HomeEntertainmentFilmအသစ်ထပ်မံထွက်ရှိလာဦးမယ့် X ရုပ်ရှင်ရဲ့ Sequel ဖြစ်တဲ့ Maxxxine

အသစ်ထပ်မံထွက်ရှိလာဦးမယ့် X ရုပ်ရှင်ရဲ့ Sequel ဖြစ်တဲ့ Maxxxine

စတူဒီယို A24 က ထုတ်လုပ်ခဲ့တဲ့ X ရုပ်ရှင်ကတော့ Horror ပရိသတ်တွေအကြိုက် ဖြစ်ခဲ့ပြီး ယခုဆိုရင်တော့ ဒီရုပ်ရှင်ရဲ့ Sequel ဖြစ်တဲ့ Maxxxine ရုပ်ရှင်ဟာလည်း ထပ်မံထွက်ရှိလာဦးမယ်လို့ သိရပါတယ်။ ပထမဆုံး ထွက်ရှိခဲ့တဲ့ X ရုပ်ရှင်ကတော့ လူငယ်တစ်စုဟာ Texas မှာရှိတဲ့ လူသူမနီးတဲ့ လယ်တောအိမ်လေးတစ်ခုမှာ အပြာကားရိုက်ကူးဖို့ ခရီးထွက်လာရာက စတင်ပါတယ်။ အဲဒီလယ်တောအိမ်လေးမှာတော့ သူတို့တွေဟာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်ဆိုးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

photo via screenrant

X ရုပ်ရှင် ထွက်ရှိလာအပြီးမှာတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ Pearl ဆိုတဲ့ အဘွားကြီးရဲ့ ငယ်ဘဝကို မြင်တွေ့ရမယ့် Pearl ရုပ်ရှင် ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီ Prequel ရုပ်ရှင်ထဲမှာတော့ Pearl ဟာ ငယ်ဘဝမှာ ဘယ်လိုအဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရပြီး ဘာကြောင့် ယခုလို စိတ္တဇလူသတ်သမားတစ်ယောက် ဖြစ်လာတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ X ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့် Prequel ဇာတ်လမ်းဖြစ်တဲ့ Pearl တင်မကဘဲ Sequel အဆက်ဖြစ်တဲ့ Maxxxine ရဲ့ Teaser ပါ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီ Teaser ထဲမှာတော့ Maxxxine ရုပ်ရှင်ဟာ ၁၉၈၅ ခုနှစ် Los Angeles မြို့မှာ ဇာတ်အိမ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ Teaser ကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

Maxxxine ရုပ်ရှင်ထဲမှာတော့ X ရုပ်ရှင်ထဲက အဖြစ်အပျက်တွေအပြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ Maxxxine ဟာ သူမရဲ့အိပ်မက်ဖြစ်တဲ့ မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ရဲ့ ထွက်ရှိလာမယ့် နေ့ရက်ကို မသိရသေးပါဘူး။ Prequel ရုပ်ရှင် ဖြစ်တဲ့ Pearl ကတော့ စက်တင်ဘာလ (၁၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular