HomeEntertainmentFilmပရိသတ်တွေ စောင့်မျှော်နေကြတဲ့ The Matrix Resurrections ရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာ

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ The Matrix Resurrections ရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကပဲ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ The Matrix Resurrections ရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ယခင်က ထွက်ရှိခဲ့တဲ့ Trilogy ဟာ ၂၀၀၃ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပြီး နှစ်ပေါင်း(၂၀) နီးပါးလောက် ကြာတဲ့အချိန်မှာတော့ လေးကားမြောက် ထပ်မံထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း တခြားရုပ်ရှင်တွေလိုပဲ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့ပေမယ့် လောလောဆယ်မှာတော့ လာမယ့်ဒီဇင်ဘာလမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Photo via IMDb

Matrix 4 ထဲမှာတော့ Keanu Reeves က Neo အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်သလို Carrie-Anne Moss ကလည်း Trinity အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ Neo နဲ့ Trinity တို့ နှစ်ယောက်လုံးဟာ Matrix 3 ထဲမှာ သေဆုံးသွားကြပြီး ဒီရုပ်ရှင်ထဲမှာ ဘယ်လိုပြန်ပါလာမလည်း ဆိုတာပါပဲ။ ဒါ့အပြင် Priyanka Chopra ၊ Jessica Henwick နဲ့ Yahya Abdul-Mateen II တို့ဟာလည်း သရုပ်ဆောင်အသစ်အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာတော့ Neo ဟာ Matrix နဲ့ ပတ်သက်တဲ့ အရာတွေကို မမှတ်မိတော့ဘဲ ညဘက်ကျမှသာ အိပ်မက်ဆိုးတွေလိုမျိူး မြင်မက်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Neo ဟာ Trinity နဲ့ ပြန်တွေ့တဲ့အချိန်မှာလည်း မမှတ်မိတော့တဲ့ ပုံစံမျိူး မြင်တွေ့ခဲ့ရပါတယ်။ Matrix ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်ဟာ ထွေလာနဲ့တင် ပရိသတ်တွေကို ခေါင်းစားအောင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကတော့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

မၾကာေသးခင္ကပဲ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ The Matrix Resurrections ရဲ႕ ပထမဆုံးေထြလာ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ယခင္က ထြက္ရွိခဲ့တဲ့ Trilogy ဟာ ၂၀၀၃ ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ၿပီး ႏွစ္ေပါင္း(၂၀) နီးပါးေလာက္ ၾကာတဲ့အခ်ိန္မွာေတာ့ ေလးကားေျမာက္ ထပ္မံထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာလည္း တျခား႐ုပ္ရွင္ေတြလိုပဲ ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ရွိခဲ့ေပမယ့္ ေလာေလာဆယ္မွာေတာ့ လာမယ့္ဒီဇင္ဘာလမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Photo via IMDb

Matrix 4 ထဲမွာေတာ့ Keanu Reeves က Neo အေနနဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္သလို Carrie-Anne Moss ကလည္း Trinity အေနနဲ႔ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ Neo နဲ႔ Trinity တို႔ ႏွစ္ေယာက္လုံးဟာ Matrix 3 ထဲမွာ ေသဆုံးသြားၾကၿပီး ဒီ႐ုပ္ရွင္ထဲမွာ ဘယ္လိုျပန္ပါလာမလည္း ဆိုတာပါပဲ။ ဒါ့အျပင္ Priyanka Chopra ၊ Jessica Henwick နဲ႔ Yahya Abdul-Mateen II တို႔ဟာလည္း သ႐ုပ္ေဆာင္အသစ္အေနနဲ႔ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

ဒီေထြလာထဲမွာေတာ့ Neo ဟာ Matrix နဲ႔ ပတ္သက္တဲ့ အရာေတြကို မမွတ္မိေတာ့ဘဲ ညဘက္က်မွသာ အိပ္မက္ဆိုးေတြလိုမ်ိဴး ျမင္မက္ေနတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ Neo ဟာ Trinity နဲ႔ ျပန္ေတြ႕တဲ့အခ်ိန္မွာလည္း မမွတ္မိေတာ့တဲ့ ပုံစံမ်ိဴး ျမင္ေတြ႕ခဲ့ရပါတယ္။ Matrix ႐ုပ္ရွင္ေတြရဲ႕ ထုံးစံအတိုင္းပဲ ဒီ႐ုပ္ရွင္ဟာ ေထြလာနဲ႔တင္ ပရိသတ္ေတြကို ေခါင္းစားေအာင္ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ႐ုပ္ရွင္ကေတာ့ ႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြအတြက္ ေသခ်ာေပါက္ ၾကည့္ရႈသင့္တဲ့ ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular