HomeEntertainmentFilmofficial ထွေလာ ထွက်ရှိလာတဲ့ Marvel ရဲ့ ရုပ်ရှင်သစ် Eternals

official ထွေလာ ထွက်ရှိလာတဲ့ Marvel ရဲ့ ရုပ်ရှင်သစ် Eternals

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ ရင်ခုန်စောင့်စားနေကြတဲ့ Marvel ရဲ့ ရုပ်ရှင်သစ် Eternals ကတော့ ပထမဆုံး official ထွေလာ ထွက်ရှိလာပြီဖြစ်ပြီး ရှေးခေတ်တည်းက ကမ္ဘာပေါ်မှာ ရှိနေခဲ့ကြတဲ့ စူပါဟီးရိုးတွေကို ဝတ်စုံပြည့်နဲ့ မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။

Eternals တွေကတော့ Marvel ကောမစ်ထဲက ကာရိုက်တာတွေ ဖြစ်ပြီး နှစ်ပေါင်း ခုနှစ်ထောင်ကျော်လောက်တည်းက ကမ္ဘာပေါ်မှာ လျှို့ဝှက်နေထိုင်လာတဲ့ ရှေးကျတဲ့ စွမ်းအားမြင့် ဂြိုဟ်သားစူပါဟီးရိုးအဖွဲ့ ဖြစ်ပါတယ်။ သူတို့ဟာ celestial မျိုးနွယ်တွေဖြစ်ပြီး ကမ္ဘာပေါ်က သူတို့ရဲ့စမ်းသပ်ချက်တွေနဲ့ လူသားမျိုးနွယ်တွေရဲ့ ယဉ်ကျေးမှု တိုးတက်မြင့်မားလာဖို့အတွက် ကမ္ဘာပေါ်ကို ပို့ဆောင်ခံထားရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် deviant တွေရဲ့ ရန်ပြုမှုကနေ ကမ္ဘာကို ကာကွယ်ဖို့ တာဝန်ရှိသူတွေလည်း ဖြစ်ပါတယ်။ deviant တွေကတော့ immortal နီးနီး ဖြစ်နေတဲ့ စွမ်းအားမြင့် မိစ္ဆာမျိုးနွယ်တွေဖြစ်ပြီး celestial တွေရဲ့ သမိုင်းပေး ရန်သူတွေ ဖြစ်ပါတယ်။

Photo via IMDb

ယခုအသစ်ထွက်ရှိလာမယ့် Eternals ရုပ်ရှင်ကိုတော့ ၂၀၂၀ခုနှစ်က Nomadland ရုပ်ရှင်နဲ့ အော်စကာဆု ရရှိထားတဲ့ ဒါရိုက်တာ Chloe Zhao က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ Eternals စူပါဟီးရိုးအဖွဲ့နေရာမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေဟာလည်း တကယ့် နာမည်ကြီးတွေကို ရွေးချယ်ထားတာ တွေ့ရပါတယ်။

Photo via IMDb

Eternals စူပါဟီးရိုးတွေထဲက Thena အဖြစ် Angelina Jolie ၊ Ajak အဖြစ် Salma Hayek ၊ Ikaris အဖြစ် Richard Madden ၊ Kingo အဖြစ် Kumail Nanjiani ၊ Phastos အဖြစ် Brian Tyree Henry ၊ Makkari အဖြစ် Lauren Ridloff ၊ Sprite အဖြစ် Lia McHugh နဲ့ Gilgamesh အဖြစ် Don Lee တို့က ကနဦးတည်းက ပါဝင်ထားကြပါတယ်။ နောက်ပိုင်းမှ ထပ်တိုးလာတဲ့ သရုပ်ဆောင်တွေကတော့ Dane Whitman အဖြစ် Kit Harington ၊ Sersi အဖြစ် Gemma Chan နဲ့ Druig အဖြစ် Barry Keoghan တို့ ဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ ဒါရိုက်တာ Chloe Zhao ရဲ့ လက်ရာကို အတိုချုံး ရှုစားခွင့်ရခဲ့ကြပါတယ်။ ထွေလာက ဖော်ပြတဲ့ ဇာတ်ဝင်ခန်းတွေအရ Eternals တွေဟာ ကမ္ဘာပေါ်ကို ရှေးယခင် နှစ်ထောင်ပေါင်းများစွာတည်းက ရောက်ရှိခဲ့ကြပေမယ့် လူသားတွေရဲ့ အရေးအခင်းတွေထဲမှာ ဝင်မပါဘဲ နောက်ကွယ်ကနေသာ ပံ့ပိုးခဲ့သူတွေအဖြစ် မြင်ရမှာပါ။ သို့ပေမယ့် ကမ္ဘာပေါ်ကို အန္တရာယ် ကျရောက်လာတော့မယ့်အခါမှာ Eternals တွေအားလုံး စုပေါင်းပြီး ယခင်က ဝင်မပါခဲ့ဖူးတဲ့ လူသားအရေးထဲကို လူလုံးပြပြီး ဝင်ရောက်ကာကွယ်ကြတော့မှာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီထွေလာကိုတော့ မေလ(၂၄)ရက်နေ့ညက ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကြည့်ရှုသူ (၁၀)သန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် နိုဝင်ဘာလ(၅)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Glasgow
(Zawgyi Version)

ပရိသတ္ေတြ ရင္ခုန္ေစာင့္စားေနၾကတဲ့ Marvel ရဲ႕ ႐ုပ္ရွင္သစ္ Eternals ကေတာ့ ပထမဆုံး official ေထြလာ ထြက္ရွိလာၿပီျဖစ္ၿပီး ေရွးေခတ္တည္းက ကမာၻေပၚမွာ ရွိေနခဲ့ၾကတဲ့ စူပါဟီး႐ိုးေတြကို ဝတ္စုံျပည့္နဲ႔ ျမင္ေတြ႕လိုက္ရၿပီ ျဖစ္ပါတယ္။

Eternals ေတြကေတာ့ Marvel ေကာမစ္ထဲက ကာ႐ိုက္တာေတြ ျဖစ္ၿပီး ႏွစ္ေပါင္း ခုႏွစ္ေထာင္ေက်ာ္ေလာက္တည္းက ကမာၻေပၚမွာ လွ်ိဳ႕ဝွက္ေနထိုင္လာတဲ့ ေရွးက်တဲ့ စြမ္းအားျမင့္ ၿဂိဳဟ္သားစူပါဟီး႐ိုးအဖြဲ႕ ျဖစ္ပါတယ္။ သူတို႔ဟာ celestial မ်ိဳးႏြယ္ေတြျဖစ္ၿပီး ကမာၻေပၚက သူတို႔ရဲ႕စမ္းသပ္ခ်က္ေတြနဲ႔ လူသားမ်ိဳးႏြယ္ေတြရဲ႕ ယဥ္ေက်းမႈ တိုးတက္ျမင့္မားလာဖို႔အတြက္ ကမာၻေပၚကို ပို႔ေဆာင္ခံထားရသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ deviant ေတြရဲ႕ ရန္ျပဳမႈကေန ကမာၻကို ကာကြယ္ဖို႔ တာဝန္ရွိသူေတြလည္း ျဖစ္ပါတယ္။ deviant ေတြကေတာ့ immortal နီးနီး ျဖစ္ေနတဲ့ စြမ္းအားျမင့္ မိစာၦမ်ိဳးႏြယ္ေတြျဖစ္ၿပီး celestial ေတြရဲ႕ သမိုင္းေပး ရန္သူေတြ ျဖစ္ပါတယ္။

Photo via IMDb

ယခုအသစ္ထြက္ရွိလာမယ့္ Eternals ႐ုပ္ရွင္ကိုေတာ့ ၂၀၂၀ခုႏွစ္က Nomadland ႐ုပ္ရွင္နဲ႔ ေအာ္စကာဆု ရရွိထားတဲ့ ဒါ႐ိုက္တာ Chloe Zhao က ႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ Eternals စူပါဟီး႐ိုးအဖြဲ႕ေနရာမွာ သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ေတြဟာလည္း တကယ့္ နာမည္ႀကီးေတြကို ေ႐ြးခ်ယ္ထားတာ ေတြ႕ရပါတယ္။

Photo via IMDb

Eternals စူပါဟီး႐ိုးေတြထဲက Thena အျဖစ္ Angelina Jolie ၊ Ajak အျဖစ္ Salma Hayek ၊ Ikaris အျဖစ္ Richard Madden ၊ Kingo အျဖစ္ Kumail Nanjiani ၊ Phastos အျဖစ္ Brian Tyree Henry ၊ Makkari အျဖစ္ Lauren Ridloff ၊ Sprite အျဖစ္ Lia McHugh နဲ႔ Gilgamesh အျဖစ္ Don Lee တို႔က ကနဦးတည္းက ပါဝင္ထားၾကပါတယ္။ ေနာက္ပိုင္းမွ ထပ္တိုးလာတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Dane Whitman အျဖစ္ Kit Harington ၊ Sersi အျဖစ္ Gemma Chan နဲ႔ Druig အျဖစ္ Barry Keoghan တို႔ ျဖစ္ပါတယ္။

ယခုထြက္ရွိလာတဲ့ ေထြလာထဲမွာေတာ့ ဒါ႐ိုက္တာ Chloe Zhao ရဲ႕ လက္ရာကို အတိုခ်ဳံး ရႈစားခြင့္ရခဲ့ၾကပါတယ္။ ေထြလာက ေဖာ္ျပတဲ့ ဇာတ္ဝင္ခန္းေတြအရ Eternals ေတြဟာ ကမာၻေပၚကို ေရွးယခင္ ႏွစ္ေထာင္ေပါင္းမ်ားစြာတည္းက ေရာက္ရွိခဲ့ၾကေပမယ့္ လူသားေတြရဲ႕ အေရးအခင္းေတြထဲမွာ ဝင္မပါဘဲ ေနာက္ကြယ္ကေနသာ ပံ့ပိုးခဲ့သူေတြအျဖစ္ ျမင္ရမွာပါ။ သို႔ေပမယ့္ ကမာၻေပၚကို အႏၲရာယ္ က်ေရာက္လာေတာ့မယ့္အခါမွာ Eternals ေတြအားလုံး စုေပါင္းၿပီး ယခင္က ဝင္မပါခဲ့ဖူးတဲ့ လူသားအေရးထဲကို လူလုံးျပၿပီး ဝင္ေရာက္ကာကြယ္ၾကေတာ့မွာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီေထြလာကိုေတာ့ ေမလ(၂၄)ရက္ေန႔ညက ထြက္ရွိခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၾကည့္ရႈသူ (၁၀)သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ(၅)ရက္ေန႔မွာ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular