HomeCharacterအသားချင်း ထိလိုက်ရုံနဲ့ လူတစ်ယောက်ကို သတ်ပစ်နိုင်တဲ့ Marvel ဇာတ်ကောင်များ

အသားချင်း ထိလိုက်ရုံနဲ့ လူတစ်ယောက်ကို သတ်ပစ်နိုင်တဲ့ Marvel ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စူပါဟီးရိုးလောကမှာတော့ ဇာတ်ကောင်တစ်ယောက် ကြမ်းတယ်၊ မကြမ်းဘူးဆိုတာကို နည်းလမ်းအမျိူးမျိုးနဲ့ ဆုံးဖြတ်လို့ ရပါတယ်။ ဟီးရိုးကာရိုက်တာတစ်ခုရဲ့ စွမ်းအားအတိုင်းအတာကို ခွန်အား၊ လျင်မြန်မှု၊ အကြမ်းခံမှုနဲ့ တစ်ခြားအချက်များစွာပေါ် မူတည်ပြီး ဆုံးဖြတ်လေ့ ရှိကြပါတယ်။ ဇာတ်ကောင်များစွာ ရှိတဲ့အလျောက် ထူးခြားတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားသူတွေလည်း မနည်းမနောပါပဲ။ ဒီထဲမှာ တစ်ချို့ဇာတ်ကောင်တွေဆိုရင် သူတို့ရန်သူတွေရဲ့ အသားကို တစ်ချက်ကလေးထိရုံနဲ့ သတ်ပစ်နိုင်တဲ့အထိ အစွမ်းရှိနေသူတွေလည်း ပါဝင်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အသားကို တစ်ချက်ထိလိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူပစ်နိုင်တဲ့ Marvel ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(10) Rouge
photo via cbr

Marvel ပရိသတ်အများစုမှာ Rouge ကို မသိသူ ခပ်ရှားရှားပဲ ဖြစ်ပါတယ်။ သူမကိုတော့ ကောမစ်ထဲမှာတင် မဟုတ်ဘဲ Live Action မှာပါ မြင်တွေ့ခဲ့ရတာကြောင့် လူသိများသူလည်း ဖြစ်ပါတယ်။ Rouge ဟာ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်ပြီး သူမရဲ့စွမ်းအားကတော့ တစ်ခြားလူတစ်ယောက်ရဲ့ စွမ်းအား၊ မှတ်ဉာဏ်နဲ့ အသက်ဓာတ်တွေကို အသားချင်းထိရုံနဲ့ စုပ်ယူနိုင်သူ ဖြစ်ပါတယ်။ ဒီအစွမ်းကြောင့်ပဲ သူမရဲ့ရည်စားကိုတောင် မထင်မှတ်ဘဲ သတ်မိမလို ဖြစ်ခဲ့ပါသေးတယ်။ အကြောင်းကတော့ သူမဟာ တစ်ခြားတစ်ယောက်နဲ့ အသားချင်း ထိတွေ့လိုက်တာနဲ့ အဲ့ဒီသူရဲ့ အသက်ဓာတ်တွေကို အလိုလျောက် စုပ်ယူမိတာကြောင့်ပဲ ဖြစ်ပါတယ်။

(9) Elixir
photo via cbr

Elixir ရဲ့နာမည်အရင်းကတော့ Joshua Foley ဖြစ်ပြီးတော့ သူဟာလည်း Omega အဆင့်ရှိတဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့အစွမ်းကတော့ biokinesis လို့ခေါ်တဲ့ အစွမ်းဖြစ်ပြီး အဲ့ဒီစွမ်းအားဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေအပါအဝင် တစ်ခြားသူတွေရဲ့ ဇီဝဖြစ်စဉ်တွေအကုန်လုံးကို စိတ်စွမ်းအားနဲ့ ထိန်းချုပ်လို့ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ အသက်ဆုံးရှုံးနိုင်လောက်တဲ့ ဒဏ်ရာတွေ ရထားတဲ့ လူကိုတောင် ကုသပေးနိုင်ပြီး ထိခိုက်ထားတဲ့ ကိုယ်တွင်းအင်္ဂါတွေကိုလည်း အကောင်းတိုင်းဖြစ်အောင် ပြန်လည်ကုသပေးနိုင်ပါတယ်။ တစ်ခြားတစ်ဘက်ကကြည့်ရင်တော့ သူသာ ဆန္ဒရှိမယ်ဆိုရင်ရင် တစ်ခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို ဖျက်ဆီးကာ လွယ်လွယ်ကူကူပဲ သတ်ပစ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စွမ်းအားကို အသုံးပြုမယ်ဆိုရင် နီးကပ်လေ စွမ်းအားကြီးလေ ဖြစ်ပြီး အသားချင်းထိလိုက်မယ်ဆိုရင်တော့ ချက်ချင်းတောင် သတ်ပစ်နိုင်ပါတယ်။

(8) Deadly Ernest
photo via cbr

သူကတော့ Alpha Flight လို့ခေါ်တဲ့ ကနေဒါ စူပါဟီးရိုးအဖွဲ့ရဲ့ ဗီလိန်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ ပထမကမ္ဘာစစ်တုန်းက စစ်သားတစ်ယောက်အနေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်မှာ အဆိပ်ငွေ့တွေကြောင့် သေမလို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ Death ဟာ သူ့ကိုခေါ်ဖို့ ရောက်လာတဲ့အခါမှာတော့ သူဟာ သေဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ မသေမျိူးအဖြစ် ကျိန်စာတိုက်ခံခဲ့ရပြီး သူထိလိုက်သမျှအရာ အကုန်လုံးကို ချက်ချင်းသေသွားစေနိုင်တဲ့ စွမ်းအားပါ ရရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့မိန်းမကို မတော်တဆ ဖက်မိလိုက်တာကြောင့် သူချစ်ရတဲ့သူကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

(7) Wither
photo via cbr

Wither ရဲ့ နာမည်အရင်းကတော့ Kevin Ford လို့ခေါ်ပြီး သူဟာလည်း သန္ဓေပြောင်းလူသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားကတော့ သူနဲ့ထိလိုက်သမျှ သက်ရှိအရာတွေအကုန်လုံးကို ယိုယွင်းပျက်စီးသွားအောင် ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ အဲ့ဒီစွမ်းအားကို မတော်တဆအနေနဲ့ သူ့ crush ရဲ့ လက်မောင်းမှာ အသုံးပြုမိတာကြောင့် ထွက်ပြေးလာခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့သူငယ်ချင်းအပါအဝင် ရဲတွေကိုလည်း သတ်ပစ်ခဲ့မိပါတယ်။

(6) Mortis/ Lois London
photo via cbr

Mortis ကတော့ X-Men အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Dazzler ရဲ့ ညီမတော်စပ်ပါတယ်။ သူမဟာလည်း သန္ဓေပြောင်းလူသားတစ်ယောက်ဖြစ်ပြီး အန္တရာယ်ကြီးတဲ့ အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ Mortis ရဲ့အစွမ်းကတော့ သူမရဲ့ခန္ဓာကိုယ်ကနေ ပြင်းထန်လွန်းတဲ့ ဖျက်အားပြင်း စွမ်းအင်တွေကို ထုတ်လွှတ်နိုင်တာ ဖြစ်ပါတယ်။ သူမဟာ အဲ့ဒီစွမ်းအင်တွေကို အကွာအဝေးတစ်ခုကနေသော်လည်းကောင်း၊ သူမရဲ့ပစ်မှတ်ကို စိုက်ကြည့်ပြီးတော့သော်လည်းကောင်း တစ်ခြားသူတွေရဲ့ အသက်ဓာတ်ကို ဆွဲထုတ်ပစ်နိုင်ပါတယ်။ သူမရဲ့ဒီအစွမ်း မသက်ရောက်နိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူမရဲ့အစ်မ Dazzler ပဲ ဖြစ်ပါတယ်။

(5) Shiklah
photo via cbr

Shiklah ကတော့ Demon တစ်ယောက်ဖြစ်ပြီး Deadpool ရဲ့ ဇနီးလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ လိင်မှုကိစ္စတွေကနေတစ်ဆင့် လူတစ်ယောက်ရဲ့ အသက်ဓာတ်ကို စုပ်ယူနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် Deadpool ကတော့ မသေမျိူးတစ်ယောက် ဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အေးအေးဆေးဆေးပါပဲ။ သူမ ဘာပဲလုပ်လုပ် Deadpool အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ကြာကြာမခံဘဲ လမ်းခွဲခဲ့ကြရပါတယ်။

(4) Carrion
photo via cbr

The Clone Saga ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ Marvel ဟာ ဇာတ်ကောင်အသစ်တွေ အများကြီးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Carrion လည်း အပါအဝင်ဖြစ်ပါတယ်။ လူသုံးယောက်ဟာ Carrion ဆိုတဲ့နာမည်နဲ့ ဗီလိန်အဖြစ် လှုပ်ရှားခဲ့ဖူးပါတယ်။ အဲ့ဒီလူသုံးယောက်လုံးဟာ clone တွေ ဖြစ်တာကြောင့် ပုံစံအတူတူနဲ့ စွမ်းအားအတူတူတွေ ပိုင်ဆိုင်ကြပါတယ်။ သူတို့ရဲ့စွမ်းအားကတော့ ထိလိုက်သမျှ သက်ရှိအရာတွေအားလုံးကို ပြာကျသွားတဲ့အထိ ပျက်စီးသွားစေတာပဲ ဖြစ်ပါတယ်။

(3) Hela
photo via cbr

Hela ကတော့ ၂၀၁၉ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Thor: Ragnorak ထဲမှာ အဓိကဗီလိန်အနေနဲ့ ပါဝင်ခဲ့တာကြောင့် လူသိများပါတယ်။ သူမဟာ သေခြင်းရဲ့ နတ်ဘုရားမ ဖြစ်တာကြောင့် သူမရဲ့ ထိတွေ့မှုဟာ Asgardian တွေအပါအဝင် သေမျိူးတွေအားလုံးကိုလည်း သေစေနိုင်ပါတယ်။ Asgardian တွေဟာ သေသွားပြီးရင်တောင် သူတို့ရဲ့ဝိဉာဉ်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီးတော့ Hela က အလောင်းကို ထိတွေ့လိုက်မှသာ ဘဝကူးနိုင်တာ ဖြစ်ပါတယ်။ Hela ဟာ  ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေတဲ့သူတွေကိုတောင် သူမရဲ့လက်နဲ့ ထိလိုက်ရုံနဲ့ ဝိဉာဉ်နှုတ်ပြီး သတ်ပစ်လို့ရပါတယ်။

(2) Bloodscream
photo via cbr

ဒီစာရင်းထဲမှာ ပါဝင်တဲ့ တစ်ခြားသူတွေဟာ ထိလိုက်ရုံနဲ့ သတ်ပစ်နိုင်တာကြောင့် ခံရတဲ့သူတွေဟာ သေသွားတာနဲ့ ခံစားရတာတွေ ပျောက်သွားပါတယ်။ ဒါပေမယ့်လည်း Bloodscream ကြောင့် သေသွားရတဲ့သူတွေကတော့ သေသွားရင်တောင် ခံစားရတာတွေက မပြီးဆုံးသွားပါဘူး။ အကြောင်းကတော့ သူဟာ တစ်ခြားသူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူပြီးတဲ့အချိန်မှာ ခံရသူတွေကတော့ ဇွန်ဘီတွေလို ဖြစ်သွားပြီး သူ့ရဲ့ဆန္ဒအတိုင်း နေထိုင်ရလို့ပဲ ဖြစ်ပါတယ်။

(1) Magnus Lehnsherr
photo via cbr

သူကတော့ Rouge နဲ့ Magneto တို့ရဲ့ သားဖြစ်ပြီးတော့ တစ်ခြား universe တစ်ခုမှာ ရှိနေတာ ဖြစ်ပါတယ်။ သူကတော့ သူ့မိဘတွေရဲ့ စွမ်းအားတွေကို ပေါင်းစပ်ပြီး အမွေရရှိထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းအားကတော့ တော်တော်လေးကို ထူးခြားပါတယ်။ သူဟာ တစ်ယောက်ယောက်ကို ထိလိုက်တာနဲ့ အဲ့ဒီလူဟာ ချက်ချင်းသံမဏိရုပ်တုကြီးအဖြစ် ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။

ဒါကတော့ တစ်ချက်လေး ထိလိုက်ရုံနဲ့ လူတစ်ယောက်ကို အသာလေး ဇိဝိန်ခြွေနိုင်တဲ့ Marvel ရဲ့ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဆောင်းပါးတွေ အမြဲတမ်း ဖတ်ရှုနိုင်ဖို့ ဒီပေ့ချ်ကို Like & Follow လုပ်ထားပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

စူပါဟီး႐ိုးေလာကမွာေတာ့ ဇာတ္ေကာင္တစ္ေယာက္ ၾကမ္းတယ္၊ မၾကမ္းဘူးဆိုတာကို နည္းလမ္းအမ်ိဴးမ်ိဳးနဲ႔ ဆုံးျဖတ္လို႔ ရပါတယ္။ ဟီး႐ိုးကာ႐ိုက္တာတစ္ခုရဲ႕ စြမ္းအားအတိုင္းအတာကို ခြန္အား၊ လ်င္ျမန္မႈ၊ အၾကမ္းခံမႈနဲ႔ တစ္ျခားအခ်က္မ်ားစြာေပၚ မူတည္ၿပီး ဆုံးျဖတ္ေလ့ ရွိၾကပါတယ္။ ဇာတ္ေကာင္မ်ားစြာ ရွိတဲ့အေလ်ာက္ ထူးျခားတဲ့အစြမ္းေတြကို ပိုင္ဆိုင္ထားသူေတြလည္း မနည္းမေနာပါပဲ။ ဒီထဲမွာ တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြဆိုရင္ သူတို႔ရန္သူေတြရဲ႕ အသားကို တစ္ခ်က္ကေလးထိ႐ုံနဲ႔ သတ္ပစ္ႏိုင္တဲ့အထိ အစြမ္းရွိေနသူေတြလည္း ပါဝင္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ အသားကို တစ္ခ်က္ထိလိုက္႐ုံနဲ႔ လူတစ္ေယာက္ရဲ႕ အသက္ကို ႏႈတ္ယူပစ္ႏိုင္တဲ့ Marvel ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Rouge
photo via cbr

Marvel ပရိသတ္အမ်ားစုမွာ Rouge ကို မသိသူ ခပ္ရွားရွားပဲ ျဖစ္ပါတယ္။ သူမကိုေတာ့ ေကာမစ္ထဲမွာတင္ မဟုတ္ဘဲ Live Action မွာပါ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ လူသိမ်ားသူလည္း ျဖစ္ပါတယ္။ Rouge ဟာ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ၿပီး သူမရဲ႕စြမ္းအားကေတာ့ တစ္ျခားလူတစ္ေယာက္ရဲ႕ စြမ္းအား၊ မွတ္ဉာဏ္နဲ႔ အသက္ဓာတ္ေတြကို အသားခ်င္းထိ႐ုံနဲ႔ စုပ္ယူႏိုင္သူ ျဖစ္ပါတယ္။ ဒီအစြမ္းေၾကာင့္ပဲ သူမရဲ႕ရည္စားကိုေတာင္ မထင္မွတ္ဘဲ သတ္မိမလို ျဖစ္ခဲ့ပါေသးတယ္။ အေၾကာင္းကေတာ့ သူမဟာ တစ္ျခားတစ္ေယာက္နဲ႔ အသားခ်င္း ထိေတြ႕လိုက္တာနဲ႔ အဲ့ဒီသူရဲ႕ အသက္ဓာတ္ေတြကို အလိုေလ်ာက္ စုပ္ယူမိတာေၾကာင့္ပဲ ျဖစ္ပါတယ္။

(9) Elixir
photo via cbr

Elixir ရဲ႕နာမည္အရင္းကေတာ့ Joshua Foley ျဖစ္ၿပီးေတာ့ သူဟာလည္း Omega အဆင့္ရွိတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕အစြမ္းကေတာ့ biokinesis လို႔ေခၚတဲ့ အစြမ္းျဖစ္ၿပီး အဲ့ဒီစြမ္းအားဟာ သူ႔ရဲ႕ခႏၶာကိုယ္ထဲက ဇီဝျဖစ္စဥ္ေတြအပါအဝင္ တစ္ျခားသူေတြရဲ႕ ဇီဝျဖစ္စဥ္ေတြအကုန္လုံးကို စိတ္စြမ္းအားနဲ႔ ထိန္းခ်ဳပ္လို႔ရတာပဲ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ အသက္ဆုံးရႈံးႏိုင္ေလာက္တဲ့ ဒဏ္ရာေတြ ရထားတဲ့ လူကိုေတာင္ ကုသေပးႏိုင္ၿပီး ထိခိုက္ထားတဲ့ ကိုယ္တြင္းအဂၤါေတြကိုလည္း အေကာင္းတိုင္းျဖစ္ေအာင္ ျပန္လည္ကုသေပးႏိုင္ပါတယ္။ တစ္ျခားတစ္ဘက္ကၾကည့္ရင္ေတာ့ သူသာ ဆႏၵရွိမယ္ဆိုရင္ရင္ တစ္ျခားလူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲက အဂၤါအစိတ္အပိုင္းေတြကို ဖ်က္ဆီးကာ လြယ္လြယ္ကူကူပဲ သတ္ပစ္ႏိုင္တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕စြမ္းအားကို အသုံးျပဳမယ္ဆိုရင္ နီးကပ္ေလ စြမ္းအားႀကီးေလ ျဖစ္ၿပီး အသားခ်င္းထိလိုက္မယ္ဆိုရင္ေတာ့ ခ်က္ခ်င္းေတာင္ သတ္ပစ္ႏိုင္ပါတယ္။

(8) Deadly Ernest
photo via cbr

သူကေတာ့ Alpha Flight လို႔ေခၚတဲ့ ကေနဒါ စူပါဟီး႐ိုးအဖြဲ႕ရဲ႕ ဗီလိန္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူဟာ ပထမကမာၻစစ္တုန္းက စစ္သားတစ္ေယာက္အေနနဲ႔ တိုက္ခိုက္ခဲ့ၿပီး စစ္ေျမျပင္မွာ အဆိပ္ေငြ႕ေတြေၾကာင့္ ေသမလို ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာ Death ဟာ သူ႔ကိုေခၚဖို႔ ေရာက္လာတဲ့အခါမွာေတာ့ သူဟာ ေသဖို႔အတြက္ ျငင္းဆိုခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ မေသမ်ိဴးအျဖစ္ က်ိန္စာတိုက္ခံခဲ့ရၿပီး သူထိလိုက္သမွ်အရာ အကုန္လုံးကို ခ်က္ခ်င္းေသသြားေစႏိုင္တဲ့ စြမ္းအားပါ ရရွိသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕မိန္းမကို မေတာ္တဆ ဖက္မိလိုက္တာေၾကာင့္ သူခ်စ္ရတဲ့သူကိုလည္း ဆုံးရႈံးခဲ့ရပါတယ္။

(7) Wither
photo via cbr

Wither ရဲ႕ နာမည္အရင္းကေတာ့ Kevin Ford လို႔ေခၚၿပီး သူဟာလည္း သေႏၶေျပာင္းလူသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းအားကေတာ့ သူနဲ႔ထိလိုက္သမွ် သက္ရွိအရာေတြအကုန္လုံးကို ယိုယြင္းပ်က္စီးသြားေအာင္ ျပဳလုပ္ႏိုင္တာပဲ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ အဲ့ဒီစြမ္းအားကို မေတာ္တဆအေနနဲ႔ သူ႔ crush ရဲ႕ လက္ေမာင္းမွာ အသုံးျပဳမိတာေၾကာင့္ ထြက္ေျပးလာခဲ့ရပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕သူငယ္ခ်င္းအပါအဝင္ ရဲေတြကိုလည္း သတ္ပစ္ခဲ့မိပါတယ္။

(6) Mortis/ Lois London
photo via cbr

Mortis ကေတာ့ X-Men အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Dazzler ရဲ႕ ညီမေတာ္စပ္ပါတယ္။ သူမဟာလည္း သေႏၶေျပာင္းလူသားတစ္ေယာက္ျဖစ္ၿပီး အႏၲရာယ္ႀကီးတဲ့ အစြမ္းတစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ Mortis ရဲ႕အစြမ္းကေတာ့ သူမရဲ႕ခႏၶာကိုယ္ကေန ျပင္းထန္လြန္းတဲ့ ဖ်က္အားျပင္း စြမ္းအင္ေတြကို ထုတ္လႊတ္ႏိုင္တာ ျဖစ္ပါတယ္။ သူမဟာ အဲ့ဒီစြမ္းအင္ေတြကို အကြာအေဝးတစ္ခုကေနေသာ္လည္းေကာင္း၊ သူမရဲ႕ပစ္မွတ္ကို စိုက္ၾကည့္ၿပီးေတာ့ေသာ္လည္းေကာင္း တစ္ျခားသူေတြရဲ႕ အသက္ဓာတ္ကို ဆြဲထုတ္ပစ္ႏိုင္ပါတယ္။ သူမရဲ႕ဒီအစြမ္း မသက္ေရာက္ႏိုင္တဲ့ တစ္ဦးတည္းေသာသူကေတာ့ သူမရဲ႕အစ္မ Dazzler ပဲ ျဖစ္ပါတယ္။

(5) Shiklah
photo via cbr

Shiklah ကေတာ့ Demon တစ္ေယာက္ျဖစ္ၿပီး Deadpool ရဲ႕ ဇနီးလည္း ျဖစ္ခဲ့ဖူးပါတယ္။ သူမဟာ လိင္မႈကိစၥေတြကေနတစ္ဆင့္ လူတစ္ေယာက္ရဲ႕ အသက္ဓာတ္ကို စုပ္ယူႏိုင္သူ ျဖစ္ပါတယ္။ ဒါေပမယ့္ Deadpool ကေတာ့ မေသမ်ိဴးတစ္ေယာက္ ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးက ေအးေအးေဆးေဆးပါပဲ။ သူမ ဘာပဲလုပ္လုပ္ Deadpool အေပၚမွာ သက္ေရာက္မႈ မရွိပါဘူး။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ ၾကာၾကာမခံဘဲ လမ္းခြဲခဲ့ၾကရပါတယ္။

(4) Carrion
photo via cbr

The Clone Saga ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ Marvel ဟာ ဇာတ္ေကာင္အသစ္ေတြ အမ်ားႀကီးကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ Carrion လည္း အပါအဝင္ျဖစ္ပါတယ္။ လူသုံးေယာက္ဟာ Carrion ဆိုတဲ့နာမည္နဲ႔ ဗီလိန္အျဖစ္ လႈပ္ရွားခဲ့ဖူးပါတယ္။ အဲ့ဒီလူသုံးေယာက္လုံးဟာ clone ေတြ ျဖစ္တာေၾကာင့္ ပုံစံအတူတူနဲ႔ စြမ္းအားအတူတူေတြ ပိုင္ဆိုင္ၾကပါတယ္။ သူတို႔ရဲ႕စြမ္းအားကေတာ့ ထိလိုက္သမွ် သက္ရွိအရာေတြအားလုံးကို ျပာက်သြားတဲ့အထိ ပ်က္စီးသြားေစတာပဲ ျဖစ္ပါတယ္။

(3) Hela
photo via cbr

Hela ကေတာ့ ၂၀၁၉ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Thor: Ragnorak ထဲမွာ အဓိကဗီလိန္အေနနဲ႔ ပါဝင္ခဲ့တာေၾကာင့္ လူသိမ်ားပါတယ္။ သူမဟာ ေသျခင္းရဲ႕ နတ္ဘုရားမ ျဖစ္တာေၾကာင့္ သူမရဲ႕ ထိေတြ႕မႈဟာ Asgardian ေတြအပါအဝင္ ေသမ်ိဴးေတြအားလုံးကိုလည္း ေသေစႏိုင္ပါတယ္။ Asgardian ေတြဟာ ေသသြားၿပီးရင္ေတာင္ သူတို႔ရဲ႕ဝိဉာဥ္ေတြက သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာ ပိတ္မိေနၿပီးေတာ့ Hela က အေလာင္းကို ထိေတြ႕လိုက္မွသာ ဘဝကူးႏိုင္တာ ျဖစ္ပါတယ္။ Hela ဟာ  က်န္းက်န္းမာမာနဲ႔ အသက္ရွင္ေနတဲ့သူေတြကိုေတာင္ သူမရဲ႕လက္နဲ႔ ထိလိုက္႐ုံနဲ႔ ဝိဉာဥ္ႏႈတ္ၿပီး သတ္ပစ္လို႔ရပါတယ္။

(2) Bloodscream
photo via cbr

ဒီစာရင္းထဲမွာ ပါဝင္တဲ့ တစ္ျခားသူေတြဟာ ထိလိုက္႐ုံနဲ႔ သတ္ပစ္ႏိုင္တာေၾကာင့္ ခံရတဲ့သူေတြဟာ ေသသြားတာနဲ႔ ခံစားရတာေတြ ေပ်ာက္သြားပါတယ္။ ဒါေပမယ့္လည္း Bloodscream ေၾကာင့္ ေသသြားရတဲ့သူေတြကေတာ့ ေသသြားရင္ေတာင္ ခံစားရတာေတြက မၿပီးဆုံးသြားပါဘူး။ အေၾကာင္းကေတာ့ သူဟာ တစ္ျခားသူေတြရဲ႕ အသက္ဓာတ္ကို စုပ္ယူၿပီးတဲ့အခ်ိန္မွာ ခံရသူေတြကေတာ့ ဇြန္ဘီေတြလို ျဖစ္သြားၿပီး သူ႔ရဲ႕ဆႏၵအတိုင္း ေနထိုင္ရလို႔ပဲ ျဖစ္ပါတယ္။

(1) Magnus Lehnsherr
photo via cbr

သူကေတာ့ Rouge နဲ႔ Magneto တို႔ရဲ႕ သားျဖစ္ၿပီးေတာ့ တစ္ျခား universe တစ္ခုမွာ ရွိေနတာ ျဖစ္ပါတယ္။ သူကေတာ့ သူ႔မိဘေတြရဲ႕ စြမ္းအားေတြကို ေပါင္းစပ္ၿပီး အေမြရရွိထားသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ စြမ္းအားကေတာ့ ေတာ္ေတာ္ေလးကို ထူးျခားပါတယ္။ သူဟာ တစ္ေယာက္ေယာက္ကို ထိလိုက္တာနဲ႔ အဲ့ဒီလူဟာ ခ်က္ခ်င္းသံမဏိ႐ုပ္တုႀကီးအျဖစ္ ေျပာင္းလဲသြားေစတာ ျဖစ္ပါတယ္။

ဒါကေတာ့ တစ္ခ်က္ေလး ထိလိုက္႐ုံနဲ႔ လူတစ္ေယာက္ကို အသာေလး ဇိဝိန္ေႁခြႏိုင္တဲ့ Marvel ရဲ႕ဇာတ္ေကာင္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုစိတ္ဝင္စားစရာ ေဆာင္းပါးေတြ အၿမဲတမ္း ဖတ္ရႈႏိုင္ဖို႔ ဒီေပ့ခ်္ကို Like & Follow လုပ္ထားပါလို႔လည္း တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular