HomeEntertainmentFilmMCU နဲ့ DCEU ကို Crossover ဖြစ်စေချင်တယ်ဆိုတဲ့ Gal Gadot

MCU နဲ့ DCEU ကို Crossover ဖြစ်စေချင်တယ်ဆိုတဲ့ Gal Gadot

Wonder Woman အဖြစ် လူသိများကြတဲ့ သရုပ်ဆောင် Gal Gadot ကတော့  MCU နဲ့ DCEU ကို Crossover ဖြစ်စေချင်တယ်လို့ ပြောလာပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ စူပါဟီးရိုးရုပ်ရှင်တွေဟာ အလွန်ခေတ်စားလာပြီး Marvel နဲ့ DC တို့ဟာလည်း ကောမစ်လောကမှာတင် မဟုတ်ဘဲ ရုပ်ရှင်လောကမှာပါ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ MCU ကတော့ ၂၀၀၈ ခုနှစ်မှာ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့ပြီး DCEU ကတော့ ၂၀၁၃ ခုနှစ်မှာ Man of Steel ရုပ်ရှင်နဲ့ စတင်ခဲ့ပါတယ်။

MCU ကတော့ ယခုအချိန်မှာ အကြီးမားဆုံး Franchise တစ်ခု ဖြစ်နေပြီး DCEU ကတော့ သရုပ်ဆောင်တွေနဲ့ရော ဒါရိုက်တာတွေနဲ့ပါ ကိစ္စအမျိူးမျိူး ဖြစ်ပေါ်ခဲ့တာကြောင့် ပရောဂျက်တွေ သိပ်ပြီးထွက်မလာနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း မကြာသေးခင်ကပဲ Warner Bros နဲ့ Discovery တို့ဟာ ကုမ္ပဏီချင်း ပူးပေါင်းသွားပြီး DCEU ကိုလည်း MCU လိုမျိူး ဆယ်နှစ်စာ Plan နဲ့ သေချာဖန်တီးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

photo via screenrant

Snow White Live Action ကို ပရိုမိုးရှင်းလုပ်ဖို့ D23 ပွဲကို ရောက်ရှိနေတဲ့ Gal Gadot ကိုတော့ Access သတင်းဌာနက Marvel စူပါဟီးရိုးအနေနဲ့ရော ပါဝင်လာဖို့ အစီအစဉ်ရှိလားလို့ မေးမြန်းခဲ့ပါတယ်။

“wonder woman က avengers ရုပ်ရှင်တွေထဲမှာပါပြီး Avengers တွေက wonder woman ရုပ်ရှင်ထဲမှာ ပါတာမျိူးလည်း လုပ်လို့ရရင် ရနိုင်ပါတယ်။ စောင့်ကြည့်ရမှာပေါ့ရှင်။ ကျွန်မဘက်ကတော့ လမ်းဖွင့်ထားပါတယ်။ DC မှာရော Marvel မှာပါရှိတဲ့ ကျွန်မရဲ့ မိတ်ဆွေတွေအားလုံးကိုလည်း ခင်မင်ပါတယ်။ အဲဒီတော့ စောင့်ကြည့်ရမှာပေါ့ …”

photo via screenrant

စူပါဟီးရိုး ပရိသတ်တိုင်းကတော့ Marvel နဲ့ DC ရဲ့ Crossover ကို မြင်တွေ့ချင်နေကြပြီး မကြာခင်ကလည်း Black Adam နေရာမှာ သရုပ်ဆောင်ထားတဲ့ Dwayne Johnson ဟာ DCEU နဲ့ MCU ရဲ့ Crossover ရုပ်ရှင်ကို မြင်တွေ့ချင်တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် Dwayne Johnson ဟာ ဒီ Crossover ရုပ်ရှင်က တကယ်ဖြစ်လာမလား ဆိုတာထက် ဘယ်အချိန်မှာ ဖြစ်လာမလည်းဆိုတာက အရေးကြီးတာပါလို့လည်း ပြောသွားပါသေးတယ်။ ဒါကြောင့်ပဲ MCU နဲ့ DCEU ရဲ့ Crossover ကို တကယ် မြင်တွေ့ရနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular