HomeCelebs Update NewsInternationalMCU သရုပ်ဆောင်‌တွေ မျှော်မှန်းခဲ့တဲ့ မူလဇာတ်ရုပ်များ 

MCU သရုပ်ဆောင်‌တွေ မျှော်မှန်းခဲ့တဲ့ မူလဇာတ်ရုပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တဲ့ Marvel Cinematic Universe (MCU) ဟာ အခုချိန်မှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေသလို ဝင်ငွေအကောင်းဆုံး Franchise တစ်ခုလည်း ဖြစ်နေပါပြီ။ MCU ထဲမှာတော့ ဇာတ်ကောင်တွေအများအပြား ရှိပြီး အဲ့ဒီဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ဖို့ လူရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ရလေ့ ရှိပါတယ်။ ဒီအချိန်မှာတော့ ထူးထူးဆန်းဆန်းပဲ ပါဝင်ဖို့ ဝင်ရောက်အရွေးခံတဲ့ ဇာတ်ကောင်ကို မရရှိဘဲ တခြားဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ သရုပ်ဆောင်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(1) Lee Pace
photo via screenrant

Lee Pace ဟာ Guardians of the Galaxy ထဲက ဗီလိန် Ronan နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူလတုန်းကတော့ သူဟာ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Star-Lord (Peter Quill) နေရာမှာ ပါဝင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ Chris Pratt က Peter Quill ဇာတ်ကောင်ကို ရရှိသွားပေမယ့်လည်း ဒါရိုက်တာ James Gunn ဟာ Lee Pace ရဲ့ သရုပ်ဆောင်ပုံတွေကို ကြိုက်နှစ်သက်တာကြောင့် ဗီလိန်ဖြစ်သူ Ronan နေရာက ပါဝင်စေခဲ့တာ ဖြစ်ပါတယ်။

(2) Djimon Hounsou
photo via screenrant

Djimon Hounsou ဟာ ကနဦးတုန်းက Drax နေရာမှာ ပါဝင်ဖို့အတွက် လူရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့ James Gunn က တွစ်တာစာမျက်နှာပေါ်မှာ ပြောပြခဲ့ဖူးပါတယ်။ Drax ဇာတ်ကောင်နေရာကို မရရှိခဲ့တဲ့ အကြောင်းရင်းကတော့ သူဟာ Drax နေရာမှာ သရုပ်ဆောင်ဖို့အတွက် အရပ်အနည်းငယ် ပုနေတာကြောင့်လို့ သိရပါတယ်။ Djimon ဟာ အရပ်ခြောက်ပေ ရှိပြီး Drax ဇာတ်ကောင်ကို ရရှိသွားတဲ့ Dave Bautista ကတော့ ခြောက်ပေ လေးလက်မ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Guardians of the Galaxy ရုပ်ရှင်ထဲမှာပဲ Korath ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်ခဲ့ရပါတယ်။

(3) Anthony Mackie
photo via screenrant

Anthony Mackie ဟာ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Hurt Locker ရုပ်ရှင်နဲ့ အောင်မြင်လာပြီးနောက်မှာတော့ စူပါဟီးရိုးဇာတ်ကောင်နေရာမှာ အလွန်သရုပ်ဆောင်ချင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဘယ်လိုဇာတ်ကောင်မျိူးမဆို သရုပ်ဆောင်မယ်ဆိုပြီး Marvel ကို အီးမေးလ်တွေ ပို့ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ Iron Man 3 ထဲက Mandarin ဇာတ်ကောင်နေရာမှာ လူရွေးပွဲ ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီဇာတ်ကောင်ကို မင်းသားကြီး Ben Kingsley က ရရှိသွားပါတယ်။

ဒါပေမယ့်လည်း Captain America: The Winter Soldier ကို ဖန်တီးတော့မယ့်အချိန်မှာတော့ ဒါရိုက်တာ Joe Russo ဟာ Mandarin နေရာမှာ ယှဉ်ပြိုင်ခဲ့တဲ့ Anthony ရဲ့ သရုပ်ဆောင်ပုံကို မြင်တွေ့သွားပြီး Falcon (Sam Wilson) ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အခုချိန်မှာတော့ Anthony ရဲ့ Sam Wilson ဇာတ်ကောင်ဟာ The Falcon and the Winter Soldier စီးရီးထဲမှာ Captain America အသစ် ဖြစ်သွားပါပြီ။

(4) Wilson Bethel
photo via screenrant

အခုချိန်မှာတော့ Chris Evans နဲ့ Captain America ကို ခွဲမြင်လို့ အဆင်မပြေတော့ပေမယ့်လည်း အစတုန်းကတော့ ဒီဇာတ်ကောင်အတွက် လျာထားတဲ့စာရင်းထဲမှာ Chris Evans မပါဝင်ခဲ့ပါဘူး။ Cap ဇာတ်ကောင်အတွက် Marvel က ရွေးချယ်ထားတဲ့ ထိပ်ဆုံးသရုပ်ဆောင်သုံးဦးကတော့ John Krasinski ၊ Channing Tatum နဲ့ Wilson Bethel တို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီသုံးယောက်ထဲမှာမှ Wilson ဟာ ဒီဇာတ်ကောင်နဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီး Cap ဝတ်စုံကိုတောင် စမ်းဝတ်ကြည့်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် သူဟာ ဒီဇာတ်ကောင်နေရာမှာ မပါဝင်ခဲ့ရဘဲ သူကိုယ်တိုင်ကလည်း အင်တာဗျူးတစ်ခုမှာ Cap ဇာတ်ကောင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် နှမြောမိတယ်လို့ ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Daredevil Season 3 မှာ Bullseye နေရာက ပါဝင်ခဲ့ပါတယ်။

(5) Karen Gillan
photo via screenrant

Karen Gillan ကတော့ Nebula ဇာတ်ကောင်အနေနဲ့ Guardians of the Galaxy ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ တကယ်တော့ သူမ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဇာတ်ကောင်ဟာ Sharon Carter ဖြစ်ပြီး သူမဟာ လူရွေးပွဲမှာ နောက်ဆုံးစံကာတင်စာရင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Sharon Carter ဇာတ်ကောင်ကိုတော့ Emily VanCamp က ရရှိသွားပြီးတဲ့နောက်မှာ Casting Director ဖြစ်သူ Sarah Finn ဟာ သူမကို Nebula ဇာတ်ကောင်နေရာမှာ ပါဝင်စေခဲ့ပါတယ်။

(6) Lupita Nyong’o
photo via screenrant

Nebula ဇာတ်ကောင်ကို Karen Gillan မရရှိခင်အချိန်တုန်းက Lupita Nyong’o ကလည်း အဲ့ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့အတွက် ဝင်ရောက်အရွေးခံခဲ့ပါတယ်။ သူမဟာ အကြောင်းအမျိူးမျိူးကြောင့် ဒီဇာတ်ကောင်ကို မရရှိခဲ့ပေမယ့်လည်း Black Panther ရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးတဲ့အချိန်မှာတော့ Casting Director ဖြစ်တဲ့ Sarah Finn ဟာ သူမကို T’Challa ရဲ့ ရည်းစားဟောင်း Nakia ဇာတ်ကောင်ကို ကမ်းလှမ်းခဲ့ပါတယ်။

(7) Wyatt Russell
photo via screenrant

Wyatt Russell ကိုတော့ The Falcon and the Winter Soldier ထဲမှာ John Walker အဖြစ် မြင်တွေ့ရပြီးနောက်မှာ သူဟာ တကယ့် Steve Rogers နေရာမှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တယ်ဆိုတဲ့ အချက်ဟာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်မဖြစ်ခင်တုန်းက Hockey ကစားသမားတစ်ယောက် ဖြစ်ပြီး သူ ပထမဆုံး လူရွေးပွဲဝင်ပြိုင်ခဲ့တဲ့ ဇာတ်ကောင်ကတော့ Captain America: The First Avenger ထဲက Steve Rogers ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ Wyatt ဟာ အကြောင်းအမျိူးမျိူးကြောင့် Steve Rogers ဇာတ်ကောင်ကို မရရှိခဲ့ပေမယ့်လည်း အခုချိန်မှာ John Walker ဇာတ်ကောင်ကတော့ သူနဲ့ပိုပြီးတော့ လိုက်ဖက်နေပါတယ်။

(8) Chadwick Boseman
photo via screenrant

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 42 ဆိုတဲ့ရုပ်ရှင်နဲ့ နာမည်မကြီးလာခင်တုန်းက Chadwick Boseman ကလည်း Drax နေရာမှာ သရုပ်ဆောင်ဖို့ လူရွေးပွဲ ဝင်ပြိုင်ခဲ့ပါသေးတယ်။ Sarah Finn ရဲ့ ပြောစကားအရ Chadwick ဟာ Drax ဇာတ်ကောင်ကို ဘုရင်တစ်ယောက်လိုမျိူး ဂုဏ်သိက္ခာနဲ့ သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ သူဟာ ဒီဇာတ်ကောင်နဲ့ မကိုက်ညီခဲ့ပေမယ့်လည်း Sarah Finn ရဲ့ အာရုံစိုက်မှုကိုတော့ ရရှိသွားပါတယ်။ အဲ့ဒီလူရွေးပြိုင်ပွဲကြောင့်ပဲ နောက်ပိုင်းမှာတော့ သူဟာ Wakanda ရဲ့ ဘုရင်ကြီး ဖြစ်လာခဲ့တာပါ။

(9) Chris Pratt
photo via screenrant

Chris Pratt ကလည်း Captain America နေရာမှာ သရုပ်ဆောင်ဖို့ လူရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်ပုံဟာ ဒီဇာတ်ကောင်နဲ့ မကိုက်ညီပေမယ့်လည်း Sarah Finn အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ သရုပ်ဆောင်ပုံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ Chris Pratt ကို Star-Lord ဇာတ်ကောင်အတွက် စိတ်ထဲမှာမှတ်ထားပြီး Guardians of the Galaxy ရိုက်ကူးမယ့်အချိန်မှာတော့ Chris Pratt ကို လူရွေးပွဲ ဝင်ပြိုင်ခိုင်းဖို့ James Gunn ကို သူမကိုယ်တိုင်ပဲ နားချခဲ့တာ ဖြစ်ပါတယ်။

(10) Sebastian Stan
photo via screenrant

Captain America: The First Avenger ရုပ်ရှင်အတွက် လူရွေးပွဲဝင်ပြိုင်တဲ့အချိန်မှာတော့ Sebastian Stan ဟာ Winter Soldier (Bucky Barnes) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ မဟုတ်ဘဲ Captain America နေရာအတွက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့သရုပ်ဆောင်ပုံဟာ Bucky Barnes ဇာတ်ကောင်နဲ့ ပိုပြီးကိုက်ညီမှု ရှိလိမ့်မယ်လို့ Sarah Finn က ယူဆခဲ့ပြီး Bucky ဇာတ်ကောင်ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ သရုပ်ဆောင်ချင်ခဲ့တဲ့ ဇာတ်ကောင်ကတစ်ခု၊ တကယ် ရရှိခဲ့တဲ့ ဇာတ်ကောင်ကတစ်ခု ဖြစ်ခဲ့တဲ့ MCU သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘယ်သရုပ်ဆောင်တွေက စာဖတ်သူတို့ရဲ့အကြိုက် ဖြစ်ခဲ့လည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၀၈ ခုႏွစ္မွာ စတင္ခဲ့တဲ့ Marvel Cinematic Universe (MCU) ဟာ အခုခ်ိန္မွာေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနသလို ဝင္ေငြအေကာင္းဆုံး Franchise တစ္ခုလည္း ျဖစ္ေနပါၿပီ။ MCU ထဲမွာေတာ့ ဇာတ္ေကာင္ေတြအမ်ားအျပား ရွိၿပီး အဲ့ဒီဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လူေ႐ြးပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရေလ့ ရွိပါတယ္။ ဒီအခ်ိန္မွာေတာ့ ထူးထူးဆန္းဆန္းပဲ ပါဝင္ဖို႔ ဝင္ေရာက္အေ႐ြးခံတဲ့ ဇာတ္ေကာင္ကို မရရွိဘဲ တျခားဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ရခဲ့တဲ့ သ႐ုပ္ေဆာင္ေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

(1) Lee Pace
photo via screenrant

Lee Pace ဟာ Guardians of the Galaxy ထဲက ဗီလိန္ Ronan ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မူလတုန္းကေတာ့ သူဟာ ဒီ႐ုပ္ရွင္ထဲက အဓိကဇာတ္ေကာင္ျဖစ္တဲ့ Star-Lord (Peter Quill) ေနရာမွာ ပါဝင္ဖို႔အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။ Chris Pratt က Peter Quill ဇာတ္ေကာင္ကို ရရွိသြားေပမယ့္လည္း ဒါ႐ိုက္တာ James Gunn ဟာ Lee Pace ရဲ႕ သ႐ုပ္ေဆာင္ပုံေတြကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ ဗီလိန္ျဖစ္သူ Ronan ေနရာက ပါဝင္ေစခဲ့တာ ျဖစ္ပါတယ္။

(2) Djimon Hounsou
photo via screenrant

Djimon Hounsou ဟာ ကနဦးတုန္းက Drax ေနရာမွာ ပါဝင္ဖို႔အတြက္ လူေ႐ြးပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာလို႔ James Gunn က တြစ္တာစာမ်က္ႏွာေပၚမွာ ေျပာျပခဲ့ဖူးပါတယ္။ Drax ဇာတ္ေကာင္ေနရာကို မရရွိခဲ့တဲ့ အေၾကာင္းရင္းကေတာ့ သူဟာ Drax ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အရပ္အနည္းငယ္ ပုေနတာေၾကာင့္လို႔ သိရပါတယ္။ Djimon ဟာ အရပ္ေျခာက္ေပ ရွိၿပီး Drax ဇာတ္ေကာင္ကို ရရွိသြားတဲ့ Dave Bautista ကေတာ့ ေျခာက္ေပ ေလးလက္မ ရွိပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Guardians of the Galaxy ႐ုပ္ရွင္ထဲမွာပဲ Korath ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ ပါဝင္ခဲ့ရပါတယ္။

(3) Anthony Mackie
photo via screenrant

Anthony Mackie ဟာ ၂၀၀၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ The Hurt Locker ႐ုပ္ရွင္နဲ႔ ေအာင္ျမင္လာၿပီးေနာက္မွာေတာ့ စူပါဟီး႐ိုးဇာတ္ေကာင္ေနရာမွာ အလြန္သ႐ုပ္ေဆာင္ခ်င္ခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဘယ္လိုဇာတ္ေကာင္မ်ိဴးမဆို သ႐ုပ္ေဆာင္မယ္ဆိုၿပီး Marvel ကို အီးေမးလ္ေတြ ပို႔ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Iron Man 3 ထဲက Mandarin ဇာတ္ေကာင္ေနရာမွာ လူေ႐ြးပြဲ ဝင္ၿပိဳင္ခြင့္ရခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အဲ့ဒီဇာတ္ေကာင္ကို မင္းသားႀကီး Ben Kingsley က ရရွိသြားပါတယ္။

ဒါေပမယ့္လည္း Captain America: The Winter Soldier ကို ဖန္တီးေတာ့မယ့္အခ်ိန္မွာေတာ့ ဒါ႐ိုက္တာ Joe Russo ဟာ Mandarin ေနရာမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ Anthony ရဲ႕ သ႐ုပ္ေဆာင္ပုံကို ျမင္ေတြ႕သြားၿပီး Falcon (Sam Wilson) ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Anthony ရဲ႕ Sam Wilson ဇာတ္ေကာင္ဟာ The Falcon and the Winter Soldier စီးရီးထဲမွာ Captain America အသစ္ ျဖစ္သြားပါၿပီ။

(4) Wilson Bethel
photo via screenrant

အခုခ်ိန္မွာေတာ့ Chris Evans နဲ႔ Captain America ကို ခြဲျမင္လို႔ အဆင္မေျပေတာ့ေပမယ့္လည္း အစတုန္းကေတာ့ ဒီဇာတ္ေကာင္အတြက္ လ်ာထားတဲ့စာရင္းထဲမွာ Chris Evans မပါဝင္ခဲ့ပါဘူး။ Cap ဇာတ္ေကာင္အတြက္ Marvel က ေ႐ြးခ်ယ္ထားတဲ့ ထိပ္ဆုံးသ႐ုပ္ေဆာင္သုံးဦးကေတာ့ John Krasinski ၊ Channing Tatum နဲ႔ Wilson Bethel တို႔ပဲ ျဖစ္ပါတယ္။

အဲ့ဒီသုံးေယာက္ထဲမွာမွ Wilson ဟာ ဒီဇာတ္ေကာင္နဲ႔ အနီးစပ္ဆုံးျဖစ္ခဲ့ၿပီး Cap ဝတ္စုံကိုေတာင္ စမ္းဝတ္ၾကည့္ခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ သူဟာ ဒီဇာတ္ေကာင္ေနရာမွာ မပါဝင္ခဲ့ရဘဲ သူကိုယ္တိုင္ကလည္း အင္တာဗ်ဴးတစ္ခုမွာ Cap ဇာတ္ေကာင္ကို ဆုံးရႈံးလိုက္ရတဲ့အတြက္ ႏွေျမာမိတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ Daredevil Season 3 မွာ Bullseye ေနရာက ပါဝင္ခဲ့ပါတယ္။

(5) Karen Gillan
photo via screenrant

Karen Gillan ကေတာ့ Nebula ဇာတ္ေကာင္အေနနဲ႔ Guardians of the Galaxy ထဲမွာ စတင္ပါဝင္ခဲ့ပါတယ္။ တကယ္ေတာ့ သူမ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ဇာတ္ေကာင္ဟာ Sharon Carter ျဖစ္ၿပီး သူမဟာ လူေ႐ြးပြဲမွာ ေနာက္ဆုံးစံကာတင္စာရင္းအထိ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Sharon Carter ဇာတ္ေကာင္ကိုေတာ့ Emily VanCamp က ရရွိသြားၿပီးတဲ့ေနာက္မွာ Casting Director ျဖစ္သူ Sarah Finn ဟာ သူမကို Nebula ဇာတ္ေကာင္ေနရာမွာ ပါဝင္ေစခဲ့ပါတယ္။

(6) Lupita Nyong’o
photo via screenrant

Nebula ဇာတ္ေကာင္ကို Karen Gillan မရရွိခင္အခ်ိန္တုန္းက Lupita Nyong’o ကလည္း အဲ့ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔အတြက္ ဝင္ေရာက္အေ႐ြးခံခဲ့ပါတယ္။ သူမဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဒီဇာတ္ေကာင္ကို မရရွိခဲ့ေပမယ့္လည္း Black Panther ႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္ေ႐ြးတဲ့အခ်ိန္မွာေတာ့ Casting Director ျဖစ္တဲ့ Sarah Finn ဟာ သူမကို T’Challa ရဲ႕ ရည္းစားေဟာင္း Nakia ဇာတ္ေကာင္ကို ကမ္းလွမ္းခဲ့ပါတယ္။

(7) Wyatt Russell
photo via screenrant

Wyatt Russell ကိုေတာ့ The Falcon and the Winter Soldier ထဲမွာ John Walker အျဖစ္ ျမင္ေတြ႕ရၿပီးေနာက္မွာ သူဟာ တကယ့္ Steve Rogers ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ နီးစပ္ခဲ့တယ္ဆိုတဲ့ အခ်က္ဟာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္မျဖစ္ခင္တုန္းက Hockey ကစားသမားတစ္ေယာက္ ျဖစ္ၿပီး သူ ပထမဆုံး လူေ႐ြးပြဲဝင္ၿပိဳင္ခဲ့တဲ့ ဇာတ္ေကာင္ကေတာ့ Captain America: The First Avenger ထဲက Steve Rogers ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ Wyatt ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ Steve Rogers ဇာတ္ေကာင္ကို မရရွိခဲ့ေပမယ့္လည္း အခုခ်ိန္မွာ John Walker ဇာတ္ေကာင္ကေတာ့ သူနဲ႔ပိုၿပီးေတာ့ လိုက္ဖက္ေနပါတယ္။

(8) Chadwick Boseman
photo via screenrant

၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ 42 ဆိုတဲ့႐ုပ္ရွင္နဲ႔ နာမည္မႀကီးလာခင္တုန္းက Chadwick Boseman ကလည္း Drax ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့ပါေသးတယ္။ Sarah Finn ရဲ႕ ေျပာစကားအရ Chadwick ဟာ Drax ဇာတ္ေကာင္ကို ဘုရင္တစ္ေယာက္လိုမ်ိဴး ဂုဏ္သိကၡာနဲ႔ သ႐ုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဒီဇာတ္ေကာင္နဲ႔ မကိုက္ညီခဲ့ေပမယ့္လည္း Sarah Finn ရဲ႕ အာ႐ုံစိုက္မႈကိုေတာ့ ရရွိသြားပါတယ္။ အဲ့ဒီလူေ႐ြးၿပိဳင္ပြဲေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ သူဟာ Wakanda ရဲ႕ ဘုရင္ႀကီး ျဖစ္လာခဲ့တာပါ။

(9) Chris Pratt
photo via screenrant

Chris Pratt ကလည္း Captain America ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လူေ႐ြးပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး သူ႔ရဲ႕သ႐ုပ္ေဆာင္ပုံဟာ ဒီဇာတ္ေကာင္နဲ႔ မကိုက္ညီေပမယ့္လည္း Sarah Finn အတြက္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သ႐ုပ္ေဆာင္ပုံ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ Chris Pratt ကို Star-Lord ဇာတ္ေကာင္အတြက္ စိတ္ထဲမွာမွတ္ထားၿပီး Guardians of the Galaxy ႐ိုက္ကူးမယ့္အခ်ိန္မွာေတာ့ Chris Pratt ကို လူေ႐ြးပြဲ ဝင္ၿပိဳင္ခိုင္းဖို႔ James Gunn ကို သူမကိုယ္တိုင္ပဲ နားခ်ခဲ့တာ ျဖစ္ပါတယ္။

(10) Sebastian Stan
photo via screenrant

Captain America: The First Avenger ႐ုပ္ရွင္အတြက္ လူေ႐ြးပြဲဝင္ၿပိဳင္တဲ့အခ်ိန္မွာေတာ့ Sebastian Stan ဟာ Winter Soldier (Bucky Barnes) ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ မဟုတ္ဘဲ Captain America ေနရာအတြက္ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕သ႐ုပ္ေဆာင္ပုံဟာ Bucky Barnes ဇာတ္ေကာင္နဲ႔ ပိုၿပီးကိုက္ညီမႈ ရွိလိမ့္မယ္လို႔ Sarah Finn က ယူဆခဲ့ၿပီး Bucky ဇာတ္ေကာင္ကို ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ သ႐ုပ္ေဆာင္ခ်င္ခဲ့တဲ့ ဇာတ္ေကာင္ကတစ္ခု၊ တကယ္ ရရွိခဲ့တဲ့ ဇာတ္ေကာင္ကတစ္ခု ျဖစ္ခဲ့တဲ့ MCU သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။ ဘယ္သ႐ုပ္ေဆာင္ေတြက စာဖတ္သူတို႔ရဲ႕အႀကိဳက္ ျဖစ္ခဲ့လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular