HomeCharacterကွဲပြားခြားနားတဲ့ ဇာတ်ကောင်များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Margot Robbie 

ကွဲပြားခြားနားတဲ့ ဇာတ်ကောင်များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Margot Robbie 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားထဲမှာ Harley Quinn ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသမီး Margot Robbie ဟာ အခုဆိုရင်အသက်(၃၀)ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ ဩစတေးလျသူတစ်ယောက် ဖြစ်ပြီးတော့ မတူညီတဲ့ဇာတ်ကောင်တွေအများကြီးကိုလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ စူပါဗီလိန်တစ်ယောက်အဖြစ်ကနေ နိုင်ငံ့ဥသျှောင် ဘုရင်မကြီးနေရာအထိ ကာရိုက်တာပေါင်းစုံမှာ သရုပ်ဆောင်ခဲ့ဖူးတာကြောင့် သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Harley Quinn – Birds of Prey, Suicide Squad
photo via people

သူမ သရုပ်ဆောင်ခဲ့တဲ့ ဒီဇာတ်ကောင်ကတော့ မသိတဲ့သူ ရှိမယ်လို့ မထင်ပါဘူး။ Harley Quinn ဇာတ်ကောင်မှာတော့ စူပါဗီလိန်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး ဆိုက်ကိုဖောက်နေတဲ့ မိန်းမဗီလိန်တစ်ယောက်ရဲ့ အသွင်ကို ကောင်းကောင်းကြီး လိုက်ဖက်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ Harley Quinn ဇာတ်ကောင်မှာ ဝတ်စားဆင်ယင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာလည်း ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့ပါသေးတယ်။ ဖော်ပြထားတဲ့ပုံကတော့ Birds of Prey ဇာတ်ကားရိုက်ကူးနေစဉ်တုန်းက မိတ်ကပ်နဲ့ အပြင်အဆင်တွေ အပြည့်အစုံ ပြင်ဆင်ပြီးတဲ့အချိန်က ပုံရိပ်တစ်ခု ဖြစ်ပါတယ်။

Allison Wells – Dreamland
photo via imdb

Margot ဟာ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dreamland ဇာတ်ကားထဲမှာတော့ Allison Wells ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၃၀နှောင်းပိုင်းလောက်ကအချိန်ကို အခြေခံပြီး ရိုက်ကူးထားတာကြောင့် အရင်တုန်းက အပြင်အဆင်တွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Margot ကို ရွှေရောင်ဆံပင်အကောက်လေးနဲ့ မိန်းကလေးဆန်ဆန်ဂါဝန်တွေ ဆင်မြန်းထားတာကို တွေ့ရမှာပါ။ ဒီဇာတ်ကောင်အသွင်အပြင်ဟာ သူမနဲ့လိုက်ဖက်လွန်းနေပြန်ပါတယ်။

Sharon Tate – Once Upon a Time in Hollywood
photo via people

Once Upon a Time in Hollywood ဟာ နာမည်ကြီး ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ အော်စကာဆုတွေလည်း ရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူမကတော့ ဒီကားထဲမှာတော့ Sharon Tate ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကောင်ရဲ့ အပြင်အဆင်ကတော့ သာမန်မိန်းကလေးတစ်ယောက်ပုံစံနဲ့ ရိုးရိုးလေး ပြင်ဆင်ထားတာကိုတွေ့ရမှာ ဖြစ်ပြီး ဖက်ရှင်ကျကျ လှပနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

Queen Elizabeth I – Mary Queen of Scots
photo via imdb

ဒီဇာတ်ကားထဲမှာတော့ သူမဟာ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးတစ်ပါးဖြစ်တဲ့ Elizabeth I နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကောင်ကို သရုပ်ဆောင်တဲ့အချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ကို တစ်ခြားဇာတ်ကောင်တွေနဲ့မတူဘဲ ပြောင်းလဲသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ မိတ်ကပ်၊ အပြင်အဆင်တွေကလည်း ကောင်းမွန်သလို သူမရဲ့သရုပ်ဆောင်မှုကလည်း နဂို Margot Robbie ကို မမှတ်မိလောက်အောင် ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Annie – Terminal
photo via people

ဒီကားထဲမှာတော့ သူမဟာ Annie ဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူမကို အမြဲတမ်းနီးပါး ရွှေရောင်ဆံပင်နဲ့ပဲ တွေ့မြင်နေကြရပေမယ့် ဒီကားထဲမှာတော့ ဆံပင်အမည်းရောင်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကတော့ လူသတ်သမားတစ်ယောက်အပြင် စားပွဲထိုးလိုပုံစံနဲ့ တစ်ခြားမတူညီတဲ့ ဇာတ်ကောင်ပုံစံတွေကို ဒီဇာတ်ကားတစ်ကားထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

Celine Joseph – Suite Francaise
photo via people

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အကြောင်းကို ရိုက်ကူးထားတဲ့ကား ဖြစ်ပြီး သူမကတော့ သာမန်ရွာသူလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ စစ်ပွဲကာလဖြစ်တာကြောင့် လူတွေဟာလည်း ရွှင်ရွှင်လန်းလန်းမရှိဘဲ အပြင်အဆင်အဝတ်အစားတွေကလည်း ဟောင်းနွမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူမဟာ ဒီလိုဇာတ်ကောင်မျိုးကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ Margot ဟာ ဇာတ်ရုပ်တော်တော်များများကို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်လို့ ပြောနိုင်ပါတယ်။

Tanya Vanderpoel – Whisky Tango Foxtrot
photo via imdb

ဒီဇာတ်ကားကတော့ စစ်ပွဲဖြစ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို သတင်းယူဖို့အတွက် သက်စွန့်ဆံဖျား သွားရောက်ခဲ့တဲ့ သတင်းထောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Margot ဟာ ဒီကားထဲမှာတော့ သတင်းထောက်တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ အပြင်အဆင်တွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

Margot Robbie ဟာ ကွဲပြားခြားနားလွန်းတဲ့ ဇာတ်ကောင်များစွာ သရုပ်ဆောင်ထားသူ ဖြစ်တာကြောင့် သူမရဲ့ ကောင်းနိုးရာရာ ကာရိုက်တာတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ အမှတ်တရ ရှိနေတဲ့ သူမရဲ့ကာရိုက်တာတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့နိုင်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားထဲမွာ Harley Quinn ဇာတ္ေကာင္နဲ႔ လူသိမ်ားတဲ့ မင္းသမီး Margot Robbie ဟာ အခုဆိုရင္အသက္(၃၀)ျပည့္သြားခဲ့ၿပီ ျဖစ္ပါတယ္။ သူမဟာ ဩစေတးလ်သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ မတူညီတဲ့ဇာတ္ေကာင္ေတြအမ်ားႀကီးကိုလည္း သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ စူပါဗီလိန္တစ္ေယာက္အျဖစ္ကေန ႏိုင္ငံ့ဥေသွ်ာင္ ဘုရင္မႀကီးေနရာအထိ ကာ႐ိုက္တာေပါင္းစုံမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတာေၾကာင့္ သူမ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ေကာင္ေတြအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

Harley Quinn – Birds of Prey, Suicide Squad
photo via people

သူမ သ႐ုပ္ေဆာင္ခဲ့တဲ့ ဒီဇာတ္ေကာင္ကေတာ့ မသိတဲ့သူ ရွိမယ္လို႔ မထင္ပါဘူး။ Harley Quinn ဇာတ္ေကာင္မွာေတာ့ စူပါဗီလိန္တစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ထားၿပီး ဆိုက္ကိုေဖာက္ေနတဲ့ မိန္းမဗီလိန္တစ္ေယာက္ရဲ႕ အသြင္ကို ေကာင္းေကာင္းႀကီး လိုက္ဖက္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕ Harley Quinn ဇာတ္ေကာင္မွာ ဝတ္စားဆင္ယင္ခဲ့တဲ့ ဖက္ရွင္ဒီဇိုင္းေတြဟာလည္း ပရိသတ္ေတြၾကားမွာ အေတာ္ေလး ေရပန္းစားခဲ့ပါေသးတယ္။ ေဖာ္ျပထားတဲ့ပုံကေတာ့ Birds of Prey ဇာတ္ကား႐ိုက္ကူးေနစဥ္တုန္းက မိတ္ကပ္နဲ႔ အျပင္အဆင္ေတြ အျပည့္အစုံ ျပင္ဆင္ၿပီးတဲ့အခ်ိန္က ပုံရိပ္တစ္ခု ျဖစ္ပါတယ္။

Allison Wells – Dreamland
photo via imdb

Margot ဟာ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Dreamland ဇာတ္ကားထဲမွာေတာ့ Allison Wells ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီဇာတ္ကားဟာ ၁၉၃၀ေႏွာင္းပိုင္းေလာက္ကအခ်ိန္ကို အေျခခံၿပီး ႐ိုက္ကူးထားတာေၾကာင့္ အရင္တုန္းက အျပင္အဆင္ေတြနဲ႔ ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ Margot ကို ေ႐ႊေရာင္ဆံပင္အေကာက္ေလးနဲ႔ မိန္းကေလးဆန္ဆန္ဂါဝန္ေတြ ဆင္ျမန္းထားတာကို ေတြ႕ရမွာပါ။ ဒီဇာတ္ေကာင္အသြင္အျပင္ဟာ သူမနဲ႔လိုက္ဖက္လြန္းေနျပန္ပါတယ္။

Sharon Tate – Once Upon a Time in Hollywood
photo via people

Once Upon a Time in Hollywood ဟာ နာမည္ႀကီး ဇာတ္ကားတစ္ကားျဖစ္ၿပီးေတာ့ ေအာ္စကာဆုေတြလည္း ရထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ သူမကေတာ့ ဒီကားထဲမွာေတာ့ Sharon Tate ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ေကာင္ရဲ႕ အျပင္အဆင္ကေတာ့ သာမန္မိန္းကေလးတစ္ေယာက္ပုံစံနဲ႔ ႐ိုး႐ိုးေလး ျပင္ဆင္ထားတာကိုေတြ႕ရမွာ ျဖစ္ၿပီး ဖက္ရွင္က်က် လွပေနတာကိုလည္း ေတြ႕ရမွာ ျဖစ္ပါတယ္။

Queen Elizabeth I – Mary Queen of Scots
photo via imdb

ဒီဇာတ္ကားထဲမွာေတာ့ သူမဟာ အဂၤလန္ႏိုင္ငံရဲ႕ ဘုရင္မႀကီးတစ္ပါးျဖစ္တဲ့ Elizabeth I ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္တဲ့အခ်ိန္မွာေတာ့ အံ့ဩစရာေကာင္းေလာက္ေအာင္ကို တစ္ျခားဇာတ္ေကာင္ေတြနဲ႔မတူဘဲ ေျပာင္းလဲသြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ မိတ္ကပ္၊ အျပင္အဆင္ေတြကလည္း ေကာင္းမြန္သလို သူမရဲ႕သ႐ုပ္ေဆာင္မႈကလည္း နဂို Margot Robbie ကို မမွတ္မိေလာက္ေအာင္ ပီျပင္စြာ သ႐ုပ္ေဆာင္ထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

Annie – Terminal
photo via people

ဒီကားထဲမွာေတာ့ သူမဟာ Annie ဆိုတဲ့ ေကာင္မေလးေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ သူမကို အၿမဲတမ္းနီးပါး ေ႐ႊေရာင္ဆံပင္နဲ႔ပဲ ေတြ႕ျမင္ေနၾကရေပမယ့္ ဒီကားထဲမွာေတာ့ ဆံပင္အမည္းေရာင္နဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ကေတာ့ လူသတ္သမားတစ္ေယာက္အျပင္ စားပြဲထိုးလိုပုံစံနဲ႔ တစ္ျခားမတူညီတဲ့ ဇာတ္ေကာင္ပုံစံေတြကို ဒီဇာတ္ကားတစ္ကားထဲမွာ ေတြ႕ရမွာ ျဖစ္ပါတယ္။

Celine Joseph – Suite Francaise
photo via people

ဒီဇာတ္ကားကေတာ့ ဒုတိယကမာၻစစ္အေၾကာင္းကို ႐ိုက္ကူးထားတဲ့ကား ျဖစ္ၿပီး သူမကေတာ့ သာမန္႐ြာသူေလးတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ထားပါတယ္။ စစ္ပြဲကာလျဖစ္တာေၾကာင့္ လူေတြဟာလည္း ႐ႊင္႐ႊင္လန္းလန္းမရွိဘဲ အျပင္အဆင္အဝတ္အစားေတြကလည္း ေဟာင္းႏြမ္းေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ သူမဟာ ဒီလိုဇာတ္ေကာင္မ်ိဳးကိုလည္း ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ Margot ဟာ ဇာတ္႐ုပ္ေတာ္ေတာ္မ်ားမ်ားကို ေကာင္းေကာင္းမြန္မြန္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးတစ္ေယာက္လို႔ ေျပာႏိုင္ပါတယ္။

Tanya Vanderpoel – Whiskey Tango Foxtrot
photo via imdb

ဒီဇာတ္ကားကေတာ့ စစ္ပြဲျဖစ္ေနတဲ့ အာဖဂန္နစၥတန္ႏိုင္ငံကို သတင္းယူဖို႔အတြက္ သက္စြန႔္ဆံဖ်ား သြားေရာက္ခဲ့တဲ့ သတင္းေထာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Margot ဟာ ဒီကားထဲမွာေတာ့ သတင္းေထာက္တစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားၿပီးေတာ့ ခ်စ္စရာေကာင္းတဲ့ အျပင္အဆင္ေတြနဲ႔ ေတြ႕ရမွာ ျဖစ္ပါတယ္။

Margot Robbie ဟာ ကြဲျပားျခားနားလြန္းတဲ့ ဇာတ္ေကာင္မ်ားစြာ သ႐ုပ္ေဆာင္ထားသူ ျဖစ္တာေၾကာင့္ သူမရဲ႕ ေကာင္းႏိုးရာရာ ကာ႐ိုက္တာေတြကို ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ အမွတ္တရ ရွိေနတဲ့ သူမရဲ႕ကာ႐ိုက္တာေတြကိုလည္း ျပန္လည္မွ်ေဝေပးခဲ့ႏိုင္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular