HomeCharacterMarvel ကောမစ်ထဲမှာ Bi အဖြစ် အတည်ပြုထားတဲ့ ဇာတ်ကောင်များ

Marvel ကောမစ်ထဲမှာ Bi အဖြစ် အတည်ပြုထားတဲ့ ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ခေတ်တွေ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ LGBT တွေအပေါ်အမြင်တွေကလည်း ပြောင်းလဲလာခဲ့ပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတကာမှာတောင် LGBT တွေကို လက်မခံခဲ့ကြပေမယ့်လည်း အခုချိန်မှာတော့ တစ်ကမ္ဘာလုံးက သူတို့ကို Support ပေးနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကောမစ်တွေထဲမှာတောင် LGBT ဇာတ်ကောင်တွေ တဖြည်းဖြည်းများပြားလာပါတယ်။ ဒီတစ်ခေါက်မှာတော့ Marvel ကောမစ်ထဲက Bisexual ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Kitty Pryde
photo via screenrant

၂၀၂၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marauders #12 ထဲမှာတော့ Kitty Pryde ဟာ Bisexual ဖြစ်တယ် ဆိုတာကို အတည်ပြုသွားခဲ့ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Kitty Pryde ဟာ Rachel Summers နဲ့ နမ်းခဲ့ကြတာကြောင့် အခုလိုအတည်ပြုနိုင်တာ ဖြစ်ပါတယ်။ ကောမစ်ပရိသတ်တွေကလည်း သူမက Bisexual ပါလို့ ခန့်မှန်းခဲ့ကြတာ ကြာမြင်ခဲ့ပြီ ဖြစ်ပြီး အခုချိန်မှသာ Marvel က တရားဝင် အတည်ပြုသွားတာ ဖြစ်ပါတယ်။

(2) Black Cat
photo via screenrant

Black Cat ဟာ Spider-Man ရဲ့ Love Interest တွေထဲက တစ်ယောက် ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ မင်္ဂလာတောင် ဆောင်ခဲ့ဖူးကြပါသေးတယ်။ Black Cat #5 ထဲမှာတော့ သူမဟာ သူမရဲ့မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့အတူ နမ်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုတော့ အရင်ကတည်းက အရိပ်အမြွက်တွေ ပြထားပြီး Black Cat #5 ထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ Relationship ကို တရားဝင်ချပြခဲ့ပါတယ်။

(3) Mystique
photo via screenrant

ကောမစ်ထဲမှာတော့ သူမဟာ Mystique ဟာ Destiny a.k.a. Irene Adler နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ အထင်ကရအဖြစ်ဆုံး Relationship ကတော့ Professor X နဲ့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Wolverine နဲ့ Sabretooth တို့နဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။ ကောမစ်ထဲက Mystique ကတော့ Bisexual ဖြစ်နေပေမယ့်လည်း အခုချိန်ထိ ထွက်ထားသမျှ X-Men ရုပ်ရှင်တွေထဲမှာတော့ သူမကို အခုလိုမျိူး မဖော်ပြထားပါဘူး။

(4) Iron Man
photo via screenrant

Marvel ကောမစ်ကတော့ Iron Man ကို Bisexual ဖြစ်ကြောင်း တိကျတဲ့ သက်သေတွေနဲ့ မဖော်ပြထားပါဘူး။ ဒါပေမယ့်လည်း သူက Bi ဆိုတာကို ယူဆလို့ရတဲ့ အချက်တွေတော့ ပါဝင်ခဲ့ပါတယ်။ Superior Iron Man #8 ထဲမှာတော့ Tony ဟာ ပါတီပွဲကျင်းပခဲ့ပြီး အဲ့ဒီနောက်မှာတော့ Tony ကို အိပ်ယာပေါ်မှာ အမျိူးသမီးတွေနဲ့ရော အမျိူးသားတွေနဲ့ပါ မြင်တွေ့ခဲ့ရပါတယ်။

(5) Loki
photo via screenrant

ကောမစ်ထဲမှာတော့ Loki ဟာ Gender Fluid ဖြစ်ပြီး ယောကျာ်းရော မိန်းမပါ စိတ်ဝင်စားသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအချက်ကိုလည်း MCU ထဲမှာ မကြာခင်တုန်းက အတည်ပြုသွားခဲ့ပါတယ်။ အဲ့ဒါကတော့ Disney+ က ပြသသွားတဲ့ Loki ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ Loki ကို Bi အဖြစ် အတည်ပြုပေးခဲ့တဲ့ ကောမစ်က Loki: Agent of Asgard ဖြစ်ပါတယ်။

(6) Deadpool
photo via screenrant

Deadpool ကတော့ ပရိသတ်တွေ အကြိုက်နှစ်ဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပြီး သူဟာလည်း ယောကျာ်းရော မိန်းမပါ စိတ်ဝင်စားသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကောမစ်ထဲမှာဆိုရင် Deadpool ဟာ Spider-Man ကို ကြိုက်နှစ်သက်နေသူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ Deadpool ကလည်း MCU ကို ရောက်လာပြီ ဖြစ်တာကြောင့် ဒါမျိူးကိုလည်း MCU မှာ မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

(7) Valkyrie
photo via screenrant

Valkyrie ကတော့ Thor: Ragnarok မထွက်လာခင်ကတည်းက ကောမစ်ထဲမှာ Bisexual အဖြစ် အတည်ပြုထားပြီးသား ဖြစ်ပါတယ်။ MCU ထဲမှာတော့ သူမကို Bi အနေနဲ့ မမြင်ရသေးပေမယ့်လည်း အသစ်ထွက်လာမယ့် Thor: Love and Thunder ထဲမှာတော့ သူမကို Bi ဖြစ်ကြောင်း အတည်ပြုသွားမယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေခတ္ေတြ တျဖည္းျဖည္း ေျပာင္းလဲလာတာနဲ႔အမွ် လူေတြရဲ႕ LGBT ေတြအေပၚအျမင္ေတြကလည္း ေျပာင္းလဲလာခဲ့ပါတယ္။ အရင္တုန္းကဆိုရင္ ႏိုင္ငံတကာမွာေတာင္ LGBT ေတြကို လက္မခံခဲ့ၾကေပမယ့္လည္း အခုခ်ိန္မွာေတာ့ တစ္ကမာၻလုံးက သူတို႔ကို Support ေပးေနၾကၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ေကာမစ္ေတြထဲမွာေတာင္ LGBT ဇာတ္ေကာင္ေတြ တျဖည္းျဖည္းမ်ားျပားလာပါတယ္။ ဒီတစ္ေခါက္မွာေတာ့ Marvel ေကာမစ္ထဲက Bisexual ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Kitty Pryde
photo via screenrant

၂၀၂၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Marauders #12 ထဲမွာေတာ့ Kitty Pryde ဟာ Bisexual ျဖစ္တယ္ ဆိုတာကို အတည္ျပဳသြားခဲ့ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Kitty Pryde ဟာ Rachel Summers နဲ႔ နမ္းခဲ့ၾကတာေၾကာင့္ အခုလိုအတည္ျပဳႏိုင္တာ ျဖစ္ပါတယ္။ ေကာမစ္ပရိသတ္ေတြကလည္း သူမက Bisexual ပါလို႔ ခန႔္မွန္းခဲ့ၾကတာ ၾကာျမင္ခဲ့ၿပီ ျဖစ္ၿပီး အခုခ်ိန္မွသာ Marvel က တရားဝင္ အတည္ျပဳသြားတာ ျဖစ္ပါတယ္။

(2) Black Cat
photo via screenrant

Black Cat ဟာ Spider-Man ရဲ႕ Love Interest ေတြထဲက တစ္ေယာက္ ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ဟာ မဂၤလာေတာင္ ေဆာင္ခဲ့ဖူးၾကပါေသးတယ္။ Black Cat #5 ထဲမွာေတာ့ သူမဟာ သူမရဲ႕မိန္းကေလး သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ နမ္းခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကိုေတာ့ အရင္ကတည္းက အရိပ္အႁမြက္ေတြ ျပထားၿပီး Black Cat #5 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ Relationship ကို တရားဝင္ခ်ျပခဲ့ပါတယ္။

(3) Mystique
photo via screenrant

ေကာမစ္ထဲမွာေတာ့ သူမဟာ Mystique ဟာ Destiny a.k.a. Irene Adler နဲ႔ လက္ထပ္ခဲ့ပါတယ္။ သူမရဲ႕ အထင္ကရအျဖစ္ဆုံး Relationship ကေတာ့ Professor X နဲ႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ Wolverine နဲ႔ Sabretooth တို႔နဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။ ေကာမစ္ထဲက Mystique ကေတာ့ Bisexual ျဖစ္ေနေပမယ့္လည္း အခုခ်ိန္ထိ ထြက္ထားသမွ် X-Men ႐ုပ္ရွင္ေတြထဲမွာေတာ့ သူမကို အခုလိုမ်ိဴး မေဖာ္ျပထားပါဘူး။

(4) Iron Man
photo via screenrant

Marvel ေကာမစ္ကေတာ့ Iron Man ကို Bisexual ျဖစ္ေၾကာင္း တိက်တဲ့ သက္ေသေတြနဲ႔ မေဖာ္ျပထားပါဘူး။ ဒါေပမယ့္လည္း သူက Bi ဆိုတာကို ယူဆလို႔ရတဲ့ အခ်က္ေတြေတာ့ ပါဝင္ခဲ့ပါတယ္။ Superior Iron Man #8 ထဲမွာေတာ့ Tony ဟာ ပါတီပြဲက်င္းပခဲ့ၿပီး အဲ့ဒီေနာက္မွာေတာ့ Tony ကို အိပ္ယာေပၚမွာ အမ်ိဴးသမီးေတြနဲ႔ေရာ အမ်ိဴးသားေတြနဲ႔ပါ ျမင္ေတြ႕ခဲ့ရပါတယ္။

(5) Loki
photo via screenrant

ေကာမစ္ထဲမွာေတာ့ Loki ဟာ Gender Fluid ျဖစ္ၿပီး ေယာက်ာ္းေရာ မိန္းမပါ စိတ္ဝင္စားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီအခ်က္ကိုလည္း MCU ထဲမွာ မၾကာခင္တုန္းက အတည္ျပဳသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ Disney+ က ျပသသြားတဲ့ Loki ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာ ဆိုရင္ေတာ့ Loki ကို Bi အျဖစ္ အတည္ျပဳေပးခဲ့တဲ့ ေကာမစ္က Loki: Agent of Asgard ျဖစ္ပါတယ္။

(6) Deadpool
photo via screenrant

Deadpool ကေတာ့ ပရိသတ္ေတြ အႀကိဳက္ႏွစ္ဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ၿပီး သူဟာလည္း ေယာက်ာ္းေရာ မိန္းမပါ စိတ္ဝင္စားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ေကာမစ္ထဲမွာဆိုရင္ Deadpool ဟာ Spider-Man ကို ႀကိဳက္ႏွစ္သက္ေနသူလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Deadpool ကလည္း MCU ကို ေရာက္လာၿပီ ျဖစ္တာေၾကာင့္ ဒါမ်ိဴးကိုလည္း MCU မွာ ျမင္ေတြ႕ရႏိုင္ေခ် ရွိပါေသးတယ္။

(7) Valkyrie
photo via screenrant

Valkyrie ကေတာ့ Thor: Ragnarok မထြက္လာခင္ကတည္းက ေကာမစ္ထဲမွာ Bisexual အျဖစ္ အတည္ျပဳထားၿပီးသား ျဖစ္ပါတယ္။ MCU ထဲမွာေတာ့ သူမကို Bi အေနနဲ႔ မျမင္ရေသးေပမယ့္လည္း အသစ္ထြက္လာမယ့္ Thor: Love and Thunder ထဲမွာေတာ့ သူမကို Bi ျဖစ္ေၾကာင္း အတည္ျပဳသြားမယ္လို႔ သိရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular