HomeCelebs Update NewsInternationalChadwick Boseman နေရာမှာ CGI သုံးသွားမှာ မဟုတ်ဘူးဆိုတဲ့ Black Panther 2

Chadwick Boseman နေရာမှာ CGI သုံးသွားမှာ မဟုတ်ဘူးဆိုတဲ့ Black Panther 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Panther 2 အတွက် Chadwick Boseman နေရာမှာ CGI သုံးသွားဖို့ အစီအစဉ်မရှိဘူးလို့ Marvel ရဲ့ အလုပ်အမှုဆောင် ဒုဥက္ကဌဖြစ်တဲ့ Victoria Alonso က ပြောလိုက်ပါတယ်။ Chadwick Boseman ဟာ ၂၀၁၆ခုနှစ်ကတည်းက အူမကြီးကင်ဆာကို ခံစားနေရသူဖြစ်ပြီး အဲ့ဒီအကြောင်းကို ဘယ်သူ့ကိုမှ အသိမပေးဘဲ ရုပ်ရှင်ကားပေါင်း (၇)ကား ဆက်တိုက် ရိုက်ကူးခဲ့ပါတယ်။ Chadwick ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ ကင်ဆာရောဂါကြောင့်ပဲ ကွယ်လွန်သွားခဲ့ပြီး အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေအပါအဝင် သူနဲ့အတူတူ အလုပ်တွဲလုပ်ခဲ့သူတွေဟာလည်း အံ့ဩဝမ်းနည်းဖြစ်ခဲ့ကြရပါတယ်။

အခုလို Chadwick က ကြွေလွင့်သွားရပေမယ့်လည်း Black Panther 2 ရုံတင်ပြသမယ့် နေ့ရက်ကတော့ မပြောင်းလဲသွားဘဲ ၂၀၂၂ခုနှစ် မေလ (၆)ရက်နေ့မှာပဲ ထွက်ရှိလာမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် လူအများစုကတော့ Chadwick နေရာမှာ CGI သုံးပြီးတော့ ဆက်လက် ရိုက်ကူးသွားမယ်လို့ ထင်ကြပေမယ့်လည်း Marvel ရဲ့ အလုပ်အမှုဆောင် ဒုဥက္ကဌဖြစ်တဲ့ Victoria Alonso ကတော့ CGI သုံးဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

photo via screenrant

ဒီသတင်းကိုတော့ Clarin သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး Black Panther ရုပ်ရှင်နဲ့ ကုမ္ပဏီအတွက် အောင်မြင်အောင် လုပ်ပေးခဲ့တဲ့ Chadwick ကို ဘယ်လိုမျိူး ဂုဏ်ပြုသွားရမလည်းဆိုတာ အချိန်ယူပြီး စဉ်းစားသွားမယ်လို့ Chadwick နဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ Victoria Alonso က ပြောထားတာ ဖြစ်ပါတယ်။

Alonso ရဲ့ ပြောစကား အပြည့်အစုံကတော့ “Chadwick ဆိုတာ တစ်ယောက်တည်း ရှိတာပါ။ အခု သူဟာ ကျွန်မတို့နဲ့ အတူရှိမနေတော့ပါဘူး။ ကံမကောင်းစွာနဲ့ ကျွန်မတို့ရဲ့ ဘုရင်ကြီးဟာ ရုပ်ရှင်ထဲမှာတင် မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာပါ ကွယ်လွန်သွားခဲ့ပါပြီ။ အဲ့ဒါကြောင့် အခုလိုမျိူး မမျှော်လင့်ထားဘဲ ဖြစ်သွားရတဲ့ နာကျင်စရာ ဖြစ်ရပ်ကြီးအတွက် ဒီရုပ်ရှင်ထဲမှာတော့ Chadwick ကို ဘယ်လိုမျိူး ဂုဏ်ပြုသွားရမလည်းဆိုတာကို သေချာအချိန်ယူပြီး စဉ်းစားသွားပါမယ် … ” လို့ ပြောထားပါတယ်။

photo via screenrant

Black Panther 2 အတွက် ရိုက်ကူးရေးကိုတော့ ၂၀၂၁ခုနှစ် မတ်လမှာ စတင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပရိသတ်အများစုကလည်း Black Panther 2 ထဲမှာ Black Panther နေရာကို Shuri တို့လို ဇာတ်ကောင်တွေက ဆက်ခံသွားမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့်လည်း Chadwick ဟာ အမြဲတမ်း T’Challa ဖြစ်နေမှာ ဖြစ်ပြီး Chadwick မပါဝင်တဲ့ Black Panther 2 ကို ကြည့်ရမှာတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Black Panther 2 အတြက္ Chadwick Boseman ေနရာမွာ CGI သုံးသြားဖို႔ အစီအစဥ္မရွိဘူးလို႔ Marvel ရဲ႕ အလုပ္အမႈေဆာင္ ဒုဥကၠဌျဖစ္တဲ့ Victoria Alonso က ေျပာလိုက္ပါတယ္။ Chadwick Boseman ဟာ ၂၀၁၆ခုႏွစ္ကတည္းက အူမႀကီးကင္ဆာကို ခံစားေနရသူျဖစ္ၿပီး အဲ့ဒီအေၾကာင္းကို ဘယ္သူ႔ကိုမွ အသိမေပးဘဲ ႐ုပ္ရွင္ကားေပါင္း (၇)ကား ဆက္တိုက္ ႐ိုက္ကူးခဲ့ပါတယ္။ Chadwick ဟာ ၿပီးခဲ့တဲ့ ဩဂုတ္လမွာေတာ့ ကင္ဆာေရာဂါေၾကာင့္ပဲ ကြယ္လြန္သြားခဲ့ၿပီး အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြအပါအဝင္ သူနဲ႔အတူတူ အလုပ္တြဲလုပ္ခဲ့သူေတြဟာလည္း အံ့ဩဝမ္းနည္းျဖစ္ခဲ့ၾကရပါတယ္။

အခုလို Chadwick က ေႂကြလြင့္သြားရေပမယ့္လည္း Black Panther 2 ႐ုံတင္ျပသမယ့္ ေန႔ရက္ကေတာ့ မေျပာင္းလဲသြားဘဲ ၂၀၂၂ခုႏွစ္ ေမလ (၆)ရက္ေန႔မွာပဲ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ လူအမ်ားစုကေတာ့ Chadwick ေနရာမွာ CGI သုံးၿပီးေတာ့ ဆက္လက္ ႐ိုက္ကူးသြားမယ္လို႔ ထင္ၾကေပမယ့္လည္း Marvel ရဲ႕ အလုပ္အမႈေဆာင္ ဒုဥကၠဌျဖစ္တဲ့ Victoria Alonso ကေတာ့ CGI သုံးဖို႔ အစီအစဥ္ မရွိပါဘူးလို႔ ေျပာလိုက္တာ ျဖစ္ပါတယ္။

photo via screenrant

ဒီသတင္းကိုေတာ့ Clarin သတင္းဌာနက ေဖာ္ျပခဲ့တာျဖစ္ၿပီး Black Panther ႐ုပ္ရွင္နဲ႔ ကုမၸဏီအတြက္ ေအာင္ျမင္ေအာင္ လုပ္ေပးခဲ့တဲ့ Chadwick ကို ဘယ္လိုမ်ိဴး ဂုဏ္ျပဳသြားရမလည္းဆိုတာ အခ်ိန္ယူၿပီး စဥ္းစားသြားမယ္လို႔ Chadwick နဲ႔ လုပ္ေဖာ္ကိုင္ဖက္လည္းျဖစ္တဲ့ Victoria Alonso က ေျပာထားတာ ျဖစ္ပါတယ္။

Alonso ရဲ႕ ေျပာစကား အျပည့္အစုံကေတာ့ “Chadwick ဆိုတာ တစ္ေယာက္တည္း ရွိတာပါ။ အခု သူဟာ ကြၽန္မတို႔နဲ႔ အတူရွိမေနေတာ့ပါဘူး။ ကံမေကာင္းစြာနဲ႔ ကြၽန္မတို႔ရဲ႕ ဘုရင္ႀကီးဟာ ႐ုပ္ရွင္ထဲမွာတင္ မဟုတ္ဘဲ တကယ့္လက္ေတြ႕ဘဝမွာပါ ကြယ္လြန္သြားခဲ့ပါၿပီ။ အဲ့ဒါေၾကာင့္ အခုလိုမ်ိဴး မေမွ်ာ္လင့္ထားဘဲ ျဖစ္သြားရတဲ့ နာက်င္စရာ ျဖစ္ရပ္ႀကီးအတြက္ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Chadwick ကို ဘယ္လိုမ်ိဴး ဂုဏ္ျပဳသြားရမလည္းဆိုတာကို ေသခ်ာအခ်ိန္ယူၿပီး စဥ္းစားသြားပါမယ္ … ” လို႔ ေျပာထားပါတယ္။

photo via screenrant

Black Panther 2 အတြက္ ႐ိုက္ကူးေရးကိုေတာ့ ၂၀၂၁ခုႏွစ္ မတ္လမွာ စတင္သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ပရိသတ္အမ်ားစုကလည္း Black Panther 2 ထဲမွာ Black Panther ေနရာကို Shuri တို႔လို ဇာတ္ေကာင္ေတြက ဆက္ခံသြားမယ္လို႔လည္း ခန႔္မွန္းေနၾကပါတယ္။ ဒါေပမယ့္လည္း Chadwick ဟာ အၿမဲတမ္း T’Challa ျဖစ္ေနမွာ ျဖစ္ၿပီး Chadwick မပါဝင္တဲ့ Black Panther 2 ကို ၾကည့္ရမွာေတာ့ ဝမ္းနည္းစရာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular