HomeCelebs Update NewsInternationalSpoiler တွေ ပေါက်ကြားမလာအောင် တားဆီးဖို့ အဖွဲ့တစ်ခု ရှိတယ်ဆိုတဲ့ Marvel

Spoiler တွေ ပေါက်ကြားမလာအောင် တားဆီးဖို့ အဖွဲ့တစ်ခု ရှိတယ်ဆိုတဲ့ Marvel

ေအာက္တြင္ ‌‌ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုဟာ သူတို့ရဲ့ ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး Spoiler တွေ ပေါက်ကြားမလာအောင် တားဆီးဖို့ အဖွဲ့တစ်ခု ဖန်တီးပေးထားတယ်လို့ Kevin Smith က ပြောလိုက်ပါတယ်။

Kevin Smith ကတော့ ရုပ်ရှင်ဖန်တီးသူတစ်ယောက် ဖြစ်သလို သရုပ်ဆောင်၊ ဟာသပညာရှင်၊ ကောမစ်ရေးသားသူလည်း ဖြစ်ပါတယ်။ သူဟာ Daredevil ၊ Spider-Man နဲ့ Black Cat တို့ရဲ့ ကောမစ်အချို့ကို ရေးသားခဲ့ဖူးပါသေးတယ်။ ဒါကြောင့်ပဲ သူဟာ Marvel စတူဒီယိုနဲ့ ဆက်ဆံခဲ့ဖူးသူတစ်ယောက် ဖြစ်ပြီး MCU ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။

photo via screenrant

FatMan Beyond LIVE မှာတော့ Kevin Smith ဟာ Marvel စတူဒီယိုအကြောင်း ပရိသတ်တွေ သေချာမသိသေးတဲ့ အချက်တစ်ခုကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီစတူဒီယိုရဲ့ ဖန်တီးမှုတွေကို Leak မဖြစ်သွားအောင် တားဆီးပေးတဲ့ အဖွဲ့တစ်ခု ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ Kevin Smith ကတော့ အဲ့ဒီအဖွဲ့ကို “Marvel ရဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့” လို့ ခေါ်ပါတယ်။ သူတို့ဟာ ဖန်တီးမှုတွေ မပေါက်ကြားအောင် တားဆီးပေးသလို အကြောင်းအမျိူးမျိူးနဲ့ Leak ဖြစ်သွားရင်လည်း ဘယ်နေရာက ပေါက်ကြားတယ်ဆိုတာကို ရှာဖွေပေးရတယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ Marvel ဟာ Phase 4 နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို သေချာ ချမပြသေးသလို အထူးသဖြင့် Spider-Man: No Way Home နဲ့ ပတ်သက်လာရင် ဘယ်လိုသတင်းမျိူးမှ Leak ဖြစ်မသွားအောင် ကြိုးစားနေပါတယ်။ ဒါ့အပြင် လူရွေးပွဲတွေမှာဆိုရင်လည်း လာရောက် ယှဉ်ပြိုင်သူတွေကို ဇာတ်ညွှန်းအတုတွေပေးပြီး ယှဉ်ပြိုင်ခိုင်းတယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ Marvel ဟာ သရုပ်ဆောင်တွေကိုလည်း မတော်တဆ Spoiler တွေ မပြောမိသွားအောင် လေ့ကျင့်ပေးသေးတယ်လို့ ဆိုပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel စတူဒီယိုဟာ သူတို႔ရဲ့ ဖန္တီးမွုေတြနဲ႔ ပတ္သက္ၿပီး Spoiler ေတြ ေပါက္ၾကားမလာေအာင္ တားဆီးဖို႔ အဖြဲ႕တစ္ခု ဖန္တီးေပးထားတယ္လို႔ Kevin Smith က ေျပာလိုက္ပါတယ္။

Kevin Smith ကေတာ့ ႐ုပ္ရွင္ဖန္တီးသူတစ္ေယာက္ ျဖစ္သလို သ႐ုပ္ေဆာင္၊ ဟာသပညာရွင္၊ ေကာမစ္ေရးသားသူလည္း ျဖစ္ပါတယ္။ သူဟာ Daredevil ၊ Spider-Man နဲ႔ Black Cat တို႔ရဲ့ ေကာမစ္အခ်ိဳ႕ကို ေရးသားခဲ့ဖူးပါေသးတယ္။ ဒါေၾကာင့္ပဲ သူဟာ Marvel စတူဒီယိုနဲ႔ ဆက္ဆံခဲ့ဖူးသူတစ္ေယာက္ ျဖစ္ၿပီး MCU ပရိသတ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

photo via screenrant

FatMan Beyond LIVE မွာေတာ့ Kevin Smith ဟာ Marvel စတူဒီယိုအေၾကာင္း ပရိသတ္ေတြ ေသခ်ာမသိေသးတဲ့ အခ်က္တစ္ခုကို ေျပာျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဒီစတူဒီယိုရဲ့ ဖန္တီးမွုေတြကို Leak မျဖစ္သြားေအာင္ တားဆီးေပးတဲ့ အဖြဲ႕တစ္ခု ရွိတယ္ဆိုတာပဲ ျဖစ္ပါတယ္။ Kevin Smith ကေတာ့ အဲ့ဒီအဖြဲ႕ကို “Marvel ရဲ့ လၽွို႔ဝွက္ရဲတပ္ဖြဲ႕” လို႔ ေခၚပါတယ္။ သူတို႔ဟာ ဖန္တီးမွုေတြ မေပါက္ၾကားေအာင္ တားဆီးေပးသလို အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ Leak ျဖစ္သြားရင္လည္း ဘယ္ေနရာက ေပါက္ၾကားတယ္ဆိုတာကို ရွာေဖြေပးရတယ္လို႔ ဆိုပါတယ္။

အခုခ်ိန္မွာေတာ့ Marvel ဟာ Phase 4 နဲ႔ ပတ္သက္တဲ့ အစီအစဥ္ေတြကို ေသခ်ာ ခ်မျပေသးသလို အထူးသျဖင့္ Spider-Man: No Way Home နဲ႔ ပတ္သက္လာရင္ ဘယ္လိုသတင္းမ်ိဴးမွ Leak ျဖစ္မသြားေအာင္ ႀကိဳးစားေနပါတယ္။ ဒါ့အျပင္ လူေရြးပြဲေတြမွာဆိုရင္လည္း လာေရာက္ ယွဥ္ၿပိဳင္သူေတြကို ဇာတ္ညႊန္းအတုေတြေပးၿပီး ယွဥ္ၿပိဳင္ခိုင္းတယ္လို႔ သိရပါတယ္။ ဒါတင္မကေသးဘဲ Marvel ဟာ သ႐ုပ္ေဆာင္ေတြကိုလည္း မေတာ္တဆ Spoiler ေတြ မေျပာမိသြားေအာင္ ေလ့က်င့္ေပးေသးတယ္လို႔ ဆိုပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular