတြအတြက္ဆိုရင္ေတာ့ အဲ့ဒီ့တုန္းက အေျခအေနဟာ မညႇာမတာ၊ ခိုင္းရက္လြန္းတယ္လို႔ ထင္စရာရွိေပမယ့္ ရည္မွန္းခ်က္ ျပင္းထန္လြန္းတဲ့ Jennie လို ထရိန္နီလိုမ်ိဳးအတြက္ကေတာ့ ခက္ခဲတာေတြ၊ လြယ္ကူတာေတြ ဆိုတာမ်ိဳးမရွိဘဲ လုပ္ကိုလုပ္ရမယ့္အရာတစ္ခုလို႔သာ သေဘာထားတယ္လို႔ ဆိုပါတယ္။

Photo: jennierubyjane/ Instagram

ထရိန္နီတစ္ေယာက္အေနနဲ႔ ခက္ခဲတဲ့ကာလေတြကို ျဖတ္ေက်ာ္ခဲ့ရတဲ့အေပၚ တန္ဖိုးထားပါတယ္လို႔ Jennie က ရင္ဖြင့္ထားဖူးပါတယ္။ အဲ့လိုအခက္အခဲေတြေၾကာင့္သာ သူမဟာ ပိုၿပီးစိတ္ဓာတ္ခိုင္မာသူတစ္ေယာက္ ျဖစ္လာခဲ့တာပါလို႔ ဆိုပါတယ္။ Jennie ဟာ ခက္ခဲတဲ့ထရိန္နီကာလကို ငါးႏွစ္ေလာက္ ျဖတ္သန္းၿပီးေနာက္မွာေတာ့ ထိတ္ထိတ္ႀကဲ ေအာင္ျမင္လာမယ့္ BLACKPINK အဖြဲ႕နဲ႔ ပြဲထြက္ခြင့္ရခဲ့ပါတယ္။

Jennie အတြက္ေတာ့ ခက္ခဲတဲ့အခ်ိန္ေတြဟာ ပြဲထြက္ၿပီးေနာက္မွာလည္း ဆက္လက္ လိုက္ပါလာခဲ့ပါတယ္။ Jennie ရဲ႕ ကျပေဖ်ာ္ေျဖမႈနဲ႔ ပတ္သက္ၿပီး လူတစ္ခ်ိဳ႕ရဲ႕ အပ်င္းႀကီးတယ္ဆိုတဲ့ မွတ္ခ်က္ကို ရခဲ့ၿပီး အြန္လိုင္းမွာ တိုက္ခိုက္ေဝဖန္မႈေတြ ႀကဳံခဲ့ရပါေသးတယ္။ ၂၀၁၈ခုႏွစ္မွာ ဆိုလိုလုပ္ခြင့္ရျပန္ေတာ့လည္း YG က Jennie ကို မ်က္ႏွာသာေပးလြန္းတယ္ဆိုၿပီး ေဝဖန္ခံရျပန္ပါေသးတယ္။ သို႔ေပမယ့္ ေဝဖန္တိုက္ခိုက္မႈေတြအားလုံးကို Jennie က သူမရဲ႕အႏုပညာခြန္အားနဲ႔ ျပန္လည္သိမ္းပိုက္အႏိုင္ယူခဲ့ပါတယ္။

Photo: jennierubyjane/ Instagram

Jennie တစ္ေယာက္ ေဝဖန္တိုက္ခိုက္မႈေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တာဟာ က်န္တဲ့ BLACKPINK အဖြဲ႕ဝင္ေတြရဲ႕ အားေပးႏွစ္သိမ့္မႈေၾကာင့္လည္း ပါဝင္ပါတယ္။ အဖြဲ႕ဝင္အားလုံးဟာ ဟိုးအစတည္းကေန တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ အားေပးရင္း ခြန္အားေတြ ေပးခဲ့ၾကတာေၾကာင့္လည္း BLACKPINK ဟာ ခ်စ္စရာေကာင္းတဲ့ အဖြဲ႕တစ္ဖြဲ႕ ျဖစ္ေနတာပါ။

ဒီေန႔အခ်ိန္မွာ ထိတ္ထိတ္ႀကဲ ေကေပါ့ပ္စတားတစ္ေယာက္အျဖစ္ ကမာၻ႔အလယ္မွာပါ ရပ္တည္ေနႏိုင္ၿပီျဖစ္ေပမယ့္ Jennie ကေတာ့ သူမကိုယ္သူမ ႏွိမ့္ခ်ေနဆဲပါပဲ။ ဒါ့အျပင္ သူမရဲ႕ေတးသီခ်င္းေတြကို ပရိသတ္ေပါင္းမ်ားစြာက ႀကိဳက္ႏွစ္သက္ၿပီး အားေပးၾကတာကို ျမင္ရတဲ့အတြက္ ေက်းဇူးလည္းတင္ၿပီး တန္ဖိုးလည္းထားရပါတယ္လို႔ ဆိုထားပါတယ္။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular