HomeEntertainmentFilmCancel မဖြစ်သေးဘူးဆိုတဲ့ Margot Robbie ရဲ့ Pirates of the Caribbean ရုပ်ရှင်

Cancel မဖြစ်သေးဘူးဆိုတဲ့ Margot Robbie ရဲ့ Pirates of the Caribbean ရုပ်ရှင်

Margot Robbie ဟာ မကြာသေးခင်ကပဲ Pirates of the Caribbean ရုပ်ရှင်က Cancel သွားပြီလို့ ပြောလိုက်ပေမယ့်လည်း ယခုအချိန်မှာတော့ Producer ဖြစ်သူ Jerry Bruckheimer က ဒီသတင်းကို ငြင်းပယ်သွားပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက Disney ဟာ Pirates of the Caribbean Reboot နဲ့ Margot Robbie ပါဝင်သွားမယ့် အဓိကအမျိူးသမီးဇာတ်ဆောင် Spin-Off တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Pirates of the Caribbean ငါးကားလုံးကို Producer လုပ်ခဲ့တဲ့ Jerry Bruckheimer ကလည်း ပြန်လည်ပါဝင်လာမယ်လို့ ဆိုပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ ကနဦးသတင်းထွက်လာသလို Margot Robbie ရဲ့ Pirates of the Caribbean Spin-Off ရုပ်ရှင်က Cancel သွားတာ မဟုတ်ဘူးလို့ သိရပါတယ်။ Collider နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Jerry Bruckheimer ဟာ ဒီရုပ်ရှင်ကို Cancel လုပ်လိုက်တာ မဟုတ်ဘဲ Pirates of the Caribbean Reboot ကို ဦးစားပေး ဖန်တီးသွားမှာ ဖြစ်တာကြောင့် အချိန်နောက်ကျမှ ထွက်လာမယ်လို့ ဆိုပါတယ်။

“ဒီရုပ်ရှင်(Spin-Off)ရဲ့ ဇာတ်ညွှန်းက တချိန်ချိန်မှာတော့ ထွက်လာမှာပါ။ ကျွန်တော်တို့က ဒီ Franchise အတွက် မတူညီတဲ့ ဇာတ်လမ်းနှစ်ခုကို ဖန်တီးနေတာကြောင့် တခြားတစ်ခု(Reboot)ကို အရင်ဦးစားပေး ဖန်တီးနေတာ ဖြစ်ပါတယ် …”

photo via screenrant

ဒီသတင်းကတော့ Margot Robbie ရဲ့ Spin-Off ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီ Spin-Off ရဲ့ ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလည်းဆိုတာ မသိရသေးပါဘူး။ Guardians of the Galaxy ထဲက Nebula အဖြစ် လူသိများကြတဲ့ Karen Gillan ဟာလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေပါသေးတယ်။ ဒီအချက်တွေကြောင့်ပဲ ဒီ Spin-Off ရုပ်ရှင်ထဲမှာတော့ အမျိူးသမီးပင်လယ်ဓားပြအုပ်စုအကြောင်းကို မြင်တွေ့ရနိုင်‌ချေ ရှိပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular