HomeCelebs Update NewsInternationalအဖေဖြစ်သူကို Taylor Swift fan ဖြစ်အောင် လုပ်ခဲ့တဲ့ Maya Hawke

အဖေဖြစ်သူကို Taylor Swift fan ဖြစ်အောင် လုပ်ခဲ့တဲ့ Maya Hawke

Stranger Things သရုပ်ဆောင် Maya Hawke ဟာ ဖခင်ဖြစ်သူ နာမည်ကျော်သရုပ်ဆောင် Ethan Hawke ကို သူမ ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေကို ဝေမျှနားထောင်ခိုင်းရင်း bonding time ရရှိနေတယ်လို့ သိရပါတယ်။ သားအဖနှစ်ယောက်ကြား ရင်းနှီးနွေးထွေးမှု တိုးတက်စေရာမှာ Taylor Swift သီချင်းတွေကလည်း အကူအညီပေးပြီး Maya Hawke ဟာ ဖခင်ဖြစ်သူကို Taylor Swift ရဲ့ ပရိသတ်ဖြစ်သွားအောင်ပါ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်(၂၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Maya ဟာ အသက်(၅၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖခင် Ethan Hawke ကို Swiftie တစ်ယောက်ဖြစ်အောင် လုပ်လိုက်ပါတယ်။ အဲဒါကတော့ Maya ဟာ Taylor Swift ရဲ့ တတိယမြောက်အယ်လ်ဘမ် “Speak Now” ထဲက Ours သီချင်းကို ဖွင့်ပြခဲ့တာလို့ ဆိုပါတယ်။

Photo: maya_hawke/ Instagram

“အဲဒီသီချင်းကို တကယ် ထူးထူးခြားခြား မှတ်မိနေတာ။ ဂီတနဲ့ပတ်သက်ရင် အဖေက ကျွန်မအပေါ်မှာ လွှမ်းမိုးမှုအများကြီး ရှိတယ်။ အဖေညွှန်းပေးခဲ့တဲ့ သီချင်းတွေ၊ artist တွေအများကြီးပဲ ရှိတယ်။ အခုအချိန်ထိ တကယ် တမ်းတမ်းစွဲ နားထောင်နေတုန်း၊ မြတ်နိုးရတုန်းပဲ။ အဲဒီတော့ သူသိပြီးသား မဟုတ်တဲ့ဟာတစ်ခုကို သူ့ကိုပြန်ညွှန်းပေးနိုင်ဖို့ဆိုတာ ကျွန်မအတွက်တော့ အချိန်တွေအကြာကြီး လိုအပ်ခဲ့တယ် …”

“Ours ကကျတော့ အဖေ့ကို ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ Taylor Swift ရဲ့ ပထမဆုံးသီချင်းပေါ့။ အဲဒါနားထောင်ပြီးတော့ အဖေက မေးရော။ ဒီသီချင်းကို ဘယ်သူရေးတာလဲတဲ့။ ကျွန်မကလည်း Taylor Swift ရေးတာလို့ ပြန်ဖြေလိုက်တာပေါ့။ အဲ့မှာတင် အဖေက ပြောတော့တာပဲ။ ဒီသီချင်းလေး သိပ်ကောင်းတယ်တဲ့။ ကျွန်မလည်း နောက်ဆုံးတော့ အဖေမသိသေးတဲ့ဟာတစ်ခုကို ပြပြီးတော့ သူကြိုက်သွားအောင်ပါ ငါ လုပ်လိုက်နိုင်ပြီပေါ့။ ဒါဟာ ကျွန်မအတွက်တော့ သိပ်ကို confidence ရှိသွားစေပါတယ် …”လို့ Maya က ပြောထားပါတယ်။

Photo: maya_hawke/ Instagram

ဒီလိုနဲ့ နောက်ဆုံးမှာတော့ Maya နဲ့ Ethan တို့သားအဖဟာ Taylor Swift ရဲ့ Speak Now tour ကို အတူတူ သွားကြည့်ခဲ့ကြတဲ့အထိ နီးစပ်ပြီး နွေးထွေးခဲ့တယ်လို့ ဆိုပါတယ်။ “အဲဒီတုန်းက အတွေ့အကြုံလေးကတော့ တကယ့်အမှတ်တရပါပဲ။ ကျွန်မနဲ့ အကြိုက်ချင်းတူတဲ့သူနဲ့ အတူတူသွားရတာ သိပ်ကိုအားဖြစ်ရပါတယ် …” လို့လည်း သူမက ဆိုပါတယ်။

Taylor Swift ရဲ့ ပရိသတ်တွေ ဖြစ်သွားကြတဲ့ Hawke သားအဖဟာ မကြာခင်မှာ ထွက်ရှိလာတော့မယ့် Taylor Swift ရဲ့ ဆယ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် Midnight အတွက်ကိုလည်း ကြိုတင်ပြီး စိတ်လှုပ်ရှားနေကြပြီလို့ ဆိုပါတယ်။

Photo: maya_hawke/ Instagram

“Taylor က Midnight အယ်လ်ဘမ် ထွက်မယ်လို့ ကြေညာလိုက်တော့ အဖေ့ဆီက မက်ဆေ့ချ်တစ်စောင် ရတယ်။ ဟာ … Taylor Swift က အခွေသစ် ထွက်လာဦးမှာလားတဲ့။ အဖေတော့ အရမ်းစိတ်လှုပ်ရှားတာပဲတဲ့။ Red ကိုလည်း သူပြန်ထုတ်ထားသေးတယ်။ အခု အဲဒါကို Midnight က ထပ်ထွက်ဦးမှာတဲ့လား။ သူ ဘယ်လိုများ လုပ်လိုက်တာလည်းလို့ ကျွန်မကို မက်ဆေ့ချ်မှာ အဖေက ရေးထားတာ …” လို့ Maya က Ethan ရဲ့ စိတ်လှုပ်ရှားမှုကို ပြောပြထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular