HomeCelebs Update NewsInternationalကောမစ်ဖန်တီးသူတွေကို ဇာတ်လမ်းအသုံးပြုခ ဒေါ်လာငါးထောင်ပဲ ပေးတယ်ဆိုတဲ့ Marvel

ကောမစ်ဖန်တီးသူတွေကို ဇာတ်လမ်းအသုံးပြုခ ဒေါ်လာငါးထောင်ပဲ ပေးတယ်ဆိုတဲ့ Marvel

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဟာ ကောမစ်ဖန်တီးသူတွေကို သူတို့ရဲ့ ဇာတ်လမ်း အသုံးပြုခအနေနဲ့ ဒေါ်လာငါးထောင်နဲ့ သူတို့ဇာတ်လမ်းကို Live Action အဖြစ် ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ရဲ့ အထူးပွဲ လက်မှတ်တစ်စောင်ပဲ ပေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ Marvel ဟာ MCU ထဲမှာ ရုပ်ရှင်ကားပေါင်း (၂၄)ကား ထုတ်လုပ်ထားပြီး (၂၅)ကားမြောက်ဖြစ်တဲ့ Shang-Chi and the Legend of Ten Rings ကလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ MCU ဟာ Eternals နဲ့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: No Way Home တို့ကိုလည်း ထွက်ရှိလာဦးမှာပါ။ ၂၀၂၂ ခုနှစ်ထဲမှာတော့ MCU ဟာ စုစုပေါင်း ရုပ်ရှင်ကား ငါးကား ထွက်ရှိဦးမှာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် MCU ဟာ ဒီနှစ်ထဲမှာတော့ Disney+ ကနေ ပြသသွားတဲ့ ဇာတ်လမ်းတွဲတွေကိုပါ ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ WandaVision ၊ The Falcon and the Winter Soldier နဲ့ Loki တို့ ထွက်ရှိထားပြီး What If…? ကလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။ MCU ဟာ ဒီလိုရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေကို ဖန်တီးဖို့အတွက် ကောမစ်ထဲက ဇာတ်လမ်းတွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်တိုင်းရဲ့အဆုံး စာတန်းထိုးချိန်မှာ ကောမစ်ဖန်တီးသူတွေကို ထည့်သွင်း ဖော်ပြထားရတာ ဖြစ်ပါတယ်။

The Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ ကောမစ် artist တွေရဲ့ ဇာတ်လမ်းတွေကို MCU ရုပ်ရှင်တွေမှာ မှီငြမ်းအသုံးပြုဖြစ်တဲ့အခါတိုင်း Marvel ဟာ အဆိုပါဖန်တီးသူတွေကို ဒေါ်လာငါးထောင်ပဲ ပေးတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မတူညီတဲ့ သတင်းဌာနသုံးခုက သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒါ့အပြင် အဆိုပါ ရုပ်ရှင်တွေ ရုံတင်တဲ့အချိန်မှာတော့ Marvel ဟာ အပိုဆောင်းအနေနဲ့ ကောမစ် artist တွေအတွက် ရုပ်ရှင်အထူးပွဲ လက်မှတ်တစ်စောင် ပေးသေးတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Marvel စတူဒီယိုဘက်က ဒီသတင်းနဲ့ ပတ်သက်ပြီး တစုံတရာ ပြောကြားလာခြင်း မရှိသေးပါဘူး။

photo via screenrant

MCU ရဲ့ ရုပ်ရှင် (၂၄)ကားဟာ Box Office မှာ ဝင်ငွေ ဒေါ်လာ (၂၃)ဘီလျံနီးပါး ရရှိခဲ့ပြီး MCU ရဲ့ ရုပ်ရှင်အများစုဟာလည်း ဝင်ငွေ ဒေါ်လာ(၁)ဘီလျံကျော်ကျော် ရရှိထားပါတယ်။ ဒါကြောင့်ပဲ Marvel နဲ့ Disney တို့ဟာ ဒီဇာတ်ကောင်တွေကို ဖန်တီးသူတွေနဲ့ ဇာတ်လမ်းဖန်တီးသူတွေကို ဒီထက်အများကြီး ပိုပေးနိုင်ပါတယ်။

ကောမစ်ရေးဆွဲသူတွေနဲ့ ကာရိုက်တာ ဖန်တီးသူတွေဟာ MCU အတွက် အရေးကြီးတဲ့နေရာက ပါဝင်နေပြီး သူတို့ရဲ့ လုပ်အားခဟာလည်း ယခုထက် ပိုပြီးရသင့်ရထိုက်ပါတယ်။ ရုပ်ရှင်တွေထဲမှာ အရံနေရာက ပါဝင်ရတဲ့ သရုပ်ဆောင်တွေဆိုရင်တောင် အနည်းဆုံး ဒေါ်လာသိန်းဂဏန်း ရရှိနေတဲ့အချိန်မှာ ကောမစ်ဖန်တီးသူတွေအတွက် ဒေါ်လာငါးထောင် ဆိုတာကတော့ တကယ်ကြီး နည်းပါးလွန်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel ဟာ ေကာမစ္ဖန္တီးသူေတြကို သူတို႔ရဲ႕ ဇာတ္လမ္း အသုံးျပဳခအေနနဲ႔ ေဒၚလာငါးေထာင္နဲ႔ သူတို႔ဇာတ္လမ္းကို Live Action အျဖစ္ ျပန္႐ိုက္ထားတဲ့ ႐ုပ္ရွင္ရဲ႕ အထူးပြဲ လက္မွတ္တစ္ေစာင္ပဲ ေပးတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္အထိ Marvel ဟာ MCU ထဲမွာ ႐ုပ္ရွင္ကားေပါင္း (၂၄)ကား ထုတ္လုပ္ထားၿပီး (၂၅)ကားေျမာက္ျဖစ္တဲ့ Shang-Chi and the Legend of Ten Rings ကလည္း မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီႏွစ္ထဲမွာပဲ MCU ဟာ Eternals နဲ႔ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Spider-Man: No Way Home တို႔ကိုလည္း ထြက္ရွိလာဦးမွာပါ။ ၂၀၂၂ ခုႏွစ္ထဲမွာေတာ့ MCU ဟာ စုစုေပါင္း ႐ုပ္ရွင္ကား ငါးကား ထြက္ရွိဦးမွာ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အျပင္ MCU ဟာ ဒီႏွစ္ထဲမွာေတာ့ Disney+ ကေန ျပသသြားတဲ့ ဇာတ္လမ္းတြဲေတြကိုပါ ထပ္မံ ထုတ္လုပ္ခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ WandaVision ၊ The Falcon and the Winter Soldier နဲ႔ Loki တို႔ ထြက္ရွိထားၿပီး What If…? ကလည္း မၾကာခင္မွာ ထြက္ရွိလာေတာ့မွာပါ။ MCU ဟာ ဒီလို႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြကို ဖန္တီးဖို႔အတြက္ ေကာမစ္ထဲက ဇာတ္လမ္းေတြကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ႐ုပ္ရွင္တိုင္းရဲ႕အဆုံး စာတန္းထိုးခ်ိန္မွာ ေကာမစ္ဖန္တီးသူေတြကို ထည့္သြင္း ေဖာ္ျပထားရတာ ျဖစ္ပါတယ္။

The Guardian သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေကာမစ္ artist ေတြရဲ႕ ဇာတ္လမ္းေတြကို MCU ႐ုပ္ရွင္ေတြမွာ မွီျငမ္းအသုံးျပဳျဖစ္တဲ့အခါတိုင္း Marvel ဟာ အဆိုပါဖန္တီးသူေတြကို ေဒၚလာငါးေထာင္ပဲ ေပးတယ္လို႔ သိရပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး မတူညီတဲ့ သတင္းဌာနသုံးခုက သတင္းအမွန္ျဖစ္ေၾကာင္း အတည္ျပဳထားပါတယ္။

ဒါ့အျပင္ အဆိုပါ ႐ုပ္ရွင္ေတြ ႐ုံတင္တဲ့အခ်ိန္မွာေတာ့ Marvel ဟာ အပိုေဆာင္းအေနနဲ႔ ေကာမစ္ artist ေတြအတြက္ ႐ုပ္ရွင္အထူးပြဲ လက္မွတ္တစ္ေစာင္ ေပးေသးတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ Marvel စတူဒီယိုဘက္က ဒီသတင္းနဲ႔ ပတ္သက္ၿပီး တစုံတရာ ေျပာၾကားလာျခင္း မရွိေသးပါဘူး။

photo via screenrant

MCU ရဲ႕ ႐ုပ္ရွင္ (၂၄)ကားဟာ Box Office မွာ ဝင္ေငြ ေဒၚလာ (၂၃)ဘီလ်ံနီးပါး ရရွိခဲ့ၿပီး MCU ရဲ႕ ႐ုပ္ရွင္အမ်ားစုဟာလည္း ဝင္ေငြ ေဒၚလာ(၁)ဘီလ်ံေက်ာ္ေက်ာ္ ရရွိထားပါတယ္။ ဒါေၾကာင့္ပဲ Marvel နဲ႔ Disney တို႔ဟာ ဒီဇာတ္ေကာင္ေတြကို ဖန္တီးသူေတြနဲ႔ ဇာတ္လမ္းဖန္တီးသူေတြကို ဒီထက္အမ်ားႀကီး ပိုေပးႏိုင္ပါတယ္။

ေကာမစ္ေရးဆြဲသူေတြနဲ႔ ကာ႐ိုက္တာ ဖန္တီးသူေတြဟာ MCU အတြက္ အေရးႀကီးတဲ့ေနရာက ပါဝင္ေနၿပီး သူတို႔ရဲ႕ လုပ္အားခဟာလည္း ယခုထက္ ပိုၿပီးရသင့္ရထိုက္ပါတယ္။ ႐ုပ္ရွင္ေတြထဲမွာ အရံေနရာက ပါဝင္ရတဲ့ သ႐ုပ္ေဆာင္ေတြဆိုရင္ေတာင္ အနည္းဆုံး ေဒၚလာသိန္းဂဏန္း ရရွိေနတဲ့အခ်ိန္မွာ ေကာမစ္ဖန္တီးသူေတြအတြက္ ေဒၚလာငါးေထာင္ ဆိုတာကေတာ့ တကယ္ႀကီး နည္းပါးလြန္းတယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular