HomeEntertainmentFilmHulu မှာ ပြသသွားမယ့် Marvel ရဲ့ Hit-Monkey ဇာတ်လမ်းတွဲထွေလာ ထွက်ရှိလာ

Hulu မှာ ပြသသွားမယ့် Marvel ရဲ့ Hit-Monkey ဇာတ်လမ်းတွဲထွေလာ ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Animation ဇာတ်လမ်းတွဲအဖြစ် ထွက်ရှိလာမယ့် Hit-Monkey ကတော့ မကြာခင်ကပဲ ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကိုတော့ ၂၀၁၀ ခုနှစ်မှာ Daniel Way နဲ့ Dalibor Talajic တို့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ Marvel ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဒီဇာတ်လမ်းတွဲ ထွက်ရှိလာမယ်လို့ စတင်ကြေညာခဲ့ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ ဂျပန်နိုင်ငံရဲ့ ဌာနေမျိုးစိတ် မျောက်တစ်ကောင်အကြောင်းကို အဓိကဖော်ပြသွားမှာ ဖြစ်ပါတယ်။ အမေရိကန်လူမျိူး လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်တဲ့ Bryce နဲ့အတူ အဆိုပါ မျောက်မျိူးနွယ်တွေဟာ အသတ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အကြောင်းတစ်ခုကြောင့် Bryce ရဲ့ ဝိဉာဉ်ဟာ အဲ့ဒီမျောက်နဲ့ ချိတ်ဆက်သွားပါတယ်။ ဒီမှာတင် Bryce ဟာ အဲ့ဒီမျောက်ကို သူ့ရဲ့မျိူးနွယ်တွေကို သတ်သွားတဲ့သူတွေကို လက်စားချေနိုင်ဖို့ လူသတ်တဲ့ နည်းပညာတွေ သင်ပေးပါတော့တယ်။

Fred Tatasciore ကတော့ အဲ့ဒီမျောက်နေရာမှာ ပါဝင်ထားပြီး Jason Sudeikis ကတော့ Bryce အနေနဲ့ အသံသရုပ်ဆောင်ထားပါတယ်။ အခုချိန်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာ ထွက်ရှိလာပြီး အဲ့ဒီထွေလာထဲမှာတော့ ဒီမျောက်ရဲ့ Origin နဲ့ သူ့ရဲ့ ကြမ်းတမ်းလွန်းတဲ့ လူသတ်နိုင်စွမ်းတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နိုဝင်ဘာလ (၁၇)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

သူဟာ ကောမစ်လောကထဲကိုတောင် ၂၀၁၀ ခုနှစ်မှ စတင်ရောက်ရှိလာတာ ဖြစ်ပြီး MCU ထဲမှာ လုံးဝ မပါဝင်သေးပါဘူး။ ဒါကြောင့်ပဲ Hulu ဟာ ဒီဇာတ်ကောင်ကို ပရိုမိုးရှင်း ဆင်းဖို့အတွက် ထွေလာ ထုတ်လုပ်ပေးခဲ့ပြီး လူတွေရဲ့အာရုံစိုက်မှု ရရှိအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ Animation စတိုင်တွေကလည်း ကောင်းမွန်တဲ့အထဲမှာ ပါဝင်ပြီး ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းမှာပါ။ သေချာတာတစ်ခုကတော့ ဒီ Animation ဇာတ်လမ်းတွဲဟာ အက်ရှင်ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်လာမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Animation ဇာတ္လမ္းတြဲအျဖစ္ ထြက္ရွိလာမယ့္ Hit-Monkey ကေတာ့ မၾကာခင္ကပဲ ေထြလာ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ကိုေတာ့ ၂၀၁၀ ခုႏွစ္မွာ Daniel Way နဲ႔ Dalibor Talajic တို႔က ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ သူဟာ Marvel ေကာမစ္ထဲက ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာေတာ့ ဒီဇာတ္လမ္းတြဲ ထြက္ရွိလာမယ္လို႔ စတင္ေၾကညာခဲ့ပါတယ္။

photo via screenrant

ဇာတ္လမ္းကေတာ့ ဂ်ပန္နိုင္ငံရဲ့ ဌာေနမ်ိဳးစိတ္ ေမ်ာက္တစ္ေကာင္အေၾကာင္းကို အဓိကေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ အေမရိကန္လူမ်ိဴး လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္ ျဖစ္တဲ့ Bryce နဲ႔အတူ အဆိုပါ ေမ်ာက္မ်ိဴးႏြယ္ေတြဟာ အသတ္ခံလိုက္ရပါတယ္။ အဲဒီေနာက္မွာေတာ့ အေၾကာင္းတစ္ခုေၾကာင့္ Bryce ရဲ့ ဝိဉာဥ္ဟာ အဲ့ဒီေမ်ာက္နဲ႔ ခ်ိတ္ဆက္သြားပါတယ္။ ဒီမွာတင္ Bryce ဟာ အဲ့ဒီေမ်ာက္ကို သူ႔ရဲ့မ်ိဴးႏြယ္ေတြကို သတ္သြားတဲ့သူေတြကို လက္စားေခ်နိုင္ဖို႔ လူသတ္တဲ့ နည္းပညာေတြ သင္ေပးပါေတာ့တယ္။

Fred Tatasciore ကေတာ့ အဲ့ဒီေမ်ာက္ေနရာမွာ ပါဝင္ထားၿပီး Jason Sudeikis ကေတာ့ Bryce အေနနဲ႔ အသံသ႐ုပ္ေဆာင္ထားပါတယ္။ အခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းတြဲရဲ့ ေထြလာ ထြက္ရွိလာၿပီး အဲ့ဒီေထြလာထဲမွာေတာ့ ဒီေမ်ာက္ရဲ့ Origin နဲ႔ သူ႔ရဲ့ ၾကမ္းတမ္းလြန္းတဲ့ လူသတ္နိုင္စြမ္းေတြကိုလည္း ျမင္ေတြ႕ရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ နိုဝင္ဘာလ (၁၇)ရက္ေန႔မွာပဲ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ေထြလာကိုေတာ့ ေအာက္မွာ ၾကည့္ရွုနိုင္ပါတယ္။

သူဟာ ေကာမစ္ေလာကထဲကိုေတာင္ ၂၀၁၀ ခုႏွစ္မွ စတင္ေရာက္ရွိလာတာ ျဖစ္ၿပီး MCU ထဲမွာ လုံးဝ မပါဝင္ေသးပါဘူး။ ဒါေၾကာင့္ပဲ Hulu ဟာ ဒီဇာတ္ေကာင္ကို ပရိုမိုးရွင္း ဆင္းဖို႔အတြက္ ေထြလာ ထုတ္လုပ္ေပးခဲ့ၿပီး လူေတြရဲ့အာ႐ုံစိုက္မွု ရရွိေအာင္ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ Animation စတိုင္ေတြကလည္း ေကာင္းမြန္တဲ့အထဲမွာ ပါဝင္ၿပီး ဇာတ္လမ္းကလည္း စိတ္ဝင္စားစရာေကာင္းမွာပါ။ ေသခ်ာတာတစ္ခုကေတာ့ ဒီ Animation ဇာတ္လမ္းတြဲဟာ အက္ရွင္ဇာတ္ဝင္ခန္းေတြမ်ားစြာ ပါဝင္လာမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular