HomeEntertainmentFilmDC ရဲ့ Peacemaker ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရတော့မယ့် John Cena

DC ရဲ့ Peacemaker ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရတော့မယ့် John Cena

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Cena ရဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခု ပေါ်ထွက်လာပါပြီ။ အဲ့ဒါကတော့ John Cena  အဓိကသရုပ်ဆောင်ထားပြီး Suicide Squad ရဲ့ဒါရိုက်တာ James Gunn က တာဝန်ယူ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပေါ်လာတော့မယ့် သတင်းပဲ ဖြစ်ပါတယ်။

The Suicide Squad 2 ရုပ်ရှင်ဇာတ်ကားအတွက် ပရိသတ်တွေ စောင့်မျှော်နေရတာဟာ တစ်နှစ်နီးပါးလောက် ရှိပြီဖြစ်ပေမယ့် ဒီထဲမှာ Peacemaker ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတဲ့ John Cena ကတော့ တစ်ကိုယ်တော် ဇာတ်လမ်းတွဲအသစ်တစ်ခုကို ရိုက်ကူးရတော့မှာ ဖြစ်ပါတယ်။ Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ The Suicide Squad ရဲ့ ဒါရိုက်တာ James Gunn နဲ့ John Cena တို့ ပူးပေါင်းပြီး အက်ရှင်၊ စွန့်စားခန်း၊ ဟာသတို့ ပေါင်းစပ်ထားတဲ့ Peacemaker အကြောင်း စီးရီးတစ်ခုကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

photo: johncenaoffiicial/Instagram

အဆိုပါ ဇာတ်လမ်းတွဲရဲ့ season 1 မှာတော့ အပိုင်း(၈)ပိုင်း ပါဝင်မှာဖြစ်ပြီး အပိုင်းအများစုကို ဒါရိုက်တာ James Gunn ကိုယ်တိုင်က ဇာတ်ညွှန်းရေးသားကာ ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Warner Media ရဲ့အပိုင်ဖြစ်တဲ့ HBO Max ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

John Cena သရုပ်ဆောင်ထားတဲ့ Peacemaker ဇာတ်ကောင်အကြောင်း အကျဉ်းချုပ် ဖော်ပြပေးရမယ်ဆိုရင်တော့ သူ့ရဲ့အမည်အရင်းဟာ Christopher Smith ဖြစ်ပါတယ်။ သူဟာ ငြိမ်းချမ်းရေးကို အလွန်အမင်း လိုလားသူဖြစ်ပြီး တရားဥပဒေတွေကို စောင့်ဆိုင်းနေတာမျိုးထက် ကိုယ်တိုင်တရားစီရင်ရတာကို နှစ်သက်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ရရှိလာတဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် သူ့ကိုယ်သူ မြှုပ်နှံထားသူဖြစ်ကာ ဒီအတွက် လူသတ်တာ အပါအဝင် ဘာကိုပဲဖြစ်ဖြစ် ပေးဆပ်ဖို့ အဆင်သင့် ရှိနေသူလည်း ဖြစ်ပါတယ်။

photo: johncenaoffiicial/Instagram

ဒီဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက် ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာတော့ “ဘာတွေပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကိုသာ ယုံကြည်သူဖြစ်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် လူဘယ်နှယောက် သတ်ရပါစေ၊ သတ်မယ့်သူပါ… ” ဆိုပြီး Peacemaker ဇာတ်ကောင်အကြောင်းကို ဖော်ပြ၊ ရှင်းလင်းထားပါတယ်။

Peacemaker ဟာ အသစ်ထွက်ရှိလာမယ့် The Suicide Squad 2 ရုပ်ရှင်ထဲမှာလည်း ပါဝင်ထားတဲ့ဇာတ်ကောင် ဖြစ်ပါတယ်။ The Suicide Squad 2 ကတော့ ပထမထွက်ထားတဲ့ တစ်ကားလိုပဲ စူပါဗီလိန်တွေကို အတင်းအကျပ် စူပါဟီးရိုးတွေရဲ့အလုပ်ကို လုပ်စေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမတစ်ကားနဲ့ မတူတဲ့အချက်ကတော့ ဇာတ်ကောင်သစ်တွေ အများကြီး ပါဝင်လာတာ ဖြစ်ပါတယ်။

Photo via IMDb

ဇာတ်ကောင်ဟောင်းတွေကတော့ Amanda Waller အဖြစ် Viola Davis ၊ Harley Quinn အဖြစ် Margot Robbie ၊ Rick Flag နေရာမှာ Joel Kinnaman နဲ့ Captain Boomerang အနေနဲ့ကတော့ Jai Courtney တို့က ပြန်လည်ပါဝင်သွားမှာ ဖြစ်ပါတယ်။

Suicide Squad 2 မှာ နောက်ထပ်ပါဝင်လာမယ့် ဇာတ်ကောင်အသစ်တွေကတော့ Bloodsport အဖြစ် Idris Elba ၊ The Thinker အဖြစ် Peter Capaldi ၊ Blackguard အဖြစ် Pete Davidson ၊ Polka-Dot Man အဖြစ် David Dastmalchian ၊ Savant အဖြစ် Michael Rooker ၊ Arm-Fall-Off-Boy အဖြစ် Nathan Fillion ၊ Ratcatcher အဖြစ် Daniela Melchior ၊ King Shark အဖြစ် Steve Agee ၊ Weasel အဖြစ် Sean Gunn ၊ The Javelin အဖြစ် Flula Borg တို့အပြင် Peacemaker နေရာမှာတော့ John Cena တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Legos

Source: indianexpress

(Zawgyi Version)

John Cena ရဲ႕ပရိသတ္ေတြအတြက္ ဝမ္းသာစရာသတင္းေကာင္းတစ္ခု ေပၚထြက္လာပါၿပီ။ အဲ့ဒါကေတာ့ John Cena  အဓိကသ႐ုပ္ေဆာင္ထားၿပီး Suicide Squad ရဲ႕ဒါ႐ိုက္တာ James Gunn က တာဝန္ယူ ႐ိုက္ကူးမယ့္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ေပၚလာေတာ့မယ့္ သတင္းပဲ ျဖစ္ပါတယ္။

The Suicide Squad 2 ႐ုပ္ရွင္ဇာတ္ကားအတြက္ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနရတာဟာ တစ္ႏွစ္နီးပါးေလာက္ ရွိၿပီျဖစ္ေပမယ့္ ဒီထဲမွာ Peacemaker ဆိုတဲ့ ကာ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္ထားတဲ့ John Cena ကေတာ့ တစ္ကိုယ္ေတာ္ ဇာတ္လမ္းတြဲအသစ္တစ္ခုကို ႐ိုက္ကူးရေတာ့မွာ ျဖစ္ပါတယ္။ Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ The Suicide Squad ရဲ႕ ဒါ႐ိုက္တာ James Gunn နဲ႔ John Cena တို႔ ပူးေပါင္းၿပီး အက္ရွင္၊ စြန႔္စားခန္း၊ ဟာသတို႔ ေပါင္းစပ္ထားတဲ့ Peacemaker အေၾကာင္း စီးရီးတစ္ခုကို ႐ိုက္ကူးေတာ့မယ္လို႔ သိရပါတယ္။

photo: johncenaoffiicial/Instagram

အဆိုပါ ဇာတ္လမ္းတြဲရဲ႕ season 1 မွာေတာ့ အပိုင္း(၈)ပိုင္း ပါဝင္မွာျဖစ္ၿပီး အပိုင္းအမ်ားစုကို ဒါ႐ိုက္တာ James Gunn ကိုယ္တိုင္က ဇာတ္ၫႊန္းေရးသားကာ ႐ိုက္ကူးေပးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ Warner Media ရဲ႕အပိုင္ျဖစ္တဲ့ HBO Max ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

John Cena သ႐ုပ္ေဆာင္ထားတဲ့ Peacemaker ဇာတ္ေကာင္အေၾကာင္း အက်ဥ္းခ်ဳပ္ ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ သူ႔ရဲ႕အမည္အရင္းဟာ Christopher Smith ျဖစ္ပါတယ္။ သူဟာ ၿငိမ္းခ်မ္းေရးကို အလြန္အမင္း လိုလားသူျဖစ္ၿပီး တရားဥပေဒေတြကို ေစာင့္ဆိုင္းေနတာမ်ိဳးထက္ ကိုယ္တိုင္တရားစီရင္ရတာကို ႏွစ္သက္သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ၿငိမ္းခ်မ္းေရး ရရွိဖို႔နဲ႔ ရရွိလာတဲ့ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းဖို႔အတြက္ သူ႔ကိုယ္သူ ျမႇဳပ္ႏွံထားသူျဖစ္ကာ ဒီအတြက္ လူသတ္တာ အပါအဝင္ ဘာကိုပဲျဖစ္ျဖစ္ ေပးဆပ္ဖို႔ အဆင္သင့္ ရွိေနသူလည္း ျဖစ္ပါတယ္။

photo: johncenaoffiicial/Instagram

ဒီဇာတ္လမ္းတြဲ ႐ိုက္ကူးဖို႔အတြက္ ထုတ္ျပန္တဲ့ သတင္းေၾကညာခ်က္မွာေတာ့ “ဘာေတြပဲျဖစ္ျဖစ္ ၿငိမ္းခ်မ္းေရးကိုသာ ယုံၾကည္သူျဖစ္ၿပီး ၿငိမ္းခ်မ္းေရးရဖို႔ဆိုရင္ လူဘယ္ႏွေယာက္ သတ္ရပါေစ၊ သတ္မယ့္သူပါ… ” ဆိုၿပီး Peacemaker ဇာတ္ေကာင္အေၾကာင္းကို ေဖာ္ျပ၊ ရွင္းလင္းထားပါတယ္။

Peacemaker ဟာ အသစ္ထြက္ရွိလာမယ့္ The Suicide Squad 2 ႐ုပ္ရွင္ထဲမွာလည္း ပါဝင္ထားတဲ့ဇာတ္ေကာင္ ျဖစ္ပါတယ္။ The Suicide Squad 2 ကေတာ့ ပထမထြက္ထားတဲ့ တစ္ကားလိုပဲ စူပါဗီလိန္ေတြကို အတင္းအက်ပ္ စူပါဟီး႐ိုးေတြရဲ႕အလုပ္ကို လုပ္ေစတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပထမတစ္ကားနဲ႔ မတူတဲ့အခ်က္ကေတာ့ ဇာတ္ေကာင္သစ္ေတြ အမ်ားႀကီး ပါဝင္လာတာ ျဖစ္ပါတယ္။

Photo via IMDb

ဇာတ္ေကာင္ေဟာင္းေတြကေတာ့ Amanda Waller အျဖစ္ Viola Davis ၊ Harley Quinn အျဖစ္ Margot Robbie ၊ Rick Flag ေနရာမွာ Joel Kinnaman နဲ႔ Captain Boomerang အေနနဲ႔ကေတာ့ Jai Courtney တို႔က ျပန္လည္ပါဝင္သြားမွာ ျဖစ္ပါတယ္။

Suicide Squad 2 မွာ ေနာက္ထပ္ပါဝင္လာမယ့္ ဇာတ္ေကာင္အသစ္ေတြကေတာ့ Bloodsport အျဖစ္ Idris Elba ၊ The Thinker အျဖစ္ Peter Capaldi ၊ Blackguard အျဖစ္ Pete Davidson ၊ Polka-Dot Man အျဖစ္ David Dastmalchian ၊ Savant အျဖစ္ Michael Rooker ၊ Arm-Fall-Off-Boy အျဖစ္ Nathan Fillion ၊ Ratcatcher အျဖစ္ Daniela Melchior ၊ King Shark အျဖစ္ Steve Agee ၊ Weasel အျဖစ္ Sean Gunn ၊ The Javelin အျဖစ္ Flula Borg တို႔အျပင္ Peacemaker ေနရာမွာေတာ့ John Cena တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Legos

Source: indianexpress

RELATED ARTICLES

Most Popular