HomeEntertainmentFilmMarvel ရဲ့ Eternals တွေနဲ့ ပတ်သက်တဲ့ အကောင်းဆုံး fan theory (၁၀)ခု

Marvel ရဲ့ Eternals တွေနဲ့ ပတ်သက်တဲ့ အကောင်းဆုံး fan theory (၁၀)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုက အသစ်ထွက်ရှိလာမယ့် Eternals ရုပ်ရှင်ဟာ လက်ရှိအချိန်မှာတော့ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို ရယူထားပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ရုံတင်ပြသတော့မယ့် ဒီရုပ်ရှင်အတွက် ဘယ်လိုဇာတ်လမ်း၊ ဇာတ်ကွက်တွေ လာမယ်ဆိုတာ ပရိသတ်တွေဘက်က လုံးဝမသိရသေးပါဘူး။ ဒါကြောင့်ပဲ ဇာတ်ကားထွက်ရှိချိန်ကို စောင့်စားနေရတဲ့ အခိုက်အတန့်မှာ စိတ်ကူးဉာဏ် ကွန့်မြူးတတ်တဲ့ ပရိသတ်တွေရဲ့ ထုံးစံအတိုင်းပဲ fan theory တွေ ထွက်ရှိလာပါတယ်။ ဒါကြောင့် reddit မှာ ရေပန်းစားနေတဲ့ သီအိုရီတွေထဲက အကောင်းဆုံး fan theory (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

သီအိုရီ (၁) Knowhere ဖြစ်လာတဲ့ Celestial ရဲ့ သေဆုံးမှုကို ပြမယ်။
Photo via screenrant

MCU ပရိသတ်တွေဆိုရင်တော့ knowhere ကို သိကြမှာပါ။ knowhere ဟာ Celestial တစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးထဲမှာ တည်ရှိတာဖြစ်ပြီး အပယ်ခံတွေရဲ့ ခိုလှုံရာနေရာ ဖြစ်သလို ဂလက်ဆီထဲက အဆိုးဆုံးလူတွေ နေထိုင်တဲ့ ဥပဒေမဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Peter Quill ကတော့ ဒီနေရာဟာ “ဆိုးရွားစုတ်ပြတ်နေတဲ့ နေရာ” လို့ မှတ်ချက်ပေးထားပါတယ်။

MCU ပရိသတ်တွေကတော့ ဒီ Celestial ကြီး ဘယ်လိုသေဆုံးသွားတာလည်းဆိုတာ သိချင်မိကြမှာပါ။ အခုထွက်ပေါ်နေတဲ့ reddit က fan theory တစ်ခုအရ Eternals ထဲမှာတော့ ဒီ Celestial ကြီး ဘယ်လို ခေါင်းပြုတ်သွားတာလည်းဆိုတာ မြင်တွေ့ရဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သီအိုရီ (၂) Sersi နဲ့ Dane တို့ရဲ့ ကလေးဟာ MCU ရဲ့ ပထမဆုံး Mutant ဖြစ်လာမယ်။
Photo via screenrant

X-Men တွေ MCU ထဲ ရောက်လာဖို့ဟာ လက်ရှိမှာတော့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကတော့ သူတို့တွေ ဘယ်လိုနည်းလမ်းနဲ့ MCU ထဲ ဝင်ရောက်လာနိုင်မယ်ဆိုတာ မှန်းဆနေကြတာပါ။ အများစုကတော့ Wanda က hex ကို ဖန်တီးရင်းနဲ့ Mutant တွေကိုပါ ဖန်တီးမိလျက်သား ဖြစ်သွားမယ်လို့ တွေးထားကြပေမယ့် ဒီသီအိုရီဟာ မလျော်ကန်ဘူး ဖြစ်သွားပါတယ်။

Reddit က သီအိုရီတစ်ခုကတော့ Mutant တွေဟာ Eternals တွေနဲ့အတူ ပါလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီသီအိုရီအရ Sersi နဲ့ Dane Whitman ရဲ့ ကလေးဟာ X-gene ကို လက်ခံမယ့် ပထမဆုံး host ဖြစ်လာမယ်လို့ ပြောထားတာပါ။ ဒါဟာ တစ်ဆင့်ကျော် တွေးရမယ့် သီအိုရီတစ်ခု ဖြစ်ပေမယ့် မကြာခင် ထွက်ရှိလာတော့မယ့် Eternals ဇာတ်ကားထဲမှာတော့ Sersi နဲ့ Dane တို့ရဲ့ အချစ်ဇာတ်လမ်းဟာလည်း အဓိကကျမယ်လို့ ခန့်မှန်းထားရင် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

သီအိုရီ (၃) Gilgamesh ဟာ ဗီလိန်ဖြစ်နေမယ်။
Photo via screenrant

Ma Dong Seok လို့လည်း သိကြတဲ့ ကိုရီးယား – အမေရိကန်မင်းသား Don Lee ကတော့ Eternals ထဲမှာ Gilgamesh ဆိုတဲ့ ဇာတ်ကောင်ကနေ ပါဝင်သွားမှာပါ။ Gilgamesh ဟာ အင်အားအကြီးမားဆုံး eternal တစ်ယောက် ဖြစ်ပြီး မင်းသမီး Angelina Jolie သရုပ်ဆောင်မယ့် Thena နဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

reddit သီအိုရီတစ်ခုမှာတော့ လာမယ့် Eternals ရုပ်ရှင်ရဲ့ အဓိကဗီလိန်ဟာ deviant တွေ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းဆင်းရာမှာ deviant တွေအကြောင်း မပါတဲ့အတွက် မိန်းဗီလိန်ဟာ deviant တွေထက် Gilgamesh က ပိုဖြစ်နိုင်တယ်လို့ ဆိုထားတာပါ။

ကောမစ်ထဲမှာတော့ Thena ဟာ deviant စစ်နယ်ရှင် Kro နဲ့ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ ယခုဖော်ပြထားတဲ့ သီအိုရီအရ live action ထဲမှာတော့ Kro ဟာ Gilgamesh ရဲ့ နောက်ထပ် identity တစ်ခု ဖြစ်နိုင်သလို Kro နဲ့ ဇာတ်လမ်းနေရာမှာ Gilgamesh နဲ့ ဇာတ်လမ်းကို အစားထိုးလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ ဇာတ်လမ်းတစ်ခုလုံး မဟုတ်ရင်တောင် တချို့နေရာတွေမှာတော့ Thena ဟာလည်း ဗီလိန်ဆန်နိုင်တယ်လို့ ခန့်မှန်းထားပါသေးတယ်။

သီအိုရီ (၄) Ikaris ဟာ အဓိကဗီလိန် ဖြစ်မယ်။
Photo via screenrant

နောက်ထပ် သီအိုရီတစ်ခုမှာတော့ ဒီဇာတ်ကားရဲ့ တကယ့်ဗီလိန်ဟာ Gilgamesh မဟုတ်ဘဲ Richard Madden သရုပ်ဆောင်မယ့် Ikaris သာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ Eternals ရုပ်ရှင်ဟာ ၂၀၁၉ လောက်တုန်းကတော့ Sersi နဲ့ Dane Whitman တို့ရဲ့ အချစ်ဇာတ်လမ်းကို ဖော်ပြမယ်လို့ ပြောထားခဲ့ပေမယ့် teaser ထွက်လာချိန်မှာတော့ Sersi နဲ့ Ikaris ရဲ့ အချစ်ဇာတ်လမ်းကိုသာ ဖော်ပြသွားတာ တွေ့ရပါတယ်။

ဒီသီအိုရီအရ လူသားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး Sersi နဲ့ Ikaris တို့ သဘောထား ကွဲလွဲကာ နောက်ဆုံးမှာ Sersi က Ikaris ကို လမ်းခွဲသွားမယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ Sersi ဟာ Dane Whitman နဲ့ အချစ်ဇာတ်လမ်းတစ်ခု စတင်ခဲ့ပြီး Ikaris ဟာ ဒီကိစ္စကို သဝန်တိုရာကနေ ဗီလိန်ဖြစ်လာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာဆိုရင် Ikaris ဟာ ကမ္ဘာပေါ်က eternal တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Prime Eternal ဖြစ်ပါတယ်။ ဒါကြောင့် live action ထဲမှာ သူ့ကို မိန်းဗီလိန် လုပ်မယ်ဆိုရင်တော့ တော်တော်လေး အတင့်ရဲရာကျမှာပါ။ သို့သော်လည်း Marvel ဟာ ယခင်ကလည်း အလားတူ စမ်းသပ်မှုမျိုးတွေ ပြုလုပ်ခဲ့ဖူးတာကြောင့် ဒီသီအိုရီဟာ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။

သီအိုရီ (၅) Black Knight ဟာ ဗီလိန်ဖြစ်မယ်။
Photo via screenrant

နောက်ထပ် သီအိုရီတစ်ခုမှာတော့ ဗီလိန်ဟာ eternals တွေထဲက မဟုတ်ဘဲ Black Knight ဖြစ်နေမယ်လို့ ဆိုထားပါတယ်။ ဒီသီအိုရီအရ eternal တွေဟာ Dane Whitman ရဲ့ လူသားသဘာဝကြောင့် Sersi နဲ့ သူ့ရဲ့ ချစ်ခြင်းကို ခွဲကြမှာပါ။ ဒါကြောင့် Dane ဟာ မကျေမချမ်းဖြစ်ပြီး ဗီလိန်ဖြစ်လာမယ်လို့ ခန့်မှန်းထားတာပါ။

ဒီတစ်ခုကတော့ Gilgamesh နဲ့ Ikaris တို့ရဲ့ သီအိုရီနဲ့ မတူဘဲ ဖြစ်နိုင်ချေ ပိုများပါတယ်။ အကြောင်းကတော့ Dane Whitman မှာ evil version ရှိဖူးတာကြောင့် ဖြစ်ပါတယ်။ ကောမစ်ထဲမှာဆိုရင် Dane ရဲ့ ဦးလေးဟာ ဗီလိန် Black Knight ဖြစ်ပါတယ်။ ဒါတင်မက Dane ကိုယ်တိုင်မှာလည်း Proctor လို့ခေါ်တဲ့ နောက်ထပ် ဗီလိန်ဗားရှင်း ရှိနေပါသေးတယ်။ Proctor ကတော့ multiverse တွေကို လျှောက်သွားပြီး ရှိရှိသမျှ Sersi ရဲ့ ဗားရှင်းတိုင်းကို လိုက်သတ်နေတဲ့သူ ဖြစ်ပါတယ်။

သီအိုရီ (၆) Eternals တွေဟာ Thanos နဲ့ တိုက်ခိုက်ခဲ့ပြီးသား ဖြစ်မယ်။
Photo via screenrant

Eternals တွေနဲ့ ပတ်သက်တဲ့ အကြီးမားဆုံး မေးခွန်းတစ်ခုကတော့ Thanos နဲ့ ရင်ဆိုင်ရာမှာ ဘာကြောင့် Avengers တွေနဲ့အတူ မတိုက်ခိုက်ပေးခဲ့တာလည်းဆိုတာပါပဲ။ ယခုဖော်ပြမယ့် သီအိုရီကတော့ ဒီမေးခွန်းအတွက် အဖြေကို ပေးထားပါတယ်။ အဲဒါကတော့ Eternals တွေဟာ Thanos နဲ့ တိုက်ခိုက်ခဲ့ပြီးသား ဖြစ်ကာ ရှုံးနိမ့်သွားခဲ့‌တာလို့ ဆိုထားပါတယ်။

ကောမစ်ထဲက Thanos ဟာ Deviant မျိုးဗီဇ ပါဝင်သူ ဖြစ်တာကြောင့် ဒီအချက်ဟာ MCU ထဲမှာလည်း ပါဝင်လာလိမ့်မယ်လို့ ဒီသီအိုရီက ယူဆထားပါတယ်။ စကြဝဠာတခွင်က Thanos ရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေဟာ Eternals တွေအတွက် သတိထားစရာ ဖြစ်လာပြီး နောက်ဆုံးမှာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါလိမ့်မယ်။ သို့သော်လည်း အဲဒီတိုက်ပွဲမှာ eternals တွေဘက်က ရှုံးနိမ့်ခဲ့ကြတဲ့အတွက် ကမ္ဘာပေါ်ကို ထွက်ပြေးလာကြပြီး သူတို့ကိုယ်သူတို့ လူသားတွေနဲ့ ရောနှောနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုနေထိုင်ရင်း Avengers တွေ ဖြစ်လာဖို့ နောက်ကွယ်က လှုံ့ဆော်ဖန်တီးကာ တစ်နေ့မှာ ကမ္ဘာပေါ်ကို ရောက်လာမယ့် Thanos နဲ့ ရင်ဆိုင်ဖို့ Avengers တွေ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ပေးနေတာလို့ ဆိုထားပါတယ်။ ဒါဟာ ရှုပ်ထွေးပြီး အသေးစိတ်ကျတဲ့ သီအိုရီတစ်ခု ဖြစ်ပါတယ်။ eternals တွေရဲ့ အစွမ်းကို ယုတ်လျော့အောင် ပုံဖော်ထားသလို ဖြစ်နေပြီး MCU ကြီးတစ်ခုလုံးရဲ့ အဖြစ်အပျက်တွေအတွက် သူတို့ဆီမှာ တိုက်ရိုက် တာဝန်ရှိနေသလို ဖြစ်နေတဲ့အတွက် ပရိသတ်တွေကတော့ ဒီသီအိုရီကို နှစ်သက်ကြမှာ မဟုတ်ပါဘူး။

သီအိုရီ (၇) Avengers တွေကို လေးစားတဲ့ Eternals များ
Photo via screenrant

Avengers တွေဟာ MCU ရဲ့ ကောင်းမွန်မှုတွေရှိရာ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် သီအိုရီအရ Thanos ဟာ eternals တစ်ဝက်ကို လက်ဖျောက်တီးပြီး ဖျောက်ဖျက်လိုက်ရာက ကျန်ခဲ့တဲ့ တစ်ဝက်ဟာ စိတ်တွေရှုပ်ထွေးပြီး ထိတ်လန့်တကြား ဖြစ်နေကြမယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ Avengers တွေရဲ့ ကြိုးစားမှုနဲ့ ပျောက်သွားတဲ့ လူဦးရေတစ်ဝက်ဟာ ပြန်ရောက်လာခဲ့ချိန်မှာတော့ လူသားတွေအပေါ် ရှုမြင်တဲ့ eternals တွေရဲ့အမြင် ပြောင်းလဲသွားရပြီး Avengers တွေကိုလည်း လေးစားသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီအချိန်ဟာ သူတို့ကိုယ်သူတို့ ဖော်ပြရမယ့်အချိန်လို့ ယူဆပြီး ပုန်းနေရာက ထွက်လာကြပါလိမ့်မယ်။ ဒီလိုနဲ့ deviant တွေရဲ့ ခြိမ်းခြောက်မှုက ကမ္ဘာပေါ်ကို ရောက်လာတဲ့အချိန်မှာတော့ တစ်ချိန်က သူတို့မလုပ်နိုင်ခဲ့တဲ့အရာကို လုပ်ဖို့ အခွင့်အရေး ရလာပြီ ဖြစ်တာကြောင့် Avengers တွေထုံး နှလုံးမူပြီး တိုက်ပွဲကို ရင်ဆိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သီအိုရီ (၈) Thanos ဟာ Eternals တွေကို ဖျောက်ပစ်လိုက်တာပါ။
Photo via screenrant

Endgame က တိုက်ပွဲမှာ eternals တွေ ပျောက်နေရတဲ့ အကြောင်းရင်းကို ချေဖျက်ထားတဲ့ နောက်ထပ် သီအိုရီတစ်ခုကတော့ လူတွေ တွေးထားတာထက် ရိုးရှင်းနေပါတယ်။ အဲဒါကတော့ ဒီလောက်အစွမ်းထက်တဲ့ eternals တွေအနေနဲ့ epic battle ကြီးမှာ ပါမလာကြတာဟာ သူတို့အားလုံး လက်ဖျောက်တီးတဲ့ထဲ ပါသွားကြလို့ပါပဲလို့ ဆိုထားပါတယ်။

ကမ္ဘာပေါ်ကို အားလုံးတပြိုင်နက် ပြန်ရောက်လာချိန်မှာတော့ Dr. Strange ရဲ့ ဒိုင်းမေးရှင်းပေါင်းစုံကို အကူအညီလှမ်းတောင်းမှုမှာ သူတို့ဘက်က အဖြေပေးဖို့ ရုန်းကန်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ eternals တွေအားလုံး အဖျောက်ခံလိုက်ရတယ်လို့ ယုံကြည်ဖို့ဟာ သိပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ထူးဆန်းတဲ့ အကြောင်းအရာတွေဟာ MCU မှာ အမြဲတမ်း ဖြစ်ပျက်နေတာပါပဲ။

သီအိုရီ (၉) Eternals တွေကိုယ်တိုင်က Thanos နဲ့ မတိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။
Photo via screenrant

Thanos နဲ့ သူသေကိုယ်သေ တိုက်ပွဲမှာ eternals တွေ ပါမလာခဲ့တဲ့အပေါ် ပရိသတ်တွေ အကျေအလည် ငြင်းခုန်ဆွေးနွေးခဲ့ကြပြီး ပေါ်ပေါက်လာတဲ့ သီအိုရီတစ်ခုကတော့ အရိုးရှင်းဆုံးလို့တောင် ပြောရမလိုပါပဲ။ အဲဒါကတော့ eternals တွေအတွက် ဒီတိုက်ပွဲမှာ ဝင်ပါစရာအကြောင်း မရှိတာကြောင့်ပဲလို့ ဆိုထားပါတယ်။

eternals တွေဟာ အဖျောက်ခံရတဲ့ထဲ ပါသွားပြီးနောက် ပြန်ရောက်လာချိန်မှာတော့ အခြေအနေကို သုံးသပ်ခဲ့ကြပြီး သူတို့ ဝင်မပါဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဒီသီအိုရီက ဆိုပါတယ်။ Avengers တွေအတွက် အင်တိုက်အားတိုက် ရင်ဆိုင်ခဲ့ရတဲ့ Loki ကိစ္စ၊ ဒါမှမဟုတ် Ultron ရဲ့ ပြဿနာတွေဟာ eternals တွေအတွက်တော့ ဝင်ပါရလောက်အောင် မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါတင်မက နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားချိန်မှာ Thanos ဟာ သေဆုံးနေခဲ့တာ ငါးနှစ်ရှိသွားပြီ ဖြစ်ပါတယ်။ Thanos ရဲ့ မသေခင်ဗားရှင်းက အချိန်ခရီးသွားပြီး Avengers တွေဆီ ပြန်လာခဲ့တယ်ဆိုတာ Eternals တွေ မသိတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အတိုချုပ်အားဖြင့် ဆိုရရင် eternals တွေဟာ သတင်းအချက်အလက် အလုံအလောက် မရရှိဘဲ Avengers တွေ ကိုင်တွယ်နိုင်မယ်အထင်နဲ့ အေးအေးဆေးဆေး နေနေခဲ့တာ ဖြစ်နိုင်တယ်လို့ ဒီသီအိုရီက ဆိုထားတာပါ။

သီအိုရီ (၁၀) Eternals တွေဟာ Phase 4 ရဲ့ ဗီလိန်တွေ ဖြစ်ပါတယ်။
Photo via screenrant

မကြာခင် ရုံတင်ပြသတော့မယ့် Eternals ရုပ်ရှင်အတွက် သီအိုရီများစွာ ထွက်ပေါ်လာရာမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး သီအိုရီတွေလည်း ပါဝင်နေပါတယ်။ ဒီလိုသီအိုရီတစ်ခုကတော့ Eternals တွေဟာ MCU Phase 4 ရဲ့ အဓိကဗီလိန်တွေ ဖြစ်နေမယ်ဆိုတာပါပဲ။ ဒီသီအိုရီကို အတိုချုံး ပြောရရင်တော့ Avengers တွေထဲမှာ Eternals တွေအတွက် နေရာမရှိတာကြောင့် Anti-Avengers တွေအဖြစ် သူတို့က နေရာယူလာမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ယခု Phase 4 ရဲ့ theme ဟာ ဒိုင်မေးရှင်းတစ်ခုတည်းက ဗီလိန်တစ်ယောက်တည်းကိုပဲ ပြသမှာမျိုး မဟုတ်ဘဲ ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် ဗီလိန်တွေကို ဖန်တီးပြသသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါသာ တကယ်ဖြစ်လာမယ်ဆိုရင် MCU အတွက် အလှည့်အပြောင်းများစွာ ဖြစ်ပေါ်လာမှာမို့ စိတ်ကူးကောင်းတစ်ခုလို့တော့ ပြောနိုင်ပေမယ့် တကယ် ဟုတ်၊မဟုတ်ဆိုတာကိုတော့ ပရိသတ်တွေဟာ နောက်ထပ် လေးလ ထပ်မံစောင့်ဆိုင်းပြီးမှ သိရမှာ ဖြစ်ပါတယ်။

ဒါကတော့ Eternals ရုပ်ရှင်အတွက် သီအိုရီများစွာထဲက အကောင်းဆုံးသော သီအိုရီ(၁၀)ခုကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်တစ်ခုက စာဖတ်သူတို့ရဲ့ အကြိုက်လည်းဆိုတာ ဆွေးနွေးပေးခဲ့ပါဦး။ ဆံရစ်ဝိုင်းပေ့ချ်ကိုလည်း Like & Follow လုပ်ထားပေးပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel စတူဒီယိုက အသစ္ထြက္ရွိလာမယ့္ Eternals ႐ုပ္ရွင္ဟာ လက္ရွိအခ်ိန္မွာေတာ့ လွ်ိဳ႕ဝွက္ခ်က္ေပါင္းမ်ားစြာနဲ႔ ပရိသတ္ေတြရဲ႕ ရင္ခုန္စိတ္လႈပ္ရွားမႈကို ရယူထားပါတယ္။ လာမယ့္ ႏိုဝင္ဘာလမွာ ႐ုံတင္ျပသေတာ့မယ့္ ဒီ႐ုပ္ရွင္အတြက္ ဘယ္လိုဇာတ္လမ္း၊ ဇာတ္ကြက္ေတြ လာမယ္ဆိုတာ ပရိသတ္ေတြဘက္က လုံးဝမသိရေသးပါဘူး။ ဒါေၾကာင့္ပဲ ဇာတ္ကားထြက္ရွိခ်ိန္ကို ေစာင့္စားေနရတဲ့ အခိုက္အတန႔္မွာ စိတ္ကူးဉာဏ္ ကြန႔္ျမဴးတတ္တဲ့ ပရိသတ္ေတြရဲ႕ ထုံးစံအတိုင္းပဲ fan theory ေတြ ထြက္ရွိလာပါတယ္။ ဒါေၾကာင့္ reddit မွာ ေရပန္းစားေနတဲ့ သီအိုရီေတြထဲက အေကာင္းဆုံး fan theory (၁၀)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

သီအိုရီ (၁) Knowhere ျဖစ္လာတဲ့ Celestial ရဲ႕ ေသဆုံးမႈကို ျပမယ္။
Photo via screenrant

MCU ပရိသတ္ေတြဆိုရင္ေတာ့ knowhere ကို သိၾကမွာပါ။ knowhere ဟာ Celestial တစ္ေယာက္ရဲ႕ ေခါင္းျပတ္ႀကီးထဲမွာ တည္ရွိတာျဖစ္ၿပီး အပယ္ခံေတြရဲ႕ ခိုလႈံရာေနရာ ျဖစ္သလို ဂလက္ဆီထဲက အဆိုးဆုံးလူေတြ ေနထိုင္တဲ့ ဥပေဒမဲ့ ေနရာတစ္ခု ျဖစ္ပါတယ္။ Peter Quill ကေတာ့ ဒီေနရာဟာ “ဆိုး႐ြားစုတ္ျပတ္ေနတဲ့ ေနရာ” လို႔ မွတ္ခ်က္ေပးထားပါတယ္။

MCU ပရိသတ္ေတြကေတာ့ ဒီ Celestial ႀကီး ဘယ္လိုေသဆုံးသြားတာလည္းဆိုတာ သိခ်င္မိၾကမွာပါ။ အခုထြက္ေပၚေနတဲ့ reddit က fan theory တစ္ခုအရ Eternals ထဲမွာေတာ့ ဒီ Celestial ႀကီး ဘယ္လို ေခါင္းျပဳတ္သြားတာလည္းဆိုတာ ျမင္ေတြ႕ရဖို႔ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

သီအိုရီ (၂) Sersi နဲ႔ Dane တို႔ရဲ႕ ကေလးဟာ MCU ရဲ႕ ပထမဆုံး Mutant ျဖစ္လာမယ္။
Photo via screenrant

X-Men ေတြ MCU ထဲ ေရာက္လာဖို႔ဟာ လက္ရွိမွာေတာ့ ဆိုင္းငံ့ထားဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ပရိသတ္ေတြကေတာ့ သူတို႔ေတြ ဘယ္လိုနည္းလမ္းနဲ႔ MCU ထဲ ဝင္ေရာက္လာႏိုင္မယ္ဆိုတာ မွန္းဆေနၾကတာပါ။ အမ်ားစုကေတာ့ Wanda က hex ကို ဖန္တီးရင္းနဲ႔ Mutant ေတြကိုပါ ဖန္တီးမိလ်က္သား ျဖစ္သြားမယ္လို႔ ေတြးထားၾကေပမယ့္ ဒီသီအိုရီဟာ မေလ်ာ္ကန္ဘူး ျဖစ္သြားပါတယ္။

Reddit က သီအိုရီတစ္ခုကေတာ့ Mutant ေတြဟာ Eternals ေတြနဲ႔အတူ ပါလာမယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒီသီအိုရီအရ Sersi နဲ႔ Dane Whitman ရဲ႕ ကေလးဟာ X-gene ကို လက္ခံမယ့္ ပထမဆုံး host ျဖစ္လာမယ္လို႔ ေျပာထားတာပါ။ ဒါဟာ တစ္ဆင့္ေက်ာ္ ေတြးရမယ့္ သီအိုရီတစ္ခု ျဖစ္ေပမယ့္ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ Eternals ဇာတ္ကားထဲမွာေတာ့ Sersi နဲ႔ Dane တို႔ရဲ႕ အခ်စ္ဇာတ္လမ္းဟာလည္း အဓိကက်မယ္လို႔ ခန႔္မွန္းထားရင္ လုံးဝမျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူး။

သီအိုရီ (၃) Gilgamesh ဟာ ဗီလိန္ျဖစ္ေနမယ္။
Photo via screenrant

Ma Dong Seok လို႔လည္း သိၾကတဲ့ ကိုရီးယား – အေမရိကန္မင္းသား Don Lee ကေတာ့ Eternals ထဲမွာ Gilgamesh ဆိုတဲ့ ဇာတ္ေကာင္ကေန ပါဝင္သြားမွာပါ။ Gilgamesh ဟာ အင္အားအႀကီးမားဆုံး eternal တစ္ေယာက္ ျဖစ္ၿပီး မင္းသမီး Angelina Jolie သ႐ုပ္ေဆာင္မယ့္ Thena နဲ႔ နီးစပ္တဲ့ ဆက္ဆံေရးကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။

reddit သီအိုရီတစ္ခုမွာေတာ့ လာမယ့္ Eternals ႐ုပ္ရွင္ရဲ႕ အဓိကဗီလိန္ဟာ deviant ေတြ မျဖစ္ႏိုင္ဘူးလို႔ ဆိုထားပါတယ္။ အေၾကာင္းကေတာ့ ဒီ႐ုပ္ရွင္အတြက္ ပ႐ိုမိုးရွင္းဆင္းရာမွာ deviant ေတြအေၾကာင္း မပါတဲ့အတြက္ မိန္းဗီလိန္ဟာ deviant ေတြထက္ Gilgamesh က ပိုျဖစ္ႏိုင္တယ္လို႔ ဆိုထားတာပါ။

ေကာမစ္ထဲမွာေတာ့ Thena ဟာ deviant စစ္နယ္ရွင္ Kro နဲ႔ ခ်စ္ႀကိဳက္ခဲ့ဖူးပါတယ္။ ယခုေဖာ္ျပထားတဲ့ သီအိုရီအရ live action ထဲမွာေတာ့ Kro ဟာ Gilgamesh ရဲ႕ ေနာက္ထပ္ identity တစ္ခု ျဖစ္ႏိုင္သလို Kro နဲ႔ ဇာတ္လမ္းေနရာမွာ Gilgamesh နဲ႔ ဇာတ္လမ္းကို အစားထိုးလိုက္တာမ်ိဳး ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ထဲမွာ ဇာတ္လမ္းတစ္ခုလုံး မဟုတ္ရင္ေတာင္ တခ်ိဳ႕ေနရာေတြမွာေတာ့ Thena ဟာလည္း ဗီလိန္ဆန္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါေသးတယ္။

သီအိုရီ (၄) Ikaris ဟာ အဓိကဗီလိန္ ျဖစ္မယ္။
Photo via screenrant

ေနာက္ထပ္ သီအိုရီတစ္ခုမွာေတာ့ ဒီဇာတ္ကားရဲ႕ တကယ့္ဗီလိန္ဟာ Gilgamesh မဟုတ္ဘဲ Richard Madden သ႐ုပ္ေဆာင္မယ့္ Ikaris သာ ျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။ Eternals ႐ုပ္ရွင္ဟာ ၂၀၁၉ ေလာက္တုန္းကေတာ့ Sersi နဲ႔ Dane Whitman တို႔ရဲ႕ အခ်စ္ဇာတ္လမ္းကို ေဖာ္ျပမယ္လို႔ ေျပာထားခဲ့ေပမယ့္ teaser ထြက္လာခ်ိန္မွာေတာ့ Sersi နဲ႔ Ikaris ရဲ႕ အခ်စ္ဇာတ္လမ္းကိုသာ ေဖာ္ျပသြားတာ ေတြ႕ရပါတယ္။

ဒီသီအိုရီအရ လူသားေတြအေပၚ ဆက္ဆံပုံနဲ႔ ပတ္သက္ၿပီး Sersi နဲ႔ Ikaris တို႔ သေဘာထား ကြဲလြဲကာ ေနာက္ဆုံးမွာ Sersi က Ikaris ကို လမ္းခြဲသြားမယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္မွာေတာ့ Sersi ဟာ Dane Whitman နဲ႔ အခ်စ္ဇာတ္လမ္းတစ္ခု စတင္ခဲ့ၿပီး Ikaris ဟာ ဒီကိစၥကို သဝန္တိုရာကေန ဗီလိန္ျဖစ္လာမယ္လို႔ ခန႔္မွန္းထားတာ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာဆိုရင္ Ikaris ဟာ ကမာၻေပၚက eternal ေတြရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Prime Eternal ျဖစ္ပါတယ္။ ဒါေၾကာင့္ live action ထဲမွာ သူ႔ကို မိန္းဗီလိန္ လုပ္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး အတင့္ရဲရာက်မွာပါ။ သို႔ေသာ္လည္း Marvel ဟာ ယခင္ကလည္း အလားတူ စမ္းသပ္မႈမ်ိဳးေတြ ျပဳလုပ္ခဲ့ဖူးတာေၾကာင့္ ဒီသီအိုရီဟာ မျဖစ္ႏိုင္ဘူးလို႔ေတာ့ ေျပာလို႔မရပါဘူး။

သီအိုရီ (၅) Black Knight ဟာ ဗီလိန္ျဖစ္မယ္။
Photo via screenrant

ေနာက္ထပ္ သီအိုရီတစ္ခုမွာေတာ့ ဗီလိန္ဟာ eternals ေတြထဲက မဟုတ္ဘဲ Black Knight ျဖစ္ေနမယ္လို႔ ဆိုထားပါတယ္။ ဒီသီအိုရီအရ eternal ေတြဟာ Dane Whitman ရဲ႕ လူသားသဘာဝေၾကာင့္ Sersi နဲ႔ သူ႔ရဲ႕ ခ်စ္ျခင္းကို ခြဲၾကမွာပါ။ ဒါေၾကာင့္ Dane ဟာ မေက်မခ်မ္းျဖစ္ၿပီး ဗီလိန္ျဖစ္လာမယ္လို႔ ခန႔္မွန္းထားတာပါ။

ဒီတစ္ခုကေတာ့ Gilgamesh နဲ႔ Ikaris တို႔ရဲ႕ သီအိုရီနဲ႔ မတူဘဲ ျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။ အေၾကာင္းကေတာ့ Dane Whitman မွာ evil version ရွိဖူးတာေၾကာင့္ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာဆိုရင္ Dane ရဲ႕ ဦးေလးဟာ ဗီလိန္ Black Knight ျဖစ္ပါတယ္။ ဒါတင္မက Dane ကိုယ္တိုင္မွာလည္း Proctor လို႔ေခၚတဲ့ ေနာက္ထပ္ ဗီလိန္ဗားရွင္း ရွိေနပါေသးတယ္။ Proctor ကေတာ့ multiverse ေတြကို ေလွ်ာက္သြားၿပီး ရွိရွိသမွ် Sersi ရဲ႕ ဗားရွင္းတိုင္းကို လိုက္သတ္ေနတဲ့သူ ျဖစ္ပါတယ္။

သီအိုရီ (၆) Eternals ေတြဟာ Thanos နဲ႔ တိုက္ခိုက္ခဲ့ၿပီးသား ျဖစ္မယ္။
Photo via screenrant

Eternals ေတြနဲ႔ ပတ္သက္တဲ့ အႀကီးမားဆုံး ေမးခြန္းတစ္ခုကေတာ့ Thanos နဲ႔ ရင္ဆိုင္ရာမွာ ဘာေၾကာင့္ Avengers ေတြနဲ႔အတူ မတိုက္ခိုက္ေပးခဲ့တာလည္းဆိုတာပါပဲ။ ယခုေဖာ္ျပမယ့္ သီအိုရီကေတာ့ ဒီေမးခြန္းအတြက္ အေျဖကို ေပးထားပါတယ္။ အဲဒါကေတာ့ Eternals ေတြဟာ Thanos နဲ႔ တိုက္ခိုက္ခဲ့ၿပီးသား ျဖစ္ကာ ရႈံးနိမ့္သြားခဲ့‌တာလို႔ ဆိုထားပါတယ္။

ေကာမစ္ထဲက Thanos ဟာ Deviant မ်ိဳးဗီဇ ပါဝင္သူ ျဖစ္တာေၾကာင့္ ဒီအခ်က္ဟာ MCU ထဲမွာလည္း ပါဝင္လာလိမ့္မယ္လို႔ ဒီသီအိုရီက ယူဆထားပါတယ္။ စၾကဝဠာတခြင္က Thanos ရဲ႕ အာဏာရွင္ဆန္တဲ့ လုပ္ရပ္ေတြဟာ Eternals ေတြအတြက္ သတိထားစရာ ျဖစ္လာၿပီး ေနာက္ဆုံးမွာ ရင္ဆိုင္တိုက္ခိုက္ခဲ့ၾကပါလိမ့္မယ္။ သို႔ေသာ္လည္း အဲဒီတိုက္ပြဲမွာ eternals ေတြဘက္က ရႈံးနိမ့္ခဲ့ၾကတဲ့အတြက္ ကမာၻေပၚကို ထြက္ေျပးလာၾကၿပီး သူတို႔ကိုယ္သူတို႔ လူသားေတြနဲ႔ ေရာေႏွာေနထိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီလိုေနထိုင္ရင္း Avengers ေတြ ျဖစ္လာဖို႔ ေနာက္ကြယ္က လႈံ႕ေဆာ္ဖန္တီးကာ တစ္ေန႔မွာ ကမာၻေပၚကို ေရာက္လာမယ့္ Thanos နဲ႔ ရင္ဆိုင္ဖို႔ Avengers ေတြ အဆင္သင့္ ျဖစ္ေနေအာင္ ျပင္ဆင္ေပးေနတာလို႔ ဆိုထားပါတယ္။ ဒါဟာ ရႈပ္ေထြးၿပီး အေသးစိတ္က်တဲ့ သီအိုရီတစ္ခု ျဖစ္ပါတယ္။ eternals ေတြရဲ႕ အစြမ္းကို ယုတ္ေလ်ာ့ေအာင္ ပုံေဖာ္ထားသလို ျဖစ္ေနၿပီး MCU ႀကီးတစ္ခုလုံးရဲ႕ အျဖစ္အပ်က္ေတြအတြက္ သူတို႔ဆီမွာ တိုက္႐ိုက္ တာဝန္ရွိေနသလို ျဖစ္ေနတဲ့အတြက္ ပရိသတ္ေတြကေတာ့ ဒီသီအိုရီကို ႏွစ္သက္ၾကမွာ မဟုတ္ပါဘူး။

သီအိုရီ (၇) Avengers ေတြကို ေလးစားတဲ့ Eternals မ်ား
Photo via screenrant

Avengers ေတြဟာ MCU ရဲ႕ ေကာင္းမြန္မႈေတြရွိရာ ရင္းျမစ္တစ္ခု ျဖစ္ပါတယ္။ ယခုေဖာ္ျပမယ့္ သီအိုရီအရ Thanos ဟာ eternals တစ္ဝက္ကို လက္ေဖ်ာက္တီးၿပီး ေဖ်ာက္ဖ်က္လိုက္ရာက က်န္ခဲ့တဲ့ တစ္ဝက္ဟာ စိတ္ေတြရႈပ္ေထြးၿပီး ထိတ္လန႔္တၾကား ျဖစ္ေနၾကမယ္လို႔ ဆိုပါတယ္။

ဒီလိုနဲ႔ Avengers ေတြရဲ႕ ႀကိဳးစားမႈနဲ႔ ေပ်ာက္သြားတဲ့ လူဦးေရတစ္ဝက္ဟာ ျပန္ေရာက္လာခဲ့ခ်ိန္မွာေတာ့ လူသားေတြအေပၚ ရႈျမင္တဲ့ eternals ေတြရဲ႕အျမင္ ေျပာင္းလဲသြားရၿပီး Avengers ေတြကိုလည္း ေလးစားသြားတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္ဟာ သူတို႔ကိုယ္သူတို႔ ေဖာ္ျပရမယ့္အခ်ိန္လို႔ ယူဆၿပီး ပုန္းေနရာက ထြက္လာၾကပါလိမ့္မယ္။ ဒီလိုနဲ႔ deviant ေတြရဲ႕ ၿခိမ္းေျခာက္မႈက ကမာၻေပၚကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ တစ္ခ်ိန္က သူတို႔မလုပ္ႏိုင္ခဲ့တဲ့အရာကို လုပ္ဖို႔ အခြင့္အေရး ရလာၿပီ ျဖစ္တာေၾကာင့္ Avengers ေတြထုံး ႏွလုံးမူၿပီး တိုက္ပြဲကို ရင္ဆိုင္မွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

သီအိုရီ (၈) Thanos ဟာ Eternals ေတြကို ေဖ်ာက္ပစ္လိုက္တာပါ။
Photo via screenrant

Endgame က တိုက္ပြဲမွာ eternals ေတြ ေပ်ာက္ေနရတဲ့ အေၾကာင္းရင္းကို ေခ်ဖ်က္ထားတဲ့ ေနာက္ထပ္ သီအိုရီတစ္ခုကေတာ့ လူေတြ ေတြးထားတာထက္ ႐ိုးရွင္းေနပါတယ္။ အဲဒါကေတာ့ ဒီေလာက္အစြမ္းထက္တဲ့ eternals ေတြအေနနဲ႔ epic battle ႀကီးမွာ ပါမလာၾကတာဟာ သူတို႔အားလုံး လက္ေဖ်ာက္တီးတဲ့ထဲ ပါသြားၾကလို႔ပါပဲလို႔ ဆိုထားပါတယ္။

ကမာၻေပၚကို အားလုံးတၿပိဳင္နက္ ျပန္ေရာက္လာခ်ိန္မွာေတာ့ Dr. Strange ရဲ႕ ဒိုင္းေမးရွင္းေပါင္းစုံကို အကူအညီလွမ္းေတာင္းမႈမွာ သူတို႔ဘက္က အေျဖေပးဖို႔ ႐ုန္းကန္ေနရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ eternals ေတြအားလုံး အေဖ်ာက္ခံလိုက္ရတယ္လို႔ ယုံၾကည္ဖို႔ဟာ သိပ္ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ထင္ရေပမယ့္ ထူးဆန္းတဲ့ အေၾကာင္းအရာေတြဟာ MCU မွာ အၿမဲတမ္း ျဖစ္ပ်က္ေနတာပါပဲ။

သီအိုရီ (၉) Eternals ေတြကိုယ္တိုင္က Thanos နဲ႔ မတိုက္ဖို႔ ဆုံးျဖတ္လိုက္တာပါ။
Photo via screenrant

Thanos နဲ႔ သူေသကိုယ္ေသ တိုက္ပြဲမွာ eternals ေတြ ပါမလာခဲ့တဲ့အေပၚ ပရိသတ္ေတြ အေက်အလည္ ျငင္းခုန္ေဆြးေႏြးခဲ့ၾကၿပီး ေပၚေပါက္လာတဲ့ သီအိုရီတစ္ခုကေတာ့ အ႐ိုးရွင္းဆုံးလို႔ေတာင္ ေျပာရမလိုပါပဲ။ အဲဒါကေတာ့ eternals ေတြအတြက္ ဒီတိုက္ပြဲမွာ ဝင္ပါစရာအေၾကာင္း မရွိတာေၾကာင့္ပဲလို႔ ဆိုထားပါတယ္။

eternals ေတြဟာ အေဖ်ာက္ခံရတဲ့ထဲ ပါသြားၿပီးေနာက္ ျပန္ေရာက္လာခ်ိန္မွာေတာ့ အေျခအေနကို သုံးသပ္ခဲ့ၾကၿပီး သူတို႔ ဝင္မပါဖို႔ ဆုံးျဖတ္ခဲ့ၾကတာလို႔ ဒီသီအိုရီက ဆိုပါတယ္။ Avengers ေတြအတြက္ အင္တိုက္အားတိုက္ ရင္ဆိုင္ခဲ့ရတဲ့ Loki ကိစၥ၊ ဒါမွမဟုတ္ Ultron ရဲ႕ ျပႆနာေတြဟာ eternals ေတြအတြက္ေတာ့ ဝင္ပါရေလာက္ေအာင္ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒါတင္မက ေနာက္ဆုံးတိုက္ပြဲ ျဖစ္ပြားခ်ိန္မွာ Thanos ဟာ ေသဆုံးေနခဲ့တာ ငါးႏွစ္ရွိသြားၿပီ ျဖစ္ပါတယ္။ Thanos ရဲ႕ မေသခင္ဗားရွင္းက အခ်ိန္ခရီးသြားၿပီး Avengers ေတြဆီ ျပန္လာခဲ့တယ္ဆိုတာ Eternals ေတြ မသိတာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ အတိုခ်ဳပ္အားျဖင့္ ဆိုရရင္ eternals ေတြဟာ သတင္းအခ်က္အလက္ အလုံအေလာက္ မရရွိဘဲ Avengers ေတြ ကိုင္တြယ္ႏိုင္မယ္အထင္နဲ႔ ေအးေအးေဆးေဆး ေနေနခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ဒီသီအိုရီက ဆိုထားတာပါ။

သီအိုရီ (၁၀) Eternals ေတြဟာ Phase 4 ရဲ႕ ဗီလိန္ေတြ ျဖစ္ပါတယ္။
Photo via screenrant

မၾကာခင္ ႐ုံတင္ျပသေတာ့မယ့္ Eternals ႐ုပ္ရွင္အတြက္ သီအိုရီမ်ားစြာ ထြက္ေပၚလာရာမွာ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး သီအိုရီေတြလည္း ပါဝင္ေနပါတယ္။ ဒီလိုသီအိုရီတစ္ခုကေတာ့ Eternals ေတြဟာ MCU Phase 4 ရဲ႕ အဓိကဗီလိန္ေတြ ျဖစ္ေနမယ္ဆိုတာပါပဲ။ ဒီသီအိုရီကို အတိုခ်ဳံး ေျပာရရင္ေတာ့ Avengers ေတြထဲမွာ Eternals ေတြအတြက္ ေနရာမရွိတာေၾကာင့္ Anti-Avengers ေတြအျဖစ္ သူတို႔က ေနရာယူလာမွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဒါ့အျပင္ ယခု Phase 4 ရဲ႕ theme ဟာ ဒိုင္ေမးရွင္းတစ္ခုတည္းက ဗီလိန္တစ္ေယာက္တည္းကိုပဲ ျပသမွာမ်ိဳး မဟုတ္ဘဲ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္မယ့္ ဗီလိန္ေတြကို ဖန္တီးျပသသြားမယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒါသာ တကယ္ျဖစ္လာမယ္ဆိုရင္ MCU အတြက္ အလွည့္အေျပာင္းမ်ားစြာ ျဖစ္ေပၚလာမွာမို႔ စိတ္ကူးေကာင္းတစ္ခုလို႔ေတာ့ ေျပာႏိုင္ေပမယ့္ တကယ္ ဟုတ္၊မဟုတ္ဆိုတာကိုေတာ့ ပရိသတ္ေတြဟာ ေနာက္ထပ္ ေလးလ ထပ္မံေစာင့္ဆိုင္းၿပီးမွ သိရမွာ ျဖစ္ပါတယ္။

ဒါကေတာ့ Eternals ႐ုပ္ရွင္အတြက္ သီအိုရီမ်ားစြာထဲက အေကာင္းဆုံးေသာ သီအိုရီ(၁၀)ခုကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဘယ္တစ္ခုက စာဖတ္သူတို႔ရဲ႕ အႀကိဳက္လည္းဆိုတာ ေဆြးေႏြးေပးခဲ့ပါဦး။ ဆံရစ္ဝိုင္းေပ့ခ်္ကိုလည္း Like & Follow လုပ္ထားေပးပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular