HomeCharacterMarvel ကောမစ်ထဲက စွမ်းအားအကြီးဆုံး Asgardian God များ

Marvel ကောမစ်ထဲက စွမ်းအားအကြီးဆုံး Asgardian God များ

Thor: Love and Thunder ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ဒီရုပ်ရှင်ထဲမှာတော့ God တွေများစွာကို မြင်ခဲ့ရပါတယ်။ အဓိက ပါဝင်ခဲ့တာကတော့ Zeus တစ်ယောက်ပဲ ဆိုပေမယ့်လည်း တခြားယဉ်ကျေးမှုတွေရဲ့ God တွေများစွာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာ မပါဝင်တဲ့ ကောမစ်ထဲက God တွေများစွာလည်း ရှိနေပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Marvel ကောမစ်ထဲက စွမ်းအားအကြီးဆုံး Asgardian God တွေကို ဖော်ပြပေးချင်ပါတယ်။

(10) Heimdall

photo via screenrant

Bifrost နဲ့ Asgard ကို ကာကွယ်စောင့်ရှောက်သူဖြစ်တဲ့ Heimdall ကတော့ Asgardian တွေထက်တောင် သာလွန်တဲ့ အာရုံခံစားမှုကို ပိုင်ဆိုင်ထားပြီး အရာရာကို ရှုမြင်နိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ Asgard ရဲ့ အကျော်မှာရှိတဲ့ အရာတွေကို မြင်တွေ့နိုင်တဲ့အပြင် တည်ရှိမှုတွေရဲ့အလွန်မှာ ရှိတာတွေကိုပါ မြင်တွေ့နိုင်ပါတယ်။

ဒါကြောင့်ပဲ သူဟာ မတူညီတဲ့ Reality တွေ၊ Timeline တွေနဲ့ Dimension တွေကိုတောင် မြင်နိုင်ပါတယ်။ Heimdall ဟာ Asgard ရဲ့ စောင့်ရှောက်သူဖြစ်တာကြောင့် လောကကိုးခုထဲက အတော်ဆုံး တိုက်ခိုက်သူတွေထဲမှာ ပါဝင်နေပါတယ်။ သူဟာ လက်ဗလာ တိုက်ခိုက်နည်းပေါင်းမျိူးစုံကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီး လက်နက်မျိူးစုံကိုလည်း အသုံးပြုတတ်ကာ များသောအားဖြင့် ဓားနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။

(9) Angela

photo via screenrant

Aldrif Odinsdottir သို့မဟုတ် Angela ကတော့ Hel ကို ကြီးစိုးသူပဲ ဖြစ်ပါတယ်။ Hel ရဲ့ကြီးစိုးသူ ဖြစ်လာဖို့အတွက် Angela ကတော့ ကြီးမားလွန်းတဲ့ ဖုတ်ကောင်စစ်တပ်ကြီးကို အနိုင်ယူခဲ့ရပါတယ်။ Hel ရဲ့ Queen ဖြစ်လာတဲ့ အချိန်မှာတော့ သူမဟာ အဲဒီဖုတ်ကောင်စစ်တပ်ကို ပြန်ပြီးအမိန့်ပေး ခိုင်းစေပါတယ်။ ခွန်အားအရာမှာ ဆိုရင်တော့ သူမဟာ Thor နဲ့ ယှဉ်ပြိုင်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ စကေးလ်တွေအားလုံးမှာတော့ သူမဟာ Thor နဲ့ ရင်ဘောင်တန်းနိုင်ပါတယ်။ ဒါ့အပြင် သူမရဲ့ Angelic Armor ကတော့ ကောင်းကင်ဘုံမှာ ဖန်တီးထားတာ ဖြစ်ပြီး သူမကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ အားလုံးကနေ ကာကွယ်ပေးပါတယ်။

(8) Frigga

photo via screenrant

ကောမစ်ထဲမှာတော့ Frigga သို့မဟုတ် Freyja Freyrdottir လို့ သိကြပြီး သူမဟာ စွမ်းအားအကြီးဆုံး Asgardian Witch တွေထဲမှာ ပါဝင်ပါတယ်။ သူမကတော့ မှော်ပညာကျွမ်းကျင်မှုကြောင့် တခြား Asgardian တွေလို Bifrost နဲ့ တခြားနည်းလမ်းတွေ မလိုအပ်ဘဲ ဒိုင်မေးရှင်းတွေကြားမှာ သွားလာနိုင်ပါတယ်။ သူမကတော့ Asgardian တစ်ယောက် ဖြစ်တာကြောင့် Superhuman တစ်ယောက်ရဲ့ ခွန်အား၊ လျင်မြန်မှုနဲ့ ခံနိုင်ရည်တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါတွေအပြင် သူမဟာ တိုက်ခိုက်နည်းပေါင်းစုံနဲ့ လက်နက်မျိူးစုံကို အသုံးပြုတတ်တာကြောင့်လည်း Marvel Universe ရဲ့ အကြမ်းဆုံး ကိုယ်ခံပညာရှင်တွေထဲမှာလည်း ပါဝင်နေပါတယ်။

(7) The Enchantress

photo via screenrant

သူမကတော့ Thor နဲ့ ပထမဆုံး စတင်တွေ့ဆုံတဲ့အချိန်မှာပဲ စွမ်းအားကြီး မှော်ပညာရှင်တစ်ယောက် ဖြစ်ကြောင်း သက်သေပြခဲ့ပြီး Thor ကို စိတ်ရှုပ်ထွေးသွားအောင် လုပ်ကာ အတိုင်းအတာတစ်ခုထိလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သူမဟာ မှော်ပညာကို အသုံးပြုပြီး Reality ကို လိုသလို ပြောင်းလဲနိုင်သလို သူမရဲ့စွမ်းအားကို ပိုမိုကြီးမားလာအောင်လည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ တခြားသူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူနိုင်ပြီး Asgardian တွေရဲ့ သမိုင်းနဲ့ မှော်ပညာအကြောင်းကိုလည်း အတိုင်းအဆ မရှိလောက်အောင် သိကျွမ်းနားလည်ထားပါတယ်။ ဒါကြောင့်ပဲ ဒီအသိပညာတွေကလည်း တိုက်ခိုက်ရတော့မယ်ဆိုရင် သေချာပေါက် အသုံးဝင်လာပါတော့တယ်။

(6) Loki

photo via screenrant

တကယ်တော့ လှည့်စားခြင်းနတ်ဘုရားဆိုတဲ့ နာမည်ဟာ Loki အတွက် တရားမျှတမှု မရှိပါဘူး။ Loki ဟာ Marvel Universe ရဲ့ စွမ်းအားအကြီးဆုံး မှော်ပညာရှင်တွေထဲမှာ ပါဝင်နေပြီး Reality ကို လိုသလို ပြောင်းလဲနိုင်သလို ရှုပ်ထွေးလွန်းတဲ့ Spell တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့မှော်ပညာနဲ့ ပတ်သက်တဲ့ ပါရမီဟာ စွမ်းအားကြီးတဲ့ Sorcerer Supreme တစ်ယောက်နဲ့ ညီမျှတယ်လို့တောင် ဆိုနိုင်ပါတယ်။

သူကတော့ များသောအားဖြင့် မှော်ပညာကို အသုံးပြုကာ သူ့ကိုယ်သူ ရုပ်ဖျက်ပြီး တခြားသူတစ်ယောက်ရဲ့ ပုံစံအဖြစ် ပြောင်းလဲလေ့ရှိပါတယ်။ ဒါတင်မကသေးဘဲ သူဟာ Frost Giant တစ်ယောက် ဖြစ်တာကြောင့် Frost Giant တွေရဲ့ Superhuman Strength ၊ Endurance နဲ့ Agility တို့ကို ပိုင်ဆိုင်ထားသလို မှော်ပညာကို အသုံးပြုကာ သူ့ရဲ့ ခွန်အားကိုလည်း မြှင့်တင်နိုင်ပါတယ်။

(5) Bor

photo via screenrant

Bor ကတော့ ရှေးဟောင်းအချိန်တွေတုန်းက Asgard ကို အုပ်စိုးခဲ့သူ ဖြစ်ပြီး Odin ရဲ့ အဖေလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ခွန်အားနဲ့ စွမ်းအားတွေကတော့ Odinforce နဲ့တောင် ယှဉ်နိုင်တာကြောင့် Cosmic အဆင့် စွမ်းအားကြီးသူပဲ ဖြစ်ပါတယ်။ Odinforce ကတော့ Asgard ရဲ့ ဘုရင်တွေ အသုံးပြုတဲ့ Mystical Energy တစ်ခုပဲ ဖြစ်ပါတယ်။ Odinforce ဟာ Existence တစ်ခုလုံးမှာ စွမ်းအားအကြီးဆုံး မှော်ပညာတစ်ခု ဖြစ်ပြီး Asgard ဘုရင်အသစ်ကိုလည်း လက်ဆင့်ကမ်းပေးနိုင်ပါတယ်။

Bor ဟာလည်း တိုက်ခိုက်နည်းမျိူးစုံနဲ့ လက်နက်ပေါင်းစုံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပေမယ့်လည်း သူ့အတွက်တော့ ကမ္ဘာတစ်ခုလုံးကို အတွေးတစ်ခုနဲ့တင် ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့်လည်း Bor ရဲ့ စွမ်းအားတွေဟာ အကန့်အသတ်တော့ ရှိပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ ပြန်လည်ရှင်သန်လာတဲ့ Gor ဟာ Thor နဲ့ အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး Thor ဟာ Odinforce ကို အသုံးပြုပြီး တိုက်ခိုက်တဲ့ အချိန်မှာတော့ Gor ဟာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါ့အပြင် Gor ဟာ Mjolnir ကို ထိုက်တန်စွာ မ,နိုင်တဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။

(4) Jane Foster Thor

photo via screenrant

တစ်ယောက်ယောက်ဟာ Mjolnir ကို ထိုက်တန်စွာ ကိုင်ဆောင်နိုင်ပြီ ဆိုရင်တော့ အဲဒီသူဟာ Thor, God of Thunder ဖြစ်လာပါတယ်။ Jane Foster ကလည်း Mjolnir ကို ထိုက်တန်စွာ ကိုင်ဆောင်နိုင်တာကြောင့် သူမဟာလည်း Thor ရဲ့ ခွန်အားနဲ့ Stamina တို့ကို ပိုင်ဆိုင်သွားပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူမဟာ Hulk နဲ့ Hercules တို့လို ခွန်အားကြီးတဲ့သူတွေနဲ့တောင် ယှဉ်ပြိုင်လာနိုင်ပါတယ်။ သူမဟာလည်း ဒိုင်မေးရှင်းတွေနဲ့ Reality တွေကြားထဲကို Bifrost နဲ့ သွားလာနိုင်ပြီး တော်ရုံတန်ရုံ တိုက်ခိုက်မှုတွေဟာ သူမအပေါ်မှာ သက်ရောက်မှုတွေ မရှိတော့ပါဘူး။

(3) Thor Odinson

photo via screenrant

God of Thunder ဖြစ်တဲ့ Thor Odinson ကတော့ Mjolnir ကို အဓိကလက်နက်အနေနဲ့ ကိုင်ဆောင်ပြီး များပြားလွန်းတဲ့ စွမ်းအင်တွေနဲ့ Forcefield ကို ထုတ်လုပ်နိုင်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ Cosmic Being တွေနဲ့ Mystical Being တွေကိုတောင် ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ ကောမစ်ထဲက Thor ကတော့ တခါတရံမှာ အပေါ်မှာ ဖော်ပြထားသလို Odinforce ကိုလည်း အသုံးပြုနိုင်ပြီး ဒီစွမ်းအင်နဲ့ ပျက်စီးသွားတဲ့ Mjolnir ကိုတောင် ပြန်လည်ပြုပြင်ခဲ့ပါသေးတယ်။

(2) Hela

photo via screenrant

Hela ကတော့ သေခြင်းနတ်ဘုရားမပဲ ဖြစ်ပြီး သူမဟာ သာမန်လူသားတွေတင် မဟုတ်ဘဲ ရှိသမျှ သေဆုံးသွားသူတွေ အားလုံးကို အမိန့်ပေးထိန်းချုပ်နိုင်ပါတယ်။ သူမဟာ သေဆုံးသွားတဲ့ Asgardian တွေကို ပြန်လည် အသက်သွင်းနိုင်သလို ထိန်းချုပ်ပြီး စစ်တပ်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သူမဟာ Asgardian တွေကိုတောင် တစ်ချက်ထိလိုက်ရုံနဲ့ သတ်ပစ်နိုင်ပြီး မှော်ပညာကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

(1) Odin

photo via screenrant

Asgardian God တွေထဲက စွမ်းအားအကြီးဆုံးကတော့ Odin ပဲ ဖြစ်ပြီး အတိုင်းအတာ မရှိလောက်တဲ့ စွမ်းအားတွေနဲ့ အသိပညာတွေကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ အနာဂတ်နဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ဖြစ်ရပ်တွေအားလုံးကို ကြိုမြင်နိုင်ပြီး မှော်ပညာကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သူဟာ Reality ကို Cosmic Scale အထိ လိုသလို ပြောင်းလဲနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စိတ်ကူးလို့ မရလောက်တဲ့ Cosmic Energy တွေ ပါဝင်နေတဲ့ Odinforce ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular