HomeEntertainmentFilmGodzilla ဇာတ်လမ်းတွဲထဲမှာ အတူပါဝင်လာမယ့် Russell သားအဖ

Godzilla ဇာတ်လမ်းတွဲထဲမှာ အတူပါဝင်လာမယ့် Russell သားအဖ

MonsterVerse ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ Godzilla ဇာတ်လမ်းတွဲမှာတော့ Kurt Russell နဲ့ Wyatt Russell တို့ သားအဖနှစ်ယောက်လုံး ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Kurt ကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတစ်ယောက် ဖြစ်ပြီး Escape From New York ၊ The Thing ၊ Big Trouble in Little China ၊ Tomb Stone နဲ့ Stargate တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

photo via screenrant

Wyatt Russell ကလည်း Cold in July ၊ Everybody Wants Some!! ၊ Overlord ၊ Under the Banner of Heaven အစရှိတဲ့ဇာတ်ကားတွေမှာ ပါဝင်ထားသူဖြစ်ပြီး MCU ရဲ့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာလည်း John Walker/ U.S. Agent အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အလားတူပဲ ဖခင်ဖြစ်သူ Kurt Russell ဟာလည်း Guardians of the Galaxy Vol.2 ထဲမှာ Ego နေရာက ပါဝင်ထားပါသေးတယ်။

ယခုဆိုရင်တော့ Godzilla ဇာတ်လမ်းတွဲထဲမှာ Kurt Russell နဲ့ Wyatt Russell တို့ ပါဝင်လာမယ်လို့ ကြေညာထားပါတယ်။ လောလောဆယ်မှာတော့ သူတို့နှစ်ယောက်လုံး ပါဝင်လာမယ့် ဇာတ်ရုပ်တွေကို မသိရသေးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ “မိသားစုတစ်စုဟာ အတိတ်မှာ ဖုံးကွယ်ထားတဲ့ သူတို့မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေမိသွားပြီး Monarch ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်နေကြောင်း သိလိုက်ရပါတယ်..” လို့ ရေးသားထားပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်အပြီးမှာ ဇာတ်အိမ်တည်ထားတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာတော့ လူသားတွေဟာ မွန်းစတားတွေ တကယ်ရှိတယ်ဆိုတာကို သိခါစအချိန်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် ယခုဖော်ပြထားတဲ့ ဇာတ်လမ်းအကျဉ်းနဲ့ MonsterVerse က ဘယ်လိုဆက်စပ်သွားမလည်း ဆိုတာကိုလည်း မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် MonsterVerse ပရိသတ်တွေအတွက်ကတော့ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular